အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်း
Vol. 200 Ch. 2997
နီညိုရောင်မျောက်ဝံများ၏ ကပ်ဘေးပြီးကတည်းက နီညိုရောင်မျောက်ဝံကမ္ဘာသည် အပြင်းအထန်ပျက်စီးထိခိုက်သွားပြီး ယခင်ကနှင့်ဆက်လက်၍ မတူတော့ပေ။
မြင်းမျောက်မျိုးရိုး၏ သစ္စာဖောက်မှုသည် နီညိုရောင်မျောက်ဝံကမ္ဘာ၏ အခြေအနေကို ပို၍ပင်ဆိုးဝါးသွားစေ၏။
ဤနှစ်များအားလုံးမှာ နီညိုရောင်မျောက်ဝံမျိုးရိုးသည် အမြဲတမ်းဖိနှိမ်ခံနေခဲ့ရ၏။ သူတို့မှာ ထိန်ချန်ငဲ့ကွက်စရာများစွာရှိပြီး သူတို့သည် တိုက်ပွဲကွင်းပေါ်မှာပင်လျှင် မြင်းမျောက်တစ်ကောင်ကို သတ်ဖြတ်ရဲခြင်း မရှိကြပေ။
သို့သော်ယခု အပြင်လူတစ်ယောက်ဖြစ်သော ဆူဇီမိုသည် မြင်းမျောက်မျိုးရိုးမှ အန္တိမပကတိစိတ်ဝိညာဥ်တစ်ဦးကို သတ်ဖြတ်လိုက်ရုံသာမက သူထုတ်ဖော်လိုက်သော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားသည် သေမင်းနတ်ဘုရား၏ မရဏတံစဥ်ကဲ့သို့ဖြစ်ပြီး မြင်းမျောက်မျိုးရိုး၏ အသက်များကို ထင်တိုင်းကျဲရိတ်သိမ်းနေ၏။
အဲဒါက တစ်ယောက်နှစ်ယောက်သေဆုံးသွားခြင်းသာမဟုတ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရခြင်းဖြစ်သည်။
နီညိုရောင်မျောက်ဝံများစွာက တုန်လှုပ်နေသော်လည်း သူတို့က ဖော်မပြတတ်သော ကျေနပ်အားရမှုကို ခံစားနေရ၏။
“ကောင်းလိုက်တဲ့သတ်ဖြတ်ကွက်ကွာ”
“အဲဒီငကြောက်တွေက သေခဲ့သင့်တာကြာပြီ”
နီညိုရောင်မျောက်ဝံများစွာက စိတ်လှုပ်ရှားစွာဖြင့် ခပ်တိုးတိုးပြောလိုက်ကြ၏။
နီညိုရောင်မျောက်ဝံများစွာ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် အပြင်လူတစ်ယောက်ဖြစ်လေသည်။ မြင်းမျောက်မျိုးရိုးက လက်စားချေလိုသည်ဆိုလျှင်တောင် သူတို့သည် သူတို့အပေါ် အမျက်ဒေါသများကို ပုံချနိုင်မည်မဟုတ်ပေ။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက စိုးရိမ်ပူပန်နေသည်။
အစကတော့ ဆူဇီမိုမှာ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ရှိနေဆဲပင်။
ယခုသူသည် ဤမျှများပြားသော မြင်းမျောက်များကို သတ်ဖြတ်ခဲ့ပြီး သူ့ဘေးမှာရှိသော မြင်းမျောက်ဘုရင်နှစ်ဦးက တိုက်ခိုက်လာသည်နှင့် ဤလူက သေချာပေါက်သေရပေတော့မည်။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
မြင်းမျောက်ဘုရင်နှစ်ဦး၏ မျကိလုံးများက ပြူးကျယ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးနှစ်ခုကိုထုတ်ဖော်ပြီး လေဟာနယ်ထဲမှာရှိသော ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဖိနှိမ်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်လိုဏ်ဂူအသေးနှစ်ခုက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဆက်တိုက်ဖိနှိမ်ပြီး မြင်းမျောက်မျိုးနွယ်ဝင်တချို့ကို ကယ်တင်လိုက်နိုင်၏။
ရှေ့ကနေပြေးဝင်သွားသော မြင်းမျောက်ပကတိစိတ်ဝိညာဥ်ရာချီကတော့ သူတို့သည် ချေမှုန်းသုတ်သင်ခံရလုနီးပါးပင်။
ဆူဇီမို၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က မြင်းမျောက်မျိုးရိုး၏ ပကတိစိတ်ဝိညာဥ်များအားလုံးကို သတ်ဖြတ်လိုက်၏။
အနည်းဆုံးတော့ မြင်းမျောက်မျိုးရိုးသည် လာမည့်နှစ်တစ်သိန်းမှာ ပကတိစိတ်ဝိညာဥ်ပညာရှင်များကို မွေးထုတ်နိုင်ဖို့ ခဲယဥ်းသွားပေလိမ့်မည်။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူသည် မြင်းမျောက်ဘုရင်နှစ်ဦး တိုက်ခိုက်လာသည်ကို တွေ့မြင်သောအခါ သူက ဆူဇီမို ဤနေရာမှာ သေရမည်ကို မကြည့်ရက်နိုင်တော့ပေ။ သူက ခဏမျှစဥ်းစားပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူက မြင်းမျောက်ဘုရင်နှစ်ဦးရှေ့မှာ မတ်တတ်ရပ်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“စိတ်ကိုလျှော့ထားကြပါဦး... အဲဒီလူက ဒီလောက်ထိ မောက်မာဝင့်ကြွားပြီး အကြောက်အလန့်ကင်းမဲ့နေတာ... သူ့မှာစွမ်းအားကြီးမားတဲ့နောက်ခံတစ်ခုရှိလောက်...”
“သွားစမ်းပါကွာ”
မြင်းမျောက်ဘုရင်နှစ်ဦးက ဤကဲ့သို့သောစကားများကို ဘယ်လိုလုပ်နားထောင်နိုင်ပါ့မလဲ။ သူတို့က မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို ဒေါသတကြီးအော်ငေါက်လိုက်၏။
ထိုကြန့်ကြာမှုကို အသုံးချပြီး မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ထဲသို့ အသံတစ်ခုကို အလောတကြီးပို့လွှတ်ပေးလိုက်၏။
“မိတ်ဆွေလေး မြန်မြန်ထွက်သွားတော့ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်”
မြင်းမျောက်ဘုရင်တစ်ဦးက မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို စိုက်ကြည့်ပြီး သူ၏ အမူအရာက တည်တံ့လာခဲ့၏။ သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်လာပြီး အေးစက်စွာပြောလိုက်၏။
“ကောင်းကင်ဖြိုခွဲသူ... မင်းက အဲဒီလူကို ကာကွယ်ပေးနေတာပဲ... အဲဒီလူကို သွေးထိုးလှုံ့ဆော်ပေးခဲ့တဲ့သူက မင်းများဖြစ်နေမလား”
ဤသည်က ကြီးလေးသောပြစ်မှုတစ်ခုဖြစ်၏။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက ထိုစွပ်စွဲချက်ကို ခံနိုင်ရည်မရှိပေ။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူသည် သူတို့နှစ်ယောက်ကိုဆက်လက်၍ တားဆီးမည်ဆိုလျှင် သူက ပြဿနာများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။ သူ့အပြင် နီညိုရောင်မျောက်ဝံမျိုးရိုးမှ မျိုးနွယ်ဝင်ပေါင်းများစွာကလည်း ဤကိစ္စကြောင့် ထိခိုက်ခံစားရပေလိမ့်မည်။
“ကောင်းကင်ဖြိုခွဲသူ... ပြန်လာပါကွာ”
ကျန်ရှိနေသော နီညိုရောင်မျောက်ဝံဘုရင်သုံးဦးက ရှေ့သို့အလောတကြီးတက်လှမ်းပြီး မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို ပြန်ဆွဲခေါ်လာခဲ့၏။
ထိုအခိုက်အတန့်မှာ မြင်းမျောက်ဘုရင်နှစ်ဦးက မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူနှင့် သူတို့၏ စွမ်းအင်ကို ဖြုန်းတီးလိုစိတ် မရှိပေ။ သူတို့၏ ပထမဆုံးပစ်မှတ်သည် အောက်ဘက်မှာရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူသာဖြစ်သည်။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက တစ်ဘက်သို့လှည့်ပြီး ဆူဇီမိုထွက်ခွာမသွားသေးသည်ကို တွေ့မြင်သောအခါ သူက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“ဒီလူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက တကယ့်ကိုကြောက်စရာကောင်းတယ်... သူ့ရဲ့တုံ့ပြန်မှုက နဲနဲနှေးကွေးနေရုံပဲ... အခုတော့ သူ့မှာ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး”
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက ညည်းတွားရေရွတ်နေစဥ် တိုက်ပွဲကွင်းပေါ်မှာရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူက ထွက်ခွာမသွားရုံသာမက သူက မြင်းမျောက်ဘုရင်နှစ်ဦးထံသို့ပင် ပြေးဝင်လာလေသည်။
မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူပင်လျှင် မှင်တက်သွား၏။
ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။
သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရှိသွားပြီး သူ့ကိုယ်သူအဆုံးစီရင်ချင်နေတာလား။
“ပုရွက်ဆိတ်... သေစမ်း”
မြင်းမျောက်ဘုရင်နှစ်ဦးက ဆူဇီမိုပြေးဝင်လာသည်ကိုတွေ့မြင်သောအခါ သူတို့၏ ရင်ထဲရှိ အမျက်ဒေါသက ပိုမိုအားကောင်းလာ၏။ သူတို့က မာန်သွင်းအော်ဟစ်ပြီး သူ့ကိုဖိနှိမ်ရန် သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများကို မြှောက်တင်လိုက်ကြ၏။
“မင်းတို့တွေ ငါ့ကိုသတ်ဖို့ အဝေးကြီးလိုသေးတယ်”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ ခွန်အားကို မြှင့်တင်ရန် သူ၏ ပင်ကိုယ်နတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ကာ တစ်ချိန်တည်းမှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။
ဝုန်း...
ဆူဇီမို၏ နောက်ဘက်မှာရှိသော လေဟာနယ်က ပြိုကျသွားပြီး မသဲမကွဲကောင်းကင်လိုဏ်ဂူတစ်ခု ပေါ်ထွက်လာ၏။ ထိုကောင်းကင်လိုဏ်ဂူထဲမှာ နေနှင့်လက လွင့်မျောနေပြီး အလင်းနှင့်အမှောင်က အတူယှဥ်တွဲတည်ရှိနေ၏။ နေ့နှင့်ညက တစ်လှည့်စီ ကူးပြောင်းနေပြီး ယင်နှင့်ယန်က ရောထွေးနေ၏။
၎င်းသည် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း ထုတ်ဖော်လိုက်သောစွမ်းအားက မြင်းမျောက်ဘုရင်နှစ်ဦး၏ ကောင်းကင်လိုဏ်ဂူအသေးများထက် အားမနည်းပေ။
“ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်တစ်ခုမှာ ဒီလိုမျိုးစွမ်းအား တကယ်ပဲရှိနေတာလား”
မြင်းမျောက်ဘုရင်နှစ်ဦး၏ ရင်ထဲမှာ လှုပ်ခတ်သွားလေသည်။
မည်သို့ပင်ဆိုစေ သူတို့က ဘုရင်နှစ်ပါးဖြစ်လေသည်။ သူတို့သည် ကောင်းကင်လိုဏ်ဂူအသေးနှစ်ခုကို စုဖွဲ့ထားပြီးနောက် သူတို့က အသာစီးရယူထားနိုင်လေသည်။
ဝုန်း...
သူတို့နှစ်ယောက်မတုံ့ပြန်နိုင်ခင် ဆူဇီမို၏ နောက်ဘက်မှာရှိသော လေဟာနယ်က နောက်တစ်ဖန်ပြိုကျသွားပြီး ဧရာမဂူသင်္ချိုင်းတစ်ခု ပေါ်ထွက်လာ၏။ ၎င်းက အသက်ဓာတ်ကင်းမဲ့နေပြီး အရာရာတိုင်းကို မြှုပ်နှံပစ်ချင်နေသည့်အလား မရေမတွက်နိုင်သော သုသာန်မှတ်တိုင်များဖြင့် ပြည့်နှက်နေ၏။
သုသာန်မှတ်တိုင်တစ်ခုချင်းစီမှာ ဓားတစ်လက်ကို ထိုးစိုက်ထားလေသည်။
ဂူသင်္ချိုင်း၏ မရဏအော်ရာမှာ အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်သည့် ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုပါဝင်နေသည်။
“ဒါက ဘာကြီးလဲ”
မြင်းမျောက်ဘုရင်နှစ်ဦးက မျက်လုံးများ ပြူးကျယ်သွားကြ၏။
နောက်ထပ်ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်လား။
သူတို့နှစ်ယောက်ကို မပြောနှင့် မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကဲ့သို့ အန္တိမဘုရင်တစ်ဦးပင်လျှင် သူ့မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုနှင့်အတူ တုန်လှုပ်သွား၏။
ဆူဇီမိုက ပကတိစိတိဝိညာဥ်တစ်ဦးသာဖြစ်သည် မဟုတ်ပါလား။
ထိုအရာများက မည်ကဲ့သို့သော နည်းလမ်းများလဲ။
နေ့နှင့်ညကုန်းမြေကနေ ထွက်ခွာပြီး ပန်းကမ္ဘာမှာ တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့နှင့် တာအိုအကြောင်းကို ဆွေးနွေးခဲ့၏။
အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေပြီး စိတ်ဝိညာဥ်ပနံသင့်ပညာရပ်၏ အကူအညီနှင့်အတူ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အကျိုးအမြတ်ကြီးမားစွာရရှိခဲ့၏။
အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းသည် ပန်းကမ္ဘာမှာ တံခါးပိတ်ကျင့်ကြံပြီးနောက် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ နားလည်ဆင်ခြင်ထားခဲ့သော ဒုတိယမြောက်ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင် ဖြစ်လေသည်။
ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များက အထင်ကြီးစရာကောင်းသော နည်းလမ်းများ မဟုတ်ပေ။
ဘုရင်တစ်ပိုင်းများသည် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်များကို ထိန်းချုပ်နိုင်ကြသည်။ သို့သော်လည်း ဘုရင်တစ်ပိုင်းများ ထိန်းချုပ်ထားသည့် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်မှာ ကောင်းကင်လိုဏ်ဂူစွမ်းအားတစ်စွန်းတစ်သာ ပါဝင်ပြီး အစစ်အမှန်ကောင်းကင်လိုဏ်ဂူများနှင့် လုံးဝဆန့်ကျင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။
လက်ရှိဘုရင်များသည် အစစ်အမှန်ကောင်းကင်လိုဏ်ဂူများနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သော ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်မျိုးကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
ဆူဇီမိုကျင့်ကြံထားသည့် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်နှစ်ခုမှာပါဝင်သော ဓမ္မတာအိုက အရမ်းကိုကြောက်စရာကောင်းနေ၏။
ပြောစရာမလိုအောင်ပင် မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးကနေ စုဖွဲ့ထားသော ယင်ယန်ကောင်းကင်လိုဏ်ဂူအတွင်းမှာ ယင်ယန်အဆောင်သုတ္တန်၏ ဓမ္မတာအိုက ပါဝင်ပေါင်းစည်းနေ၏။
အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းမှာတော့ ၎င်းသည် တဗူးဂမ္ဘီရကျင့်စဥ်နှစ်ခုဖြစ်သော အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဥ်နှင့် ကောင်းကင်းသင်္ချိုင်းသုတ္တန်၏ လေးနက်သိမ်မွေ့မှုများကို ပေါင်းစည်းထားခြင်းဖြစ်လေသည်။
ဝုန်း...
အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းက ဆင်းသက်လာသောအခါ မြင်းမျောက်ဘုရင်နှစ်ဦး၏ ကောင်းကင်လိုဏ်ဂူများက ဆက်လက်၍ညတောင့်မခံနိုင်တော့ဘဲ ယိမ်းထိုးလာခဲ၏။
စောစောက သူတို့၏ ကောင်းကင်လိုဏ်ဂူအသေးများသည် ဆူဇီမို၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဖျက်ဆီးရန် ကောင်းကင်လိုဏ်ဂူစွမ်းအားအမြောက်အမြားကို သုံးစွဲခဲ့ရ၏။
ယခု ဆူဇီမိုသည် ယင်ယန်ကောင်းကင်လိုဏ်ဂူနှင့် အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းကို ဆက်တိုက်ဆင့်ခေါ်လိုက်ပြီး မြင်းမျောက်ဘုရင်နှစ်ဦးသည် သူတို့ကိုလုံးဝမခုခံနိုင်တော့ပေ။
ခဏကြာတောင့်ခံပြီးနောက် သူတို့၏ ကောင်းကင်လိုဏ်ဂူများက လုံးလုံးလျားလျားလဲပြိုကျသွား၏။ သူတို့နှစ်ယောက်က ထိတ်လန့်တကြားဖြစ်သွားပြီး ဆူဇီမိုနှင့် ဆက်လက်၍မတိုက်ခိုက်ရဲတော့ဘဲ လှည့်ထွက်ပြေးလိုက်ကြ၏။
သို့သော်လည်း ကောင်းကင်လိုဏ်ဂူများ၏ ကာကွယ်မှုမရှိဘဲ သူတို့နှစ်ယောက်သည် ယင်ယန်ကောင်းကင်လိုဏ်ဂူနှင့် အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်း၏ စွမ်းအားကို လုံးဝမခုခံနိုင်ကြပေ။.
ယင်နှင့်ယန်က လည်ပတ်ပြီး စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်လွှတ်ကာ မြင်းမျောက်ဘုရင်နှစ်ဦးထဲမှတစ်ဦးကို ဖြည်းဖြည်းချင်းဆွဲယူသွင်းလိုက်၏။
အခြားတစ်ဘက်မှာ အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းသည် အုပ်မိုးကျဆင်းလာပြီး နေဝင်ချိန်၏ မရဏအော်ရာပါဝင်နေသော မြေဆီလွှာက တလိပ်လိပ်ထိုးတက်လာ၏။ ချက်ချင်းပင် ၎င်းက အုပ်မိုးကျဆင်းပြီး အခြားသောမြင်းမျောက်ဘုရင်ကို မြှုပ်နှံကာ လူတစ်ယောက်၏ ခါးလောက်မြင့်မားသော မြေပုံတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထိုမြေပုံက လှုပ်ခါနေလေသည်။ မြင်းမျောက်ဘုရင်သည် ထွက်ပြေးလွတ်မြောက်လိုနေပြီး အထဲမှာ သူ၏ အစွမ်းကုန်ရှိသမျှနှင့် ရုန်းကန်တိုက်ခိုက်နေဆဲဖြစ်၏။
ထိုစဥ်မှာပင် ဧရာမဓားတစ်လက်၏ ပုံရိပ်ယောင်က ကောင်းကင်ထက်ကနေဆင်းသက်လာပြီး ထိုမြေပုံထဲသို့ ထိုးစိုက်သွားလေသည်။
ဖောက်...
မြေပုံပေါ်မှာ လတ်ဆတ်သောသွေးများက တလိပ်လိပ်တိုးထွက်လာပြီး မြေဆီလွှာကို နီစွေးသွားစေ၏။ အထဲမှာ မည်သည့်အသံမှ ဆက်လက်၍ ထွက်ပေါ်မလာတော့ပေ။
ဧရာမဓားပုံရိပ်ယောင်သည် မြေဆီလွှာထဲသို့ ထိုးစိုက်ထားသော သုသာန်မှတ်တိုင်တစ်ခုနှင့် တူလေသည်။ အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းမှာ ပြောင်းလဲမှုများ မရှိသလောက်နီးပါးပင်။
သို့သော်လည်း ထိုနေရာမှာ ယခုအခါ နောက်ထပ်အုတ်ဂူတစ်လုံးထပ်တိုးလာခဲ့သည်။
ဘုရင်တစ်ပါး၏ အုတ်ဂူ။