← Chapters

ကျောက်စိမ်းတုံး လေးလုံး ... ။

Vol. 10 Ch. 116

ကျောက်စိမ်းတုံး လေးလုံး ... ။

Vol. 10 Ch. 116

မင်းသမီးချင်းယန်တစ်ယောက် မြောက်အရပ်သို့ ပျံသန်းသွားပြီးနောက် ကူချန်မှ တောအုပ်အတွင်းက ပြန်ထွက်လာပြီး ငေးကြည့်နေခဲ့သည်။

ထို့နောက် လက်တစ်ဖက်နောက်ပို့ကာ ရေတွက်ကြည့်လိုက်၏။ မည်သည့်ဒုက္ခမျှ မရှိ တော့ချေ။

“ ချင်းယွမ်နိုင်ငံ ... ။ ”

ညည်းတွားလျက် ခေါင်းရမ်းလိုက်၏။ ချင်းယွမ်နိုင်ငံ၌ ပြဿနာများစွာ ရှိနေပုံရသည်။ အင်အားကြီးမားလေ တည်ငြိမ်မှု အားနည်းလေဖြစ်၏။

ကူချန်တစ်ယောက် စိတ်အာရုံများ ပြန်ကပ်လာပြီး ပတ်ဝန်းကျင်ရှိ မီးလောင်ကျွမ်း နေသော သစ်တောအနှံ့ ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်၏။

“ ဘရူး ... ။ ”

ရုတ်တရက် ကျင့်ကျိဓား ထွက်ပေါ်လာပြီး ဓားရိပ်များချန်ရစ်ကာ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာချိန်၌ ဓားဖျား၌ သိုလှောင်လက်စွပ် နှစ်ကွင်း ပါလာ၏။

“ ဘရူး ... ။ ”

ကျင့်ကျိဓားက တုန်ခါလျက် မကျေနပ်ကြောင်း ပြသလာခဲ့သည်။ ကူချန်မှ လျစ်လျူရှုပြီး လက်ကိုထပ်မံဝှေ့ရမ်းလိုက်၏။

“ ဝှစ် ... ။ ”

ဒုတိယအကြိမ်မြောက် ပျောက်ကွယ်သွား ရပြန်သည်။ ဤတစ်ကြိမ်၌ သူကျောပြင်ပေါ်ရှိ ဓားအိမ်အတွင်း ဖြစ်၏။

***

ချင်းယွမ်နိုင်ငံ၏ မြို့တော်သည် ချင်းယွမ်ဈေးမြို့တော် အနားတွင် တည်ရှိသည်။ နှစ်ပေါင်းများစွာအတွင်း ချဲ့ထွင်လာမှုကြောင့် လက်ရှိအချိန်၌ ကြီးများသောမြို့တော်ကြီး ဖြစ်လာခဲ့သည်။

မျက်စိတဆုံးမြို့တော်၏ နယ်နိမိတ်ကို မမြင်ရတော့ချေ။ မြို့နေလူထုသည် (၁၀)သန်း မျှရှိကာ ကုန်သည်များ၊ ခရီးသွားများနှင့် ကျင့်ကြံသူများ ဝင်ထွက်သွားလာပြီးတောက် လူဦးရေ(၁၅)သန်းခန့် ဖြစ်လာသည်။

မြို့တော်အတွင်း ပြည်နယ်(၁၁)ခု တည်ရှိကာ မြို့ကွက်ဖော်ဆောင်ပုံအရ အလျား ပြည်နယ်(၃)ခုနှင့် ဒေါင်လိုက် ပြည်နယ်(၄)ခု အဖြစ် ပုံဖော်ထားသည်။

ထို့ကြောင့် မြို့တော်‌ပုံတွင် စတုရန်းပုံစံ ပြည်နယ်(၁၂)ခုရှိနေကာ ဗဟိုပြည်နယ်နေရာ၌ အင်ပါယာရုံးတော်အဖြစ် ဖော်ပြ၏။

ထိုပြည်နယ်တွင် တော်ဝင်မိသားစုနှင့် ရုံးများစိုက်ရာဒေသကြီးဖြစ်သည်။ ထို့ကြောင့် ပြည်နယ်ရုံးမရှိချေ။

မြို့တော်အတွင်း နေထိုင်ကြသော်လည်း ထိုအင်ပါယာဒေသသို့ မရောက်ဖူးသူများလည်း ရှိနေသေးသည်။

ပြည်နယ်တစ်ခုသည်ပင် လွန်စွာ ကျယ်ပြောလျက် လူဦးရေ တစ်သန်းကျော် နေထိုင်ကြ၏။

မင်းသမီးချင်းယန်နေအိမ်သည် နန်းတော်၏ဘယ်ဘက် လင်းဟွမ်ပြည်နယ်တွင် ဖြစ်သည်။

ထိုအရပ်သည် ပြည်နယ်အဖြစ် သတ်မှတ်ထားသော်လည်း အင်ပါယာမြို့တော်မှ တိုက်ရိုက်အုပ်ချုပ်သည်။

“ မင်္ဂလာပါ မင်းသမီး ... ။ ”

ချင်းယန်ဝင်ရောက်လာသည်နှင့် အစေခံများမှ နှုတ်ဆက်လာ၏။ ချင်းယန်မှ လူတိုင်းကို လျစ်လျူရှုလျက် ဖြတ်လျှောက်လာသည်။

ဥယျာဉ်အတွင်း တစ်ယောက်တည်း ထိုင်နေသော အမျိုးသမီးတစ်ဦးကို မြင်ချိန်တွင် သူမ၏ အေးစက်သောအသွင်မှာ ပျောက်ကွယ်သွား၏။

“ မေမေ ... ။ ”

သူမ ခေါ်သံကြောင့် အမျိုးသမီးမှ သတိပြန်ဝင်လာပြီး ချင်းယန်ထံအလိုမကျသည့် အကြည့်ဖြင့် ပြန့်ကြည့်လာသည်။

“ အပြင် သွားပြန်ပြီလား။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက် ချင်းယန်မှ ခေါင်းညိတ်လျက် အမျိုးသမီးဘေးဝင်ထိုင်ကာ ရေနွေးကြမ်း တစ်ခွက် ငှဲ့ပေးလိုက်၏။

“ မင်း ... ဒီမှာနေလို့မရဘူးလား ... မင်းအတွက် အရင်းအမြစ်တွေရအောင် အဖေ စဉ်းစားပေးမယ်။ ”

“ မေမေ ... ဖေဖေနဲ့ သူ့မိတ်ဆွေတွေ အားလုံးသေကုန်ပြီ ဘယ်သူက ငါတို့ကို ကူညီဖို့ သတ္တိရှိမှာလဲ ... ဒီလူကငါ့ကို မသတ်ဘဲ တမင်ထားခဲ့တာကို လူတိုင်းသိတယ် ...

... အကြောင်းပြချက်ကို ဘယ်သူမှ မသိပေမယ့် ငါတို့နဲ့ ပတ်သက်ဖို့ မြို့တော်မှာ ဘယ်သူဝံ့မှာလဲ ... ဖေဖေနဲ့ ရင်နှီးမှု ...

... နက်နက်ရှိုင်းရှိုင်း မရှိတဲ့ မင်းသားသွမ့်လိုလူကိုတောင် သတ်ပစ်ခဲ့ သေးတယ် မဟုတ်လား ဒါပေမယ့် ...

... မေမေ စိတ်မပူနဲ့ ... ဒီနည်းလမ်းက ငါ့ကိုကြောက်အောင် ခြိမ်းခြောက်လို့မရဘူး သေချာပေါက် လက်စားချေမယ်။ ”

ထိုစကားကြားသောအခါ အမျိုးသမီးခမျာ မျက်နှာပျက်ယွင်းလာပြီး၊

“ ကောင်မလေး ... ဒီအကြောင်း မပြောနဲ့တော့ ... ။ ”

-ဟု ဟန့်တားလိုက်၏။

“ မေမေ စိတ်မပူနဲ့၊ ငါအလျင်မလိုပါဘူး ငါ့ရင်ထဲက အမုန်းတရား ပြေပျောက်ဖို့အတွက် မလွယ်ဘူး ... သူဘာလို့ ငါ့ကိုမသတ်ခဲ့မှန်း မသိပေမယ့် ငါအရှုံးမပေးဘူး။ ”

ဤတစ်ကြိမ်၌ အမျိုးသမီးမှ ဟန့်တားခြင်းမပြုတော့ဘဲ သက်ပြင်းချလျက် သူ့သမီးထံ ပြန်ကြည့်၏။

“ အမေ ... စိတ်အေးအေးထားပြီး ဒီအိမ်ထဲမှာနေပါ ... တော်ဝင်မိသားစုကလူတွေ ငါတို့ကို ဘာမှ မလုပ်ဝံ့ဘူး ... အနာဂါတ်မှာ ထွက်သွားဖို့ နည်းလမ်းရှာမယ်။ ”

“ ဘာအတွက် ထွက်သွားမှာလဲ။ ”

အမျိုးသမီးမှ နားရှုပ်သွား၏။

“ အဲဒီအကြောင်း နောက်မှ ပြောရအောင်။ ”

ချင်းယန်မှ ပြန်မဖြေချေ။ အမျိုးသမီးက တစ်ခုခု ပြောလိုသော်လည်း အဆုံး၌မပြောဘဲ နေခဲ့၏။ ချင်းယန်က ထရပ်လိုက်ပြီး၊

“ ငါ သွားလေ့ကျင့်လိုက်ဦးမယ် ...။ ”

-ဟု နှုတ်ဆက်ကာ လှည့်ထွက်သွား၏။

အမျိုးသမီးက ချင်းယန်ကျောပြင်ကို စိတ်ရှုပ်ထွေးစွာ ငေးကြည့်ကျန်ရစ်တော့သည်။ ထို့‌နောက် ကောင်းကင်ပေါ် ပြန်မော့ကြည့်ကာ တိုက်ဆိတ်သွားချေပြီ။

***

နွေရာသီသည် အပူရှိန်တိုးလာပြီး တောင်တန်းများရှိ ရေခဲလွှာများ အရည်ပျော် ကျကုန်လျက် စိမ်းလန်းလာတော့သည်။

မိုးပြာခြံဝင်းအတွင်း စားပွဲပေါ်တွင် ကျောက်စိမ်းတုံးလေးတုံး ရှိနေသည်။ ၎င်းတို့ကို မီးလောင်လွင်ပြင်ရှိ သိုလှောင်လက်စွပ်များမှ ရရှိထားခြင်းဖြစ်၏။

ကျောက်စိမ်းတုံးတစ်တုံးစီတွင် လျှို့ဝှက်နည်းစနစ်များကို မှတ်တမ်းတင်ထား လေသည်။ ပထမဆုံး ကျောက်စိမ်းတုံးတွင် ဖားပြုတ်ခန္ဓာနည်းစနစ်ဖြစ်၏။

ယင်းသည် ရွံစရာကောင်းပြီး ခန္ဓာကိုယ်အတွင်း အဆီများကို စုဆောင်းခြင်း မည်ချေပြီ။ ဤနည်းဖြင့် အရေးကြုံချိန်၌ ထိုအဆီများကို ပြန်လည်ဖြန်းနိုင်မည်။

ထိုအဆီဖြင့် လောင်ကျွမ်းသော မီးတောက်သည် သာမာန်ရေနှင့်သဲများသည် မငြိမ်းသတ်နိုင်ဘဲ လူတစ်ဦးကိုပြာကျနိုင်၏။

ကံကောင်းသည်မှာ သေဆုံးသွားသော တာအိုအဖိုးအိုသည် ထိုနည်းစနစ်ကို အဆုံးထိ အောင်မြင်အောင် လေ့ကျင့်နိုင်ခြင်း မရှိသေးချေ။

ဤသည်မှာ လိုအပ်ချက်သည် တင်းကြပ်သောကြောင့်လည်း ဖြစ်သည်။ ၎င်းကို ကျင့်ကြံသူသည် အဆီများစုစည်းကာ အသွင်ပြောင်းရန်အတွက် လိုအပ်သော အစာသည် လူသားဖြစ်၏။

အထူးသဖြင့် အဝလွန်နေသော လူသားများအပေါ် စားသုံးခြင်းဖြင့် အဆီများကို ပို၍စုစည်းနိုင်မည်။

ဆိုလိုသည်မှာ ထိုတာအိုအဖိုးအိုသည် နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ချင်းယွမ်နိုင်ငံရှိ အရာရှိမိသားစုဝင်ဖြစ်သည်။

ဤနည်းဖြင့် သူ့အချက်အလက်များကို နတ်မုဆိုးများမသိအောင် လျှို့ဝှက်ထားနိုင်ခြင်း ပေပင်။ မဟုတ်သော် နတ်မုဆိုးများသည် သူ့ကို ရှေးမစွတည်းကပင် တွေ့ရှိနိုင်မည်။

ဒုတိယကျောက်စိမ်းတုံးသည်လည်း ထိုတာအိုအဖိုးအို သိုလှောင်လက်စွပ်အတွင်းမှ ရရှိသော ‘သဘာဝလျှို့ဝှက်ချက်’ဟုခေါ်သည့် ခန္ဓာကိုယ်နည်းစနစ်တစ်ခုပေပင်။

ဤနည်းစနစ်၏ သက်ရောက်မှုသည် အနည်းငယ် အံ့ဖွယ်ကောင်း၏။ ကျင့်ကြံသူ၏ အရိုးများကို အသွင်ပြောင်းပေခြင်းမည်သည်။

ဤနည်းဖြင့် ကျင့်ကြံမှုလမ်းတွင် မြန်ဆန်သောအဟုန်ကို ရရှိပေမည်။ အနိမ့်ဆုံး သုံးဆခန့် မြင့်တက်လာနိုင်၏။

ထို့ကြောင့် ဤနည်းစနစ်ကို ကူဖုန်းနှင့် ချန်ယွင်ထံပေးရန် ဖယ်ထားပြီး ဖားပြုတ်ခန္ဓာ နည်းစနစ်ကိုမူ ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားသည်။

တတိယကျောက်စိမ်းတုံးသည် ဗေဒင်အဖိုးအိုထံမှလာသည်။ တိုက်ပွဲ၌ အသုံးပြု ခဲ့သော စပျစ်နွယ်ပင်များဖြစ်ပေါ်စေသည့် ‘ငွေပြာသွေးကြောကွန်ယက်’ ဖြစ်သည်။

စတုတ္ထကျောက်စိမ်းတုံးသည် ထိုအဖိုးအိုထံမှဖြစ်ပြီး ‘ရွှေ‌‌ငွေအဋ္ဌဂံ’နည်းစနစ် အဖြစ်ဖော်ပြထားသည်။

ယင်းသည် ရွှေဒင်္ဂါးနှင့်ငွေဒင်္ဂါးများကို အသုံးပြုကာ ကံကြမ္မာအပေါ် တွက်ချက်ခြင်း ဖြစ်၏။ ကောင်းကင်းတာအိုပေါင်းစည်းခြင်း နည်းစနစ်မျိုးခွဲတစ်ခုပေပင်။ သို့သော် အရည်အသွေးများစွာ ညံ့ဖျင်း၏။

***

All Chapters