← Chapters

ရှားဟဲရွာသို့ ... ။

Vol. 10 Ch. 124

ရှားဟဲရွာသို့ ... ။

Vol. 10 Ch. 124

သွေးဝိညာဉ်ဂိုဏ်းသည် လူသတ်၊ ဓားပြတိုက်၊ မကောင်းမှုမျိုးစုံကို ကျူးလွန်စေရန် လူအများကို သွေးထိုးလှုံ့ဆော်ကြ၏။

ဤနည်းဖြင့် သာမန်လူများသည် ပစ်မှတ်ထားခံရကာ ဆေးသန့်စင်ရန်အတွက် သွေးအနှစ်သာရကို စုဆောင်းခံရပေမည်။

သို့သော် လူအများ၏ အမြင်၌မူ သွေးဝိညာဉ်ဂိုဏ်းဟူသည် ဒုက္ခများကြားတွင် မျှော်လင့်ချက်ကို တောက်ပစေသည့် အလင်းတန်းဖြစ်၏။

ဒုက္ခရောက်နေချိန်တွင် ငတ်မွတ်သော လူအများအပေါ် အစားအစာကျွေးမွေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ကလေးငယ်များကို ကောင်းချီးပေးခြင်း စသည်တို့သည် သာမန် လူများအတွက် နတ်ဘုရားများပေပင်။

သို့သော် ကျွမ်းကျင်သူများအမြင်တွင် ဤဂိုဏ်းသည် အစားအသောက်များကို မည်သို့ ရရှိနိုင်သနည်း။ အဂ္ဂိရတ်ပညာရှင်များမရှိဘဲ ဆေးဝါးများမည်သို့ ရရှိနိုင်သနည်း။

သန့်ရှင်းသောသွေးဆေးပြားကို ရေဖျော်သောက်ပြီးနောက် ဤလူများမည်သို့ ဆက်ဖြစ်မည်နည်း။

အစရှိသော မေးခွန်းများ မဆက်မပြတ် ထွက်ပေါ်လာပေမည်။ သွေးဝိညာဉ်ဂိုဏ်းသည် သူတို့ မြင်စေလိုသော ရှုထောင့်ကိုသာ ပြသထား၏။

နောက်ကွယ်ရှိ အမှောင်ဘက်ခြမ်းကို သာမန်လူများအတွက် သိစေရန် ခက်ခဲပေမည်။ ဤလူများကို ဟဲရှလမ်းသို့ စုစည်းစေခြင်းသည် လယ်ယာလုပ်ကိုင်စေရန်ဟု မထင်ချေ။

ထိုသို့ဆိုသော် အဘယ့်ကြောင့် လူတိုင်းအပေါ် ဟဲရှလမ်းသို့လာရောက်ရန် သွေးဆောင်နေရသနည်း။

ထိုမေးခွန်းသည် ချင်းဖန်ကို တုန်လှုပ်သွားစေ၏။ အကြောင်းတစ်ခုခုကြောင့် ယင်းသည် သားသတ်ရုံအတွင်း မောင်းသွင်း နေသည်ဟု ခံစားရသည်။

“ ဦးလေးပိုင် ... ။ ”

ရုတ်တရက် ရွာသူကြီးကို သတိရသွား၏။ သွေးဝိညာဉ်ဂိုဏ်း၌ စစ်သည်တော်များ မဆိုနှင့် ရှန်ရှင်းနယ်ပယ်​ ကျွမ်းကျင်သူများပင် မရေတွက်နိုင်အောင် များပြားလှသည်။

လက်ရှိအချိန်၌ သူသည် အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်တွင် ဖြစ်၏။ ချီစုစည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် လိုနေသေးသည်။

ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းနှင့် ရင်ဆိုင်ရန်သူ့၌ ခွန်အားမလုံလောက်သေးချေ။ ချင်းဖန်က ခေါင်းရမ်းလျက် စကားမဆိုတော့ဘဲ လယ်ယာပစ္စည်းကိရိယာအချို့ ဝယ်ယူရန် ထွက်ခွာလာခဲ့၏။

***

နေမွန်းတည့်ချိန်တွင် အထုပ်အပိုး ကြီးငယ်များစွာဖြင့် ချင်းဖန်သည် မြို့မှထွက်ခွာ လာခဲ့သည်။

ပခုံးနှစ်ဖက်တွင် စားနပ်ရိပ်ခါအချို့ တင်ဆောက်လျက် ကျောတွင် အထုတ်တစ်ထုပ် ပိုးလွယ်ကာ ခါးတစ်ဖက်စီ၌ ကြက်တစ်ကောင်စီ ချိတ်ဆွဲထားသည်။

အဝေးမှကြည့်ရုံဖြင့် ထင်ရှားစေသော အသွင်အပြင်မျိုးဖြစ်နေ၏။ များမကြာခင်မှာပင် လမ်းမကြီးဘေး၌ ယာဉ်တန်းတစ်ခု အနားယူ နေသည်ကို မြင်လိုက်ရသည်။

အလံငယ်ပေါ်၌ အလွန်ထင်ရှားသော သွေးယိုစီးကျနေသည့် သွေးသင်္ကေတတစ်ခုကို ချယ်လှယ်ထားပြီး ခေါင်းဆောင်မှာ အစောပိုင်း မြင်တွေ့ခဲ့ရသော အမျိုးသားဖြစ်၏။

အ‌ရောင်အသွေး စုံလင်လှသော လူများစွာသည် သူ့နှင့်အတူ လိုက်ပါလာကာ အနား၌ ရိုသေလေးစားစွာဝိုင်းရံနေသည်။

အမျိုးသား၏ နောက်လိုက်အချို့မှ အစာခြောက်များကို ဝေငှ​ပေးနေ၏။ ချင်းဖန်ကို မြင်ချိန်၌ လူတိုင်းမှ လှည့်ကြည့်ကြသည်။

အထူးသဖြင့် ရှုပ်ပွထူးခြားလွန်းသော အပြင်အဆင်ကြောင့် အာရုံစိုက်မှုခံလိုက်ရ၏။ လူတိုင်းမှ စူးစမ်းလိုသည့် အကြည့်များကြောင့် အနည်းငယ်မျှ အနေခက်လာသည်။

သူ့ကိုယ်သူ ချောမောကြောင်း သိရှိထားသော်လည်း ဤမျှများပြားလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ခံရခြင်းသည် အဆင်မပြေလှချေ။

“ အဟမ်း ... ။ ”

ချောင်းဟမ့်လျက် လျစ်လျူရှုကာ ဆက်လျှောက်လာခဲ့သည်။ ထိုစဉ် လူအချို့သည် သူ့ကိုမှတ်မိကာ ခေါင်းဆောင်အမျိုးသားထံ အကြောင်းရာအချို့ကို ပြောပြနေ၏။

အမျိုးသားက ချက်ချင်း ခေါင်းညိတ်ပြီး ဖော်ရွေသော အပြုံးဖြင့် လမ်းမပေါ်တက်ကာ ချင်းဖန်ကို နှုတ်ဆက်လေသည်။

“ မိတ်ဆွေလေး ... မင်းကျောပေါ်က အိတ်ကြီးတွေနဲ့ ဘယ်သွားမလို့လဲ။ ”

“ ဟဲရှလမ်းကို ... ပြန်လည် တည်ဆောက်နေတယ်လို့ ငါကြားတယ် ဒါကြောင့် ကြည့်ဖို့ စီစဉ်ထားတာ။ ”

ချင်းဖန်မှ တည်ငြိမ်စွာဖြင့် ပြန်ဖြေ၏။ အမျိုးသားက အံ့အားသင့်သော အမူအရာနှင့်၊

“ မိတ်ဆွေလေး ... မင်းဝတ်ဆင်ထားတဲ့ တာအိုဝတ်စုံအရ ... ဟဲရှလမ်းမှာ တာအိုဂိုဏ်း တစ်ဂိုဏ်းထူထောင်ဖို့ စီစဉ်နေတာလား။ ”

-ဟု စူးစမ်းတော့သည်။

“ မဟုတ်ဘူး ... အဲဒီလို မဟုတ်ပါဘူး။ ”

ချင်းဖန်မှ ချက်ချင်းငြင်းဆန်ကာ၊

“ ငါခရီးထွက်နေတာ ဂိုဏ်းထူထောင်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။ ”

-ဟု ရှင်းပြလိုက်၏။

အမျိုးသားမှ မျက်ခုံးပင့်လျက်၊

“ မိတ်ဆွေလေး ... အခု ဟဲရှလမ်းမှာ ဓားပြတွေနဲ့ လူယုတ်မာတွေ အများကြီးရှိတယ် မင်းသတိထားသင့်တယ်။ ”

-ဟု ကြင်နာစွာ သတိပေးသည်။

“ ဟုတ်တယ် ငါဒီအကြောင်းကို ကြားခဲ့ပါတယ်။ ”

“ ဒါဆို မိတ်ဆွေလေးက ... ။ ”

ခေါင်းဆောင်အမျိုးသားက ချင်းဖန်ကို အထက်အောက်ကြည့်ကာ စကားဆက်ပြောရန် တွန့်ဆုတ်သွား၏။ ထိုအမူအရာကြောင့် ချင်းဖန်မှ ကျေနပ်သွားကာ၊

“ မကြာသေးခင်က ငါရဲ့ကျင့်ကြံမှုက တည်ဆောက်ခြင်းအဋ္ဌမအဆင့်ကို ကျော်ဖြတ် နိုင်ခဲ့တယ် ...

... ဒါကြောင့် ဓားပြခုနစ်ယောက်ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်နေပါပြီ .. သူတို့က ငါ့ကိုသေစေနိုင်တော့မှာ မဟုတ်ဘူး။ ”

-ဟု ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားလိုက်၏။

သို့သော် ခေါင်းဆောင် အမျိုးသားက ခေါင်းယမ်းပြကာ၊

“ မိတ်ဆွေလေး မင်းသတိထားရမယ် ဓားပြတွေက ရက်စက်ကြမ်းကြုတ်တဲ့ လူတွေပဲ သူတို့ဘာတွေတွေးနေလဲ ဘယ်သူမှမသိဘူး။ ”

ထို့နောက် ခဏမျှစဉ်းစားလျက် ချင်းဖန်ထံပြန်ကြည့်ပြီး၊

“ မိတ်ဆွေလေး ... မင်းဘာလို့ အတူတူ ခရီးမဆက်ရတာလဲ ... ငါ့သွေးဝိညာဉ်ဂိုဏ်းကို ဟဲရှလမ်းရဲ့ဓားပြတွေက မတိုက်ခိုက်ဝံ့ဘူး။ ”

-ဟု ဖိတ်ခေါ်လိုက်၏။

ချင်းဖန်မှ ငြင်းဆန်ရန် အတွေး ပေါ်လာသော်လည်း အနည်းငယ် တွေဝေသွား တော့သည်။ ငြင်းသော် သံသယဝင်နိုင်၏။

အဆုံးတွင် လူအများဖြင့် ခရီးသွားလာခြင်းသည် အန္တရာယ်များအပေါ် လျှော့ချနိုင်ကြောင်း မည်သူမဆိုသိသည်။

“ ကောင်းပြီ၊ ဒါပေမယ့် ... ငါတို့ ခရီစဉ်တစ်လျှောက်လုံးတော့ အတူတူသွားဖို့ အဆင်ပြေမှာ မဟုတ်ဘူး။ ”

“ မင်းက ဘယ်သွားမှာမို့လဲ မိတ်ဆွေ။ ”

“ မင်ချွမ်ပြည်နယ် ... ။ ”

သူ့စကားကို ကြားသောအခါ ခေါင်းဆောင်အမျိုးသားသည် ချင်းဖန်အပေါ် ထူးဆန်းသောအမူအရာဖြင့် ပြန်ကြည့်၏။

“ မိတ်ဆွေလေး ... မင်းကံကောင်းတယ် အမှန်တိုင်းပြောရရင် ငါတို့သွားနေတာလည်း အဲဒီပြည်နယ်ကိုပါပဲ။ ”

( သေစမ်း ... ။ )

ချင်းဖန်တစ်ယောက် သူ့ကိုယ်သူ ကျိန်ဆဲလိုက်သည်။ သူအရမ်းတော်လွန်းချေ၏။ စိတ်ပျက်စွာဖြင့် မျက်ရည်များဝဲကာ ခေါင်းညိတ် တိတ်ဆိတ်သွား‌တော့သည်။

***

လမ်းခရီးတွင် သာမန်လူများစွာ ပါရှိနေသောကြောင့် ခရီးမတွင်ခဲ့ချေ။ ချင်းဖန်မှ လမ်းတလျှောက် သတင်းအချက်အလက်များကို စုဆောင်းလာသည်။

ဤလူများသည် သွေးဝိညာဉ်ဂိုဏ်း၌ ခိုလှုံရန်လိုက်လာသော သာမန်လူများဖြစ်သည်။ အတိအကျဆိုရပါမူ သူတောင်းစားနှင့် ဒုက္ခသည် များစွာပေပင်။

ဟဲရှလမ်းမကြီးသည် ကျယ်ပြောပြီး လူဦးရေကျဲပါးသွားသောကြောင့် မြေရိုင်းများစွာ ဖြစ်ပေါ်လာသည်။

ထို့ကြောင့် မည်သူမဆို အိမ်ယာများ ပိုင်ဆိုင်နိုင်မည်ဟူသော သွေးဆောင်စကားအရ လှည့်ဖြားခြင်း ခံနေရချေ၏။

တစ်ဖက်တွင် သွေးဝိညာဉ်ဂိုဏ်း၏ ဦးတည်ရာသည် မင်ချွမ်ပြည်နယ်ဖြစ်နေသဖြင့် အနည်းငယ် စိတ်ရှုပ်ထွေးမိပြန်သည်။

ရှားဟဲရွာသည် မင်ချွမ်ပြည်နယ်၌ရှိ၏။ သို့သော် ထိုပြည်နယ်တွင် အချိန်အတော်ကြာ အခြေချနေထိုင်ခဲ့ခြင်းဖြင့် သွေးညာဉ်ဂိုဏ်း၏ ခြေရာများ မရှိကြောင်း သူပြောနိုင်သည်။

ခုနစ်ရက်ကုန်လွန်သွားပြီးနောက် ခရီးနှင်လာသော လူအုပ်မှာ မင်ချွမ်ပြည်နယ်သို့ ဝင်ရောက်လာကြ၏။ သွေးဝိညာဉ်ဂိုဏ်း၏ ခေါင်း‌ဆောင်အမျိုးသားက ပြုံးလျက်၊

“ ဒီတောင်တန်းကို ကျော်ဖြတ်ပြီးရင် ငါတို့မင်ချွမ်ပြည်နယ်ကိုရောက်ပြီ ... မိတ်ဆွေ မင်းဘယ်ဆက်သွားမလဲ တွေးမိပါတယ် ... ငါတို့ကတော့ ... ။ ”

ချင်းဖန်သည် သင်ခန်းစာတစ်ကြိမ် ရရှိထားပြီး ဖြစ်သောကြောင့် ရွှင်မြူးစွာဖြင့် ကျေးရွာအမည်ကို ထုတ်ဖော်ပြောကြားရန် ပြင်လိုက်၏။

“ ရှားဟဲကျေးရွာကို သွားမို့ပါ။ ”

သို့သော် ခေါင်ဆောင်အမျိုးသားမှပြုံးပြီး ပြောကြားလာသ်ည့ စကားကြောင့် ချင်းဖန်ခမျာ ပါးစပ်အမြန်သွားတော့သည်။

(သေစမ်း ... ။ )

ဤအခြေအနေမှ လွတ်မြောက်နိုင်ပြီဟု ယူဆထားသောအတွေးများ လွင့်ပါးကုန်ချေပြီ။ သူ့ကိုယ်သူ ကျိန်ဆဲလျက် တည်ငြိမ်အောင် ပြင်ယူလိုက်ရ၏။

တစ်ဖက်တွင် သွေးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်အမျိုးသားက ထိုအမူအရာများကို သတိထားမိသွားကာ သံသယဖြင့်၊

“ မိတ်ဆွေလေးလည်း ရှားဟဲကျေးရွာကို သွားနေတာလား။ ”

-ဟု မေးမြန်းလာတော့သည်။

***

All Chapters