ဂိမ်း-ယုံကြည်ခြင်းဓားသွား ၃
Vol. 16 Ch. 239
ချက်ချင်းပင် ဟန်တုံသည် သူ၏ နှလုံးခုန်သံ ရပ်တန့်သွားသည်ကို ခံစားလိုက်ရပြီး အံကြိတ်ထားခြင်းကြောင့် သူ၏ သွားများပင် ကျိုးလုနီးပါး ဖြစ်နေသည်။
သို့သော် ပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်၊၊
၎င်းသည် သတ္တုခြင်း ထိတွေ့သည့် အသံဖြစ်ပြီး ဟန်တုံ၏ နှလုံးသားထဲတွင် ကောင်းကင်ဘုံတေးဂီတသံကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမှာ ထိုအသံသည် အပေါက်က အတုဖြစ်ပြီး ဓားမဖောက်နိုင်ဘူးဟု ဆိုလိုသောကြောင့် ဖြစ်သည်၊၊
“အတုပဲ...အတုပဲ”
ဟန်တုံသည် သက်ပြင်းချလိုက်ပြီး ထိုစက္ကန့်အနည်းငယ်သည် သူ၏ ကျောတစ်ခုလုံး ချွေးစိုသွားခဲ့သည်။
ချောင်မင်သည် ထိုမြင်ကွင်းကို ဝမ်းမြောက်ဝမ်းသာ ကြည့်လိုက်ပြီး ခဏအကြာတွင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊၊
“ကောင်းတယ်...တော်သေးတာပေါ့...ယောက်ျား၊ ရှင် အဆင်ပြေရဲ့လား”
ဟန်တုံသည် သေဘေးမှ လွတ်မြောက်လာခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံ ဓားကိုင်သည် သူ၏ ရှေ့တွင် ဆက်လက် ရပ်နေပြီး သူ၏ အသံ အေးစက်နေကာ ပြောလိုက်သည်၊၊
“အခု ရွေးချယ်ဖို့က မင်းအလှည့်ပဲ”
“သူမရဲ့ ဘယ်အစိတ်အပိုင်းကို ရွေးချယ်မလဲ”
ဟန်တုံသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ အနက်ရောင်ဝတ်စုံ ဓားကိုင်ကို ပြတ်သားသော စိတ်ဓာတ်ဖြင့် မော့ကြည့်လိုက်သည်။
“ငါက ငါ့မိန်းမကို ဘယ်လိုလုပ် ဓားထိုးနိုင်မှာလဲ...ဒီတစ်ခါ ငါက နံပါတ် ၇ ကို ရွေးချယ်တယ်”
ဤအခိုက်အတန့်တွင် ချောင်မင်က အလျင်အမြန် ဝင်ပြောလိုက်သည်၊၊
“ကျွန်မ... ကျွန်မ သိပါတယ်... ဒါပေမဲ့ ကျွန်မက မိန်းမတစ်ယောက်ပဲ။ ဓားက ကျွန်မရဲ့ ခြေထောက်ကို ထိုးရင်တောင် ကျွန်မ သေနိုင်တယ် မဟုတ်လား...ရှင်က ယောက်ျားတစ်ယောက်ပါ။ ရှင်က ကျွန်မထက် ပိုကြာကြာ ခံနိုင်မှာ သေချာပါတယ်...”
ဤစကားကို ကြားသောအခါ ဟန်တုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ နှလုံးသားထဲတွင် အေးစက်သွားခဲ့သည်။ မျက်ရည်များ စီးကျနေသော ချောင်မင်၏ မျက်နှာကို ကြည့်လိုက်သောအခါ သူချစ်သော အမျိုးသမီးသည် ထူးဆန်းစွာ သူစိမ်းဆန်နေသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူမကို မယုံနိုင်စွာ စိုက်ကြည့်နေစဥ် အနက်ရောင်ဓားကိုင်က သူတို့၏ အငြင်းပွားမှုကို လျစ်လျူရှုပြီး တောက်ပသော ဓားတစ်ချောင်းကို ကောက်ယူကာ သူတို့ဆီသို့ လျှောက်လာသည်ကို သူ သတိမပြုမိခဲ့ပေ။
“စောင့်...စောင့်ပါဦး”
ဟန်တုံ သတိပြန်ဝင်လာပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
သို့သော် အနက်ရောင်ဝတ်စုံ ဓားသမားက သူ့ကို ဂရုမစိုက်ဘဲ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်၊၊
နံပတ် နှစ်...
ချလန်~
ဓားက ဗလာကို ထိမှန်သည့် ပြတ်သားသောအသံသည် ဟန်တုံ၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။ ဓားမဖောက်နိုင်သည်ကို ကြည့်ရင်း သူ၏ စိတ်သည် စက္ကန့်အနည်းငယ်ကြာ လစ်ဟာသွားပြီး သူ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ရှိနေခဲ့သည်။ သူ၏ ဆုံးဖြတ်ချက် အချို့သည် ရုတ်တရက် မသေချာဖြစ်သွားခဲ့သကဲ့သို့ပင်။
“ကောင်းတယ်...ယောက်ျား၊အရမ်းကောင်းတယ်”
ချောင်မင်သည် ပျော်ရွှင်မှုဖြင့် တောက်ပသော မျက်နှာဖြင့် အားပေးလိုက်သည်။
“ရှင် အဆင်ပြေတယ်...ဒါ အံ့ဩစရာပဲ”
ဟောဟဲ...ဟောဟဲ...
ဟူး...
အနက်ရောင်ဓားကိုင်သည် ဟန်တုံ၏ ရှေ့တွင် ရပ်နေသည်။ သူသည် ငရဲက ပြန်လာသလို ကြောက်ရွံ့မှုမှ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်၊၊ သူ၏ ခေါင်းကို ငုံ့ထားပြီး ချွေးများက သူ၏ နဖူးကို စိုစွတ်နေပြီဖြစ်သည်။ သူ၏ မျက်မှန်သည် ရေငွေ့များဖုံးနေသည်။ သူသည် လေကို မောဟိုက်စွာ ရှူသွင်းနေပြီး သူ၏ မျက်နှာသည် မုန်တိုင်းတိမ်များကဲ့သို့ မှောင်မိုက်နေသည်။
“အခု မင်း ရွေးချယ်ဖို့ အလှည့်ပဲ”
ဓားကိုင်က ပြောလိုက်သည်။
တိတ်ဆိတ်ခြင်း...
အကြာကြီး ရပ်နားပြီးနောက် ဟန်တုံသည် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ခေါင်းကို မမော့ပဲ သူ၏ ဆံပင်များက မျက်လုံးများကို ဖုံးကွယ်နေသည်။
“ငါ သူမရဲ့ နံပတ်ခြောက်ကို ရွေးတယ်”
“နေပါဦး”
ချောင်မင်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သူမက အော်သည်၊၊
“ဟန်တုံ၊ ရှင် ကျွန်မကို ကာကွယ်မယ် မဟုတ်ဘူးလား”
အနက်ရောင်ဓားကိုင်က သူမဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်ကို မြင်သောအခါ ချောင်မင်၏ ကြောက်ရွံ့မှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး သူမသည် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟန်တုံသည် ဖြည်းဖြည်းချင်း သူ၏ ခေါင်းကို မော့လိုက်သည်။ ရေငွေ့ဖုံးနေသော မျက်မှန်များကြားမှ သူ၏ ထိတ်လန့်နေသော မျက်လုံးများသည် သူမ၏ မျက်လုံးများနှင့် ဆုံတွေ့ပြီး သူသည် တုန်ယင်စွာ ပြောလိုက်သည်၊၊
“မ... မင်းကို ငါ ကာကွယ်ပြီးပြီ မဟုတ်ဘူးလား”
“ရပ်...ရပ်...မလုပ်နဲ့”
ချောင်မင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
ဓားကိုင်၏ ဓားသွားက သူမကိုယ်ပေါ်မှ သံချပ်ကာအပေါက်နံပတ် ၆ကို ထိုးဖောက်လိုက်သည်၊၊
ဝှစ်
ဓားသည် သူမ၏ နံပါတ် ၆ နေရာ၊ ခြေထောက်ပေါ်ရှိ နေရာကို ထိုးဖောက်လိုက်သည်။
“အား...”
ချောင်မင်သည် စူးရှစွာ အော်လိုက်ပြီး အလွန်အမင်း နာကျင်မှုက သူမ၏ ထိတ်လန့်မှုကို အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေပြီး နာကျင်စွာ ရုန်းကန်ရင်း အော်ဟစ်လိုက်သည်၊၊
“ဟန်တုံ၊ ရှင် ခွေး$$$”
“ငါ နံပတ်သုံးကို ရွေးတယ်”
အနက်ရောင်ဓားကိုင်၏ အမေးကို မစောင့်ဘဲ ချောင်မင်သည် နာကျင်မှုကြားမှ အံကြိတ်ပြီး အော်ဟစ်လိုက်သည်။
သူမ၏ စကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြသည်။
သူမသည် ပခုံးပေါ်ရှိ ကျန်ရှိသော နေရာ ၁ ကိုပင် မရွေးချယ်ဘဲ ဝမ်းဗိုက်ပေါ်ရှိ နေရာ ၃ ကို တိုက်ရိုက် ရွေးချယ်ခဲ့သည်။
သူမသည် ဤနာကျင်မှုကြောင့် ရူးသွပ်သွားခဲ့ပြီလား...
ထိုမြင်ကွင်းသည် မည်သူမျှ မမျှော်လင့်ထားသည့် ပုံစံဖြင့် ပေါ်ပေါက်လာခဲ့သည်။ လွန်ခဲ့သော အခိုက်အတန့်လေးက အချင်းချင်း ယုံကြည်ခဲ့ကြသော လူနှစ်ဦးသည် ယခုအခါ သူစိမ်းများကဲ့သို့ ဖြစ်နေသည်။
လင်းရှန်သည် အခန်းကို သေချာအကဲခတ်လိုက်ရာ အခြားသူများ၏ မျက်နှာအမူအရာများ မည်းမှောင်နေသည်ကို တွေ့ရသည်။ ဤဂိမ်းသည် ပထမအချီထက်ပင် ပိုမိုဆိုးရွားနေသည်။ လူတို့၏ မူလဗီဇ ရှင်သန်ချင်စိတ်ဗီဇမှတစ်ဆင့် ယုံကြည်မှုကို လုံးဝ ချိုးဖျက်နေခြင်း ဖြစ်သည်။
အခန်းထဲတွင် ဟန်တုံ၏ မျက်လုံးများ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် အနက်ရောင်ဓားကိုင်က သူ့ဆီသို့ လျှောက်လာနေသည်...ထို့နောက် လက်ကို မြှောက်လိုက်သည်၊ ဓားကို ထိုးသွင်းလိုက်သည်ကို စောင့်ကြည့်နေသည်။
ဟန်တုံသည် သူ၏ မျက်လုံးများကို မှိတ်လိုက်ပြီး သေခြင်းကို စောင့်ဆိုင်းနေပုံရသည်။
ချလန်
ဟန်တုံ ကံကောင်းသည် - အပေါက်သည် အတုဖြစ်နေသည်၊၊
ထိုအခိုက်အတန့်တွင် ဟန်တုံသည် မတွန့်ဆုတ်တော့ဘဲ ပြတ်သားစွာ အော်လိုက်သည်၊၊
“ငါ သူမရဲ့ နေရာ ၇ကို ရွေးမယ်”
နေရာ ၇ သူမ၏ ခြေထောက်ကိုပင် ဖြစ်သည်။
“အား...မလုပ်နဲ့...မလုပ်နဲ့....ဟန်တုံ၊ ရှင် ခွေးမသား”
ဓားကိုင်သည် သူမဆီသို့ တစ်ဖန် လျှောက်လာပြီး ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။
ဝှစ်
ချောင်မင်၏ နေရာ ၇သည် အစစ်မှန်ဖြစ်နေသည်၊၊
“အား”
နှလုံးကို တုန်ခါစေသော အော်သံနှင့်အတူ ချောင်မင်၏ ခြေထောက်များသည် ဓားဖြင့် ထိုးခံလိုက်ရသည်။ နာကျင်မှုက သူမကို မေ့မြောလုနီးပါး ဖြစ်သွားစေသည်။ သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်နေပြီး နာကျင်စွာ ရုန်းကန်ရင်း ငိုကြွေးလိုက်သည်၊၊
“ဟန်တုံ၊ ရှင် မျိုးမစစ်ကောင်”
သို့သော် ဟန်တုံက ဝမ်းနည်းမှုကို ပြသခြင်းအစား စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်၊၊
“ကောင်းတယ်၊ မိန်းမ”
ချောင်မင်သည် ထိတ်လန့်ပြီး မယုံနိုင်စွာ သူ့ကို ကြည့်လိုက်သည်။
“ဘာ... ဘာပြောလိုက်တာလဲဘာပြောလိုက်တာလဘာပြောလိုက်တာ...ကျွန်မ ဓားထိုးခံရလို့ ဒါ ကောင်းတယ်လို့ ရှင် ထင်နေတာလား...ရှင့်ကို ရွေးချယ်ခဲ့တဲ့ ကျွန်မ မျက်စိကန်းနေခဲ့တာပဲ...ရှင်က မိစ္ဆာကောင်လား