← Chapters

ထွက်ခွာချိန်တန်ပြီ ... ။

Vol. 10 Ch. 120

ထွက်ခွာချိန်တန်ပြီ ... ။

Vol. 10 Ch. 120

သူ့မေးခွန်းကြောင့် ပိုင်ရှန်းမှ သက်ပြင်းချကာ၊

“ မိုးခေါင်ရေရှားဖြစ်စဉ် အစတုန်းက လူတိုင်းမှာ သိမ်းဆည်းထားတဲ့ အရံစားစရာတွေ ရှိနေတာမို့ ခံနိုင်ရည်ရှိမယ်လို့ တွေးခဲ့တယ်။ ”

-ဟု ရှင်းပြလာသည်။

“ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ... လူတိုင်း အငတ်ဘေးသင့်ကုန်ပြီး ... ဟဲရှလမ်း တစ်ခုလုံး မငြိမ်မသက်ဖြစ်သွားတယ် ...

... ရွာသားတွေက ဒီကပ်ဘေးအတွင်းမှာ မြေရှင်တွေရဲ့ အကြိမ်ကြိမ် ခေါင်းပုံဖြတ်တာကို ခံခဲ့ရတာကြောင့် သူတို့က မြေရှင်တွေကို သတ်ပစ်ဖို့ကြိုးစားလာကြတယ် ...

... ဟဲရှလမ်းတစ်လျှောက် မြေပိုင်ရှင် မိသားစုနှစ်ဆယ်လုံး တစ်ယောက်မှ မကျန်ဘူး ပြီးတာနဲ့ လူတိုင်းက ရုံးတော်ရဲ့အပြစ်ပေးတာ ခံရမှာကို ကြောက်ရွံ့ပြီး ထွက်ပြေးကြတယ်။ ”

“ မြေရှင်မိသားစုတွေမှာ ကလေးတွေတောင် မကျန်ဘူးလား။ ”

ချင်းဖန်မှ အံ့သြသွားသည်။ ပိုင်ရှန်းက စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းယမ်းပြီး၊

“ အဲဒီတုန်းက လူတိုင်း ... အရမ်း ဆာလောင်နေကြတယ် ... သူတို့အတွေးထဲမှာ လူသားဆန်မှု မရှိတော့ဘူး ...

... အမုန်းတရားနဲ့ အငတ်ဘေးက သားရဲတွေလို သူတို့အတွက် ကိစ္စအချို့ဖြေရှင်း ပေးကြတယ် ... ဒါကြောင့် ကျေးရွာတိုင်းမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပျက်လာပြီး ရွာတွေပျက်ကုန်ကြတာပဲ ...။ ”

ဤတစ်ကြိမ်၌ ချင်းဖန်တစ်ယောက် မျက်နှာ ပျက်ယွင်းသွားခဲ့၏။ ဤသည်မှာ စီနီယာအစ်ကို ပြောပြခဲ့ဖူးသည့် ဟဲရှလမ်းတွင် လူအချင်းချင်း သတ်စားခြင်း ဖြစ်စဉ်ပေပင်။

ထိုစဉ်က ပုံပြင်တစ်ပုဒ်ကဲ့သို့ ဖူစုနိုင်ငံအနှံ့တောမီးများလို ပျံ့နှံ့လာခဲ့ဖူးသည်။ လူတိုင်းအတွက် ကြောက်စရာပေပင်။

ယခုမူ သူ ဖြတ်သန်းလာခဲ့သည့် ကျေးရွာတိုင်း ထိုအဖြစ်ဆိုးကြီး ကြုံခဲ့ရကြောင်း နားလည်လိုက်တော့သည်။

နှစ်ပေါင်းမည်မျှပင် ကြာပါစေ ထိုဖြစ်ရပ်သည် ကြားရသူတိုင်း နှလုံးသားများ အေးစက်သွားစေမည်မှာ သေချာ၏။

“ ဒါဆို အောက်ရွာ ... ။ ”

ရုတ်တရက် ချင်းဖန်မှ သတိရလာပြီး ပိုင်ရှန်းထံ ပြန်ကြည့်လိုက်လေသည်။ ပိုင်ရှန်းက ပြုံးပြလျက်၊

“ ငါတို့အောက်ရွာက အခြေအနေ ကောင်းခဲ့ပါတယ် အများစုဟာ ဆွေမျိုးတွေမို့လို့ အခက်ခဲဆုံး အချိန်တွေမှာတောင် လူမဆန်တဲ့ ဖြစ်ရပ်မျိုး မဖြစ်ခဲ့ပါဘူး ... ။ ”

“ အဖေ ... အစ်ကိုချင်းဖန် ... ။ ”

နှစ်ယောက်သား စကားစမြည် ပြောကြားနေစဉ် မိန်းကလေးတစ်ဦး အော်ဟစ်လျက် လျှောက်လှမ်းလာ၏။

သူမသည် တောင်သူတစ်ဦး ဖြစ်သောကြောင့် အသားအရေမှာ အနည်းငယ် ဝါနေသည်။ ပိတ်သွယ်ပြီး မျက်ဝန်းများသည် အလွန်နက်မှောင် တောက်ပနေ၏။

“ လျန်းအာ ... ။ ”

ပိုင်ရှန်းက ပြုံးပြီး မိန်းကလေးထံ လက်ပြသည်။ ဤသည်မှာ သူ၏တစ်ဦးတည်း ကျန်ရစ်သောသမီးဖြစ်ပြီး အမည်မှာ ပိုင်လျန်းဖြစ်၏။

ပိုင်လျန်းက အငွေ့တထောင်းထောင်း ထွက်နေသော ဆန်ပြုတ်အိုးကို စားပွဲခုံပေါ်တွင် တင်လိုက်ပြီး သူ့ဖခင်ပိုင်ရှန်းအတွက် တစ်ပန်းကန် ခပ်ထည့်ပေးသည်။

ထို့နောက် ရှက်ရွံ့နေသော အကြည့်ဖြင့် ချင်းဖန်ထံ ခပ်ထည့်ပေးသည်။ ချင်းဖန်မှ ပြုံးပြီး၊

“ ကျေးဇူးတင်ပါတယ် လျန်းအာ ... ။ ”

ချင်ဖန်က ပြုံးပြီး ဆန်ပြုတ်ပန်းကန်ကို ယူလိုက်လေသည်။ တစ်ဖက် မိန်းကလေးသည် အနည်းငယ် ဆွဲဆောင်မှု ရှိသော်လည်း မပြည့်စုံချေ။

ဆိုလိုသည်မှာ သူသဘောကျသည့် အလှတရားမျိုး မဟုတ်သဖြင့် နှမျောစရာ ပေပင်။ မဟုတ်သော် တစ်အိုးတစ်အိမ် ထူးထောင်ပြီး ဖြစ်ပေမည်။

“ ကူချင်းဖန် ... မင်းဘဝကိုဒီမှာ အခြေချချင်တယ်ဆိုရင် အိမ်ထောင်ပြုသင့်ပြီ ... တကယ်တော့ ငါတို့ရဲ့အောက်ရွာက ရေခံမြေခံကောင်းပါတယ်။ ”

ပိုင်ရှန်းတစ်ယောက် သူ့သမီးကို တစ်ချက်ကြည့်ကာ ချင်းဖန်ကို ပြောလိုက်၏။ ထို့နောက်၊

“ ဒီမြစ်ကြီးကြောင့် ... ငါတို့ဒေသက ပုံမှန်ဆိုရင် မိုးရေချိန်များတယ် ဒီလိုရှားပါးတဲ့ နှစ်တစ်ထောင်အတွင်း ကပ်ဘေးမျိုးသာ မရှိခဲ့ရင် အရမ်းကြွယ်ဝတဲ့ ဒေသကြီးပါ။ ”

-ဟု ပြောကြားလိုက်သည်။

လျန်းအာက ချင်းဖန်ကို ခိုးကြည့်၏။ တစ်ဖက်လူသည် ဆန်ပြုတ်ပန်းကန်ကိုငုံ့ပြီးသာ သောက်နေသည်။

ဤလူငယ်အသက်သည် (၁၇) နှစ်ခန့် ရှိချေပြီ။ ယောက်ျားပျို တစ်ယောက်အတွက် ခံစားချက်ပျင်းပြသော အချိန်အခါဖြစ်သည်။

ထို့အပြင် တစ်ဖက်လူရုပ်ရည်သည် ကြည့်ကောင်းလွန်းသော အသွင်အပြင်ရှိကာ သူမအတွက် စိတ်ကူးယဉ်စရာပေပင်။

တစ်ဖက်တွင် ချင်းဖန်မှ စကားမဆိုချေ။ ပြုံးပြီး ဆန်ပြုတ်ကို ဆက်သောက်နေလိုက်၏။ သူသည် ရှားဟဲကျေးရွာသို့ ဖြတ်တိုက်သွားသည့် လေပြေမျှသာဖြစ်သည်။

ကမ္ဘာကြီးကို စူးစမ်းရန် အပြင်ထွက်ခြင်းဖြစ်ကာ တောင်ယာလုပ်ငန်းကို သင်ယူနေခြင်းဖြစ်၏။

အချိန်တန်သော် လင်းရင်ဘုံကျောင်းသို့ ပြန်ကာ သူ့အပေါ် အထင်သေးသော ဆရာနှင့် စီနီယာအစ်ကိုကို ပြန်လည်သင်ပြနိုင်မည်။

ကမ္ဘာကြီးအတွင်း ခရီးထွက်လိုသော် စကားလျော့ပြောပြီး များများသင်ယူရပေမည်။ မလိုအပ်သည့် အရေးကိစ္စများအပေါ် လျစ်လျူရှုထားသင့်၏။

အဘယ့်ကြောင့်ဆိုသော် ကမ္ဘာကြီးသည် ကျယ်ဝန်းပြီ တစ်စုံတစ်ယောက်၏ နောက်တွင် မည်သူရှိနေမည်ကို မသိနိုင်ချေ။

ရက်များစွာ ကုန်လွန်လာသည်။ ချင်းဖန်တစ်ယောက် အောက်ရွာတွင် အခြေချ နေထိုင်လာသည်မှာ တစ်လတိုင်ချေပြီ။

သူနှင့်အတူ အခြေချနေထိုင်သော လူတစ်စုသည် တောင်ယာလုပ်ငန်းများကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည်။

ထို့ကြောင့် လမ်းများ ပြန့်ပြူးလာကာ ငှက်သံနှင့်ခွေးသံ ကြားလာရ၏။ ဤကဲ့သို့သော အခြေအနေသည် ယခင်‌ကျေးရွာ အသွင်သို့ မမီသေးသော်လည်း မဆိုးလှချေ။

အချိန်ကြာမြင့်သော အစာရေစာ ခေါင်းပါးမှုဖြစ်စဉ်အတွင်း အိမ်မွေးတိရစ္ဆာန်များ မျိုးတုံးခဲ့သည်။

ထို့ကြောင့် ပြောင်းရွေ့ နေထိုင်သူများ အနက် အဘိုးအိုတစ်ဦးသည်သာ ခွေးဝါကြီး တစ်ကောင် ခေါ်ဆောင်လာနိုင်၏။

ဤနည်းဖြင့် အောက်ရွာတွင် ထိုခွေးအိုကြီးသည် တစ်ကောင်တည်းသော အိမ်မွေးတိရစ္ဆာန်ဖြစ်လာသည်။

ဝက်၊ ကျွဲ၊ နွား၊ သိုး၊ ကြက်၊ ဘဲ အစရှိတဲ့ တိရစ္ဆာန်များအတွက်မူ မမျှော်လင့်နိုင်သေးချေ။ ချင်းဖန်က ​​သူကိုယ်တိုင် ဆောက်လုပ်ထားသော တဲအိမ်ထဲမှနေ၍ စိုက်ခင်းထံ ကြည့်နေ၏။

များမကြာခင် ဤစိုက်ခင်းများကို ရိတ်သိမ်းရပေမည်။ အများစုကို ဝမ်းစာအတွက် ရောင်းချကာ ကြက်၊ဝက်၊ဘဲများဝယ်လျက် အချို့ကို မျိုးစေ့အဖြစ် ချန်ထားရပေမည်။

အတွေးဖြင့် ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေချေပြီ။

***

All Chapters