← Chapters

မီးပုံထဲသို့ တိုးဝင်လာသော ပိုးဖလံများ

Vol. 200 Ch. 2996

မီးပုံထဲသို့ တိုးဝင်လာသော ပိုးဖလံများ

Vol. 200 Ch. 2996

မာရွှမ်၏ ဆိုးဆိုးဝါးဝါးသေဆုံးမှုက အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။

မည်သို့ပင်ဆိုစေ မာရွှမ်သည် မြင့်မားသည့် မြင်းမျောက်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထား၏။ သူက တကယ့်ကို အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးဖြစ်သည်။

သို့သော်လည်း ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ မာရွှမ်သည် လုံးဝမခုခံနိုင်ဘဲ ချက်ချင်းနီးပါးသတ်ဖြတ်ခံလိုက်ရသည်။

ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို မြန်ဆန်လွန်းသည်‌။

ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်နေသော နီညိုရောင်မျောက်ဝံကမ္ဘာမှ ဘုရင်ခြောက်ဦးတုံ့ပြန်လာသည့်အချိန်မှာ မာရွှမ်က နေရာမှာတင် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဆူဇီမို၏ နောက်ခံကို လက်ရှိလူတိုင်းက သိရှိထားမည်ဆိုလျှင် မာရွှမ်အလွယ်တကူသေဆုံးသွားရခြင်းအပေါ် သူတို့က အံ့အားသင့်ကြလိမ့်မည်မဟုတ်ပေ။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သမိုင်းတစ်လျှောက် နံပါတ်တစ်ပကတိစိတ်ဝိညာဉ်အဖြစ် အားလုံးက အသိအမှတ်ပြုလက်ခံထားကြပြီဖြစ်သည်။

အန္တိမပကတိစိတ်ဝိညာဉ်နှစ်ဆယ်ကျော်ကပင် သူတစ်ယောက်တည်း၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။

နှစ်ပေါင်းများစွာကြာပြီးနောက် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက ထပ်မံ၍ တိုးမြင့်လာခဲ့သည်။

မာရွှမ်ကဲ့သို့ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ရခြင်းသည် သူ့အတွက် ကြွက်တစ်ကောင်ကို သတ်ဖြတ်ရခြင်းနှင့် မကွာခြားပေ။

ဒါ့အပြင် အားနည်းပုံရသော ဤအပြင်လူသည် လူတိုင်း၏ ရှေ့မှောက်မှာ နီညိုရောင်မျောက်ဝံကမ္ဘာ၏ ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

ဆူဇီမိုကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော ယွမ်အန်က တုန်လှုပ်သွားပြီး ညင်သာစွာတီးတိုးရေရွတ်လိုက်၏။

‘ငါက ဘယ်လိုလူကို ခေါ်လာခဲ့မိတာပါလိမ့်’

“သူ့ရဲ့နောက်ခံက ဘာပဲဖြစ်ဖြစ်သူက မာရွှမ်ကို ဒီနေရာမှာ သတ်ဖြတ်ပြီးတဲ့နောက် နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး”

“မာရွှမ်ကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက နောက်ခံပေးထားတယ်ဆိုတာ အဲဒီလူက မသိလောက်ဘူးထင်တယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အထက်ဘုံလောကကို အုပ်စိုးတဲ့ ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ခုပဲ”

“မိုက်မဲမှုက အကြောက်အလန့် ကင်းမဲ့စေတယ်”

နီညိုရောင်မျောက်ဝံများစွာသည် မာရွှမ်သေဆုံးသွားသည်ကိုတွေ့မြင်သောအခါ သူတို့က စိတ်သက်သာရာရသလိုခံစားရ၏။

သို့သော်လည်း တိုက်ပွဲကွင်းမှာရှိသော အစိမ်းရောင်ဝတ်အမျိုးသားသည် ပြဿနာကြီးကြီးတက်သွားပြီဖြစ်ပြီး သူတို့က သူ့အပေါ် သနားဂရုဏာသက်မှုကို ခံစားရလေသည်။

ဤနေရာကို ထိန်းသိမ်းစောင့်ရှောက်နေသော မြင်းမျောက်ဘုရင်နှစ်ဦးကို အသားထား ကြမ်းကြုတ်ခက်ထန်သောအော်ရာနှင့်အတူ ငမ်းငမ်းတက်စိုက်ကြည့်နေသော ဘေးပတ်လည်မှ မြင်းမျောက်များစွာသည် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ဖို့ လုံလောက်နေပြီဖြစ်သည်။

တကယ်တော့ သူက တိုက်ခိုက်သည်နှင့် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ရန်သူများ သေချာပေါက်ဖြစ်လာမည်ကို ဆူဇီမို သိရှိထားသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ရန်သူများဖြစ်လာခြင်း၏ အကျိုးဆက်ကိုလည်း သူကောင်းကောင်းသိထား၏။ သို့သော်လည်း မျောက်က ဒုက္ခရောက်နေသည်ကို တွေ့မြင်သောအခါ သူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။

ထိုသို့ဆိုသော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူ့လိုမျိုး ပကတိစိတ်ဝိညာဉ်တစ်ဦးကို ကိုင်တွယ်ဖို့အတွက် ကြီးမားသောအင်အားတစ်ရပ်ကို စုဖွဲ့လာမည်ဆိုလျှင်တောင် သူကလည်း မတိုက်ခိုက်နိုင်ခြင်း မဟုတ်ပေ။

မဟာအရိုင်းကမ္ဘာမှာ သိုင်းတာအိုပင်မခန္ဓာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို နောက်ခံပေးထားသည့် ကောင်းကင်ဘုံခုံရုံးနှင့်ပင် တိုက်ခိုက်နေခဲ့ပြီဖြစ်သည်။

သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဆန့်ကျင်မိပြီဆိုတော့ရော ဘာဖြစ်သလဲ။

သိုင်းတာအိုပင်မခန္ဓာကို ရောပါငြိစွန်းစေမည်ဆိုလျှင်တောင် သူသည် မျောက်နှင့်အတူ ထွက်ပြေးပုန်းရှောင်ကာ တမလွန်ကိုးဘုံအမွေခံကုန်းမြေသို့ သွားရောက်ပြီး လောလောဆယ်မှာ ဇတ်မြှုပ်နေနိုင်မည်ဖြစ်သည်။

သူ မတိုက်ခိုက်ခင်ကတည်းက သူသည် ဖြစ်လာနိုင်သည့်အကျိုးဆက်များနှင့် ဖြစ်နိုင်ခြေရှိသော အခြေအနေများအားလုံးကို ကြိုတွက်ထားခဲ့ပြီးသားဖြစ်သည်။

“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”

ကုန်းမြင့်ပေါ်မှာရှိနေသော မြင်းမျောက်ဘုရင်နှစ်ဦးက ဒေါသချောင်းချောင်းထွက်သွား၏။ သူတို့က စားပွဲခုံကို ဘန်းခနဲမြည်အောင်ရိုက်ပြီး မတ်တတ်ထရပ်ကာ ဆူဇီမိုကို စိမ်းစိမ်ဝါးဝါးစိုက်ကြည့်ပြီး အော်ငေါက်လိုက်ကြ၏။

“ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါဦး”

ဘေးကနေ မျောက်ဝံဘုရင် ကောင်းကင်ဖြိုခွဲသူက အလျင်အမြန်မတ်တတ်ထရပ်ပြီး မြင်းမျောက်ဘုရင်နှစ်ဦးကို တားဆီးလိုက်၏။ သူက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ဒီလူ့ရဲ့နောက်ခံကို အရင်မေးကြည့်ကြတာပေါ့”

မြင်းမျောက်ဘုရင်နှစ်ဦးက ထိုစကားကိုကြားသောအခါ သူတို့က အမျက်ဒေါသဖြင့် ပေါက်ကွဲလုမတတ်ဖြစ်သွား၏။

သူတို့ထဲမှတစ်ယောက်က မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး အံကိုကြိတ်ကာပြောလိုက်၏။

“သူ့ရဲ့ နောက်ခံက ဘာလဲဆိုတာ ငါဂရုမစိုက်ဘူး… သူက မာရွှမ်ကို သတ်ဖြတ်ခဲ့တဲ့အတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူ၏ အပြုအမူသည် မြင်းမျောက်ဘုရင်နှစ်ဦးကို စိတ်လျှော့ထားဖို့ အကြံပေးနေခြင်းဖြစ်သည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူသည် သူတို့နှစ်ယောက်ကို တားဆီးပြီး ဆူဇီမိုကို ထွက်ပြေးတိမ်းရှောင်နိုင်မည့် အခွင့်အရေးတစ်ခုပေးလိုခြင်းဖြစ်သည်။

သူသည် ဆူဇီမိုကို ပေါ်ပေါ်ထင်ထင် ကူညီမပေးနိုင်ပေ။

သို့သော်လည်း သူသည် မကောင်းမှုပြုလုပ်သူများကို ကူညီပြီး မြင်းမျောက်မျိုးရိုးဘက်ကနေ ရပ်တည်မပေးလိုပေ။

အခြားသော မြင်းမျောက်ဘုရင်ကလည်း တုံ့ပြန်လာပုံရသည်။ သူက မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို လှည့်ကြည့်ပြီး သူ၏ မျက်လုံးကို မှေးကျဉ်းကာ ပြောလိုက်၏။

“ဘာလို့လဲ… မင်းက အဲဒီအပြင်လူကို ကူညီပေးချင်လို့လား”

ဆူဇီမို၏ အကူအညီနှင့်အတူ မျောက်က မတ်တတ်ထရပ်လာခဲ့ပြီဖြစ်၏။ မြင်းမျောက်ဘုရင်နှစ်ဦးက တိုက်ခိုက်တော့မည့်ဆဲဆဲဖြစ်သည်ကို သူတွေ့မြင်သောအခါ သူက ဟားတိုက်ရယ်မောလိုက်၏။

“မင်းတို့မြင်းမျောက်မျိုးရိုးလုပ်နိုင်တာ ဒါအကုန်ပဲလား.. မင်းတို့တွေက ပကတိစိတ်ဝိညာဉ်တစ်ဦးကို ကိုင်တွယ်ဖို့တောင် ဘုရင်တစ်ပါးဝင်ပါဖို့ လိုတာလား”

အောက်ဘက်မှာရှိသော မြင်းမျောက်ပကတိစိတ်ဝိညာဉ်များက ထိုစကားကို ကြာသောအခါ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဟိန်းဟောက်လိုက်ကြ၏။

“တိုက်ခိုက်ဖို့အတွက် မြင်းမျောက်ဘုရင်နှစ်ဦးကို မလိုဘူး… ငါတို့တွေက စီနီယာအစ်ကိုမာရွှမ်အတွက် လက်စားချေကြမယ်… သူ့ရဲ့အသားကိုစားပြီး သူ့ရဲ့ သွေးကို သောက်သုံးကြမယ်”

“အပြင်လူတစ်ယောက်က နီညိုရောင်မျောက်ဝံကမ္ဘာမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိလာပြီး မောက်မာရဲတာလဲ… ငါတို့ မျိုးနွယ်ဝင်တွေကို သတ်ဖြတ်တဲ့အတွက် သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ကြမယ်”

“ဂါး…”

ထောင်နှင့်ချီသော မြင်းမျောက်များက တိုက်ပွဲကွင်းရှိရာသို့ ပြေးဝင်လာကြပြီး ဖုန်များတထောင်းထောင်းထသွား၏။

ရာနှင့်ချီသော မြင်းမျောက်ပကတိစိတ်ဝိညာဉ်များက ကြမ်းကြုတ်ခက်ထန်သော အမူအရာများနှင့် မီးဝင်းဝင်းတောက်နေသော အကြည့်များနှင့်အတူ သူတို့၏ သွေးချီများကိုလှည့်ပတ်ပြီး ဆူဇီမိုနှင့် မျောက်ရှိရာသို့ ပြေးဝင်လာကြ၏။

ချက်ချင်းပင် မြေပြင်ကလှုပ်ခါပြီး ရာသီဥတုက ပြောင်းလဲသွားသည်။ နီညိုရောင်မျောက်ဝံများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တိတ်တဆိတ်ဆွံ့အသွားပြီး အဲဒါကို မကြည့်ရက်နိုင်တော့ပေ။

ဤမျှများပြားသော မြင်းမျောက်များက ရှေ့သို့ပြေးတက်သွားခြင်းနှင့်အတူ သူတို့၏ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို မထုတ်ဖော်ဘူးဆိုလျှင်တောင် သူတို့၏ ပကတိခွန်အားသက်သက်နှင့်ပင် ဆူဇီမိုနှင့် မျောက်ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ဖို့ လုံလောက်နေပြီဖြစ်သည်။

မျောက်က သူ့ရင်ဘတ်က ဒဏ်ရာကိုအုပ်ကိုင်ပြီး သူ၏ တောင်ဝှေးကို မှီထား၏။ သူက ဆူဇီမိုကို ကျောပေးထားပြီး မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ သူ၏ ဘေးပတ်လည်မှ အလွန်တရာများပြားသော ပုံရိပ်များကိုကြည့်ကာ သွားဖြီးလိုက်၏။

“အစ်ကိုကြီး ငါတို့တွေ ရင်ဘောင်တန်းပြီး နောက်တစ်ခါ တိုက်ခိုက်ရတော့မယ်”

ထိုအခိုက်အတန့်မှာ ကန်းလန်ရိုးမမှ မြင်ကွင်းများစွာက မျောက်၏ စိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။

ထိုအချိန်တုန်းကလည်း သူတို့နှစ်ယောက်သည် အဆုံးမဲ့ကန်းလန်ရိုးမမှာ ရင်ဘောင်တန်းရပ်တည်ကာ တိုက်ခိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမကာ သေဘေးကနေ အကြိမ်ကြိမ်ဖြတ်ကျော်ခဲ့ကြ၏။ ဤတစ်ခေါက် တစ်ခုတည်းသော ကွာဟချက်မှာ သူတို့က လုံးဝမလွတ်မြောက်နိုင်တော့ပေ။

မျောက်တွေးနေသည့်အရာကို ဆူဇီမိုက မသိရှိပေ။ သူက ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ ရှေ့သိုပြေးတက်လာသော မြင်းမျောက်များကိုသာ ကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။ သူက ပြုံး၍ ပြောလိုက်၏။

“ပကတိစိတ်ဝိညာည်တစ်အုပ်စုက ငါ့ကို သတ်ဖြတ်ချင်တယ်တဲ့လား”

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာတုန်းက သူသည် မည်ကဲ့သို့သော ပညာရှင်များနှင့် တိုက်ခိုက်ခဲ့သလဲ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အသန်မာဆုံး ပကတိစိတ်ဝိညာဉ်များနှင့် အပြစ်သားကုန်းမြေဆယ်ခုမှ ပကတိစိတ်ဝိညာဉ်များက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ အတူတကွစုဝေးရောက်ရှိနေခဲ့ကြ၏။

ဤကဲ့သို့ ကြောက်စရာကောင်းသော အစုအဖွဲ့တစ်ရပ်ပင်လျှင် ဆူဇီမို၏ အနိုင်ယူခြင်းခံရပြီး လူပေါင်းများစွာ သေဆုံးခဲ့ရ၏။

ယခုအချိန်မှာ ရှေ့သို့ပြေးဝင်လာသော မြင်းမျောက်ပကတိစိတ်ဝိညာဉ်ရာချီကြားမှာ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးပင် မပါရှိပေ။

ဒါ့အပြင် ကမ္ဘာမြေအမြုတေနှင့် ကောင်းကင်အမြုတေမြင်းမျောက်များသည် ဆူဇီမို၏ စိတ်အာရုံကို ရရှိဖို့ လုံးဝပင် မထိုက်တန်ပေ။

“မင်းတို့တွေက ငါ့ရဲ့ခွန်အားနဲ့ပတ်သက်ပြီး ဘာမှမသိကြဘူးပဲ”

ဆူဇီမိုက တည်ငြိမ်သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး လေဟာနယ်ကို ထိုးညွှန်ကာ ဂရမစိုက်သည့်ဟန်ဖြင့်‌ ပြောလိုက်သည်။

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်”

သူ့စကားမဆုံးသေးခင် ဧရာမ ချောက်နက်ဝဲကတော့တစ်ခုက သူ့လက်ညှိုးညွှန်ရာဘက်မှာ ပေါ်ထွက်လာပြီး လျင်မြန်စွာ ဖြန့်ကြက်ကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

လောကက လည်ပတ်၍ အချိန်နှင့် လေဟာနယ်က ကစဉ့်ကလျားဖြစ်လာခဲ့၏။

မျိုးဆက်သွေးများ၊ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားလက်နက်များအားလုံးသည် ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ အတင်းအကျပ်ဆွဲယူသွင်းခြင်းခံလိုက်ရ၏၊

ရှေ့သို့ပြေးတက်လာသော မြင်းမျောက်များစွားသည် ဝဲကတော့ချောက်နက်ဖြင့် ဝါးမျိုခံရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံနေရကာ လှုပ်ရှားရုန်းကန်၍ အော်ဟစ်နေကြ၏။

အာကာသသက်ရှိ ပကတိစိတ်ဝိညာဉ်များဖြစ်စေ၊ သုခဘုံလေဟာနယ်ပကတိစိတ်ဝိညာဉ်များဖြစ်စေ မည်သူကမှ ပြန်ဝင်စားခြင်းစက်ဝန်း၏ စွမ်းအားကို မခုခံနိုင်ကြပေ။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် ဗလာနယ်ဝိညာဉ်နယ်ပယ်မှာသာရှိပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်ခဲ့၏။ ထိုအချိန်တုန်းက နံပါတ်တစ်ပကတိစိတ်ဝိညာဉ်ရှယင်ပင်လျှင် ၎င်းကို မခုခံနိုင်ခဲ့ပေ။

ယခု ဆူဇီမိုသည် သုခဘုံလေဟာနယ်နယ်ပယ်၏ အထွတ်အထိပ်ထိ ကျင့်ကြံထားပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စွမ်းအားက ယခင်ကထက်ပင် ပိုမိုသန်မာလာခဲ့လေသည်။

ရှေ့သို့ပြေးဝင်လာသော မြင်းမျောက်မျိုးနွယ်ဝင်များက မီးပုံထဲသို့ ပြေးဝင်လာသော ပိုးဖလံများကဲ့သို့ပင်။

ထိုသည်ကို တွေ့မြင်သောအခါ လက်ရှိ နီညိုရောင်မျောက်ဝံများက ကြက်သေသေနေကြ၏။ သူတို့သည် ရူးကြောင်ကြောင်ဖြင့် ထိတ်လန့်ကြောက်ရွံ့သွားပြီး သူတို့၏ စိတ်များက ဗလာကျင်းနေ၏။

၎င်းသည် ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်ဦး ထုတ်ဖော်လိုက်သည့် စွမ်းအားတဲ့လား။

ထောင်နှင့်ချီသော မြင်းမျောက်များက ရှေ့သို့ပြေးဝင်လာကြ၏။ သို့သော်လည်း သူတို့သည် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို အပိုင်းပိုင်းဆုတ်ဖြဲဖို့နေနေသာ ထိုသူ၏ အဝတ်စကိုပင် မထိနိုင်ကြပေ။

များပြားလှစွာသော မြင်းမျောက်များသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဝါးမျိုးခြင်းခံရပြီး အထဲမှာ မြှုပ်နှံခြင်းခံလိုက်ရ၏။

ဤမြင်ကွင်းက တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူနှင့် အခြားသော နီညိုရောင်မျောက်ဝံဘုရင်များ၏ မျက်စပ်များကပင် သတိလက်လွှတ်ဖြင့် တဆတ်ဆတ်လှုပ်သွား၏။

သူတို့က တိုက်ခိုက်မည်ဆိုလျှင်တောင် သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ချင်မှ ထုတ်ဖော်နိုင်ပေလိမ့်မည်။

All Chapters