← Chapters

ဒီကိစ္စ ဒီမှာတင်ပြီးပြီ ... ။

Vol. 10 Ch. 115

ဒီကိစ္စ ဒီမှာတင်ပြီးပြီ ... ။

Vol. 10 Ch. 115

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ မြင်ကွင်းတစ်ခုလုံး မီးကျွမ်းနေသည့် အပိုင်းအစ များဖြင့် ပြည့်နေကာ မီးခိုးငွေ့များ ထွက်ပေါ်လာနေသည်။

ကူချန်နှင့် မင်းသမီးချင်းယန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊

“ အခုချိန်ထိ ... မင်းလုပ်နေသမျှ အရာအားလုံးကို သူ့အာရုံစိုက်နေတယ်လို့ သံသယရှိဖူးလား။ ”

“ အမှန်ပဲ ... ။ ”

မင်းသမီးချင်းယန်မှ ခေါင်းညိတ်သည်။

“ ပြီး​တော့ ... ငါ့အပေါ် ဒီလို စောင့်ကြည့်နေတာကို ဘယ်​​တော့မှ ဖုံးကွယ် မထားခဲ့ဘူး ငါ့ဝန်းကျင်က လူအများစုက သူလွှတ်ထားတာ ...

... ဒါပေမယ့် ငါတစ်ယောက်တည်း အပြင်ထွက်သွားရင် အဲဒီလူတွေက ငါ့နောက်ကို လိုက်မလာဘူး။ ”

“ စိတ်ဝင်စားစရာပဲ။ ”

ကူချန်ခမျာ မင်းသမီးချင်းယန်၏ ပြသနာအပေါ် စိတ်ဝင်စားလာ၏။ ထို့ကြောင့် သူမကို ထပ်မံစိုက်ကြည့်လိုက်သည်။

ချင်းမူဖန်တီးခြင်း သုတ္တန်သည် အဂ္ဂိရတ်ကျမ်းဖြစ်သောကြောင့် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံအကြောင်း မှတ်စုများ ပါရှိသည်။

ဥပမာအားဖြင့် သူ့ခန္ဓာကိုယ်သည် သန့်စင်သောခန္ဓာကိုယ် ဖြစ်သည်။ မွေးရာပါ ရှန်ရှင်းအရိုး ပိုင်ဆိုင်ထား၏။

( flawless physique- သန့်စင်သောခန္ဓာသည် သူတော်စင်ခန္ဓာကို ရည်ရွယ်ပုံရသည်။ ထို့ကြောင့် သူတော်စင်ခန္ဓာ အဖြစ် သုံးနှုန်းကြည့်ပါမည်။ )

ထို့ကြောင့် သူသည် ကျင့်ကြံခြင်း၊ ဝိညာဉ်စွမ်းအင်သန့်စင်ခြင်း၊ ဉာဏ်အလင်းနှင့် ရုပ်ခန္ဓာကြံ့ခိုင်မှုတွင် သာမန်လူများထက် များစွာသာလွန်သည်။

မီးနတ်ဘုရားခန္ဓာ၊ ကောင်းကင်မီးခန္ဓာ၊ ကောင်းကင်မူလနတ်ဘုရားခန္ဓာ၊ ထာဝရခန္ဓာ၊ ကိုးပါးကမ္ဘာနတ်ခန္ဓာ စသည့် အခြားသော အထူးခန္ဓာများလည်း ရှိသေးသည်။

ချင်းမူဖန်တီးခြင်း သုတ္တန်ပါ လူသားဆေးအိုးအခန်းတွင် လူသားခန္ဓာများကို ဆေးလုံးအဖြစ် သန့်စင်ခြင်းပါရှိ၏။

ဆိုလိုသည်မှာ လူသားဆေးအိုးပြုလုပ်ရန် အဓိကလိုအပ်ချက်အဖြစ် အထူးခန္ဓာကိုယ်များ ပိုင်ဆိုင်ထားရပေမည်။

ထူးခြားသော ကိုယ်လုံးကိုယ်ပေါက် ရှိသူများသည် သဘာဝလွန် စွမ်းရည်အချို့ကို ရရှိထားကြ၏။

သူတို့၏ခန္ဓာကိုယ်များသည် အလွန်မှော်ဆန်ကာ ထူးခြားသောစွမ်းအင်များ သန့်စင်ထားနိုင်သည်။

ဥပမာအားဖြင့် အချို့သောလူများသည် ဓားအရိုးခန္ဓာဖြင့် မွေးဖွားလာကြပြီး ထိုသူများမှ သန့်စင်ထားသော စွမ်းအင်သည် ဓားတာအို အပေါ် ဉာဏ်အလင်းပေးသည်။

ထို့ကြောင့် သူ့ခန္ဓာသည် ထင်ရှားပေါ်လွင်သော ခန္ဓာကိုယ် မဖြစ်သည်မှာ ကံကောင်းသည်ဟု အမြဲခံစားရသည်။

မဟုတ်သော် မကောင်းဆိုးဝါး ကျင့်ကြံသူတချို့သတိထားမိပြီး လူသားဆေးအိုး အဖြစ် ဖမ်းဆီးခံရနိုင်သည်။

ထို့ကြောင့် မင်းသမီးချင်းယန်တွင် ထိုသို့ထူးခြားသော ခန္ဓာကိုယ်ဖြစ်နိုင်သည်ဟု သံသယဝင်ကာ ကံကြမ္မာမျက်လုံးကို သုံးလိုက်ခြင်းဖြစ်သည်။

“ မဟုတ်ဘူးလား ... ။ ”

သူ့ရှေ့တွင် မင်းသမီးချင်းရှန်သည် ချောမောလှပသော ကောက်ကြောင်းကြီးငယ် အသွယ်သွယ် ထွက်ပေါ်လာ၏။

ဖုံးကွယ်ထားသမျှ အဝတ်အစားပါမကျန် မူလအသွင်တိုင်း ပေါ်လာသည်။ တစ်ဖက်တွင် ချင်းယန်သည်လည်း စိတ်မသက်မသာ ဖြစ်လာ၏။

နှလုံးသားများ တဒိတ်ဒိတ်ခုန်လျက် အနည်းငယ်မျက်နှာနီရဲလာသည်။ ဤမျက်လုံး။ ထိုမျက်လုံးများကို ရေခဲမြူများအတွင်း တစ်ကြိမ်ရင်ဆိုင်ရသည်။

‌ရွှေရောင်အလင်းများ တောက်ပလျက် အကြည့်အောက်တွင် လျှို့ဝှက်ချက်များမရှိချေ။ တစ်ဖက်လူသည် မျက်ဝန်းပညာရပ် တစ်ခုခုကို လေ့ကျင့်ထားပုံရသည်။

“ ဟမ့် ... ။ ”

အတွေးဖြင့် ညာလက်ကို ရင်ဘတ်ရှေ့ ယှက်သိုင်းလျက် ဘေးသို့အနည်းငယ်ယိမ်းမိ၏။ သို့သော် အဆင်မပြေဖြစ်လာကာ ချက်ချင်း ပြန်ပြင်လိုက်ရသည်။

သူမကိုယ်ဟန်သည် တစ်ဖက်လူအမြင်၌ အနည်းငယ် ဆွဲဆောင်မှု ရှိနေနိုင်၏။ ကူချန်မှ မျက်မှောင်ကြုတ်လျက် ကံကြမ္မာမျက်လုံးကို ဖယ်ရှားလိုက်ကာ၊

“ မင်းဘာလို့ လှုပ်နေတာလဲ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

မင်းသမီးချင်းယန်မှ အံကြိတ်လျက် ပြန်မဖြေချေ။ ကူချန်က ရှက်ရွံ့နေသော သူမကို ကြည့်ကာ နားလည်သွား၏။

တစ်ဖက်လူသည် ကံကြမ္မာမျက်လုံးကို နားလည်မှု လွဲနေပုံရသည်။ ကံကြမ္မာမျက်ဝန်း ဟူသည် ပုံရိပ်ယောင်များနှင့် ကံကြမ္မာကိုသာ မြင်နိုင်ခြင်းဖြစ်၏။

အဝတ်အစားများကို ဖြတ်မြင်သည့် (X-ray)ကဲ့သို့သော ဖော်ထွင်းမြင်နိုင်ခြင်းမရှိချေ။ မင်းသမီးချင်းယန်က တင်းကြပ်လာသော လေထုကိုပြောင်းလဲရန်၊

“ မင်းက ဝင်္ကပါအစီရင်တွေကို ကျွမ်းကျင်တယ်မဟုတ်လား စိုးရိမ်နေသေးရင် ငါ့ကိုတံဆိပ်ခတ်နိုင်တယ်။ ”

-ဟု ပြောကြားလိုက်သည်။

ကူချန်မှ လက်ဝှေ့ယမ်းပြီး၊

“ မလိုပါဘူး ... ။ ”

-ဟု ငြင်းဆန်၏။

ဧကရာဇ်ချင်း၏ စောင့်ကြည့်မှု ခံထားရသောသူမအပေါ် တံဆိပ်ခတ်ခြင်းသည် အန္တရာယ်ကို ခေါ်ဆောင်ရာရောက်ပေမည်။

ယင်းအစား သူ သိချင်သည့် အကြောင်းအရာကို မေးမြန်းလိုက်တော့သည်။

“ မင်းကို ကန့်သတ်ထားတာမျိုး မရှိဘဲနဲ့ မင်းဘာလို့ ဆက်နေနေတာလဲ။ ”

“ ဘယ်သွားရမှာလဲ ... ငါမသေချင်ဘူး ဘိုးဘေးတွေထဲက တစ်ယောက်ယောက်ရဲ့ ဂရုဏာကို လိုချင်သေးတယ် ... ချင်းယွမ်နိုင်ငံနဲ့ ဝေးရာမှာ ငါအသက်ရှင်နိုင်ချေနည်းတယ် ...

... ငါက တော်ဝင်မိသားစုရဲ့ မင်းသမီးတစ်ပါးဖြစ်ပြီး ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါ ...

... ငါ့အတွက် အရင်းအမြစ်တွေကို ထိန်းချုပ်နိုင်ပေမယ့် အကြောင်းပြချက်မရှိဘဲ သူ ငါ့ကိုသတ်လို့မရဘူး ... ငါသေရင် ...

... ဘိုးဘေးက သူ့ကို ... တာဝန်ယူခိုင်းလိမ့်မယ် ... ဘိုးဘေးရဲ့အမိန့်ကို ဧကရာဇ်တောင် မလွန်ဆန်ဝံ့ဘူး။ ”

မင်းသမီးချင်းယန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သောအမူအရာ ဖြစ်ပေါ်လာသည်။ ကူချန်မှ နားလည်လာ၏။ သို့သော် သူနှင့် မဆိုင်ချေ။

“ မင်းရဲ့ အဖွဲ့ထဲမှာ တခြားလူတွေရှိသေးလား။ ”

“ မရှိဘူး၊ ငါတို့က လေးယောက်ပဲ။ ”

အဆုံးတွင် သူ့၌ မေးခွန်းများ မကျန်ရှိတော့သဖြင့် ကူချန်တစ်ယောက် သူမထံ လက်ဝှေ့ရမ်းပြလိုက်သည်။

“ သွားတော့ ... ဒီမှာဖြစ်ပျက်ခဲ့တာကို ဘယ်သူ့ကိုမှ မပြောနဲ့။ ”

ဧကရာဇ်ချင်းသည် သူမကို စောင့်ကြည့် နေပြီးဖြစ်သဖြင့် ယနေ့အကြောင်းအရာအပေါ် သိနေမည်မှာ သေချာ၏။ သို့သော် ကိစ္စမရှိချေ။

တစ်ဖက်နှင့် သူ့ကြားတွင် ပတ်သတ်မှု မရှိသောကြောင့် သူ့အကြောင်း သိနေသော်မှ အဆင်ပြေသည်။ မင်းသမီးချင်းယန်သည်သာ အံ့သြသွားပြီး သူ့ကို ပြန်ကြည့်၏။

“ ငါ့အသက်ကို ငါဝယ်လို့ရတယ်လို့ ပြောခဲ့တယ်လေ။ ”

“ မင်းအသက်ကို လဲလှယ်ချင်နေတာလား မင်းဘဝက စျေးကြီးတယ် မင်းရဲ့ပစ္စည်းတွေကို ဘာတစ်ခုမှ ငါမယူဝံ့ဘူး သွားပါ ... ။ ”

-ဟု ကူချန်မှ ငြင်းဆန်လိုက်သည်။

ဤမင်းသမီးချင်းယန် အနားတွင် စောင့်ကြည့်ရန် တစ်စုံတစ်ယောက် မရှိဟု သူ မပြောနိုင်ချေ။ သတိ မထားသော် ထိုသူသည် သူ့အိမ်ရှေ့ ရောက်လာနိုင်၏။

ဧကရာဇ်ချင်းအတွက် ဤမင်းသမီးသည် အိမ်မွေးတိရစ္ဆာန် တစ်ကောင်သာ ဖြစ်နေသည်။ ထိုအိမ်မွေးတိရိစ္ဆာန်သည် နေအိမ်သို့ ဒဏ်ရာနှင့် ပြန်လာသော် သေချာပေါက် စုံစမ်းပေမည်။

ထို့ကြောင့် မင်းသမီးချင်းယန်နှင့် ထိတွေ့မှုနည်းလေ လုံခြုံလေဖြစ်သည်။ လက်ရှိ အချိန်၌ မည်သည့် ဒုက္ခကိုမျှ မလိုချင်သေးချေ။ အနည်းဆုံးတော့ ခရမ်းရောင်နေမင်းနယ်ပယ် မရောက်သရွေ့ပေပင်။

သည့်ပြင် ဤနေရာသို့ ရောက်ရှိခြင်းမှာ သည်လူများကိုသတ်ရန် မဟုတ်ချေ။ အန္တရာယ် ကျော်လွှားရန်သာဖြစ်သည်။

“ ရွှပ် ... ။ ”

လက်ဝှေ့ရမ်းလိုက်ရာ သူ့‌နောက်တွင် ပျံဝဲနေသော ဓား(၁၂)လုံး သိုလှောင်လက်စွပ်ထဲ ပြန်ရောက်လာသည်။ ထို့နောက် မင်းသမီး ချင်းယန်ထံ ပြန်ကြည့်ကာ၊

“ ဒီကိစ္စက ဒီမှာပြီးသွားပြီ ... နောင်မှာ မင်းနဲ့ထပ်မတွေ့ရဖို့ ... ငါမျှော်လင့်ပါတယ်။ ”

-ဟု ဆိုလျက် လှည့်ထွက်လာခဲ့သည်။

ဤအမျိုးသမီးသည် ဒုက္ခဖြစ်သည်။ သည်တစ်သက် ပြန်မဆုံနိုင်သော် အကောင်းဆုံး ပေပင်။

ချင်းယန်တစ်ယောက် မီးလောင်ပြင်၌ တစ်ယောက်တည်း ရပ်ကျန်ခဲ့သည်။ အဆုံးတွင် သက်ပြင်းချလျက် မြောက်အရပ်သို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။

***

All Chapters