ဂိမ်း-ယုံကြည်ခြင်းဓားသွား ၂
Vol. 16 Ch. 238
သူတို့နှစ်ဦးသည် ချက်ချင်း တစ်ယောက်ကို တစ်ယောက် နားလည်သွားကြသည်။
လူခြောက်ဦးထဲတွင် အချင်းချင်း ယုံကြည်နိုင်သေးသူ ရှိသည်ဆိုပါက သူတို့ နှစ်ဦးသာ ဖြစ်သည်။
ချောင်မင် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမ စကားပြောချင်သော်လည်း သတ္တိမရှိပေ။
သူမ ဓားထိုးခံရမည်ကို ကြောက်ရွံ့နေသည်။
သို့သော် သူမသည် ထောက်ပံ့ရေးပစ္စည်း ၂ သန်းနှင့် လွတ်လပ်ခွင့်ကို စဉ်းစားလိုက်သောအခါ လောဘစိတ်များ ပြည့်နှက်သွားခဲ့သည်။ ဤသည်မှာ သူမနှင့် သူမ၏ယောကျ်ား လွတ်မြောက်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်သည်။
သူမကဲ့သို့ သတိကြီးသူပင်လျှင် ဤဂိမ်းသည် သူမနှင့် ဟန်တုံအတွက်သာ သင့်လျော်ကြောင်း သိရှိလေသည်။
ဟန်တုံသည်လည်း သူမ၏ အတွေးများကို ဖောက်မြင်ခဲ့သည်။ သူ၏ မျက်နှာ ဖြူဖျော့သွားပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် အံကြိတ်ကာ သဘောတူသော အကြည့်ဖြင့် ကြည့်လိုက်သည်၊၊
သူတို့ ဒီအခွင့်အရေးကို လွဲချော်ခဲ့ပါက ထာဝရနောင်တရသွားနိုင်သည်။
လင်းရှန်သည် အစွန်ဆုံး ဘယ်ဘက်ရှိ ဇနီးမောင်နှံကို ကြည့်လိုက်ပြီး ဘာဖြစ်နေသည်ကို ခန့်မှန်းမိသွားသည်။
ဒီဂိမ်းက ထိုဇနီးမောင်နှံအတွက် အံဝင်ခွင်ကျ ဖန်တီးထားပုံရသည်။
သူတို့ မပါဝင်ပါက အခြားသူများ ပါဝင်မည် မဟုတ်ပေ။ ဘယ်သူက သူစိမ်းတစ်ဦးကို ဓားပေးမှာလဲ...
ရယ်စရာပင်...
အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း တိတ်ဆိတ်သွားကြသည်။ ဤဂိမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် လိုအပ်သည် မဟုတ်ပေ။ မိနစ် ၃၀ ရေတွက်ချိန် ဖြည်းဖြည်းချင်း အဆုံးသတ်သို့ ချဉ်းကပ်လာသည်ကို စောင့်ကြည့်ရင်း ဟန်တုံသည် အေးစက်သောချွေးများ စိုရွှဲနေပြီး အံကြိတ်ကာ သူ၏ လက်ကို မြှောက်လိုက်သည်။
“ငါ ပါဝင်မယ်”
“ကျွန်မ... ကျွန်မလည်း ပါမယ်”
ဟန်တုံ လက်မြှောက်သည်ကို မြင်သောအခါ ချောင်မင်သည် အလွန်အမင်း သူမ၏ လက်ကို မြှောက်လိုက်ပြီး အခြားတစ်စုံတစ်ဦးက အခွင့်အရေးကို ရယူသွားမည်ကို ကြောက်ရွံ့နေဟန် ရသည်။
“အရမ်းကို ကောင်းတယ်...ဒီည ဒုတိယအချီ ဂိမ်းအတွက် ပါဝင်သူတွေကို ငါတို့ ရရှိပါပြီ”
အနီရောင်ခေါင်းသည် ဖြည်းဖြည်းချင်း လှည့်လာပြီး သူတို့နှစ်ဦးကို မျက်နှာမူကာ ထူးဆန်းစွာ ပြုံးလိုက်သည်။
“ကံကောင်းပါစေ”
ကျန်ရှိသော လူလေးဦး၏ မျက်နှာများ မှောင်မိုက်နေကာ ဇနီးမောင်နှံကို တိတ်ဆိတ်စွာစိုက်ကြည့်နေကြသည်။ လေထုသည် တင်းမာမှုဖြင့် ထူထပ်နေသည်။ သူတို့ ရလဒ်ကို စောင့်ဆိုင်းခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
ကျီ...
အခန်း ၁ နှင့် ၃ ၏ ဖန်တံခါးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ဟန်တုံနှင့် ချောင်မင်တို့၏ သံကြိုးများ အလိုအလျောက် ပွင့်သွားခဲ့သည်။ သူတို့နှစ်ဦးသည် ကြောက်ရွံ့စွာ ထွက်လာခဲ့ကြသည်။
ပထမအချီနှင့် မတူဘဲ ကျန်ရှိသော အခန်းများကို အသံလုံခြင်း သို့မဟုတ် အမြင်အာရုံ အတားအဆီးဖြင့် ခွဲထုတ်ထားခြင်း မရှိပေ။
“ဒါ ဘာလဲ...ဒီတစ်ခါ ငါတို့ ဆက်သွယ်လို့ ရတာလား”
ဝမ်အန်းကျန့်က တည်ငြိမ်စွာ ပတ်ပတ်လည် ကြည့်ရင်း ပြောလိုက်သည်။
တန်မင် တုန်ယင်နေပြီး ရှေ့မှ အခန်းများကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
“ငါတို့ ရှင်သန်ချင်ရင်... သူတို့ သေဖို့ပဲ ဆုတောင်းနိုင်မယ် ထင်တယ်”
သူမ ဒီလိုပြောလိုက်သောအခါ ဖန်းရှောက်နန်နှင့် ချန်ကျားတို့သည် ရှုပ်ထွေးသော မျက်နှာအမူအရာများ ဖြစ်လာကြသည်။
“သူတို့က လင်မယားပဲ၊၊ သူတို့ လက် ဒါမှမဟုတ် ခြေထောက်တွေကိုပဲ ရွေးချယ်ရင် သူတို့... မသေသင့်ဘူး၊ မဟုတ်လား”
ဖန်းရှောက်နန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ထိပ်ပြောင်၍ ဝသော ဝမ်အန်းကျန့်က ရေရွတ်လိုက်သည်၊
“သူတို့ ဓားထိုးခံရတာတောင် မသေရင် ငါ သူတို့ကို လေးစားရလိမ့်မယ်”
သူ၏ မျက်လုံးများ လောင်ကျွမ်းနေပြီး ရှေ့မှ အခန်းများကို စိုက်ကြည့်နေသည်။
“ခြေထောက်ဖြစ်ဖြစ် လက်ဖြစ်ဖြစ် တစ်ချက်ထိုးရင်တောင် ပြင်းထန်တဲ့ ဒဏ်ရာ ဖြစ်စေမှာပဲ။ ဒါက အဲဒီလောက် မရိုးရှင်းဘူး”
သူ ပြောတာ မှန်ပေသည်။ လူသားများ၏ ခြေထောက်များတွင် အဓိကသွေးလွှတ်ကြောများ ရှိသည်။ သွေးထွက်လွန်ရင် ကမ္ဘာပျက်ကပ်နောက်ပိုင်း ကမ္ဘာမှာ ဆေးဘက်ဆိုင်ရာ အကူအညီမရှိရင် သူတို့သည် သာမန်လူများဖြစ်ပြီး စွမ်းအားရှင် မဟုတ်ရင် သေဆုံးဖို့ အလွန်ဖြစ်နိုင်ချေရှိသည်။
မကြာမီ ခန်းမကြီးရှိ မီးများ တဖျတ်ဖျတ် လင်းလာခဲ့သည်။ ဟန်တုံနှင့် ချောင်မင်တို့သည် လူသားပုံသဏ္ဌာန် သံချပ်ကာဝတ်စုံထဲတွင် သော့ခတ်ခံထားရသည်။ သူတို့သည် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“မိန်းမ၊ ငါတို့ နိုင်ရမယ်”
“ယောက်ျား၊ ကျွန်မ ကြောက်တယ်”
ချောင်မင်၏ အသံ တုန်ယင်နေပြီး ကြောက်ရွံ့ခြင်းအော်ရာက သူမကို လုံးဝဖုံးလွှမ်းနေသည်။
“မိန်းမ၊ ကိုယ် မင်းကို ချစ်တယ်။ ကိုယ့်ကို ယုံပါ၊ ကိုယ် မင်းကို ကာကွယ်မယ်”
သူတို့ အချင်းချင်း အားပေးရန်သာ တတ်နိုင်သည်။
အစောပိုင်းက သတ္တိရှိခဲ့သော ဟန်တုံသည် အံကြိတ်ကာ သူ၏ နှုတ်ခမ်းများ ဖြူဖျော့သွားခဲ့သည်။
အနီရောင်ခေါင်းသည် သူတို့ကို စောင်းငဲ့ ကြည့်လိုက်သည်။
“အခု၊ ဂိမ်း စတင်ပါပြီ။ ဘယ်သူ အရင် ရွေးချယ်မလဲ”
“သူမ...သူမကို အရင် ရွေးချယ်ခိုင်းလိုက်ပါ”
ဟန်တုံ တံတွေးမျိုချလိုက်သည်။ သူမကို အရင် ရွေးချယ်ခိုင်းခြင်းသည် သူ ပထမဆုံး ဓားထိုးခံရမည်ကို ဆိုလိုသော်လည်း သူ၏ ဇနီးကို မည်သူက ဓားနှင့် အရင်ထိုးနိုင်မည်နည်း၊၊
ချောင်မင်သည် တုန်ယင်စွာ ခေါင်းညိတ်ပြီး ဟန်တုံကို ကျေးဇူးတင်လိုက်သည်။
“ကောင်းပြီ... ယောက်ျား”
ကုန်းကုန်းကွကွ အနက်ရောင်ဝတ်စုံ ဝတ်ထားသော ဓားကိုင်သည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
“ရွေးချယ်ပါ။ ဘယ် နံပါတ်လဲ”
အသံသည် ခြောက်သွေ့သော လည်ချောင်းမှ သဲများ ပွတ်တိုက်သကဲ့သို့ ဖြစ်နေပြီး ကြားရသူများကို ထိတ်လန့်စေသည်။
ချောင်မင်၏ မျက်နှာဖြူဖျော့သွားပြီး သူမ၏ မျက်လုံးများ ရုန်းကန်မှုနှင့် တုံ့ဆိုင်းမှုဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့ သွေးထွက်သံယို ရွေးချယ်မှုမျိုးကို သူမ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။ ၎င်းသည် သူမအတွက် ကြီးမားသော စမ်းသပ်မှု ဖြစ်သည်။
ဟန်တုံက ဤအရာကို မြင်သောအခါ အံကြိတ်ပြီး အလျင်အမြန် ပြောလိုက်သည်၊၊
“ငါ့ကို ထိုးလိုက်ပါ။ ရပါတယ်၊ ငါတို့ အမြဲတမ်း ကံကောင်းခဲ့တာပဲ။ မိန်းမ၊ မှတ်မိလား၊ ငါတို့ ပြိုကျနေတဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတုန်းကတောင် ထွက်ပြေးဖို့ အပေါက်တစ်ခု ရှာတွေ့ခဲ့တာကို မှတ်မိလား”
“ပြီးတော့ ငါတို့ ဖုတ်ကောင်တွေနဲ့ ကြုံတွေ့ခဲ့ရတုန်းကရော...ငါတို့ ရှင်သန်ခဲ့တာ မဟုတ်ဘူးလား”
“စိန်ခေါ်မှု ဘယ်လောက်ပဲ ကြီးပါစေ၊ ငါတို့ လက်တွဲထားသရွေ့ ငါတို့ကို အနိုင်ယူလို့ မရဘူး”
ချောင်မင်သည် သူ၏ စကားလုံးများကြောင့် အားတက်လာပြီး သူမ၏ တည်ငြိမ်မှုအချို့ကို ပြန်လည် ရရှိခဲ့သည်။ သူမသည် ဟန်တုံ၏ သံချပ်ကာဝတ်စုံကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး တုန်ယင်စွာ ပြောလိုက်သည်၊၊
“၆... ကျွန်မ နံပါတ် ၆ ကို ရွေးတယ်...”
နံပါတ် ၆ သည် ဟန်တုံ၏ ညာဘက်ခြေထောက်ဖြစ်ပြီး နံပါတ်တပ်ထားသော အပေါက်များထဲတွင် အနိမ့်ဆုံးနေရာဖြစ်သည်။
ဤရွေးချယ်မှုကို အခြားသူများလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဤသည်မှာ အလုံခြုံဆုံးနေရာ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးသားများ တင်းကျပ်သွားခဲ့သည်။
အနက်ရောင်ဓားကိုင်သည် ဟန်တုံ၏ နေရာသို့ လျှောက်လာပြီး ဓား ၉ လက်ပါသည့် စင်မှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ဟန်တုံသည် မကြုံစဖူးသော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။ သူ၏ နှလုံးခုန်သံသည် သူ၏ နားတွင် ကျယ်လောင်စွာ မြည်နေပြီး သူ၏ မျက်နှာ ဖြူဖျော့သွားကာ အေးစက်သော ချွေးများ စီးကျနေသည်၊၊
ဓားကိုင်သည် ဓားကို မြှောက်လိုက်ပြီး နံပါတ် ၆ အမှတ်အသားရှိသော အပေါက်ကို ချိန်ထားလိုက်သည်၊၊ ဓားသည် အေးစက်သော အလင်းဖြင့် တောက်ပနေသည်။
ထို့နောက် လျင်မြန်သော လှုပ်ရှားမှုဖြင့် ဓားကို ထိုးသွင်းလိုက်သည်၊၊