လမ်းညွှန်မှု တောင်းခံခြင်း ... ။
Vol. 10 Ch. 117
“ ရွှေဒင်္ဂါးလေးပြားနဲ့ ငွေခြောက်ပြား ... ။ ”
ကူချန်မှ ထိုနည်းစနစ်ကို စိတ်ဝင်တစား ဖတ်ရှုလိုက်သည်။ ရွှေလေးပြားသည် သင်္ကေတ လေးခုကို ကိုယ်စားပြုပြီ ငွေခြောက်ပြားသည် သဟဇာတ ခြောက်ပါးကို ကိုယ်စားပြုသည်။
ထိုနှစ်ခုကို ပေါင်းစပ်ပြီး ကံကောင်းခြင်း သို့မဟုတ် ကံဆိုးခြင်းတို့အပေါ် ခန့်မှန်းနိုင်၏။ ကူချန်သည် ရွှေလေးပြားနှင့် ငွေခြောက်ပြားကို ဖတ်လိုက်သည်။
ဤနည်းစနစ်သည် ကောင်းကင်တာအို ပေါင်းစည်းခြင်းနှင့် နှိုင်းယှဉ်သော် များစွာနိမ့်ကျ လွန်းချေပြီ။
ရွှေလေးပြားနှင့် ငွေခြောက်ပါးသည် အခြေခံအဆင့် လျှို့ဝှက်နည်းစနစ် တစ်ရပ်သာ ဖြစ်၏။
စတင် လေ့လာသူများအတွက် အတော်ပင်လေးနက်သော တွက်ချက်မှုပညာ တစ်ရပ်ဖြစ်သည်။
‘ကြယ်တာရာ နက္ခတ်ဗေဒ’ (ခေါ်) ရှေ့ဟောင်းဂဏန်းသင်္ချာ တွက်ချက်နည်းနှင့် ‘ကောင်းကင်ဘုံ လျှို့ဝှက်ချက်များ’ တို့သည် ဤ‘ရွှေလေးပြား ငွေခြောက်ပြားဂဏန်းသင်္ချာ’ နည်းစနစ်ထက် ရှုပ်ထွေးကာ ပို၍တိကျ၏။
‘ကြယ်တာရာ နက္ခတ်ဗေဒ’ နှင့် ‘ကောင်းကင်ဘုံလျှို့ဝှက်ချက်များ’ကို ပေါင်းကာ ကောင်းကင်းတာအို ပေါင်းစည်းခြင်းပညာရပ် အဖြစ်ခေါ်ဆိုသည်။
( ‘ကြယ်တာရာ နက္ခတ်ဗေဒ’သည် တရုတ်ရိုးရာတွက်ချက်မှု ပညာရပ်တစ်ခုဖြစ်ပြီး ‘Pythagorean’ သီအိုရီကို အခြေခံကာ စကြာဝဠာအပေါ် တွက်ချက်ခြင်းဖြစ်၏။
ကောင်းကင်ဘုံလျှို့ဝှက်ချက် ဟူသည် ‘Geometry’ အပေါ် အခြေခံသည့် တရုတ်ရိုးရာ သင်္ချာဖြစ်သည်။
ရွှေခြောက်ငွေလေးသည် ‘qian (☰), kun (☷), zhen (☳), xun (☴), kan (☵), လီ (☲)’ ဟူသော သင်္ကေတများအပေါ် အခြေခံနေသည့် ကောင်းကင်၊ မြေကြီး၊ ရေ၊လေ၊မီး၊မိုးကြိုး၊ တောင်တန်းနှင့် ချို့ဝှမ်းတို့အပေါ် အခြေပြု တွက်ချက်သည်။ )
ထို့ကြောင့် သူ့စိတ်ဝိညာဉ်အတွင်းရှိ လျှို့ဝှက်ဆန်းကျယ်သော အသံရှင်ကြောင့်သာ မဟုတ်သော် ဤဂဏန်းသင်္ချာပညာရပ်နှစ်ခုကို လေ့လာရန် လုံးဝမဖြစ်နိုင်ချေ။
သို့သော် ဤသင်္ချာနည်းစနစ်နှစ်ရပ်ကို လေ့လာပြီးနောက် ‘ရွှေလေးပြားငွေခြောက်ပြား’ အပေါ် နားလည်ရန် ပိုမိုလွယ်ကူခဲ့သည်။
ထို့နောက် ကျောက်စိမ်းတုံး သုံးတုံးကို ကြယ်ကမ္ဘာအတွင်း သိမ်းဆည်းလိုက်၏။ ဖခင် သို့မဟုတ် တာအိုချင်းရှ မည်သူမဆို ရှန်ရှင်းကို ချိုးဖြတ်နိုင်သော် ၎င်းတို့ကို ပေးအပ်ရပေမည်။
သူ ကိုယ်ပိုင် နည်းစနစ်များကို ပေးအပ်ခဲ့လျှင်ပင် တစ်ဖက်လူများအနေဖြင့် နားလည်မည်မဟုတ်ချေ။ အချက်အလက်များ အလွန်များပြားပြီး ရှုပ်ထွေးလွန်းသည်။
“ စီနီယာအစ်ကို ... ။ ”
တံခါးအပြင်ဘက်မှ မင်ယွဲ့အသံ ထွက်ပေါ်လာသည်။ ကူချန်မှ မော့ကြည့်ကာ၊
“ လာပါ ... ။ ”
“ ကျွီ ... ။ ”
မင်ယွဲ့မှ တံခါးကိုတွန်းဖွင့်ပြီး အခန်းအတွင်းဝေ့ဝဲကြည့်ကာ စိတ်ဝင်စားစရာ မမြင်တော့သဖြင့်၊
“ စီနီယာအစ်ကို လူတစ်ယောက် မင်းကိုတွေ့ဖို့လာတယ်။ ”
-ဟု သတင်းပို့လာ၏။
“ ဘယ်သူလဲ ... ။ ”
ကူချန်မှ အံ့သြသွားသည်။
“ နွေဦးဓားနန်းတော်ရဲ့ နန်းတော်သခင်လီချင်းစုန့်ပါ ... ။ ”
“ အခု ဘယ်မှာလဲ ... ။ ”
“ ခြံထဲမှာ တာအိုချင်းရှ ဧည့်ခံနေတယ်။ ”
ကူချန်တစ်ယောက် ခဏမျှစဉ်းစားပြီး၊
“ ကျေးဇူးပြုပြီး သူ့ကို ငါ့ဆီကို လွတ်လိုက်ပါ။ ”
-ဟု အမိန့်ပေးလိုက်၏။
မင်ယွဲ့မှ ခေါင်းညိတ်ပြီး လှည့်ထွက် သွားသည်။ ကူချန်က ခြံဝင်းရှိ ကျောက်စားပွဲ ဆီသို့ ဦးတည်လိုက်၏။
နွေဦးဓားနန်းတော်သည် ကူမိသားစုနှင့် ပူးပေါင်းပြီးနောက် လီချင်းစုန့်သည် ကူမိသားစု လက်အောက်၌ ကူဖုန်းပြီးနောက် အသန်မာဆုံးပေပင်။
ဤမတိုင်မီ လီချင်းစုန့်နှင့် ကူဖုန်းတို့၏ ကျင့်ကြံမှုနယ်ပယ်သည် တူညီနေပြီး နှစ်ဦးစလုံး အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။
သူ့အကူအညီဖြင့် ဖခင်ကူဖုန်းသည် ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိလာနိုင်ပြီး နှစ်ဦးကြား ကွာဟချက်ကို ရှိစေခဲ့သည်။
ထို့ပြင် အသက် ကွာဟချက်လည်း ရှိနေသေးသည်။ ကူဖုန်းအသက်မှာ (၅၀)အရွယ် ဖြစ်ပြီး လီချင်းစုန့်သည် (၇၀)ဖြစ်၏။
လီချင်းစုန့်သည် မည်သည့်အတွက် ရောက်ရှိလာမှန်း မသိသော်လည်း တစ်ဖက်လူ အနေဖြင့် ကူမိသားစုနှင့် ပူးပေါင်းပြီးနောက် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ချေ၊
ရုံးတော်မှ စစ်သည်တော်များ မြို့တံခါးဝရောက်ရှိလာချိန်၌ပင် ကူမိသားစု နှင့်အတူ ဆက်လက်ရပ်တည်ခဲ့သည်။
ခဏအကြာတွင် ခြံအပြင်ဘက်မှ ခြေသံကြားလိုက်ရသည်။ ခြေသံနှစ်စုံသည် အလွန်ပေါ့ပါးကာ ၎င်းတို့အနက်မှ ခြေသံ တစ်စုံသည် များစွာတိုးဖျော့လှ၏။
ဆိုလိုသည်မှာ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် အထွတ်အထိပ် ရောက်ရှိ နေခြင်းဖြစ်သည်။
“ စီနီယာအစ်ကို ... ။ ”
မင်ယွဲ့တစ်ယောက် လီချင်းစုန့်ကို ခေါ်ဆောင်လျက် ခြံထဲ ပြန်၍ရောက်ရှိလာ၏။ လီချင်းစုန့်သည် ကျောက်စားပွဲ၌ ထိုင်နေသော ကူချန်ကို မသိမသာလှမ်းကြည့်လိုက်ပြီ စိတ်ရှုပ်ထွေးသွားသည်။
( တကယ်ပဲ ဒီကောင်လေးကိုး ... ။ )
သန့်ရှင်းတောက်ပလွန်းသော တာအိုဝတ်လုံဖြင့် ချောမောပြီး နုပျိုလွန်းသည်။ ထိုလူငယ်မှ ရေနွေးကြမ်းနှစ်ခွက် လောင်းငှဲ့ နေခဲ့ပြီး စိတ်နှလုံးကို ငြိမ်းချမ်းစေသော ရောင်ဝါမျိုးဖြန့်ကျက်ထား၏။
“ ဆရာလီ ... မင်းအဝေးကလာပြီး ဘာလို့ရေနွေးကြမ်း မသုံးဆောင်ရတာလဲ။ ”
“ ကျေးဇူးတင်ပါတယ် ... ။ ”
လီချင်းစုန့်က ရှေ့သို့လှောက်လှမ်းလာပြီး ဝင်ထိုင်လိုက်သည်။ ကူချန်မှ မော့ကြည့်ကာ၊
“ ဆရာလီက ဘာလို့များ ... ငါ့ကို ထူးထူးခြားခြား လာတွေ့ရတာလဲလို့ အခုပဲ တွေးနေမိပါတယ် ... ။ ”
-ဟု စကားစလိုက်သည်။
လီချင်းစုန့်သည် သူ့နောက်ကျော၌ ဓားတစ်လက်လွယ်ထား၏။ အသွင်အပြင်နှင့် စိတ်နေစိတ်ထားသည် သူရဲကောင်းဆန်သည်။
ထိုစကား ကြားသောအခါ လီချင်းစုန့်မှရေနွေးကြမ်းခွက် ပြန်ချပြီး ဝေ့ဝိုက် မနေတော့ဘဲ၊
“ လင်းယန်မြို့မှာ နောက်ဆုံးအကြိမ် သခင်ငယ်ရဲ့ဓားပညာအပေါ် မြင်တွေ့လာရပြီး ဒီလူအိုကြီးက သင်ယူချင်ပါတယ်။ ”
-ဟု တိုက်ရိုက် ပြောကြားလိုက်သည်။
“ ဒီမတိုင်မီက သခင်ငယ်ရှိရာအရပ်ကို ဘိုးဘေးဆီအကြိမ်ပေါင်းများစွာ မေးပေမယ့် သူ အမြဲငြင်းဆန်ပါတယ် ... အဆုံးမှာတော့ သူ သည်းမခံနိုင်တော့ဘဲ ...
... သခင်ငယ်က လင်းရင်တောင်မှာ ရှိနေတယ်လို့ မနေ့ဘဲ ထိုတ်ပြောလာခဲ့ပါတယ် ဒီတစ်ကြိမ် ငါရဲ့အလိုက်မသိမှုအပေါ် ခွင့်လွှတ်နို င်မယ်လို့ မျှော်လင့်ပါတယ် ...
... ငါလီချင်းစုန့်က ဘဝကို ဓားပညာအပေါ်မှာ မြှုပ်နှံထားပြီး ငါရဲ့ဆန္ဒက ဓားသမားအဖြစ် ရပ်တည်ဖို့ပါပဲ ...
... သခင်ငယ်ရဲ့ ... ဓားဟာ ငါဘဝမှာ မြင်ဖူးသမျှ အံ့သြစရာအကောင်းဆုံးဓားဖြစ်ပြီး ဒီနေ့အထိ မှတ်မိနေတုန်းပါ ... ဒီအတွက် လမ်းညွှန်မှုတစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ”
စကားဆုံးသည်နှင့် လီချင်းစုန်မှ မတ်တပ်ထရပ်ကာ လက်ချောင်းများအချင်းချင်း ယှက်ကိုင်လျက် ဦးညွှတ်လိုက်သည်။ ဤသည်မှာ စိတ်ခေါ်ခြင်းမည်၏။
သို့သော် ထိုအရာကို ဂရုမစိုက်ချေ။ သူသည်ဓားပညာကို ရူးသွပ်သဖြင့် အခြားသော ဓားသမားများအပေါ် အမြဲတိုက်ခိုက်လိုသည်။
ကူချန်က လက်ထဲမှ ရေနွေးခွက်ကို ဖြည်းညှင်းစွာချပြီး လီချင်းစုန့်ထံကြည့်ကာ၊
“ ဆရာလီ ... မင်းက အရမ်း ယဉ်ကျေးလွန်းနေပြီ ဒီကမ္ဘာမှာ ဓားပညာတွေ ထောင်နဲ့ချီပြီးရှိတယ် ... သူတို့အားလုံး ကိုယ်ပိုင် အားသာချက်တွေရှိပါတယ် ...
... ဒါဆိုဘာလို့ လမ်းညွှန်ချက်ဆိုတာမျိုး သုံးနှုန်းနေရတာလဲ ငါတို့အားလုံးက အချင်းချင်း ယှဉ်ပြိုင်လို့ရပါတယ်။ ”
ထိုစကားကြောင့် လီချင်းစုန်ခမျာ စိတ်သက်သာရာရသွား၏။ အသက်ပြင်းပြင်း ရှူလျက်၊
“ မင်းရဲ့ဓားကို ထုတ်နိုင်မယ်လို့ မျှော်လင့်တယ် သခင်ငယ် ... ။ ”
“ အဆင်သင့်ဖြစ်ပြီလား။ ”
ကူချန်မှ သူ့ကို ပြန်မေးသည်။
“ သဘာဝပါပဲ ... ။ ”
လီချင်းစုန့်တစ်ယောက် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး သူ့ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။
ကူချန်မှ ပြုံးပြပြီး ထိုင်နေရာမှ ထရပ်လိုက်ကာ သူ့လက်ကို လေထဲဆုပ်ကိုင်ပြ လိုက်သည်။
“ ချွင် ... ။ ”
ရုတ်တရက် ဓားမြည်သံကြားလိုက် ရပြီးနောက် ဓားရောင်ဝါထွက်ပေါ်လာကာ ဓားတစ်လက် ပေါ်လာ၏။
လီချင်းစုန့်ခမျာ အနည်းငယ် ထိတ်လန့်လာသည်။ ကူချန်မှ လက်ဆန့်ပြီး သူ့ဓားဖြင့် မိတ်ဆက်ပေး၏။
“ ဒီဓားအမည်ကို ကျင့်ကျိလို့ခေါ်တယ် ... ငါ့လက်နဲ့သွန်းလုပ်ထားတဲ့ ပထမဆုံးဝိညာဉ်ရေး ဓားပဲ ... အရာခပ်သိမ်း ပြန်လည်ရှင်သန်လာပြီး နွေဦးမိုးခြိမ်းသံလို ပြင်းထန်တယ်။ ”
ထိုအမည်နှင့် မိတ်ဆက်စကားကို ကြားချိန်တွင် လီချင်းစုန့်အမူအရာသည် ပို၍ လေးနက်လာသည်။
တစ်ဆက်တည်းမှာ သူ့လက်ထဲရှိ ဓားကိုရှေ့သို့ဆန့်ပြကာ ချစ်ခင်ယုယစွာဖြင့် ပွတ်သပ်လိုက်ပြီး၊
“ ငါ့ဓားရဲ့နာမည်က ဖျင်ဖုန်းပါ ... ဒီအဖိုးကြီးဘဝရဲ့ သတ္တမမြောက်ဓားတစ်လက်ပဲ ဥက္ကာသံနဲ့သန့်စင်ထားပြီး (၂၂)နှစ်တိုင်အောင် ငါနဲ့အတူ လေနဲ့မိုးကို ဖြတ်ကျော်ခဲ့တယ် ...
... ဒီနေ့ သခင်ငယ်ရဲ့ လမ်းညွှန်မှုကို ရရှိတာမို့ ဂုဏ်ယူရပါတယ် ... ကျေးဇူးပြုပြီး မင်းအရင်စပါ သခင်ငယ် ... ။ ”
-ဟု တုန့်ပြန်လိုက်လေသည်။
ဓားသမား တစ်ယောက်အတွက် အသွင်အပြင်သည် မည်မျှပင်နိမ့်ကျနေပါစေ ဓားကိုင်လိုက်ချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး သူ့လက်ထဲ ရှိနေသကဲ့သို့ မာနကြီးလာချေပြီ။
ထိုမြင်ကွင်းကြောင့် ကူချန်မှ ပြုံးလိုက်တော့သည်။
“ ကောင်းပြီ ... နွေဦးဓားနန်းတော်ရဲ့ လီချင်းစုန် ... ငါ့မှာဓားတစ်လက်ရှိတယ် မင်း ... ခံစားကြည့်ပါ။ ”
“ ရွှပ် ... ။ ”
ကူချန်မှ သာမန်ဆန်သော ဓားချက်ကို ခုတ်ပိုင်းချလိုက်လေသည်။ အမြင်၌ ထိုဓားသည် ပေါ့ပါးနေသော်လည်း ရောင်ဝါမှာ လေးကန်လှ ချေပြီ။
နှလုံးသားအတွင်း မုန်တိုင်းရနံ့များ ရရှိလာတော့၏။ လီချင်းစုန့်ခမျာ မျက်ဝန်းများ မှေးစင်လျက် တင်းကြပ်လာချေပြီ။
ဤသည်မှာ ကြောက်စရာကောင်းသော ဓားချက်တစ်ချက် ပေပင်။ ရိုးစင်းပြီး၊ ပြတ်သား နေ၏။ တိကျပြီး၊ ထက်ရှလွန်းသည်။
ယင်းကြောင့် နှလုံးသားတစ်ခုလုံး ခုန်ပေါက်လျက် ဖျင်ဖုန်းဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်တော့၏။
***