← Chapters

နံပတ်၁စောင့်ကြည့်ပစ်မှတ်

Vol. 16 Ch. 228

နံပတ်၁စောင့်ကြည့်ပစ်မှတ်

Vol. 16 Ch. 228

“မသေနိုင်ဘူးလား”

လင်းရှန်သည် သူ၏ အနက်ရောင်လှံ၏ သံလိုက်အရှိန်မြှင့်စက်ကို ချက်ချင်း ဖွင့်လိုက်ပြီး စွမ်းအင်ပြည့်ဝသော ပစ်ခတ်မှုတစ်ခုကို သတ္တဝါ၏ ဦးခေါင်းကို ချိန်ရွယ်ကာ ပစ်လိုက်သည်။

ဖန်းးး

၎င်း၏ ဦးခေါင်းခွံများထဲမှတစ်ခု ပေါက်ကွဲသွားသည်—သို့သော် လဲကျမသွားဘဲ, ထိုသတ္တဝါသည် ယိမ်းယိုင်သွားပြီးနောက် ဆက်ပြေးဝင်လာသည်၊၊

ထို့နောက်—

၎င်း၏ ကိုယ်ခန္ဓာမှာ စတင် ဖောင်းကြွ လာသည်။

အတွင်းမှ တစ်စုံတစ်ခု ပေါက်ကွဲတော့မလိုမျိုးပင်။

လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“...ကီကီ”

“သိပြီ”

ကီကီသည် သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး စိတ်စွမ်းအားဖြင့် သတ္တဝါကို နေရာတွင် ဆုပ်ကိုင်ထားသည်—

သို့သော် သူမ ထိန်းချုပ်နိုင်ခြင်း မပြုမီ—

ဘန်းးးး

ထိုသတ္တဝါ၏ ကိုယ်အပေါ်ပိုင်း ပေါက်ကွဲသွားပြီး တွန့်လိန်နေသော, အနက်ရောင် ပိုးကောင်များ ကို ထုတ်လွှတ်လိုက်သည်—

ထို့နောက် မြို့၏ ထောင့်တိုင်းမှ—

အလုံးအရင်းဖြင့် စတင်နိုးထလာသည်။

အနက်ရောင်ပိုးကောင်များသည် လင်းရှန်နှင့် ကီကီဆီသို့ သက်ရှိဒီရေများကဲ့သို့ တိုးဝင်လာပြီး သွေးများ စီးဆင်းသကဲ့သို့ပင်၊၊

၎င်းတို့၏ သေးငယ်သော၊ တွန့်လိမ်နေသော ကိုယ်ခန္ဓာများသည် ကြောက်မက်ဖွယ်ကောင်းသော အသံများ ထုတ်လွှတ်နေပြီး လူတစ်ဦး၏ ဦးရေပြားကို ထိုးဖောက်သွားစေနိုင်သည်။

“ဒီသောက်ကျိုးနည်းစမ်းသပ်မှုက…”

လင်းရှန်၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ SIID ဖောင်ဒေးရှင်းသည် မည်သည့် သုတေသနမျိုးကို လုပ်ဆောင်နေသည်ကို သူ မသိပေ။ သို့သော် ဤအရာများ—ဤသတ္တဝါများသည် ဖုတ်ကောင်များ မဟုတ်သလို၊ ထိတ်လန့်ဖွယ်သတ္တဝါများလည်း မဟုတ်ပေ။ ၎င်းတို့သည် မည့်သည့်သက်ရှိများ ဖြစ်ကြပါသနည်း။

ဗြီးးးးးး

လင်းရှန်သည် လီဗာဆွဲ၍ လှည့်လိုက်ပြီး သူ၏ ဆိုင်ကယ်ကို ညာဘက်သို့ ကွေ့ချလိုက်ပြီး ၎င်း၏ ဘီးအောက်ဖြင့် ပိုးကောင်များ အများအပြားကို ကြိတ်ချေလိုက်သည်။ အစိမ်းရောင်နှင့် အနက်ရောင်အရည်များက မြေပြင်ကို ပျက်စီးစေကာ စက်ဆုပ်ဖွယ်ကောင်းသောအသံများ ထွက်ပေါ်လာသည်။

ဘန်း ဘန်း ဘန်း

လင်းရှန်သည် လေအမြောက်ဖြင့် နီးကပ်လာသော ပိုးကောင်အုပ်စုကို စုတ်ဖြဲလိုက်သည်။ သို့သော် ရှေ့သို့ ကြည့်လိုက်သည့်အခိုက် သူ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ဘမ် ဘမ် ဘမ်

ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ တံခါးများ တစ်ပြိုင်နက်တည်း အရှိန်ဖြင့် ပွင့်သွားသည်။

မှောင်မိုက်နေသော ဆိုင်များနှင့် အိမ်များအတွင်းမှ တွန့်လိမ်နေသော လူသားပုံစံသတ္တဝါများ လမ်းများပေါ်သို့ စတင်ထွက်ပေါ်လာသည်။

မြို့တစ်ခုလုံး အသက်ဝင်လာသည်။

ဗြီးးးးးး

လင်းရှန်သည် သူ၏ ဆိုင်ကယ်ကို အရှိန်မြှင့်ပြီး ပတ်ဝန်းကျင်ကို စကင်ဖတ်လိုက်သည်။

အဝေးတွင် မရေတွက်နိုင်သော ပေါင်းစပ်လူသားပုံစံများသည် လမ်းများပေါ်သို့ ရွေ့လျား လာကြပြီး ၎င်းတို့၏ တွန့်လိမ်နေသော ကိုယ်ခန္ဓာများသည် မှိန်ဖျော့သော လမ်းမီးများကြောင့် ထင်ရှားလာသည်၊၊ ၎င်းတို့သည် မမြန်သော်လည်း ၎င်းတို့၏ အရေအတွက်မှာ အဆုံးမရှိပေ—လမ်းကြားတိုင်း၊ ဆိုင်တိုင်းမှ ပို၍ ထွက်ပေါ်လာသည်။

အလွန် များပြားလွန်းသည်။

လင်းရှန်၏ မျက်လုံးများ ပတ်လည် လှည့်ပြီး ထွက်ပေါက်ကို ရှာဖွေနေသည်။

သို့သော် သူ ကြည့်လိုက်သည့် နေရာတိုင်းတွင် ထိုသတ္တဝါများသည် မြို့တစ်ခုလုံးကို လွှမ်းမိုးလာနေသည်။

“ချီး...သူတို့ အရေအတွက် အရမ်းများနေတယ်”

ကီကီ၏ အသံတွင် ထိတ်လန့်မှုများ ပါဝင်နေသည်။

“ငါတို့ ဒီအတိုင်း အရှိန်နဲ့ ဖြတ်လို့ မရဘူး—ငါတို့ ပိတ်မိသွားလိမ့်မယ်”

“ငါတို့ သူတို့အားလုံးကို တိုက်ခိုက်ဖို့ မလိုဘူး”

လင်းရှန်၏ အသံမှာ တည်ငြိမ်နေဆဲပင်။

“ငါတို့ ထွက်ပေါက်ကို ရှာဖို့ပဲ လိုတယ်”

သူသည် ချက်ချင်း လမ်းကြောင်းကို ချိန်ညှိပြီး သူ၏ ဆိုင်ကယ်ကို ကျဉ်းမြောင်းသော လမ်းကြားတစ်ခုသို့ မောင်းနှင်သွားသည်။ သူတို့ အတင်းအကြပ် ဖြတ်ကျော်လို့ မရဘူးဆိုရင် ထွက်ပေါက်ကို ရှာဖွေရပေမည်။

ဗြီးးးးးး

ကီကီသည် နောက်မှ အနီးကပ် လိုက်ပါလာသည်၊၊ ပဟေဠိဆန်သော မြို့လမ်းများကြားများသည် လိမ်ရှုပ်နေသည်။

နောက်ဆုံးတွင် သူတို့သည် ပိုကျယ်သော လမ်းမကြီးပေါ်သို့ ရောက်လာသည်။

သူတို့၏ မျက်နှာချင်းဆိုင်တွင် စတိုးဆိုင်ကြီးတစ်ခုရှိနေပြီး, ၎င်း၏ မှေးမှိန်နေသော ဆိုင်းဘုတ် မှာ အဝေးမှပင် မြင်နိုင်သည်။

ညာဘက်တွင် ကျောင်းတစ်ခုသည် မြူခိုးများ ဖုံးလွှမ်းနေသော အမှောင်ထုထဲတွင် ထွက်ပေါ်နေသည်။

ကီကီက ပတ်ပတ်လည် ကြည့်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသည်။

“...ဒီနေရာကို ကျွန်မ မမှတ်မိဘူး”

လင်းရှန်၏ မျက်နှာအမူအရာ မည်းမှောင်သွားသည်။ သူ မှတ်မိပေသည်။

“ဒါ...”

သူ သက်ပြင်းချလိုက်သည်။

“ဒါက အစစ်အမှန်ချင်းရွှေမြို့က သယ်ယူပို့ဆောင်ရေးသင်္ဘော ပျက်ကျတဲ့နေရာပဲ”

အစစ်အမှန်ကမ္ဘာတွင် ဒီဧရိယာတစ်ခုလုံး ပျက်စီးယိုယွင်းမှုများသာ ဖြစ်သည်။ သို့သော် ဤနေရာတွင်— အရာအားလုံး မထိခိုက်ဘဲ ရှိနေဆဲပင်။

“...ဒီနေရာက ဘယ်လိုငရဲမျိုးလဲ”

ထိုစဉ်တွင်—

ကီကီသည် ကျောင်းကို ညွှန်ပြလိုက်သည်။

“လင်းရှန်… ကြည့်စမ်း—မီးတွေ…ကျောင်းရဲ့ မီးတွေ လင်းနေတုန်းပဲ…”

လင်းရှန်၏ အကြည့်သည် အဆောက်အအုံဆီသို့ ရုတ်တရက် ရောက်သွားသည်။

မြူခိုးများ ဖုံးလွှမ်းနေသော ပြတင်းပေါက်များမှ မှိန်ဖျော့သော အဝါရောင်မီးများ စာသင်ခန်းများအတွင်းမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

စွန့်ပစ်ထားသင့်သော မြို့တစ်မြို့တွင်...

ကျောင်းတစ်ခုတွင် မီးလင်းနေဆဲပင်။

“...အတွင်းမှာ လူတွေ ရှိနေနိုင်လား”

လင်းရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ ဆုံးဖြတ်ချက်ချလိုက်သည်။

“သွားစစ်ဆေးကြည့်ရအောင်”

လက်ကိုင်ကို အမြန်လှည့်လိုက်ပြီး လင်းရှန်သည် ကျောင်းဂိတ်ပေါက်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားသည်။

သူတို့၏ ဆိုင်ကယ်များ ကျောင်းဝင်းထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ကီကီ ရုတ်တရက် တောင့်တင်းသွားသည်။

“သတ္တဝါတွေ—”

သူမ ထိတ်လန့်တကြားဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။

ပေါင်းစပ်ထားသော လူသားပုံစံများ လုံးဝ ရပ်တန့်သွားသည်။

ကျောင်းဝင်းအတွင်းသို့ တစ်ကောင်မှ မဖြတ်ကျော်လာပေ။

ထိုအစား ၎င်းတို့သည် ကျောင်းခြံစည်းရိုးအပြင်ဘက်တွင် အသံတိတ်ဆန္ဒပြနေသောလူအုပ်ကြီးကဲ့သို့ အုပ်စုလိုက် စုဝေးနေကြသည်။

“...သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ”

ကီကီသည် လက်ကိုင်ဘားကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တီးတိုးရေရွတ်လိုက်သည်။

“သူတို့ ဘာလို့ အထဲ မဝင်လာတာလဲ”

လင်းရှန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဒီကျောင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေသည်။

“...ဒါဆိုရင် ငါတို့ မှန်ကန်တဲ့ နေရာကို ရှာတွေ့ပြီ ဖြစ်နိုင်တယ်”

ဗြီးးးးးး—

လင်းရှန် သည် သူ၏ ဆိုင်ကယ်ကို ပင်မပညာရေးအဆောက်အအုံ၏ ဝင်ပေါက်အနီးတွင် ရပ်လိုက်သည်။ ထိုနေရာသည် ယိုယွင်းပျက်စီးနေသော အခြေအနေ တွင် ရှိသည်—စာအုပ်များနှင့် စာရွက်များ ဝင်း တစ်လျှောက် ပျံ့ကျဲနေပြီး စာမျက်နှာများသည် ညလေညင်းအောက်တွင် လွင့်နေသည်။

သူသည် အင်ဂျင်ကို ရပ်လိုက်ပြီး သူ၏ အနက်ရောင်လှံနှင့် လျှပ်စစ်ဓားကို ယူကာ ဆင်းလိုက်သည်။

ဒါက တကယ်ပဲ စမ်းသပ်မှုနေရာဆိုရင် ထွက်ပေါက်—ဒါမှမဟုတ် ပိုကောင်းသည်မှာ ထိန်းချုပ်စနစ်တစ်ခု ရှိရမည်။

ကီကီသည်လည်း ထိုနည်းအတိုင်း လုပ်ဆောင်ပြီး အက်ကွဲနေသော ကွန်ကရစ်ပေါ်သို့ တက်လိုက်သည်။

မဆိုင်းမတွပင် သူတို့နှစ်ဦးသည် ကျောင်းအဆောက်အအုံ ၏ ဝင်ပေါက်ဆီသို့ ပြေးဝင်သွားကြသည်။

တစ်ချိန်တည်းမှာပင်—

မီးထိန်ထိန်လင်းနေသော လေ့လာစောင့်ကြည့်ရေးအခန်းအတွင်းတွင် သုတေသီများစွာ ဖန်သားပြင်များကို စောင့်ကြည့် နေကြသည်။

၎င်းတို့ထဲမှ တစ်ဦး—အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး—ရုတ်တရက် ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိလိုက်သည်။

သူမ၏ မျက်နှာအမူအရာ ပြောင်းသွားသည်။

“...သတင်းပို့ပါသည်…F ဇုန်တွင် အမည်မသိကျုးကျော်သူများ ဝင်ရောက်လာသည်ကို တွေ့ရှိပါသည်”

လုံခြုံရေးအရာရှိတစ်ဦး မျက်မှောင်ကြုတ်လိုက်သည်။

“ဇီဝကမ္မ စကင်ဖတ်ခြင်း စတင်လိုက်”

“...အတည်ပြုသည်။ မှတ်ပုံမတင်ထားသော လူနှစ်ဦး။ စောင့်ကြည့်ရေးဒေတာကို ယခု အပ်လုဒ် လုပ်နေသည်”

အမျိုးသမီးသည် ရာထူးပိုမြင့်သော လုံခြုံရေးမှူး ဖုန်းချွမ်ဘက်သို့ လှည့်လိုက်သည်။

“အကြီးအကဲဖုန်း…စမ်းသပ်မှုနေရာမှာ လူစိမ်းနှစ်ယောက်ရှိနေတယ်။ စမ်းသပ်မှုကို ရပ်တန့်ရမလား”

ဖုန်းချွမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မိုဘိုင်းကိရိယာကို မြှောက်ကာ ကျူးကျော်သူများ၏ ထုတ်ယူထားသော ပုံရိပ်များကို စစ်ဆေးလိုက်သည်၊၊

အေးစက်သော သူ၏ နှုတ်ခမ်းများသည် တွန့်ကွေး သွားသည်။

“...ကံဆိုးတဲ့ ကြွက်နှစ်ကောင်ပဲ”

သူသည် သူ၏ အရေးမပါသော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

“သူတို့ သေသွားပါစေ။ သူတို့ တစ်နည်းနည်းနဲ့ အသက်ရှင်ခဲ့ရင် စက်ရုံ အမှတ် ၂ ကို ပို့လိုက်”

“နားလည်ပါပြီ”

ဘီပ်

လုံခြုံရေးအရာရှိက အမိန့်ကို လုပ်ဆောင်တော့မည့် အချိန်တွင်—

ဘီပ်—ဘီပ်—ဘီပ်

မိုဘိုင်းကိရိယာသည် အနီရောင်လင်းလာပြီး အဆင့်-တစ် သတိပေးချက်ကို ပြသနေသည်။

ဖုန်းချွမ်၏မျက်နှာ ထိတ်လန့်တုန်လှုပ်သွားသည်။

“...ဘယ်လို”

ဖန်သားပြင်တွင် ကျူးကျော်သူများထဲမှ တစ်ဦး၏ ကိုယ်ရေးအချက်အလက်များကို ပြသသည်—

လူငယ်တစ်ဦး…ယခု ကျောင်းအတွင်းသို့ ဦးဆောင်နေသူ။

【ဖော်ထုတ်ထားသော စောင့်ကြည့်ပုဂ္ဂိုလ်: လင်းရှန်】

【ဖောင်ဒေးရှင်း အမြင့်ဆုံး ဦးစားပေး စောင့်ကြည့်ပစ်မှတ်】

【ခွင့်ပြုချက်အဆင့်: တစ်】

“...အဆင့်-တစ် ပစ်မှတ်”

သူ၏ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားသည်။

“စမ်းသပ်မှုကို ရပ်လိုက်—အခုပဲ”

သူသည် အမိန့်ကိုတိုက်ရိုက်ပေးလိုက်သည်၊၊

“မစ္စဟွာကို ချက်ချင်း သတင်းပို့”

တစ်ချိန်တည်းမှာပင်—

ခပ်မှိန်မှိန်လင်းနေသော ဝင်ပေါက်လမ်း တစ်လျှောက်တွင် သိပ္ပံပညာရှင်များနှင့် လုံခြုံရေးဝန်ထမ်းတစ်စုသည် လုံခြုံသောစက်ရုံဆီသို့ အလျင်အမြန် သွားနေကြသည်။

သူတို့ကို ဟွာရှောင်လင်းက ဦးဆောင်နေသည်။

သူမသည် အလျင်အမြန် လျှောက်နေပြီး သူမ၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်နေသည်။

“မစ္စဟွာ”

လက်ထောက်တစ်ဦး သတင်းပို့သည်။

“အတည်ပြုပစ်မှတ် လင်းရှန်က ချင်းရွှေမြို့ စမ်းသပ်မှုနေရာကို ဝင်ရောက်လာတယ်—အဖော်တစ်ယောက်လည်းပါတယ်”

“...သူတို့ ဘယ်ကနေ ဝင်လာတာလဲ”

ဟွာရှောင်လင်း၏ အသံမှာ တည်ငြိမ်သော်လည်း ထက်ရှနေသည်။

“စက်ရုံအမှတ် ၂ ရဲ့ စမ်းသပ်မှုသစ်တောက…”

ဟွာရှောင်လင်း ရုတ်တရက် ရပ်တန့်သွားသည်။

“...ဘယ်လိုလုပ်ပြီးတော့”

သူမ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

“သူတို့ ဘယ်လိုလုပ် အဲဒီကနေ ဝင်လာတာလဲ”

သူမ၏ လက်ထောက်သည်လည်း အလားတူ ပဟေဠိ ဖြစ်နေပြီး ခေါင်းခါလိုက်သည်။

ဟွာရှောင်လင်း၏ မျက်နှာပေါ်တွင် ဒွိဟတစ်ခုဖြတ်သန်းသွားသည်။

“ကောင်းပြီ”

သူမ နောက်ဆုံးတွင် ပြောလိုက်သည်။

“သူတို့ကို ခေါ်လာသင့်သလား”

လက်ထောက်က သတိကြီးစွာ မေးလိုက်သည်။

…..

ထို့နောက် ဟွာရှောင်လင်းသည် ပြတ်သားစွာ ပြောလိုက်သည်။

“ကဏ္ဍခွဲခြားမှု စတင်လိုက်ပါ။ လင်းရှန်ကို သူ့အဖော်နဲ့ ခွဲထုတ်ဖို့ ကြိုးစားပါ”

သူမသည် စောင့်ကြည့်ရေးဖန်သားပြင်များဘက်သို့ လှမ်းကြည့်လိုက်သည်။

“ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ။ ငါတို့ သူ့ရဲ့ ယန္တရားစွမ်းရည်ကို လက်တွေ့ စမ်းသပ်သင့်တယ်”

လက်ထောက်က တွန့်ဆုတ်သွားသည်။

“ဒါဆို တခြားတစ်ယောက်ကရော...”

ဟွာရှောင်လင်း ဆက်လျှောက်သွားသည်။

“...ဂရုမစိုက်နဲ့”

“နားလည်ပါပြီ”

All Chapters