← Chapters

မျောက်ဘုရင်နီရဲပင်လယ်

Vol. 200 Ch. 2998

မျောက်ဘုရင်နီရဲပင်လယ်

Vol. 200 Ch. 2998

မြင်းမျောက်မျိုးရိုးမှ ဘုရင်တစ်ပါးပင်လျှင် သတ်ဖြတ်ခံလိုက်ရ၏။

ပို၍အရေးပါသည်မှာ ဤမြင်းမျောက်ဘုရင်သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ပိုင်ဆိုင်ထားပြီး သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘုရင်တစ်ပါး အမှန်တကယ်ဖြစ်သည်။ ယခင်က ဆူဇီမိုသည် မည်မျှများပြားသည့် မြင်းမျောက်များကို သတ်ဖြတ်ခဲ့သည်ဖြစ်စေ သူတို့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားများမရှိဘဲ သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ သက်ရှိများ မဟုတ်ကြပေ။

သို့သော်ယခု ဤမြင်းမျောက်ဘုရင်ကို သူ၏ သတ်ဖြတ်မှုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် တိုက်ရိုက်ပဋိပက္ခတစ်ခု ဖြစ်သွားခြင်းနှင့် တူညီလေသည်။

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူနှင့် အခြားသူများ၏ မျက်လုံးထဲမှာ ဆူဇီမိုသည် ကြောက်ခမန်းလိလိကပ်ဘေးတစ်ခုကို ဖြစ်စေခြင်းဆက်လက်၍ မဟုတ်တော့ပေ။ ထိုအစား သူက ကောင်းကင်ဘုံကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဖြစ်လေသည်။

“ယွမ်ဟွမ်ရဲ့ သွေးသောက်ညီကိုမှာ ဘာနောက်ခံရှိနေတာလဲ”

“ပကတိစိတ်ဝိညာဉ်အဆင့်နဲ့… သူက အဆင့်ကြီးတစ်ဆင့်ကိုကျော်ပြီး ဘုရင်တစ်ပါးကို တကယ်ပဲ သတ်ဖြတ်နိုင်တာလား”

“ဒီကောင်လေးက မြင်းမျောက်ဘုရင်နှစ်ဦးရဲ့ နောက်ခံကို အခုချိန်ထိ မသိလောက်သေးဘူး… အဲဒါကြောင့် သူက အဲလောက်ထိ ရက်စက်ကြမ်းတမ်းနေတာပဲ”

“သူ့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ နီညိုရောင်မျောက်ဝံကမ္ဘာကနေ ထွက်ပြေးလွှတ်မြောက်ဖို့က မလွယ်တော့ဘူး”

“အမှန်ပဲ… မာရွှမ်သေဆုံးသွားတာနဲ့ မျောက်ဘုရင်နီရဲပင်လယ်က အဲဒါကို သေချာပေါက် အာရုံခံမိသွားလိမ့်မယ်… သူက အခုလောက်ဆိုရင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာလောက်ပြီ”

နီညိုရောင်မျောက်ဝံဘုရင်လေးဦးက စိတ်ချင်းဆက်သွယ်ကာ ပြောဆိုလိုက်ကြ၏။

တိုက်ပွဲက မပြီးဆုံးသေးပေ။

အထွတ်အထိပ်ကောင်းကင်ဘုံးဓားသင်္ချိုင်း၏ ပုံရိပ်ယောင်က မြင်းမျောက်ဘုရင်တစ်ဦးကို မြှုပ်နှံခဲ့လေသည်။ အခြားသော မြင်းမျောက်ဘုရင်က ယင်ယန်ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်ထဲကနေ ရုန်းထွက်ရန် သူ၏ ဝှက်ဖဲများနှင့် လျှို့ဝှက်အတတ်မျာအားလုံးကို ထုတ်ဖော်ကာ သူ၏ အစွမ်းကုန်ဖြင့် လှုပ်ရှားရုန်းကန်နေ၏။

သို့သော်လည်း သူ၏ နည်းလမ်းများအားလုံးကို အသုံးပြုပြီးတာတောင် သူသည် ခဏသာထိန်းထားနိုင်ပြီး ယင်ယန်စွမ်းအား၏ ရစ်ပတ်ဖိနှိမ်မှုကို လုံးဝ မခုခံနိုင်ပေ။

မြင်းမျောက်ဘုရင်၏ ခန္ဓာကိုယ်တစ်ဝက်က ယင်ယန်ကောင်းကင်လိုဏ်ဂူဖြင့် ဝါးမျိုခြင်း ခံလိုက်ရ၏။ သူက အထဲမှာသေရတော့မည်ကို တွေးပြီး သူက သူ၏ ခါးထက်မှ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖြုတ်ယူလိုက်၏။

မြင်းမျောက်ဘုရင်က ကောင်းကင်လိုဏ်ဂူထဲကနေ ပြူထွက်ရင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ကိုင်မြှောက်ပြလိုက်၏။ ထိတ်လန့်တကြားအမူအရာနှင့်အတူ သူက ခပ်စူးစူးလှမ်းအော်ပြောလိုက်၏။

“ငါ..ငါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘုရင်တစ်ပါးပဲ”

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘုရင်တွေလည်း သေရမှာပဲ”

ဆူဇီမိုက ညင်သာစွာ အော်ငေါက်လိုက်ပြီး ရပ်တန့်ဖို့ စိတ်ကူးမရှိပေ။ သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ယင်ယန်စွမ်းအားကို ပစ်လွင့်ထွက်ပေါ်စေကာ မြင်းမျောက်ဘုရင်ကို ချက်ချင်းပင် သတ်ဖြတ်လိုက်၏။

အစက မြင်းမျောက်ဘုရင်သည် ဆူဇီမိုကို ဖိနှိမ်ဖို့နှင့် လောလောဆယ်ရှင်သန်ဖို့အတွက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အမည်ကို အသုံးချလိုခဲ့လေသည်။

ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ နာမည်ကို ကြားရစဥ်မှာတောင် မည်သည့်ထိန်ချန်ငဲ့ကွက်မှုမှ မရှိခဲ့ပေ။

သူက တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီဆိုမှတော့ နှလုံးသား နူးညံ့ပျော့ပျောင်းနေလိမ့်မည် မဟုတ်ပေ။

သူသည် ဤမြင်းမျောက်ဘုရင်ကို ချမ်းသာပေးလိုက်မည်ဆိုလျှင် ထိုသူက ထွက်ပြေးလွတ်မြောက်သွားပြီးနောက် သူ့ကို သေချာပေါက်အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

နီညိုရောင်မျောက်ဝံဘုရင်လေးဦးပင်လျှင် တုန်လှုပ်သွားရ၏။

“တစ်ဘက်သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကဆိုတာ ဒီကောင်လေးက သိသွားပြီပဲ... ဒါတောင်သူက သတ်ဖြတ်ရဲသေးတာလား”

“သူ့အသက်အရွယ်နဲ့ဆိုရင် သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ကြားဖူးထားရင်တောင်မှ အဲဒီအဖွဲ့အစည်းက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိမှာမဟုတ်လောက်ဘူး”

“ငါတို့ဘာလုပ်ရမလဲ... သူသတ်ဖြတ်တာကို ဒီတိုင်းစောင့်ကြည့်နေရမှာလား... ဒါမှမဟုတ် ငါတို့....”

နီညိုရောင်မျောက်ဝံဘုရင်လေးဦးက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဝန်လေးစွာ ဆက်သွယ်ပြောဆိုနေကြ၏။

သူတို့၏ စိတ်ဆန္ဒအရ သူတို့သည် ဆူဇီမိုနှင့် ရန်သူများ မဖြစ်လိုကြပေ။ သို့သော်လည်း သူတို့သည် ဆူဇီမိုကို လူတိုင်း၏ ရှေ့မှောက်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ခွင့်ပေးထားမည်ဆိုလျှင် မြင်းမျောက်မျိုးရိုးက နောက်ပိုင်း ဤကိစ္စနောက်ကို လိုက်သည့်အခါ သူတို့အနေဖြင့် ရှင်းပြဖို့ ခက်ခဲသွားပေလိမ့်မည်။

“ဟား...”

ထိုစဥ်မှာပင် သွေးနီရောင်တောင်ထွတ်၏ နောက်ဘက်ကနေ ဒေါသတကြီးဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

“မျောက်ဘုရင်နီရဲပင်လယ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ”

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက ထိုဟိန်းဟောက်သံကိုကြားသောအခါ သူက ရင်တစ်ချက်ထိတ်သွား၏။

မျောက်ဘုရင်နီရဲပင်လယ်သည် အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်ပြီး မာရွှမ်၏ အဖေလည်းဖြစ်လေသည်။ သူသည်လည်းပဲ တင်းပါးနီမြင်းမျောက်တစ်ကောင်ဖြစ်ပြီး သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သူ့သားထက် များစွာပိုမိုသာလွန်လေသည်။

နီညိုရောင်မျောက်ဝံကမ္ဘာ၏ ဘုရင်များကြားမှာ မျောက်ဘုရင်နီရဲပင်လယ်၏ တိုက်ခိုက်ရည်ခွန်အားက နံပါတ်တစ်ဖြစ်သည်။

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကိုကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်ကာ သက်ပြင်းချလိုက်၏။

“ငါစောစောက မင်းကိုထွက်သွားဖို့ ဖျောင်းဖျခဲ့တာပဲ... ဒါပေမဲ့ မင်းက မလုပ်ခဲ့ဘူး... အခုတော့ မင်း ထွက်သွားဖို့နောက်ကျသွားပြီ”

ပကတိစိတ်ဝိညာဥ်တစ်ဦး၏ လှုပ်ရှားမှုနည်းစနစ်က ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူက ဘုရင်တစ်ပါး၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်မည် မဟုတ်ပေ။

ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး အာကာသဥမင်ထဲသို့ သာမန်ကာလျှံကာဝင်ရောက်နိုင်၏။

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ယခုအချိန်မှာ ထွက်ပြေးတိမ်းရှောင်မည်ဆိုလျှင်တောင် သူက နီညိုရောင်မျောက်ဝံကမ္ဘာကနေ မလွတ်မြောက်နိုင်ခင် သူ့ကို မျောက်ဘုရင်နီရဲပင်လယ်က လိုက်မီသွားပေလိမ့်မည်။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူကို ညင်သာစွာခေါင်းညိတ်ပြပြီးနောက် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

သူ၏ ဘယ်ဘက်မျက်လုံးက တမလွန်မီးရောင်နှင့်တောက်ပလာပြီး သူ၏ ညာဘက်မျက်လုံးက မီးပဒေသာရောင်ဖြင့် တောက်ပလာခဲ့၏။ သူတို့သည် အနက်နှင့်အဖြူအလင်းတန်းတစ်ခုကို အတူတကွပစ်လွင့်ထုတ်ဖော်ပြီး ခေါင်းနှင့်အမြီးများချိတ်ဆက်ကာ အဆက်မပြတ်လည်ပတ်နေသော ယင်ယန်ငါးများကားချပ်တစ်ခုကို သူ၏ အောက်ဘက်မှာ ဖြစ်ပေါ်လာစေ၏။

ဆူဇီမိုက အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ဆင့်ခေါ်လိုက်၏။ သူက မြင်းမြီးကျာပွတ်ကို ကျောက်စိမ်းစုတ်တံတစ်ချောင်းအဖြစ် အသုံးချပြီး ယင်ယန်ငါးများကားချပ်ပေါ်တွင် ထူးဆန်းသောမှော်စာလုံးတချို့ကို ရေးဆွဲလိုက်၏။

ထို့နောက် သူက ယင်ယန်ငါးများကားချပ်၏ အနက်နှင့်အဖြူဆုံရာအမှတ်သို့ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ပစ်ထုတ်လိုက်၏။ ၎င်းသည် ကားချပ်နှင့်အတူ ပြည့်ပြီးစုံစွာ ပေါင်းစည်းပြီး ပျောက်ကွယ်သွားလေသည်။

လေဟာနယ်က ပွင့်ထွက်သွားပြီး အာကာသဥမင်တစ်ခု ပေါ်ထွက်လာ၏။

အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်း...။

ဆူဇီမိုသည် မျောက်ကိုဆွဲခေါ်ပြီး နီညိုရောင်မျောက်ဝံကမ္ဘာကနေထွက်ခွာဖို့အတွက် အာကာသဥမင်ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲဖြစ်၏။

“နေဦး”

ထိုစဥ်မှာပင် နီညိုရောင်မျောက်ဝံဘုရင်က မျက်မှောင်ကြုတ်ပြီးအော်ပြောလိုက်၏။

“ယွမ်ဟွမ်ကိုထားခဲ့”

နီညိုရောင်မျောက်ဝံဘုရင်မှာ မကောင်းသောရည်ရွယ်ချက်မရှိပေ။

သို့သော်လည်း သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို ဆန့်ကျင်ထားခဲ့ပြီဖြစ်သည်။ မျောက်က ဆူဇီမိုနောက်သို့ လိုက်ပါသွားမည်ဆိုလျှင်ရှင်သန်ဖို့အတွက် အခွင့်အရေးမရှိသလောက်နီးပါးပင်။

ထို့ကြောင့် သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ မျောက်ကိုထားခဲ့ခိုင်းခြင်း ဖြစ်လေသည်။

ဆူဇီမိုက အာကာသဥမင်၏ ဝင်ပေါက်ဝမှာ မတ်တတ်ရပ်ပြီး ရပ်တန့်လိုက်၏။

သူက ဘေးတိုက်တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်၏။

“ခင်ဗျားတို့တွေ သူ့ကိုကာကွယ်ပေးနိုင်လို့လား”

စောစောက နီညိုရောင်မျောက်ဝံဘုရင်က နှုတ်ဆိတ်သွားပြီး သူ၏ ခေါင်းကို တဖြည်းဖြည်းငုံ့လိုက်၏။

ယနေ့ကိစ္စက ထောက်လှမ်းခံရသည်နှင့် မျောက်သည် နီဘိုရောင်မျောက်ဝံကမ္ဘာမှာ နေခဲ့မည်ဆိုလျှင်တောင် သေချာပေါက် သေရပေလိမ့်မယ်။

သူတို့သည် မျောက်၏ အသက်ကို ကာကွယ်ဖို့နေနေသာ မြင်းမျောက်မျိုးရိုးမှ ပကတိစိတ်ဝိညာဥ်တစ်ဦးပင် သတ်ဖြတ်နိုင်စွမ်း မရှိပေ။

“သွားကြမယ်”

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စေညွှန်ပြီး ရှေ့သို့ပြေးတက်ကာ အော်ပြောလိုက်၏။

“မင်း... ဘယ်ကိုထွက်ပြေးဖို့ ကြံနေတာလဲ”

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက ရှေ့သို့ ပြေးဝင်လာသော်လည်း သူက မည်သည့်နည်းစနစ်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ ဟန်ဆောင်ပန်ဆောင်ပြုလုပ်နေခြင်းမျှသာဖြစ်သည်။

ဆူဇီမိုက ဆက်လက်၍ ကြန့်ကြာမနေတော့ဘဲ မျောက်ကို အာကာသဥမင်ထဲသို့ ဆွဲခေါ်ကာ ပျောက်ကွယ်သွား၏။

သူထွက်သွားပြီးမကြာခင် တိုက်ပွဲကွင်း၏ အထက်မှာရှိသော လေဟာနယ်က ပွင့်ထွက်သွာပြီး သိပ်သည်းသောသွေးချီနှင့် ပြည့်နှက်နေသော မြင်းမျောက်ဘုရင်တစ်ပါးက လျှောက်လှမ်းထွက်လာ၏။ သူက မကောင်းဆိုးဝါးဆန်ဆန်အကြည့်နှင့်အတူ ဘေးပတ်ဝန်းကျင်ကိုထောက်လှမ်းကြည့်ရှုနေ၏။

အထွတ်အထိပ်ဘုရင်တစ်ပါး...။

မျောက်ဘုရင်နီရဲပင်လယ်။

“ဘာတွေဖြစ်နေတာလဲ”

မျောက်ဘုရင်နီရဲပင်လယ်က မြေပြင်ပေါ်မှ လဲကျနေသောအလောင်းများနှင့် စီးဆင်းနေသောသွေးမြစ်များကို ကြည့်လိုက်၏။ ဒါ့အပြင် သေဆုံးနေသူအားလုံးက မြင်းမျောက်မျိုးရိုးမှဖြစ်ပြီး သူ၏ အမူအရာက လုံးဝကို သုန်မှုန်လာခဲ့၏။

ဤတစ်ခေါက် မြင်းမျောက်မျိုးရိုး၏ ဆုံးရှုံးမှုက အရမ်းကိုကြီးမားလေသည်။

တိုက်ပွဲကွင်းမှာ မာရွှမ်၏ အလောင်းကို တွေ့မြင်သောအခါ မျောက်ဘုရင်နီရဲပင်လယ်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာသည်။ သူ၏ အမူအရာက အေးစက်လာပြီး သူ၏ အော်ရာက ပို၍ပင် ကြမ်းတမ်းလာကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ”

ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့သော စောစောက မြင်းမျောက်တချို့က အလောတကြီးပြေးလာပြီး ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောပြလိုက်၏။

“ယွမ်ဟွမ်... ဆူဇီမိုလား”

မျောက်ဘုရင်နီရဲပင်လယ်က သူ၏ မျက်လုံးကို မှေးကျဥ်းပြီး တီးတိုးရေရွတ်လိုက်၏။

ထို့နောက် သူက မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူနှင့် အခြားဘုရင်သုံးဦးကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

“မင်းတို့လေးယောက်က ဘေးကနေ တစ်ချိန်လုံးစောင့်ကြည့်ပြီး အပြင်လူတစ်ယောက် ငါတို့မြင်းမျောက်မျိုးရိုးကို သတ်ဖြတ်နေတာကို ခွင့်ပြုပေးထားတယ်ပေါ့... ငါ့အထင်တော့ ဆူဇီမိုက မင်းတို့တွေအတွက် အလုပ်လုပ်ပေးနေတာဖြစ်ရမယ်”

“ခင်ဗျားတစ်ယောက်ယောက်ကို အမှုဆင်ချင်တယ်ဆိုရင် ခင်ဗျားက ကြုံရာကျပန်းအကြောင်းပြချက်တစ်ခုကို ဆွဲထုတ်လို့ ရတာပဲ”

မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူက လှောင်ရယ်လိုက်၏။

“ဖြစ်စဥ်တစ်ခုလုံးက အရမ်းကိုမြန်မြန်ဆန်ဆန်ဖြစ်သွားတာ... ဘုရင်နှစ်ဦးက တစ်ချီတောင်မခံဘဲ အသတ်ခံလိုက်ရတယ်”

“နောက်ပြီး ကျုပ်တို့က ဆူဇီမိုထွက်ပြေးတာကို တားဆီးဖို့ကြိုးစားခဲ့တာပဲ... ဒါပေမဲ့ ကျုပ်တို့မှ သူ့ကိုမတားနိုင်ခဲ့တာ”

မျောက်ဘုရင်နီရဲပင်လယ်က အဲဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိသော်လည်း မျောက်ဝံဘုရင်ကောင်းကင်ဖြိုခွဲသူနှင့် အခြားသူများသည် သူတို့၏ အစွမ်းကုန်နှင့် သေချာပေါက်တားဆီးခဲ့ခြင်းမရှိသည်ကို သူက ခန့်မှန်းမိနိုင်၏။

“ငါမင်းတို့ကို အမှုဆင်ဖို့ကြိုးစားနေတာ ဟုတ်လားမဟုတ်လား အဲဒီတောကောင်နှစ်ကောင်ကိုဖမ်းဆီးပြီး သူတို့ရဲ့ဝိညာဥ်ကို ရှာဖွေလိုက်တာနဲ့ သိရမှာပေါ့”

မျောက်ဘုရင်နီရဲပင်လယ်က မကောင်းဆိုးဝါးဆန်ဆန်ရယ်မောလိုက်၏။

“ဒီကိစ္စက မင်းတို့နဲ့တစ်နည်းတစ်ဖုံပတ်သက်နေမယ်ဆိုရင်တော့ မင်းတို့နီညိုရောင်မျောက်ဝံတွေက မင်းတို့ကဲ့အသက်ပေါင်းအဆတစ်ရာနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။”

All Chapters