သေမင်းကစားပွဲ ၁
Vol. 16 Ch. 233
သူ့အတွက် ထိုရှုပ်ထွေးသော ယန္တရားတည်ဆောက်ပုံသည် ကုန်ကြမ်းပစ္စည်းများထက် မပိုပေ။ သံတိုသံစများကဲ့သို့ အလွယ်တကူ ဝါးမျိုပြီး ပြန်လည်အသုံးပြုနိုင်လေသည်။ ရထားတစ်စီးကို ဝါးမျိုခြင်းထက်ပင် ပိုလွယ်သေးသည်။
သူမ၏ မေးခွန်းကို ဖြေရန် စိတ်မဝင်စားပေ၊၊
ထိုအစား သူသည် တိုက်ရိုက်အချက်ဆီသို့ ရောက်သွားခဲ့သည်။
“ကောင်းပြီ။ ငါ မင်းတို့ စက်ရုံထဲ ကျုးကျော်ဝင်ရောက်ခဲ့တယ်။ မင်းတို့ ငါ့ကို ဒီ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ အခု ငါ့ကို ပြောစမ်းပါ -
မင်းတို့ ငါ့ဆီက ဘာလိုချင်တာလဲ”
မစ္စဟွာ၏ အပြုံးသည် တည်ငြိမ်နေဆဲ ဖြစ်သည်။
“ကျွန်မ ရှင့်ကို ပြောခဲ့ပြီးပြီ - ရှင်နဲ့ လက်တွဲလုပ်ချင်တယ်”
လင်းရှန်၏ အသံက ထက်ရှသွားသည်၊၊
“ငါ ငြင်းရင်ကော”
မစ္စဟွာသည် စင်္ကြံတစ်ခုဆီသို့ လက်ညှိုးထိုးလိုက်သည်။
“ရှင် မပူးပေါင်းချင်ရင် ထွက်သွားလို့ရတယ်။ ရှင့်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ကျွန်မတို့ ရည်ရွယ်ချက် မရှိပါဘူး”
ထို့နောက် သူမက လက်ဟန်ပြလိုက်သည်။
“ဒါမှမဟုတ်... ရှင် အချိန်ရမယ်ဆိုရင် ကျွန်မတို့ရဲ့ ဖောင်ဒေးရှင်းနဲ့ မိတ်ဆက်ပေးချင်တယ်”
လင်းရှန်နှင့် ကီကီတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ ဒီကို ရောက်နေပြီဖြစ်၍ လေ့လာခြင်းသည် ပို၍ကောင်းပေမည်။
ထို့ကြောင့် သူတို့သည် မစ္စဟွာနောက်သို့ လိုက်ကာ သုတေသနစက်ရုံထဲ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်။
မြေအောက်ထဲသို့ ခရီးစဉ်…
လင်းရှန်သည် ဤစက်ရုံ၏ အတိုင်းအတာကို လျှော့တွက်ခဲ့မိသည်။
မျက်နှာပြင်အဆင့် စမ်းသပ်နေရာများထက် ကျော်လွန်၍ စစ်မှန်သော သုတေသနစင်တာသည် မြေအောက်အနက်ထဲ၌ မြှုပ်နှံထားသည်။
ကီကီက ပို၍အနားကပ်ကာ တီးတိုးမေးလိုက်သည်၊၊
“သူတို့ ရှင့် တစ်ခုခု လုပ်ခဲ့သေးလား”
လင်းရှန်က ခေါင်းယမ်းပြလိုက်သည်။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ၎င်းတို့၏ သုတေသန၏ သဘောသဘာဝ ဖြစ်သည်။
တစ်နည်းနည်းဖြင့်...
ထူးဆန်းသော အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည်။
“ဒီနေရာက ဘာလို့ အပြင်ကနေ မမြင်ရတာလဲ”
လင်းရှန်က မေးလိုက်သည်။
မစ္စဟွာက ရှင်းပြသည်၊၊
“ကျွန်မတတို့ စက်ရုံကို ကောင်းကင်ခုံးအောက်မှာ ဖုံးကွယ်ထားတယ်။ အဲဒီတည်ဆောက်ပုံမှာ အပြင်ဘက် ရောင်ပြန်မျက်နှာပြင်တစ်ခု ပါရှိတယ်။ အလင်းရောင် ထိုးပြစနစ်က ပတ်ဝန်းကျင်ရဲ့ ထင်ယောင်ထင်မှားအရိပ်ကို ပြသနေပြီး ကျွန်မတို့ကို မမြင်ရအောင် လုပ်ထားတာပါ”
ကီကီ၏ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ဒါဆို အပြင်ဘက်ကနေဆိုရင် - ဒီနေရာတစ်ခုလုံး အမှန်တကယ်မဟုတ်ဘူးပေါ့”
လင်းရှန် မျက်လုံးများကျဉ်းသွားသည်။
“ဒီစက်ရုံ... ဒါ မကြာသေးခင်ကမှ ဆောက်ထားတာ မဟုတ်ဘူးလား၊၊ ကမ္ဘာပျက်ကပ်နေ့မတိုင်ခင်ကတည်းက ဒီမှာ ရှိနေတာလား”
မစ္စဟွာ၏ အသံသည် တည်ငြိမ်သည်။
“ဒီစက်ရုံဟာ မူလက မဟာကပ်ဆိုးကြီးမတိုင်ခင်ကတည်းက တည်ဆောက်ခဲ့တဲ့ လျှို့ဝှက်အပြည်ပြည်ဆိုင်ရာ ဇီဝလက်နက် သုတေသနအခြေစိုက်စခန်းတစ်ခု ဖြစ်တယ်”
သူမသည် လင်းရှန်ဘက်သို့ လှည့်လိုက်သည်။
“ရှင် ပိုကြာကြာ နေချင်တယ်ဆိုရင် ရှင်လိုအပ်တဲ့ အရင်းအမြစ် ဒါမှမဟုတ် အထောက်အပံ့ကို ကျွန်မတို့ ပေးနိုင်ပါတယ်”
“ဘာဖြစ်လို့လဲဆိုတော့ မကြာခင် - ရှင်က တွင်းနက်ကို ဖြတ်ကျော်ရတော့မှာမို့လို့ပဲ”
သေမင်းဂိမ်း စတင်ခြင်း…
လင်းရှန်တို့သည် အလုံပိတ်မှန်အခန်းတစ်ခုထဲသို့ ရောက်သွားကြသည်၊၊
ထိုမှန်၏ အခြားတစ်ဖက်တွင်…
တိုးညင်းသောအသံတစ်ခု ထွက်ပေါ်လာပြီး အခန်းများအကြားရှိ မှန်နံရံများသည် ချက်ချင်း မြင်သာသွားသည်။
အထဲရှိလူတိုင်းသည် အံ့အားသင့်သွားကြပြီး သူတို့၏ မျက်နှာများသည် ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကာ သူတို့၏ အဖော်များကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ လက်များပေါ်ရှိ သံကြိုးများက ချွင်ချွင်မြည်နေကာ အမျိုးသမီးတစ်ဦး၏ စူးရှသောအော်သဲတစ်ခုထွက်ပေါ်လာသည်။
“အား”
“ငါ့ကို လွှတ်ပေး”
အမျိုးသားတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ချောင်မင် ချောင်မင်”
အခြားသူများက သူတို့ ဒီကို ဘာလို့ ရောက်လာရတာလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားနေစဥ် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးက ရင်းနှီးသူတစ်ဦးကို ရုတ်တရက် မှတ်မိလိုက်သည်။ သူသည် ညာဘက်ရှိ တတိယအခန်းဘက်သို့ အော်ဟစ်လိုက်သည်။
“ဟင် ဟန်နီ”
ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ဦးသည် ချက်ချင်း တုံ့ပြန်ခဲ့ရာ သူမ၏ အသံသည် အရေးတကြီး လိုအပ်မှုဖြင့် ပြည့်နှက်နေသည်။
ဤနှစ်ဦးသည် လင်မယား ဖြစ်သည်။
“ဖာ့ခ်… ဒီနေရာ ဘယ်နေရာလဲ”
အခန်း ၂ တွင် သန့်ရှင်းသောအဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ထူးဆန်းသော အခြေအနေသည် လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ကလစ်—
ခေါင်းပေါ်ရှိ မီးကြီးတစ်လုံး ရုတ်တရက် လင်းလာပြီး ထူးဆန်းသော ဆူညံသံသည် အခန်းတွင်းရှိ လူတိုင်းကို ချက်ချင်း တိတ်ဆိတ်စေခဲ့သည်။
ရှေ့သို့ ကြည့်လိုက်ရာ မှန်နံရံနောက်ကွယ်တွင် ကြီးမားသော ခန်းမတစ်ခု ရှိသည်ကို မြင်တွေ့လိုက်ရသည်။ ကြမ်းပြင်မရှိဘဲ အောက်ဘက်တွင် အောက်ခြေမသိသော တွင်းနက် တစ်ခုသာ ရှိသည်။
ထိုအခိုက်အတန့်တွင် လေဟာနယ်ထဲ၌ ကြီးမားသော အနီရောင်ခေါင်းတစ်ခုသည် ဖြည်းဖြည်းချင်း ဆင်းသက်လာသည်နှင့်အမျှ တဖျတ်ဖျတ်လင်းနေသည်။ ဦးခေါင်းသည် ထူးဆန်းသော ဦးထုပ်နက်ကို ဝတ်ဆင်ထားပြီး ဟိုလိုဂရမ် ရုပ်ပုံ တစ်မျိုးနှင့် တူနေသည်။
တစ်ချိန်တည်းမှာပင် နက်ရှိုင်းသော၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဆန်သောအသံတစ်ခုသည် အခန်းတစ်လျှောက် ပဲ့တင်ထပ်လာခဲ့သည်-
“မင်္ဂလာပါ”
“ဒီည စက်ရုံအမှတ် ၂ အတွက် အထူးစမ်းသပ်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရတဲ့ လူကြီးမင်းတို့ အားလုံးကို အသိပေးရတာ ဂုဏ်ယူမိပါတယ်။ လူကြီးမင်းတို့ရဲ့ လက်ရှိ အခက်အခဲကို သတိထားမိပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ လူကြီးမင်းတို့ အားလုံးနဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်။ ကျွန်တော့်ကို မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော်က ‘The Hatter’၊ ဒီဂိမ်းရဲ့ အိမ်ရှင်ပါ”
သူတို့ရှေ့မှ မြင်ကွင်းသည် အမှန်တကယ် ထူးဆန်းနေသည်။ ကြီးမားသော အနီရောင်ခေါင်းတစ်ခုသည် လေထဲတွင် ဝဲပျံနေပြီး လူတိုင်း၏ ကျောရိုးကို အေးစက်စေသည်။
အခန်း ၂ မှ သက်လတ်ပိုင်း အမျိုးသားသည် စိတ်မရှည်သူဖြစ်ဟန် ရသည်။ အခြေအနေကို သိရှိသွားပြီး သူသည် စိတ်ဆိုးဒေါသထွက်စွာဖြင့် စားပွဲကို ချက်ချင်း ရိုက်ချလိုက်သည်။
“မရဘူး..ငါမပါချင်ဘူး…ငါ့ကို ထွက်ခွင့်ပေး…ငါ ထွက်မယ်…ငါ ထွက်မယ်”
ဘဇ်ဇ်
စွမ်းအင်မြင့် လျှပ်စစ်စီးကြောင်းတစ်ခု ရုတ်တရက် မြည်ဟည်းလာပြီးနောက် စူးရှသော အော်သံ ထွက်ပေါ်လာခဲ့သည်။
“အာ...အားးးးး”
အလယ်အလတ်အရွယ် အမျိုးသား၏ လက်ကောက်ဝတ်ပေါ်ရှိ သံကြိုးများသည် ပြင်းထန်သော လျှပ်စစ်စီးကြောင်းကို ထုတ်လွှတ်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ သူ၏ ကြွက်သားများ တင်းမာသွားပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။
ဝုန်းးး
အခန်း ၆ တွင် လူငယ်တစ်ဦး၏ ဘေးရှိ ထိပ်ပြောင်၍ အဝလွန်သော အမျိုးသားတစ်ဦးသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ၏ လက်များသည် မီးခိုးရောင်သို့ ပြောင်းလဲသွားပြီး ကျောက်သားတစ်ခုအလားပြောင်းလဲသွားကာ သံကြိုးများမှ လွတ်မြောက်ရန် ကြိုးစားရင်း ပြင်းထန်စွာ ဆွဲဖြဲလိုက်သည်။
လင်းရှန်နှင့် ကီကီတို့၏ မျက်နှာအမူအရာများ ထက်ရှသွားသည်။ ဤသူသည် စွမ်းအားရှင်တစ်ဦး ဖြစ်သည်။
လူတိုင်းက သူသည် နူးညံ့သိမ်မွေ့ပုံရသည့် သံကြိုးများကို အလွယ်တကူ ဖြတ်ပစ်လိမ့်မည်ဟု ထင်နေစဥ် သူသည် သက်လတ်ပိုင်းအမျိုးသား၏ ကံကြမ္မာအတိုင်းပင် ကြုံတွေ့ခဲ့ရသည်။
ခွေလိမ်နေသော မြွေကဲ့သို့ပင် သံကြိုးများသည် ပြင်းထန်စွာ တင်းကျပ်လာပြီး သူ၏ ကျောက်သားကဲ့သို့ အရေပြားကို တစ်လက်မချင်းစီ ညှစ်ဖျစ်လိုက်သည်။
ဗြစ်..
သူ၏ အသားများ ပေါက်ထွက်လာပြီး သွေးများ ပန်းထွက်လာကာ စူးရှသော အော်သံတစ်ခုသည် အခန်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။
“အားးးး”
တစ်ချိန်တည်းမှာပင် ကြီးမားသော အနီရောင်ခေါင်းသည် ပုံပျက်ပန်းပျက်အပြုံးတစ်ခုဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
လူတိုင်းသည် လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့၏ လက်ကောက်ဝတ်ပေါ်ရှိ သံကြိုးများကို ငုံ့ကြည့်လိုက်သောအခါ ကြောက်ရွံ့မှုခံစားချက်တစ်ခုသည် ပျံ့နှံ့လာခဲ့သည်။
“ရုန်းကန်မနေကြနဲ့…ဒီပစ္စည်းတွေက ထောင်ချောက်တွေအဖြစ် ကြံစည်ထားတာပဲ”
အခန်း ၄ မှ အသံ ထွက်ပေါ်လာသည်။ ထိုနေရာတွင် စုတ်ပြတ်သတ်နေသော အားနည်းသော လူငယ်တစ်ဦးက ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ ကွဲအက်နေသော နှုတ်ခမ်းများသည် ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်မှုကို ဖော်ပြနေသည်။
အသစ်တွေ့ရှိသည့် တိတ်ဆိတ်မှုကို ကျေနပ်သွားသည့်ဟန်ဖြင့် အနီရောင်ခေါင်းသည် ဆက်လက် ပြောကြားခဲ့သည်။
“လူကြီးမင်းတို့ အဆင်သင့်ဖြစ်ရင် ဂိမ်းစတင်နိုင်ပါပြီ”
ထိုစကားလုံးများကြောင့် ချက်ချင်းပင် ရှုပ်ထွေးမှုများ ပေါ်လာခဲ့သည်။
“ဂိမ်း...ဘယ်လို ဂိမ်းမျိုးလဲ”
“မင်းတို့ ငါတို့ဆီက ဘာလိုချင်တာလဲ”
“ဒီနေရာက ဘယ်နေရာလဲ…ဓာတ်ခွဲခန်းတစ်မျိုးလား