သိပ်တရားလွန်သွားပြီ
Vol. 49 Ch. 721
ဤကိစ္စမှာချက်ချင်းပင် စစ်နတ်ဘုရားတပ်ရင်းဆီသို့သတင်းပျံ့လာခဲ့ပြီး ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာဤကိစ္စအားကြားသောအခါ အလွန်ဒေါသထွက်သွားခဲ့ကြသည်။
"ဒီဥရောပသမဂ္ဂအဖွဲ့ကအရမ်းအရှက်မဲ့လွန်းတယ် ငါတို့သိုင်းပညာရှင်တွေရဲ့အရင်းအမြစ်တွေကိုလုယက်ရုံတင်မကဘူး ငါတို့ရဲ့ သာမန်အရင်းအမြစ်တွေကိုပါလုယက်နေတယ်"
ဓားဘုရင်ချင်မှာအလွန်ဒေါသထွက်နေခဲ့ပြီး ထိုအချိန်တွင် နောက်ထပ်အစီရင်ခံစာနှစ်ခုထပ်ရောက်လာခဲ့သည်။
"ကန္တာရထဲကငါတို့ရဲ့စစ်တပ်အခြေစိုက်စခန်းမှာလည်း လုယက်ခံရတယ်လို့အရေးပေါ်အစီရင်ခံစာရခဲ့တယ် ငါတို့ရဲ့မြေအောက်ဆီအရင်းအမြစ်တွေမရှိတော့ဘူး"
"ရှေးဟောင်းတောထဲကအခြေစိုက်စခန်းတစ်ခုမှာလည် စစ်တပ်သုံးချပ်ဝတ်တွေအများကြီးသိုလှောင်ထားတာ အဲဒါတွေလည်းအခိုးခံလိုက်ရတယ်"
"ပြီးတော့ ရွှေသတ္တုတွင်းနဲ့ စိန်သတ္တုတွင်းတွေလည်းလုယက်ခံခဲ့ရတယ်...."
နေရာတိုင်းမှအစီရင်ခံလာသောစာများကိုကြည့်ပြီး ဓားဘုရင်ချင်မှာအလွန်စိတ်တိုနေခဲ့သည်။
ဥရောပသမဂ္ဂအဖွဲ့သည် ငတ်နေသောခွေးများလိုပင် မည်သည့်အရာကိုမှအလွတ်မပေးပေ။ ကျင့်ကြံရေးအရင်းအမြစ်ဖြစ်စေ၊ သတ္တုအရင်းအမြစ်ဖြစ်စေ လုယူနိုင်သည့်အရာဆိုပါက အားလုံးကိုလုယူမည်ဖြစ်သည်။
"သူတို့ဒါကိုအရမ်းကိုလျှို့လျှို့ဝှက်ဝှက်နဲ့လုပ်တာ ပြီးတော့သူတို့ရုတ်တရက်တိုက်ခိုက်တဲ့အချိန်မှာကျွန်တော်တို့မတုံ့ပြန်နိုင်ဘူး ပြီးတော့သူတို့ကလည်းချက်ချင်းပြန်ဆုတ်သွားတာ ကျွန်တော်တို့ဆီမှာဘာသက်သေမှတောင်မကျန်ခဲ့ပါဘူး"
အစီရင်ခံမှုများအားကြားလိုက်ရချိန်တွင် ဓားဘုရင်ချင်မှာနာကျင်စွာဖြင့်မျက်လုံးများကိုပင်မှိတ်လိုက်မိသည်။
"တကယ်လို့ကျွန်တော်တို့သူတို့နဲ့ထိပ်တိုက်ဖြေရှင်းမယ်ဆိုရင်တောင် သူတို့ကဒါကိုဝန်ခံမှာမဟုတ်ဘူး ဥရောပသမဂ္ဂကအခုသူခိုးဓားပြတွေဖြစ်နေပြီ"
"ဒါကအရမ်းတရားလွန်သွားပြီ အရမ်းတရားလွန်သွားပြီ"
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ဒေါသအားမျိုသိပ်မထားနိုင်တော့ပေ။ သူတို့သည်ဥရောပသမဂ္ဂအဖွဲ့ထံသို့သွားကာ ၎င်းတို့အားပညာပေးချင်သော်ငြား မတတ်နိုင်ပေ။
မဟာမိတ်ပေါင်းစုံမှ သူတို့ကဲ့သို့သောအဆင့်ရှိသည့်ပညာရှင်များအားစောင့်ကြည့်နေသည်ဟူသောအချက်အားလျစ်လျူရှုကာ သွားလျှင်ပင် သူတို့မည်သည့်အကျိုးအမြတ်မှမရနိုင်ပေ။
ဥရောပသမဂ္ဂမှာ စစ်ပွဲစတင်ရန်ဤသို့လုပ်ခြင်းဟုပင်ထင်မြင်ရပေသည်။ စစ်ပွဲဖြစ်ပါကသူတို့ဘက်မှ ပွင့်ပွင့်လင်းလင်းတိုက်ခိုက်နိုင်မည်ဖြစ်သည်။
"ကောင်းလိုက်တဲ့နည်းလမ်း ကောင်းလိုက်တဲ့နည်းလမ်း"
ဓားဘုရင်ချင်မှဒေါသတကြီးပြောလိုက်သည်။
"ဒါနဲ့ အခုကျိုးဟောင်ရဲ့မိသားစုရောလုံခြုံရဲ့လား"
ထိုအချိန်တွင် ဓားဘုရင်ချင်မှာရုတ်တရက်ကိစ္စတစ်ခုအားတွေးလိုက်မိပေရာ မနေနိုင်ဘဲမေးလိုက်သည်။
"သူတို့အရမ်းလုံခြုံပါတယ် ကျွန်တော်တို့သူတို့ကိုတစ်ရာမြို့ရဲ့အနီရောင်မဟူရာချောက်နက်ဆီကိုတိတ်တဆိတ်ပို့ထားပါတယ် သူတို့အဲဒီမှာရှိနေတယ်လို့ဘယ်သူမှထင်ထားမှာမဟုတ်ဘူး ကျွန်တော်တို့လည်းမသိချင်ယောင်ဆောင်ပြီး သူတို့ကိုတိတ်တဆိတ်ဆက်စောင့်ကြည့်နေပါတယ်"
ထိုအစီရင်ခံမှုအားကြားသောအခါ ဓားဘုရင်ချင်မှာသက်ပြင်းချလိုက်သည်။
"ဒါဆိုကောင်းတယ် တကယ်လို့ငါကျိုးဟောင်ရဲ့မိသားစုကိုမှမကာကွယ်နိုင်ရင် ငါတကယ်သူနဲ့မျက်နှာချင်းဆိုင်ဝံ့မှာမဟုတ်ဘူး"
ဓားဘုရင်ချင်မှာသက်ပြင်းချပြီးပြောလိုက်သည်။
ထိုအချိန်တွင်ကောင်းကင်ဘုံဘုရင်ကျူးမှာမနေနိုင်ဘဲပြောလိုက်သည်။
"ကျုပ်တို့ရဲ့လက်ရှိအခြေအနေကအရမ်းခက်ခဲနေတယ် တကယ်လို့ဒီတိုင်းဆက်သွားနေရင် စစ်ပွဲတောင်မစရသေးခင်ကျုပ်တို့ဝါးမျိုခံလိုက်ရမှာစိုးရတယ်"
သူတို့အလွန်စိတ်ပူနေသည်မှာသဘာဝကျပေသည်။ မည်သို့ပင်ြဖစ်စေ ဥရောသမဂ္ဂ၏နည်းလမ်းများမှာအတော်လေးအရှက်မဲ့လှပေသည်။
သူတို့သည်ယခုလိုအရှက်မရှိသည့်နည်းလမ်းများကိုပင်သုံးခဲ့ပေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးကျုပ်တို့လုပ်နိုင်တာဘာမှမရှိဘူး အခုကျုပ်တို့လူသားမျိုးနွယ်တွေရဲ့အရင်းအမြစ်တွေကို စစ်နတ်ဘုရားတပ်ရင်းရဲ့မြေအောက်စခန်းထဲကိုတိတ်တဆိတ်ရွှေ့ပြောင်းထားမှရမယ် အဲဒီနေရာကျုပ်တို့ရဲ့နောက်ဆုံးခံတပ်ပဲ ကြည့်ရတာကျုပ်တို့ရဲ့ဘိုးဘေးတွေချန်ခဲ့တဲ့ စစ်ပွဲအတွက်တူးထားတဲ့လိုဏ်ခေါင်းကိုထပ်သုံးရတော့မဲ့ပုံပဲ"
ဓားဘုရင်ချင်မှာသက်ပြင်းချပြီး ကူကယ်ရာမဲ့စွာပြောလိုက်သည်။
ကောင်းကင်ဘုံဘုရင်ကျူးသည်လည်းအတူတူပင်။ သက်ပြင်းချရင်းဓားဘုရင်ချင်၏စကားအား ခေါင်းညိတ်ထောက်ခံရုံသာတတ်နိုင်သည်။
မကြာမီ အရေးကြီးသောအရင်းအမြစ်များစွာအား စစ်နတ်ဘုရားတပ်ရင်းဌာနချုပ်၏မြေအောက်စခန်းသို့တိတ်တဆိတ်ရွှေ့ပြောင်းထားလိုက်သည်။ ထိုနေရာမှာမြေအောက်မီတာထောင်ချီအနက်တွင်တည်ရှိပြီး မည်သည့်ထောက်လှမ်းမှုမျိုးကိုမဆိုကာကွယ်နိုင်ပေသည်။
ကမ္ဘာဂြိုဟ်၏အသန်မာဆုံး ထောက်လှမ်းရေးစက်ပင်၎င်းအားမထောက်လှမ်းနိုင်ပေ။
သို့သော် ဤသတင်းမှာဥရောပသမဂ္ဂအဖွဲ့ထံသို့ လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
"ဟဟ ဓားဘုရင်ချင်နဲ့ကောင်းကင်ဘုံဘုရင်ကျူးတို့က တကယ်ကိုအရူးတွေပဲ အစကတော့သူတို့ရဲ့အရေးကြီးအရင်းအမြစ်တွေဘယ်မှာရှိလဲဆိုတာငါတို့မသိခဲ့ဘူး ကောင်းတယ် အခုတော့သူတို့ကစစ်နတ်ဘုရားတပ်ရင်းရဲ့မြေအောက်စခန်းမှာဝှက်ထားတယ်ဆိုတာကိုသိပြီးပြီဆိုတော့ သူတို့အားလုံးကိုသတ်ပစ်လို့ရပြီ"
ပေါလ်မှာထိုသတင်းအားသိလိုက်ရသောအခါ အလွန်ပျော်ရွှင်သွားခဲ့သည်။
"တခြားမဟာမိတ်တွေရဲ့ ကောင်းကင်ဘုံအဆင့်ပညာရှင်တွေကိုခေါ်လိုက် ဒီနေ့ညကငါတို့အတွက်အဲဒါတွေကိုသွားလုယူဖို့အကောင်းဆုံးအခွင့်အရေးပဲ"
ပေါလ်အမိန့်ပေးလိုက်ပြီးနောက် အခြားကောင်းကင်ဘုံအဆင့်ပညာရှင်များမှာလျင်မြန်စွာရောက်လာခဲ့ကြသည်။ သူတို့သည်ချက်ချင်းပင်ကီလိုမီတာထောင်ကျော်ကိုကျော်ဖြတ်ကာ စစ်နတ်ဘုရားတပ်ရင်း၏ကောင်းကင်ပေါ်သို့ရောက်ရှိလာကြသည်။
၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်မှာလက်ရှိတွင်အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းအားဖြစ်ပြီး ထိုအဆင့်ပညာရှင် ၉ယောက်မှာလေဟာနယ်ထဲတွင်မတ်တပ်ရပ်ပြီးပုန်းကွယ်နေခဲ့သည်။
သူုတို့သည်တိတ်တဆိတ်ရောက်လာခြင်းဖြစ်သော်ငြား ဓားဘုရင်ချင်တို့အဖွဲ့မှာထိုပညာရှင်များသူုတို့နေရာများမှပျောက်သွားသည့်အချိန်ကတည်းက သတင်းရထားပြီးသားပင်ဖြစ်သည်။
ဤသတင်းအားမြင်ပြီးနောက် ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ချက်ချင်းပင်ကြက်သေသေသွားခဲ့ကြသည်။
"ပြီးသွားပြီ....သူုတို့စစ်နတ်ဘုရားတပ်ရင်းကိုသေချာပေါက်လာနေလောက်ပြီ ကျုပ်တို့....ကျုပ်တို့မိုက်မဲတဲ့အမှားတစ်ခုကိုလုပ်လိုက်မိတာပဲ"
ဓားဘုရင်ချင်မှာ ချက်ချင်းပင်စိတ်ညစ်သွားခဲ့သည်။
"ဟဟဟ ဓားဘုရင်ချင် ကောင်းကင်ဘုံဘုရင်ကျူး ကျေးဇူးပဲနော်"
ထိုအချိန်တွင် စစ်နတ်ဘုရားတပ်ရင်း၌ရုတ်တရက်အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင် ၉ယောက်မှာလမ်းလျှောက်ဝင်လာခဲ့သည်။
အပြင်ဘက်မှလုံခြုံရေးဝန်ထမ်းများအားလုံးမှာမူးလဲသွားခဲ့ကြပြီဖြစ်သည်။
ထို၉ယောက်မှာ ကိုယ့်အိမ်ကိုယ်ယာသို့ဝင်လာသကဲ့သို့ပင် အလွန်သက်သောင့်သက်သာဖြစ်နေခဲ့သည်။
"မင်း.....မင်းတို့...."
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့၏အမူအရာများမှာအလွန်ပျက်ယွင်းသွားခဲ့သော်ငြား သူတို့ဘာမှမလုပ်နိုင်သေးခင်မှာပင် လူ၆ယောက်မှာပြေးဝင်လာခဲ့ပြီး ချက်ချင်းပင်စွမ်းအားကြီးသောအစီအရင်တစ်ခုဖွဲ့စည်းကာ သူတို့၂ယောက်အားချုပ်ထားလိုက်သည်။
"ကျုပ်တို့ခင်ဗျားတို့ကိုမသတ်ဘူး မဟုတ်ရင်ကျုပ်တို့ပြဿနာတက်လိမ့်မယ် ဒါပေမဲ့ ကျုပ်တို့ပစ္စည်းတွေကိုယူသွားမယ် ဓားဘုရင်ချင် ကောင်းကင်ဘုံဘုရင်ကျူး ခင်ဗျားတို့အချိန်မရွေးလက်စားချေလို့ရတယ်နော်"
ပေါလ်မှာရယ်မောကာ မြေအောက်တံခါးအားလက်သီးဖြင့်ထိုးဖွင့်လိုက်ပြီးနောက် ထို ၉ယောက်မှာခုန်ချသွားပြီးသိပ်မကြာမီတွင်ပြန်ထွက်လာခဲ့ကြသည်။
ပြန်ထွက်လာချိန်တွင်၎င်းတို့၏မျက်နှာများမှာပြုံးနေခဲ့ပေရာ မြေအောက်စခန်းမှရတနာများကြောင့်အလွန်ပျော်ရွှင်နေမှန်းသိသာလှပေသည်။
၎င်းတို့မှာပြန်လည်ထွက်ခွာသွားချိန်တွင် ချုပ်နှောင်ထားသည့်အစီအရင်အားဖယ်ရှားပေးခဲ့သော်ငြား အားလုံးမှာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဓားဘုရင်ချင်ဖြစ်စေ ကောင်းကင်ဘုံဘုရင်ကျူးဖြစ်စေ နှစ်ယောက်လုံးမှာဒေါသအားမျိုသိပ်ထားရုံသာတတ်နိုင်ပေသည်။
အကြောင်းမှာ သူတို့တကယ်တမ်းတိုက်ခိုက်ပါက သူတို့နှစ်ယောက်လုံးသေချာပေါက်သေဆုံးရမည်ဖြစ်ကြောင်းကိုသိထား၍သာဖြစ်သည်။
သူတို့ထံတွင်အထွတ်အထိပ်ကောင်းကင်ဘုံအဆင့် ပညာရှင်လုံလုံလောက်လောက်မရှိပေရာ ရတနာများအားသိမ်းပိုက်ခံလိုက်ရပေသည်။
"သေစမ်း မကောင်းတဲ့ကောင်တွေ"
ဓားဘုရင်ချင်မှာဒေါသဖြစ်လွန်း၍သွေးတစ်ပွက်ပင်အန်လိုက်ရသည်။ သူသည်ဘာမှအသုံးမကျဖြစ်နေခြင်းအပေါ်အလွန်နောင်တရနေခဲ့သည်။
ကောင်းကင်ဘုံဘုရင်ကျူးမှာလည်း မျက်စိတစ်မှိတ်အတွင်းအလွန်အိုမင်းသွားခဲ့ကာ အသိစိတ်လွတ်နေသူပမာမြေပြင်ပေါ်သို့ထိုင်ချလိုက်ပြီး မျက်လုံးများမှာဗလာဖြစ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် လပေါ်၌ကျိုးဟောင်မှာသူ၏ လူသားကိုယ်ပွားအားဖန်တီးနေခဲ့သည်။
ထိုကိုယ်ပွားဖန်တီးပြီးသည်နှင့် သူသည်ထိုခန္ဓာကိုယ်အားသုံးပြီးအာကာသသားရဲ၏အင်အားကိုအသုံးပြုနိုင်မည်ဖြစ်သည်။
"ဒီသိုင်းကတကယ်ကိုမဆိုးဘူးပဲ ငါအနှစ်သာရကိုယ်ပွားတစ်ခုဖန်တီးပြီး ခန္ဓာကိုယ်နှစ်ခုကိုလွတ်လွတ်လပ်လပ်ပြောင်းလို့ရတယ်"
ကျိုးဟောင်မှပြောလိုက်သည်။
"ဒါကိုသိုင်းပညာကောင်းလို့ပြောလို့မရသေးဘူး ဒါကကလေးကစားစရာသာသာပဲရှိသေးတာ တကယ့်ကိုယ်ပွားအစစ်ကဟိုခန္ဓာနဲ့ဒီခန္ဓာပြောင်းနေစရာမလိုဘူး အဲဒါကမင်းတစ်ပြိုင်တည်းထိန်းချုပ်လို့ရတဲ့မင်းနဲ့တစ်ထပ်တည်းတူတဲ့ ကိုယ်ပွားတစ်ခုပဲ အဲဒီအချိန်ကျမင်းရဲ့တိုက်ခိုက်ရေးစွမ်းအားကနှစ်ဆဖြစ်သွားမှာ"
ဖားမှာသရော်ပြုံးပြုံးကာပြောလိုက်သည်။ ဤစကားများမှာကျိုးဟောင်အားအံ့သြသွားစေခဲ့သည်။ ယခုလိုနည်းလမ်းမျိုးရှိကြောင်းသူလုံးဝမကြားဖူးပေ။
"ကျွန်တော်ကိုယ်ပွားဖန်တီးတာပြီးခါနီးနေပြီ မကြာခင်ကမ္ဘာဂြိုဟ်ကိုပြန်နိုင်တော့မယ်"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ ထိုအချိန်တွင်ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အသံထွက်ပေါ်လာခဲ့သည်။
"သခင် ကမ္ဘာဂြိုဟ်က ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်သွားပါတယ် တစ်ချက်ကြည့်ကြည့်ပါ"
ပြောရင်း သတင်းအချက်အလက်တစ်သီတစ်တန်းကြီးမှာကျိုးဟောင်၏စိတ်တွင်းသို့ချက်ချင်းဝင်လာခဲ့သည်။ ထိုသတင်းအချက်အလက်အားမြင်လိုက်ရချိန်တွင်ကျိုးဟောင်၏မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
"ဥရောပသမဂ္ဂအဖွဲ့ သေသင့်တဲ့ဥရောပသမဂ္ဂအဖွဲ့ သူတို့အရမ်းတရားလွန်သွားပြီ"
....................................................................................