← Chapters

ဓားတာအို၊ ဓားရည်ရွယ်ချက်၊ ဓားပညာ။

Vol. 10 Ch. 118

ဓားတာအို၊ ဓားရည်ရွယ်ချက်၊ ဓားပညာ။

Vol. 10 Ch. 118

ဤဓားသည် အခိုးအငွေ့နှင့် တူ၏။ ပေါ့ပါးလွန်းပြီး အဟန့်အတားမရှိချေ။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကြား တသားတည်းဖြစ် နေတော့သည်။

“ ဟမ့် ... ။ ”

သူ့ကြည့်နေစဉ် ထိုဓားသည် လေထဲ ‌ပျောက်ကွယ်သွားသဖြင့် မွှေးညှင်းငယ်များပင် ထောင်မတ်ကုန်သည်။

တစ်ချိန်တည်းမှာ ပတ်ဝန်းကျင် လေထုအပူချိန်မှာ ရုတ်ချည်းကျဆင်းလျက် အေးစက်လာခဲ့၏။ ထိုအချိန်တွင် အချိန်သည် အလွန်နှေးကွေးသွားချေပြီ။

သူနှင့် ကမ္ဘာကြီးကြား အလွှာတစ်ခု ခြားသကဲ့သို့ ခံစားလာရပြီး နှလုံးခုန်သံသည်သာ တစ်ခုတည်းသော အသံဖြစ်၏။

“ ခရစ် ... ။ ”

အရေပြားများ ကျိန်းစပ်လာကာ လေဟာနယ်သည် ဖန်အိမ်ကဲ့သို့ အက်ကြောင်း အချို့ ထွက်ပေါ်လာသည်။ ယင်းသည် ထက်ရှသော ခံစားချက်ပေး၏။

“ ဒါ ... ။ ”

သူ ဓားဆွဲလိုက်ချင်သော်လည်း မအောင်မြင်ချေ။ ဓားတစ်လက် မြည်သံများစွာ စိတ်ဝိညာဉ်ထဲ တိုးဝင်လာကာ အဆုံးတွင် ဓားအလင်းကို ပြန်မြင်လိုက်ရချေပြီ။

လေနှင့်အတူ တိမ်ပင်လယ်ကြီး ရွေ့လျားနေ၏။ မိုးပြာခြံဝင်းတွင် မြင့်မားသော သစ်ပင်ကြီးများ ရှိသည်။

ထိုသစ်ပင်များသည် (catalpa)ဟု ခေါ်သည်။ အရွက်သည် ကြေးနီဒင်္ဂါးအရွယ်သာ ရှိပြီး လေတိုက်သောအခါ တုန်ခါသံများကို ထုတ်ဖော်ကြ၏။

ဤရာသီတွင် စပါးစေ့အရွယ် ပန်းပွင့်များပွင့်သည်။ ထိုပန်းများသည် ဖြူလျက် မွှေးကြိုင်သော ရနံ့ရှိ၏။ ရော်ရွက်များလည်း လေနှင့်အတူ ကြွေကျနေသည်။

“ ဝှစ် ... ။ ”

အပွင့်များမှာ မိုးရေစက်များအလား ခြံဝင်းအတွင်း ပြန့်ကျဲနေသည်။ လီချင်းစုန့်ခမျာ အံ့အားသင့်စွာ ငေးကြည့်နေဆဲဖြစ်၏။ ကူချန်မှ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရသည်။

“ ကလန် ... ။ ”

သူ့လက်ထဲရှိ ကျင့်ကျိဓားသည် ချက်ချင်း ပျောက်ကွယ်သွားကာ အိမ်ခန်းနံရံတွင် ချိတ်ဆွဲ ထားသော ဓားအိမ်ထဲ ပြန်ဝင်သွား၏။

ထိုအချိန်တွင် ကူချန်သည်လည်း ထိုင်လျက်ဖြင့် ရေနွေးကြမ်း သောက်သုံးနေပြီ ဖြစ်သည်။ စားပွဲပေါ်တွင် အဖြူရောင်ပန်းများ ပြန့်ကျဲနေသဖြင့် (catalpa)ပင်ကြီးထံသို့ တစ်ချက်မော့ကြည့်၏။

ထို့နောက် လီချင်းစုန်ထံ ပြန်ကြည့်သည်။ ထိုနေရာတွင် တစ်ဖက်လူသည် သက်မဲ့နေသော မျက်လုံးများဖြင့်ရပ်နေပြီး မျက်နှာဖြူဖျော့ကာ ချွေးများအေးစက်နေ၏။

အချိန်အတော်ကြာ အသက်မဲ့နေပြီးနောက် ခဏအကြာတွင် လီချင်းစုန် မျက်လုံးများ ပြန်၍ အသက်ဝင်လာသည်။

“ ဂလု ... ။ ”

ခြောက်ကပ်နေသော လည်မျိုးအတွင်း တံတွေးမျိုချသံ ထွက်ပေါ်လာကာ နှုတ်ခမ်းကို လျှာဖြင့် သပ်တော့၏။

“ ဒီဓားရဲ့ နာမည်ကဘာလဲ။ ”

လေသံသည် ခရီးဝေးနှင်လာရသကဲ့သို့ နုံးချိနေချေပြီ။ အချိန် အခိုက်အတန့်တစ်ခုမျှသာ ကုန်လွန်သွားသော်လည်း သူ့အတွက် နှစ်ပေါင်း ရာဂဏန်း ကုန်လွန်ခဲ့သလိုပေပင်။

သူမြင်လိုက်သော အရာအားလုံး စိတ်ဝိညာဉ်တွင် နက်ရှိုင်းစွာ မြဲနေပြီဖြစ်သည်။ အသက်ပြင်းပြင်းရှူလျက် ကူချန်ထံ မျှော်လင့်တကြီး‌ ကြည့်နေမိ၏။

“ မရှိဘူး ... ။ ”

“ ဟမ့် ... နာမည် မရှိဘူးလား။ ”

လီချင်းစုန့်တစ်ယောက် အနည်းငယ် အံ့သြသွား၏။ ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊

“ ဒါက … ဒီဓားရဲ့ နာမည်လား။ ”

-ဟု သံသယဖြင့်‌ မေးမြန်းလိုက်သည်။

ကူချန်မှ ပြုံးသည်။ ထို့နောက် ခေါင်းယမ်းပြလျက်၊

“ မဟုတ်ဘူး၊ ဒီဓားချက်က ... ဓားပညာတစ်ရပ် မဟုတ်ဘူး ... ငါ့ဓားကို ဒီလိုပဲ ပေါ့ပေါ့ပါးပါး လွှဲလိုက်ရုံပါ။ ”

-ဟု ရှင်းပြလိုက်သည်။

“ ဟမ့် ... ။ ”

လီချင်းစုန့်ခမျာ ထိတ်လန့်စွာ မျက်လုံးများပြူးသွား၏။ ယွမ်ဖူနယ်ပယ်သည် အစွမ်းထက်ကြောင်း သိထားသော်လည်း ဤမျှ အထိမဟုတ်ချေ။

အနည်းဆုံးတော့ သူ့ဘိုးဘေးသည် ဤသခင်ငယ်ကဲ့သို့ ကြောက်စရာကောင်းသော ခံစားချက်မျိုး မပေးနိုင်ဘဲ နားလည်မှုအတွင်း ရှိနေသည်။

“ ဓားပညာကို လေ့ကျင့်တဲ့ လူတွေဟာ နည်းစနစ်တွေအပေါ် ကျွမ်းကျင်ဖို့က ပန်းတိုင် မဟုတ်ဘူး ... တာအိုကိုနားလည်အောင် ကြိုးစားရမယ် ...

... တာအိုဆိုတာ အလွန်ကျယ်ပြန့်ပြီး ... သူ့ကိုယ်သူ ဘာနဲ့မှ ကန့်သတ်ထားတာမရှိဘူး လွတ်လပ်တယ် ... ငြိမ်းချမ်းတယ် ... အရာရာနဲ့ လိုက်လျောညီထွေမှုရှိတယ် ... ။ ”

“ ဒါဆို ... ဓားတာအိုဆိုတာဘာလဲ ... ။ ”

လီချင်းစုန်တစ်ယောက် စိတ်ရှုပ်ထွေး လာတော့သည်။

“ ဓားတာအို၊ ဆေဘာတာအို၊ လှံတာအို အားလုံးက သတ်ဖြတ်ဖို့ နည်းစနစ်တွေချည်ပဲမို့ မင်းမေးခွန်းကိုသိချင်ရင် မင်းရဲ့ရည်ရွယ်ချက်ကို ပြန်ရှာဖို့လိုတယ် ... ။ ”

“ ဒါဆို သတ်ဖြတ်ခြင်းလား ... ။ ”

“ မှန်တယ် ... ။ ”

ကူချန်က ခေါင်းညိတ်ပြပြီး၊

“ ဘယ်လို ဓားပညာရပ်မျိုးမဆို ... အဓိကရည်ရွယ်ချက်က မင်းသတ်ချင်တဲ့လူကို ချက်ချင်း သတ်နိုင်ဖို့ပဲ ... ဒါကြောင့် ဓားတာအိုက သတ်ခြင်းပဲ ... ။ ”

လီချင်းစုန့်တစ်ယောက် အနည်းငယ် ဝေဝါးနေသေးသည်။

“ ဒါပေမယ့် ဓားတစ်လက်နဲ့ ... ကမ္ဘာကြီးအပေါ် ထာဝရငြိမ်းချမ်းစေခဲ့တဲ့ လူတစ်ယောက်အကြောင်း ငါ့ဘိုးဘေးဆီကနေ ကြားထားဖူးတယ်။ ”

ဓားတစ်လက်သည် ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်လော။ ထိုစကားကို ကြားပြီး ကူချန်မှ ခဏမျှ တိတ်ဆိတ်သွား၏။

အကြင်သူသည် မည်သူနည်း။ ဓားတာအိုသည် မည်မျှကြီးကျယ် ခမ်းနားနေ သနည်း။ ထို့နောက် ကူချန်က၊

“ ဒီမေးခွန်းက လက်ရှိဖူစုနိုင်ငံလိုပဲ နားလည်ရလွယ်ပါတယ် ကမ္ဘာကြီးငြိမ်းချမ်းဖို့ ဓားမရှိရင် ...

... မင်းပြောတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာမျိုး ဘယ်လိုလုပ်ရှိလာမှာလဲ ဒါကို သဟာဇာတဓားလို့ခေါ်တယ်။ ”

-ဟု ရှင်းပြလိုက်သည်။

သို့မှသာ လီချင်းစုန်တစ်ယောက် နားလည်သွားတော့သည်။ ထို့နောက် ကူချန်ထံ ပြန်ကြည့်ကာ၊

“ သခင်ငယ် ... မင်းစောစောက သုံးခဲ့တဲ့ဓားနဲ့ပတ်သက်ပြီးတော့ ရှင်းပြနိုင်မလား ဒီကမ္ဘာမှာ ဓားပညာရပ်ပေါင်း ထောင်ချီတယ်လို့ သခင်ငယ်ပြောခဲ့တယ် ... ။ ”

-ဟု မေးမြန်းလိုက်၏။

“ လေဟာနယ်ဓား ... ။ ”

ကူချန်မှ ပြုံးပြီး ပြန်ဖြေသည်။

“ လေဟာနယ်ဓားလား ... ။ ”

“ ဟုတ်တယ် ... အတိအကျပြောရရင် အဲဒါကို လေဟာနယ် ဓားရည်ရွယ်ချက်လို့ ခေါ်တယ်။ ”

“ ဓားရည်ရွယ်ချက်လား ... ။ ”

လီချင်းစုန့်တစ်ယောက် စူးစမ်းလိုသော ကလေးငယ်တစ်ယောက်ကဲ့သို့ အရာရာအပေါ် စိတ်ဝင်စား လာတော့သည်။

“ ငါ့ဓားက ... တာအိုထဲ ခြေတစ်လှမ်း ဝင်ရောက်နေပြီ ဒါပေမယ့် ဓားရည်ရွယ်ကိုတော့ မျက်နှာပြင်ပေါ်ပဲ ကုပ်ခြစ်နိုင်သေးတယ်။ ”

“ ဒါဆို အဲဒီဓားရည်ရွယ်ချက်ဆိုတာ ဘယ်လိုမျိုးလဲ ... ။ ”

“ ဒါကို ရောင်ဝါတစ်မျိုးလို့ မင်းနားလည်နိုင်တယ် ... ဓားရည်ရွယ်ချက်က လူတစ်ဦးရဲ့ ... စိတ်ဝိညာဉ်နဲ့ စွမ်းအင်အတွင်း ဓားရေးကျွမ်းကျင်မှုတွေကို ...

... ပေါင်းထည့်လိုက်တာပဲ ... စစ်မှန်တဲ့ ဓားသမားတွေအတွက် ဓားမဆွဲဘဲ ပြိုင်ဘက် ဓားသမားရဲ့ အားသာချက်၊ အားနည်းချက်ကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ”

“ ဓားရည်ရွယ်ချက် ... ။ ”

လီချင်းစုန့်တစ်ယောက် မျက်လုံးများ လင်းလက်သွား၏။ ထိုရှင်းလင်းချက်များကို အလေးအနက် မှတ်သားလိုက်သည်။ ဤသည်မှာ သူ့ပန်းတိုင်ဖြစ်ချေပြီ။

သူသည် ရှန်ရှင်းနယ်ပယ်သို့ ရောက်ရှိ လာသည့်တိုင် ဓားပညာကိုသာ တစိုက်မှတ်မှတ် လေ့ကျင့်၏။ သို့တိုင် သူ့ဓားရေးသည် စွမ်းအား တိုးတက်မလာဟု ခံစားခဲ့ရသည်။

ယင်းသည် အတားအဆီးတစ်ခုထံ ရောက်ရှိနေခဲ့ခြင်းဖြစ်၏။ အတွေးများစွာဖြင့် လီချင်းစုန့်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာတော့သည်။

ဤသည်မှာ အသွင်ပြောင်းရန် တံခါးတစ်ချပ်ဖြစ်၏။ အရည်အချင်းများ လိုအပ်ချေပြီ။

ဆိုလိုသည်မှာ အရည်အချင်း မရှိသော သာမန်လူတစ်ယောက်ပင် ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီးနောက် သူ့အဆင့် ရောက်နိုင်၏။

ထိုထက်ပို၍ ကျွမ်းကျင်သော ဓားသမားတစ်ယောက် ဖြစ်လိုသော် ဤအဆင့် ဖြတ်‌ကျော်ရပေမည်။

သဟာဇာတဓားဟူသည် အဘယ်နည်း။ လေဟာနယ် ဓားရည်ရွယ်ချက်ဟူ သည်လော။ ထိုအရာအကြောင်းအရာ နှစ်ခုသည် သူ့အတွက် ကြီးမားသော အတားအဆီးပေပင်။

၎င်းထက်ပို၍ ကိုယ်ပိုင်ဓားတာအို ဟူသည်လော အဘယ်နည်း။ တစ်စုံတစ်ဦးသည် စိတ်ဝိညာဉ်နှင့် တာအိုကိုပေါင်းစပ်ခြင်းဖြင့် သူ၏ဓားသွားလမ်း ရရှိပေမည်။

ယင်းသည် ကောက်နှုတ်ချက်ဖြစ်သည်။ တစ်ဖက်တွင် ထိတ်လန့်စွာဖြင့် ကူချန်ထံ ပြန်၍ မော့ကြည့်၏။

ဤလူငယ်သည် အသက်ငယ်ငယ်ဖြင့် ထိုမျှနက်နဲသော အချင်းအရာများအပေါ် မည်သို့ နားလည်နေသနည်း။ ဉာဏ်ကြီးရှင်ပင်လော။

ထိုအတွေးဖြင့် လီချင်းစုန့် မျက်နှာတွင် ခါးသီးသောခံစားချက် ပေါ်လာသည်။ အသက် ပြင်းပြင်းရှူလျက် လေးနက်စွာ ဦးညွှတ်ပြီး၊

“ မင်းရဲ့ အကြံဉာဏ်အတွက် ... ကျေးဇူးတင်ပါတယ်သခင်ငယ် ငါဘယ်တော့မှ မမေ့ပါဘူး ... ။ ”

-ဟု နှုတ်ဆက်လိုက်သည်။

ကူချန်မှ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်ပြီး၊

“ ဒါဟာ အသေးအမွှားကိစ္စပါ ဒါပေမယ့် လူတိုင်းရဲ့တာအိုက မတူဘူးဆိုတာ ... သတိရပါ ကျန်တာ မင်းအပေါ်မှာပဲ မူတည်တယ်။ ”

“ နားလည်ပါပြီ။ ”

***

All Chapters