အသက်အန္တရာယ်ကျရောက်လာခြင်း
Vol. 200 Ch. 3000
ဝုန်း…
အမွေးရှည်လက်ကနေ ထုတ်ဖော်လိုက်သော မွန်းကျပ်ဖွယ်ရာကောင်း၍ ကြောက်စရာကောင်းသော အော်ရာက သိပ်သည်းလေးလံပြီး စွမ်းအားကြီးမားနေ၏။ ၎င်းဆင်းသက်မလာခင် ဆူဇီမိုနှင့် မျောက်ဘေးမှာရှိသော တောင်ကြောရိုးက စတင်၍ ပြိုကျသွား၏။
သူတို့၏ ခြေဖဝါးအောက်မှာ ဧရာမ ကြယ်က စတင်၍ အဆက်မပြတ်တုန်ယင်လာပြီး ကြီးမားသော အက်ကွဲကြောင်းများက မြေပြင်ပေါ်မှာ ပေါ်ထွက်လာ၏။
မြေပြင်က တသိမ့်သိမ့်လှုပ်ခါသွား၏။
သူတို့နှစ်ယောက် ရပ်နေရာ နေရာက ဖြည်းဖြည်းချင်းပြိုကျပြီး ဧရာမ လက်ငါးချောင်း လက်ဝါးရာတစ်ခုကို ပေါ်ထွက်လာစေ၏။
ထိုသူက အရမ်းကို သန်မာလေသည်။
တကယ်ဆို ထိုစွမ်းအားသည် ကြယ်တစ်စင်းကိုပင် ဖောက်ခွဲဖျက်ဆီးပစ်နိုင်၏။ ၎င်းသည် ဆူဇီမို၏ ခံနိုင်ရည်ထက် အပြတ်အသတ် ကျော်လွန်နေသည်။
တိုက်ခိုက်လိုက်သူသည် တစ်ခါက သူသတ်ဖြတ်ခဲ့ဖူးသော ဘုရင်ကမ္ဘာမြေခွန်ထက်ပင် ပိုမိုသန်မာသော အထွတ်အထိပ်ဘုရင်တစ်ပါး သေချာပေါက် ဖြစ်လေသည်။
ဘုရင်ကမ္ဘာမြေခွန်က မည်သို့ပင်ဆိုစေ သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်နေသော ဘုရင်တစ်ပါးဖြစ်သည်။ ယခု တိုက်ခိုက်လိုက်သောသူကတော့ သူ၏ သွေးချီက သန်မာပြီး သူက သူ၏ အရွယ်ကောင်းမှာ သိသိသာသာ ရှိနေ၏။
နေ့နှင့်ညကုန်းမြေ၏ အပြင်ဘက်မှာတုန်းက ဆူဇီမိုသည် အထွတ်အထိပ်ဘုရင်နှစ်ဦးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ဖူးသည်။
သို့သော်လည်း သူသည် အထွတ်အထိပ်ဘုရင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည်ဟု မဆိုလိုပေ။
သူတို့ကြား ကွာဟချက်က အရမ်းကို ကြီးမားနေဆဲဖြစ်၏။ အဲဒါက ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုဖြစ်သည်။
အရင်တုန်းက သူသည် အောင်မြင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ အင်မော်တယ်ဘုရင်မ ယိုလန်သည် သူတို့ထဲမှတစ်ယောက်ကို ချုပ်ထိန်းပေးထားခဲ့သောကြောင့်ဖြစ်သည်။
ယခု ဧရာမ အမွေးရှည်လက်ဝါးက ဆင်းသက်လာပြီး ဆူဇီမိုနှင့်မျောက်၏ လေဟာနယ်များအားလုံးကို ပိတ်ဆို့ထားလိုက်၏။
ယခုတွင် သူဖန်တီးလိုက်သော အာကာသဥမင်က အမွေးရှည်လက်ဝါးဖြင့် ဖိချေခံရပြီး ကြေမွပျက်စီးသွားလေသည်။
ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး နောက်ထပ် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ၏ နောက်ဘက်မှာ ယင်ယန်ကောင်းကင်လိုဏ်ဂူနှင့် အထွတ်အထိပ် ကောင်းကင်ဘုံဓားသင်္ချိုင်း၏ ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်နှစ်ခု ပေါ်ထွက်လာ၏။
ထိုသို့ဆိုလျှင်တောင် သူသည် အမွေးရှည်လက်ဝါး၏ စွမ်းအားကို မခုခံနိုင်ပေ။
ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်နှစ်ခု ပေါ်ထွက်လာသည့်ခဏမှာပင် သူတို့က လဲပြိုကျသွား၏။
သို့သော်လည်း ဆူဇီမိုမှာ နည်းလမ်းများ မကုန်သေးပေ။
အစွယ်ရှစ်ချောင်း နတ်ဆင်ခွန်အား၊ ခေါင်းလေးလုံး လက်ရှစ်ဖက်၊ အင်မော်တယ်နှိမ်နင်းဓား၊ ဗုဒ္ဓ နဂါးဆင်၊ ပြန်ဝင်စားခြင်း လမ်းခြောက်သွယ်၊ တဒင်္ဂအခိုက်အတန့်၊ ကြယ်တာရာအကျဉ်းထောင်၊ ဟင်္သပဒါးငှက် ကောင်းကင်ဘုံမီး၊ အနန္တယင်ယန်…
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကိုးခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
တိုက်ခိုက်လိုက်သောသူက သူ့နောက်သို့ လိုက်လံဖမ်းဆီးဖို့ ရောက်ရှိလာခဲ့သော မျောက်ဘုရင် နီရဲပင်လယ်ဖြစ်သည်။
ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုကို အာရုံခံရင်း မျောက်ဘုရင် နီရဲပင်လယ်၏ မျက်လုံးထဲတွင် အရင်ဆုံး တုန်လှုပ်မှုက ဝင်ရောက်လာပြီးနောက် လှောင်ပြောင်သရော်မှုနှင့် အထင်မြင်သေးမှုက အစားထိုးဝင်ရောက်လာ၏။
ပကတိစိတ်ဝိညာဉ်တစ်ဦးသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို နားလည်ဆင်ခြင်ထားပြီး သူတို့ကို တစ်ချိန်တည်းမှာပင် ထုတ်ဖော်နိုင်လေသည်။ ထိုအချက်သည် ထူးခြားအံ့မခန်းဖြစ်ပြီး သူ့ကိုပင် တကယ်တုန်လှုပ်သွားစေ၏။
သို့သော်လည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ သူတို့က သူ့ကို မခြိမ်းခြောက်နိုင်ပေ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို အတူတကွ ထပ်ဆင့်လိုက်မည်ဆိုလျှင်တောင် အဲဒါက သုံးစားရလိမ့်မည် မဟုတ်ပေ။
တကယ်ဆို သူသည် ဤပုရွက်ဆိတ်ကို ဖိချေဖို့အတွက် သူ၏ နီရဲပင်လယ် ကောင်းကင်လိုဏ်ဂူကိုပင် ထုတ်ဖော်အသုံးပြုစရာ မလိုအပ်ပေ။
သူ၏ ထင်မြင်ချက်အရ ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုသည် အချည်းနှီး အားထုတ်ကြိုးပမ်းမှုတစ်ရပ်သာဖြစ်သည်။
သူထင်မှတ်ထားသည့်အတိုင်းပင်…။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုသည် ကောင်းကင်လိုဏ်ဂူပုံရိပ်ယောင်နှစ်ခုနှင့် ပေါင်းစည်းပြီး သူ၏ ဧရာမလက်ဖဝါးကို ထိခတ်သောအခါ မျောက်ဘုရင် နီရဲပင်လယ်သည် ခုခံမှုနှင့် နာကျင်မှု တစ်စွန်းတစ်စကိုသာ ခံစားလိုက်ရ၏။
သူ၏ သွေးချီကို အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် ထိုခံစားချက်က ပျောက်ကွယ်သွားပြီး ဧရာမ လက်ဖဝါးက ဆက်လက်၍ ဖိချေကျဆင်းလာ၏။
ရုတ်တရက်ဆိုသလို…
မျောက်ဘုရင် နီရဲပင်လယ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူ၏ ဧရာမလက်ဖဝါးက တုန်ယင်သွားပြီး သူက ချက်ချင်းပင် အလိုလိုရုပ်သိမ်းလိုက်၏။
သူ၏ ဘဝသက်တမ်းက ကြောက်ခမန်းလိလိ အလျင်အဟုန်ဖြင့် လျော့ကျလာနေ၏။
ယခုအချိန်မှာ သူ့အသက်က နှစ် ၃၇၀၀၀၀ ဖြစ်ပြီး ဘဝသက်တမ်း နှစ်တစ်သန်းကို ပြည့်မီဖို့ နှစ်ခြောက်သိန်းကျော်ကျော် လိုနေဆဲဖြစ်၏။
သို့သော်လည်း စောစောက တဒင်္ဂအခိုက်အတန့်မှာ သူသည် သူ၏ ဘဝသက်တမ်း နှစ်တစ်သိန်းကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
သူက တုန်လှုပ်၍ သူ၏ လက်ဖဝါးကို ရုပ်သိမ်းလိုက်စဉ်မှာပင် သူက နောက်ထပ် ဘဝသက်တမ်း နှစ်တစ်သိန်းကို ဆုံးရှုံးလိုက်ရ၏။
တစ်ခဏချင်းမှာပင် ဘဝသက်တမ်း နှစ်နှစ်သိန်းက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေသည်။
မျောက်ဘုရင် နီရဲပင်လယ်က အောက်ဘက်မှာရှိသော ဆူဇီမိုကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်၏။ ချက်ချင်းပင် သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်ပြီး သူ၏ နောက်ဘက်မှာ သွေးပင်လယ်တစ်စင်း ပေါ်ထွက်လာ၏။
ပကတိကောင်းကင်လိုဏ်ဂူ၏ ဆင်းသက်လာမှုက နောက်ဆုံးမှာ ဘဝသက်တမ်းလျော့ကျမှုကို ရပ်တန့်တားဆီးပြီး အန္တရာယ်ကို ဖြေရှင်းလိုက်နိုင်၏။
ထိုသို့ဆိုလျှင်တောင် သူသည် ဘဝသက်တမ်း နှစ်နှစ်သိန်းလုံးလုံးကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သည်။
ဒါ့အပြင် မျောက်ဘုရင် နီရဲပင်လယ်သည် လုံးဝကို တွေဝေရှုပ်ထွေးနေပြီး သူဘာဖြစ်သွားသည်ကို မသိရှိရပေ။
အောက်ဘက်မှာရှိသော ဆူဇီမိုက အဲဒါကို အာရုံခံမိသောအခါ သူက နှမြောစရာကောင်းသည်ဟု ခံစားလိုက်ရ၏။
တကယ်တော့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို ထပ်ဆင့်ကာ ထုတ်ဖော်လိုက်မည်ဆိုလျှင်တောင် သူတို့သည် အထွတ်အထိပ်ဘုရင်တစ်ပါးကို ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုတာ သူသိထားလေသည်။
သူသည် သူတို့အားလုံးကို တစ်ခါတည်း ထုတ်ဖော်လိုက်သည့် အကြောင်းအရင်းမှာ သူသည် တဒင်္ဂအခိုက်အတန့်ကို သတိထားမိစေခြင်းမရှိဘဲ အထဲမှာ ကွယ်ဝှက်ထားဖို့ ဖြစ်လေသည်။
ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကသာ အထွတ်အထိပ်ဘုရင်တစ်ပါးကို ခြိမ်းခြောက်နိုင်သည်။
တကယ်တော့ မျောက်ဘုရင် နီရဲပင်လယ်က တကယ်ပင် တဒင်္ဂအခိုက်အတန့်ဖြင့် ထိခတ်ခံခဲ့ရ၏။ သို့သော်လည်း သူ၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်လေသည်။ သူက သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်ပြီး တဒင်္ဂအခိုက်အတန့်၏ ဓမ္မတာအိုကို ပို၍ပင် သန်မာသော ဓမ္မတာအိုတစ်ခုနှင့်အတူ ချေဖျက်ပြီး အန္တရာယ်ကနေ လွတ်မြောက်လာခဲ့၏။
အချိန်အများစုမှာ ဆူဇီမိုသည် တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်သည့်အခါ သူက ဘဝသက်တမ်းကုန်ဆုံးခါနီး ပြိုင်ဘက်များကို ရွေးချယ်တတ်လေသည်။
ထိုသို့ဖြင့် တစ်ဖက်သူကို သတ်ဖြတ်နိုင်ဖို့ အခွင့်အရေးက ပိုမိုမြင့်မားနေမည်ဖြစ်သည်။
မျောက်ဘုရင် နီရဲပင်လယ်ကဲ့သို့ အထွတ်အထိပ်ဘုရင်တစ်ဦးအနေဖြင့် သူ၏ ဘဝသက်တမ်းက နှစ်နှစ်သိန်း လျော့ကျသွားသည်ဆိုလျှင်တောင် သူက သူ၏ အရွယ်ကောင်းမှာ ရှိနေဦးမည်ဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားလိမ့်မည် မဟုတ်ပေ။
“သွားကြမယ်”
ဆူဇီမိုက အော်ပြောလိုက်ပြီး သူ၏ မျက်လုံးထဲမှာ ဂမ္ဘီရကျောက်တုံးနှစ်တုံး ပေါ်ထွက်လာ၏။ သူက အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းကို ထုတ်ဖော်ပြီး ဤနေရာကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်လိုက်၏။
ဤတိုက်ပွဲအခြေအနေမှာ ဘေးပတ်ဝန်းကျင် လေဟာနယ်က ကြေမွကာ တွန့်လိမ်နေ၏။ ကောင်းကင်လိုဏ်ဂူဘုရင်များပင်လျှင် အာကာသဥမင်များကို တည်ဆောက်ပြီး သာမန်ကာလျှံကာ ထွက်သွားဖို့ ခဲယဉ်းပေလိမ့်မည်။
သို့သော်လည်း အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းက ကန့်သတ်ခြင်း ခံမထားရပေ။
“ဟမ့်…”
“မင်းက ထွက်ပြေးချင်တာလား”
အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ဘေးနှစ်ဖက်ကနေ ဟိန်းဟောက်သံနှစ်သံက ထွက်ပေါ်လာ၏။
နောက်ခဏ၌ နက်မှောင်နေသော တောင်ဝှေးတစ်ချောင်းက စူးရှသော လေခွင်းသံနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။ ၎င်းက စွမ်းအားကြီးမားပြီး မျောက်၏ ဦးခေါင်းအပေါ်ပိုင်းကို ဖိချေကျဆင်းလာ၏။
ဆူဇီမို၏ မျက်စပ်က လှုပ်သွားလေသည်။
ထိုရိုက်ချက်၏ စွမ်းအားကလည်း အထွတ်အထိပ်ဘုရင်တစ်ပါး၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ဒုတိယမြောက် အထွတ်အထိပ်ဘုရင်တစ်ပါး ရောက်ရှိလာ၏။
သူသည် အထွတ်အထိပ်ဘုရင်နှစ်ပါးကို မပြောနှင့်၊ တစ်ပါးကိုပင် မခုခံနိုင်ပေ။
ဒါ့အပြင် ဤကြယ်၏ ဘေးပတ်လည်မှာ ငမ်းငမ်းတက် မျက်လုံးများဖြင့် စောင့်ကြည့်နေသော အနည်းဆုံး ဘုရင်ဆယ်ဦး ရှိနေ၏။
သူ မတုံ့ပြန်နိုင်ခင် သူက ရင်တထိတ်ထိတ် ဖြစ်လာခဲ့ပြန်၏။
ကြီးမားသော လှံတစ်လက်က ထောင့်ဖြတ် ပစ်လွင့်ထွက်ပေါ်လာပြီး လေထုကို ဆုတ်ဖြဲကာ သူ၏ ရင်ဘတ်ရှိရာသို့ ထိုးစိုက်ဖို့ ချိန်ရွယ်လာခဲ့၏။
ထိုလှံ ရောက်ရှိမလာခင် သူက သန်မာသော သေခြင်းအငွေ့အသက်ကို အနံ့ရနေပြီဖြစ်သည်။
တတိယမြောက် အထွတ်အထိပ်ဘုရင်တစ်ဦး…
အထွတ်အထိပ်ဘုရင်နှစ်ဦးက ဆူဇီမိုနှင့် မျောက်ကို ထက်ရှသော တိုက်ခိုက်မှုများဖြင့် အေးစက်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့်အတူ အသီးသီးပစ်မှတ်ထားလာကြသည်။
သူတို့က ဤတစ်ခေါက် အဲဒါကို မခုခံနိုင်ဘူးဆိုလျှင် သူတို့နှစ်ယောက်စလုံးက ထွက်ပြေးဖို့နေနေသာ နေရာမှာတင် သေရပေလိမ့်မည်။
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်က အန္တရာယ်ကျရောက်လာပြီး သူတို့၏ အသက်များက ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခံထားရ၏။
မျောက်၏ ထိခိုက်ဒဏ်ရာများက မပျောက်ကင်းသေးဘဲ သူသည် အထွတ်အထိပ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ပေ။
ထိုသို့ဆိုလျှင်တောင် သူ၏ မျိုးဆက်သွေးက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများက တိုက်ပွဲဝင်စိတ်ဝိညာဉ်ဖြင့် ပြည့်နှက်နေ၏။
အထွတ်အထိပ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာ မျောက်သည် အကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်၏။
သို့သော်လည်း သူတို့ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
အထွတ်အထိပ်ဘုရင်၏ တောင်ဝှေးက ဆင်းသက်မလာခင် မျောက်၏ အကျော်ဇေယျတောင်ဝှေးသည် ထိုတောင်ဝှေးကနေ ထွက်ပေါ်လာသော လေအဟုန်ဖြင့် ကြေမွပျက်စီးသွား၏။
ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ ကပ်ဘေးရှစ်ခု စိတ်ဝိညာဉ်ရတနာတစ်ခုက ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။
ဝေါ…
ထိုစဉ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံတစ်သံက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်လိုက်၏။ သူ၏ နောက်ဘက်မှာ ဧရာမ ကျောက်စိမ်းကြာပင်တစ်ပင်က ပစ်လွင့်ထွက်ပေါ်ပြီး သည်းမခံနိုင်လောက်အောင် မောက်မာသော ပုံစံဖြင့် ကောင်းကင်ထက်သို့ ထိုးတက်လာခဲ့လေသည်။
ကြာရွက် ၁၂ရွက်က အဆက်မပြတ် ပြန့်ကားလာပြီး အစိမ်းရောင်ကြာပင်က ယိမ်းနွဲ့ကာ ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၏။
ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်သည်။
“အား…”
ထိုမျိုးဆက်သွေးနယ်မြေ၏ ဆင်းသက်လာမှုသည် အံ့အားတသင့် ရေရွတ်သံတချို့ကို ချက်ချင်းပင် ထွက်ပေါ်လာစေ၏။
ဧရာမ ကြာရွက်က မျောက်၏ ဦးခေါင်းကို ဖုံးအုပ်ပေးပြီး သူ့ကို အောက်ဘက်မှာထားကာ ကာကွယ်ပေးလိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး နောက်ထပ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာကာ အနက်နှင့်အဖြူ အလင်းတန်းနှစ်ခုကို ထုတ်ဖော်ပြီး သူ့လက်ထဲရှိ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်ပေါ်သို့ ဆင်းသက်သွားစေ၏။
ဆူဇီမိုက လေဟာနယ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံး ၁၂ လုံးကို လျင်မြန်စွာ ရေးဆွဲလိုက်၏။
“တင်းခြောက်ပါးနဲ့ ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း… နတ်ဘုရားများနဲ့ တစ္ဆေများအားလုံး လွင့်ပြယ်ပျောက်ကွယ်စေ”
ဆူဇီမိုက အော်ငေါက်လိုက်၏။
မှော်စာလုံး ၁၂ လုံးက သူ၏ ဘေးပတ်လည်မှာ ကြောက်စရာကောင်းသော အော်ရာများနှင့်အတူ ကောင်းကင်ဘုံနတ်ဘုရား ၁၂ ဦးအဖြစ် အသွင်ပြောင်းလဲသွား၏။ သူတို့က အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦး ဖြစ်လေသည်။ ၎င်းသည် အာဒိကပ္ပသမဂ္ဂ လျှို့ဝှက်အတတ် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများ ဖြစ်လေသည်။