← Chapters

မသေဘူးလား

Vol. 49 Ch. 722

မသေဘူးလား

Vol. 49 Ch. 722

ကျိုး‌ဟောင်မှာ သူမရှိသည့်လပိုင်းလေးအတွင်းကိစ္စအများကြီးဖြစ်ပျက်သွားခဲ့သည်ကိုမြင်လိုက်ရချိန်တွင် တကယ်ကိုဒေါသဖြစ်သွားခဲ့သည်။

"ဥရောပသမဂ္ဂအဖွဲ့က ပြီးခဲ့တဲ့တစ်ခေါက်ဆင့်ကဲပြောင်းလဲပုံဆောင်ခဲတွေကိုအလွဲသုံးစားလုပ်ပြီး အာကာသသားရဲကိုနှိုးပြီး ငါတို့ကိုကြီးမားတဲ့ဘေးဒုက္ခဖြစ်စေခဲ့တယ် တကယ်လို့သူတို့ကြောင့်သာမဟုတ်ရင် ချိပ်တံဆိပ်ကဒီထက်ပိုပြီးခံနိုင်ဦးမှာ ဖြစ်နိုင်တာ အဲဒီအချိန်ကျ စီနီယာကျိနဲ့တခြားလူတွေ‌သူ‌တော်စင်ဘုံအဆင့်ကိုရောက်ပြီး ငါတို့ကမ္ဘာဂြိုဟ်လည်းဒီလောက်ပြင်းပြင်းထန်ထန်ဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး"

"သူတို့ကအမှားလုပ်ပြီး ကမ္ဘာဂြိုဟ်ကိုဆုံးရှုံးမှုအများကြီးဖြစ်စေခဲ့တာတောင်ငါတို့ဟွာရှားကိုတကယ်ပစ်မှတ်ထားရဲသေးတယ် သူတို့တကယ်သေလမ်းရှာနေတာပဲ"

ကျိုးဟောင်မှာအလွန်ဒေါသထွက်နေခဲ့ပြီး ဤဒေါသကြောင့်သူသည်ကမ္ဘာဂြိုဟ်သို့ချက်ချင်းပင်အလောတကြီးပြန်ချင်နေပေသည်။

သို့သော် စိတ်‌အေးအေးထားကာမေးလိုက်သည်။

"ငါ့မိသားစုဘယ်မှာလဲ သူတို့ဘယ်လိုနေလဲ"

"သခင် သခင့်ရဲ့မိသားစုကလောလောဆယ် အနီရောင်မဟူရာချောက်နက်မှာရှိပြီး စစ်နတ်ဘုရားတပ်ရင်းရဲ့ကောင်းကင်ဘုံအဆင့်ပညာရှင် ၃ယောက်ကကာကွယ်ပေးနေပါတယ် သခင့်ရဲ့သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ယွမ်ချန်း၊ ကျန်းယိ၊ ယွင်ယန်နဲ့တခြားလူတွေလည်းအဲဒီမှာရှိနေကြပါတယ် ဘာပြဿနာမှမရှိပါဘူး"

"ဒါပေမဲ့ ဒီကိစ္စကို မမလေးရှုလင်တော့မသိပါဘူး သူကလက်ရှိမှာသခင့်ရဲ့မိဘတွေကိုရှာနေပါတယ်"

ထိုစကားအားကြားသောအခါ သူ့မိဘများမှာယခုလိုလုပ်ရန်ကျန်းယိတို့အားအကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်းကို ကျိုးဟောင်သဘောပေါက်လိုက်သည်။

ရှုလင်သည်မိန်းမကောင်းလေးတစ်ယောက်ဖြစ်သည်။ သူသေဆုံးသွားပြီးနောက် သူမသည်သေချာ‌ပေါက်သူ့အားတစ်ယောက်တည်းထားခဲ့မည်မဟုတ်ပေ။ ဤမြင်ကွင်းကိုကြည့်ပြီး သူ၏မိဘများမှာသူအမတွက် အလွန်ဝမ်းနည်းမိ၍ ယခုလိုပုန်းကွယ်နေရန်‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခုလိုလုပ်ခြင်းသည်အနည်းငယ်ရက်စက်ရာကျသော်ငြား ကျိုးဟောင်မှာသူ့မိဘများ၏အတွေးအားနားလည်ပေသည်။

"မကြာတော့ဘူး ရက်ပိုင်းလောက်ဆို ငါကိုယ်ပွားတစ်ခုဖန်တီးနိုင်တော့မှာ အဲဒီအချိန်ကျ ငါဥရောပသမဂ္ဂအဖွဲ့ကိုတန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းမယ်"

ကျိုးဟောင်မှာပြောရင်း မျက်လုံးမှိတ်ကာကိုယ်ပွားဖန်တီးသည့်နေရာတွင်သာအာရုံစိုက်ထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ချူမြို့စစ်နတ်ဘုရားတပ်ရင်းရှိနိုင်ငံတကာအိမ်ရာတွင် ရှုလင်မှာအလွန်စိုးရိမ်နေခဲ့သည်။

"ဦးလေးနဲ့ဒေါ်လေးဘယ်သွားလောက်လဲ သူတို့ဘယ်သွားနိုင်လဲ"

သူမသည်သက်ပြင်းချရင်းအလွန်စိုးရိမ်နေခဲ့သည်။ သူမတတ်နိုင်သမျှလူအားလုံးကိုဆက်သွယ်ခဲ့သော်ငြား ကျိုးရွှယ်ကောနှင့်ဝမ်ရှုယွင်တို့အားမတွေ့ခဲ့ရပေ။

ရှုချန်းမှာသက်ပြင်းချလိုက်မိသည်။ ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်သည့်အလျောက် ရှုချန်းသည်လည်းဤအခြေအနေအားနားလည်ပေသည်။

"ကျိုးဟောင်ကအရမ်းဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ သူ့မိဘတွေလည်းအတူတူပဲ ဟင်း...ကျိုးဟောင် တကယ်လို့မင်းသာအသက်ရှင်နေသေးရင် ငါသေချာပေါက်မင်းကိုငါ့ယောက်ဖအနေနဲ့အသိအမှတ်ပြုမှာ နှမြောစရာကောင်းတာက....သူရဲကောင်းတွေကအမြဲတမ်းကံမကောင်းကြဘူး"

ရှုချန်းမှာစိတ်ထဲမှတွေးလိုက်မိသည်။ ရှုလင်အားယခုလိုပုံစံနှင့်မြင်လိုက်ရသည့်အခါ ယွင်ယန်နှင့်ဖန်းယွီတို့သည်လည်းအလွန်စိုးရိမ်နေခဲ့သည်။

"ရှုလင် စိတ်မပူပါနဲ့ ဦးလေးနဲ့ဒေါ်လေးကိုစစ်နတ်ဘုရားတပ်ရင်းကကာကွယ်ပေးနေတာပဲ သူတို့သေချာပေါက်ဘေးကင်းမှာပါ သူတို့မသိဘူးလို့ပြောပေမဲ့ ဖြစ်နိုင်တာ သူတို့ကဒီတိုင်းနင့်ကိုမသိစေချင်တာဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ်.....ဘာပဲဖြစ်ဖြစ်....."

"ဘာပဲဖြစ်ဖြစ် ဘာဖြစ်လဲ...."

ယွင်ယန်စကားဆုံးသည်နှင့် ရှုလင်မှာအလျင်အမြန်ပင်မေးလာခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ဦးလေးနဲ့ဒေါ်လေးကနင့်ကိုဒီလောက်သဘောကျတာ ကျိုးဟောင်...ကျိုးဟောင်ကဘယ်လိုပဲဖြစ်ဖြစ်သေသွားပြီလေ သူတို့ကကျိုးဟောင်ကြောင့်နဲ့နင့်အနာဂတ်နှောင့်နှေးမှာမျိုးကိုဖြစ်စေချင်မှာမဟုတ်ဘူး .... နင်သူတို့အပင်ပန်းခံထားရတဲ့ကြိုးစားမှုကို နားလည်မှရမယ်"

ယွင်ယန်မှပြောလိုက်သည်။

ရှုလင်မှာမျက်ရည်များစီးကျလာခဲ့သည်။ ကျိုးဟောင်၏မိဘများဘာကြောင့်ယခုလိုလုပ်သလဲဆိုသည်အားသူမသိပေသည်။ သို့သော် ရှုလင်၏နှလုံးသားထဲတွင်ကျိုးဟောင်တစ်ယောက်သာရှိပြီး အခြားတစ်ယောက်အားလုံးဝအစားမထိုးနိုင်ပေ။ ထို့ကြောင့် သူတို့ယခုလိုလုပ်ခြင်းသည်သူမ၏ကောင်းကျိုးအတွက်ဆိုတာကိုသူမ သိသော်ငြား လက်မခံနိုင်ပေ။

"သိပါပြီ...."

ရှုလင်မှာဘာစကားမှမပြောတော့ဘဲနောက်လှည့်ထွက်သွားခဲ့သည်။ သူမ၏နှလုံးသားမှာနာကျင်နေခဲ့သည်။ သူမသည်ချပ်ဝတ်အားဝတ်ဆင်လိုက်ပြီး ၁၃ ခုမြောက်အက်ကွဲကြောင်းသို့ရောက်လာခဲ့သည်။

ဤနေရာသည် အပျက်အစီးတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်မှာကြာလှပြီဖြစ်သည်။ မျိုးနွယ်ခြားများ၏ တိုက်ခိုက်မှုများမရှိတော့ပေရာ ဤနေရာသည်လည်းစွန့်ပစ်ထားသောနေရာတစ်ခုဖြစ်သွားခဲ့သည်။

သူမသည်တောင်ပေါ်တွင်တစ်ယောက်တည်းထိုင်နေခဲ့ပြီး အလွန်နာကျင်နေခဲ့သည်။

"ကျိုးဟောင် ရှင်မရှိတော့ဘူး ကျွန်မကတော့မသေသေးပေမဲ့ ကျွန်မနှလုံးသားကတော့သေသွားပြီ...ကျွန်မတကယ်ရှင့်နောက်ကိုလိုက်လာချင်ပါတယ်.... ဒါပေမဲ့ ....ကျွန်မလိုက်လာလို့မရဘူး ကျွန်မရှင့်မိဘတွေကိုဂရုစိုက်ရဦးမယ်"

ရှုလင်၏မျက်လုံးများမှ မျက်ရည်များစီးကျနေခဲ့သည်။ သို့သော်ထိုအချိန်၌ သူမသည်ရုတ်တရက်အလွန်စွမ်းအားကြီးသည့်အငွေ့အသက်တစ်ခုအားခံစားလိုက်ရသည်။ သူမလှည့်ကြည့်လိုက်ရာ ပေတစ်ရာပိုးကောင်ဘုရင်နှင့် ငွေအရိုးဝက်ဝံဘုရင်တို့အားတွေ့လိုက်ရသည်။

ဤနှစ်ယောက်မှာကောင်းကင်ဘုံအဆင့်ပညာရှင်များဖြစ်ကြောင်းခံစားလိုက်ရပေရာ ရှုလင်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်တွင်သူမသည် ကောင်းကင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်သာဖြစ်ပြီး ကောင်းကင်ဘုံအဆင့်သို့ရောက်ရန်အလှမ်းဝေးလွန်းလှသေးပေသည်။

ရှုလင်မှာချက်ချင်းပင်တိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သော်ငြား ပေတစ်ရာပိုးကောင်ဘုရင်နှင့်ငွေအရိုးဝက်ဝံဘုရင်တို့မှာသူမအားမတိုက်ခိုက်ဘဲရှုလင်အားကြည့်ကာမေးလာခဲ့သည်။

"မေးပါရစေ ခင်ဗျားကမိန်းကလေးရှုလား"

ပေတစ်ရာပိုး‌ကောင်ဘုရင်မှာ သူမထံမှရင်းနှီးသောအငွေ့အသက်တစ်ခုအားခံစားမိပေသည်။ ၎င်းမှာကျိုးဟောင်၏သားရဲထိန်းချုပ်ကွင်းဖြင့်ထိန်းချုပ်ခံထားရပေရာ ကျိုးဟောင်နှင့်ပတ်သက်သောသတင်းအချက်အလက်ချို့အားသိထားပေသည်။

ထို့ကြောင့်သူ့ရှေ့ရှိအမျိုးသမီးသည်ကျိုးဟောင်၏ ချစ်သူဖြစ်ကြောင်းကိုလည်း သူကောင်းကောင်းသိပေသည်။

" ဟုတ်တယ် ရှင်...ရှင်တို့ဘာလိုချင်လို့လဲ"

ရှုလင်မှာအလွန်စိုးရိမ်နေခဲ့ပြီး ကျိုးဟောင်သူမအားပေးထားခဲ့သည့်ငွေဖြူရောင်ချပ်ဝတ်အားဝတ်ကာ သတိအနေအထားဖြင့်ရှိနေခဲ့သည်။

"မိန်းကလေးရှု ကြောက်စရာမလိုသလို စိုးရိမ်စရာလည်းမလိုပါဘူး ကျွန်တော်တို့ခင်ဗျားကိုတိုက်ခိုက်မှာမဟုတ်ဘူး အဲဒါတင်မကသေးဘူး ကျွန်တော်ကလည်းစီနီယာကျိုးဟောင်ရဲ့အစေခံတစ်ယောက်ပါပဲ"

ပေတစ်ရာပိုးကောင်ဘုရင်မှာ မြေပြင်ပေါ်တွင်ဝပ်ချလိုက်ပြီး အလွန်အမင်းလေးစားသည့်ဟန်ဖြင့်‌ပြောလိုက်သည်။ ငွေရောင်အရိုးဝက်ဝံဘုရင်ပင်သူ၏ခန္ဓာကိုယ်ကြီးအားကိုင်းကာ အရိုအေသပြုလာခဲ့သည်။

"မိန်းမလှလေး မင်းအံ့သြသွားစရာမလိုပါဘူး ဒါအမှန်ပဲ အဲဒီတုန်းကညီနောင်ကျိုးနဲ့ငါက ဒီ‌ပေတစ်ရာပိုးကောင်ဘုရင်ကိုကျွန်ပြုဖို့အတူတူပူးပေါင်းခဲ့ကြတာ အခုတော့သူ့ကိုညီနောင်ကျိုးရဲ့သားရဲထိန်းချုပ်ကွင်းကထိန်းချုပ်ထားပြီးပြီ ဒါကြောင့်သူကညီနောင်ကျိုးရဲ့အမိန့်တွေကိုနာခံတယ်"

ငွေအရိုးဝက်ဝံဘုရင်မှာသဘာဝကျကျပင်ပြောလိုက်ပေရာ ရှုလင်အားခေတ္တမျှမှင်တက်သွားစေခဲ့သည်။

"တကယ်ပြောနေတာလား"

ရှုလင်မှာစိုးရိမ်တကြီးမေးလိုက်သည်။

"သေချာတာပေါ့ ကြည့်လိုက်"

ပြောရင်း ခြေတစ်ရာပိုးကောင်ဘုရင်မှာသားရဲထိန်းချုပ်ကွင်းအား ပြလိုက်သည်။ ထိုပစ္စည်းမှာ၎င်း၏ဝိဉာဥ်၏အနက်ပိုင်းတွင်ရှိနေပေသည်။ ခြေတစ်ရာပိုးကောင်ဘုရင်မှာထိုပစ္စည်းအားမဖျက်ဆီးနိုင်သော်ငြား ပြသလို့တော့ရပေသည်။

"ဒီသားရဲထိန်းချုပ်ကွင်းက ကျွန်တော့်ဝိဉာဥ်ရဲ့အနက်ပိုင်းမှာရှိနေတာပါ"

ရှုလင်မှာဤပစ္စည်းအားမြင်သောအခါအလွန်အံ့သြသွားခဲ့သည်။

"ဒါပေမဲ့....ဒါပေမဲ့ ကျိုးဟောင်ကသေသွားပြီလေ သားရဲထိန်းချုပ်ကွင်းကအကျိုးသက်ရောက်မှုရှိသေးလို့လား"

"သေပြီလား"

ငွေအရိုးဝက်ဝံဘုရင်မှာခေတ္တမျှကြက်သေသေသွားပြီးနောက် ခြေတစ်ရာပိုးကောင်ဘုရင်အားကြည့်လိုက်သည်။

သို့သော်ခြေတစ်ရာပိုးကောင်ဘုရင်မှာ၎င်း၏ခေါင်းအားယမ်းကာပြောလိုက်သည်။

"မဟုတ်ဘူး မိန်းကလေးရှု စီနီယာကျိုးဟောင်မသေသေးဘူး တကယ်လို့သူသေသွားရင်သားရဲထိန်းချုပ်ကွင်းကအလိုလိုပျက်စီးသွားပြီး ကျွန်တော်လည်းသေသွားမှာ ပြီးတော့ကြည့် သားရဲထိန်းချုပ်ကွင်းကကျွန်တော့်ရဲ့ဝိဉာဥ်နဲ့ချိတ်ဆက်နေပြီး အလုပ်လုပ်‌နေတုန်းပဲ ဒီပေါ်မှာစီနီယာကျိုးဟောင်ရဲ့ချိပ်တံဆိပ်လည်းရှိတယ် စီနီယာကျိုးမသေဘူးဆိုတာ ကျွန်တော်ကသက်သေပဲ"

ဤကိစ္စနှင့်ပတ်သက်ပြီး သံသယဝင်စရာမလိုပေ။

"ဘာပြောတယ်"

ရှုလင်မှာချက်ချင်းပင်ထရပ်လိုက်မိပြီး မျက်ရည်များလည်းကျလာခဲ့သည်။

"ဒါပေမဲ့....ဒါပေမဲ့... သူမသေဘူးဆို သူဘယ်ကိုသွားတာလဲ"

ရှုလင်မှာချက်ချင်းပင်မေးလိုက်သည်။ သူမသည်ယခုအချိန်တွင်ဘာကိုမှဂရုမစိုက်နိုင်ပေ။ သူမဂရုအစိုက်ဆုံးမှာကျိုး‌ဟောင်၏လုံခြုံရေးသာဖြစ်သည်။

"ဒါကိုတော့....ကျွန်တော်လည်းမသိပါဘူး ဒါပေမဲ့သခင်ကဒီနဲ့အရမ်းဝေးတဲ့နေရာမှာရှိနေတာကိုတော့ ကျွန်တော်ခံစားမိပါတယ် ဒါပေမဲ့ကျွန်တော်တို့ကြားကဆက်သွယ်မှုကပြတ်တောက်မသွားသေးဘူး ပြီးတော့သခင်ကအရမ်းသန်မာလာတာကိုလည်းကျွန်တော်ခံစားမိတယ် အရင်ကထက်ကိုအများကြီးသန်မာလာတာ"

ခြေတစ်ရာပိုးကောင်ဘုရင်၏စကားများမှာ ရှုလင်အားချက်ချင်းပင်မျှော်လင့်ချက်တစ်ခုပေးလိုက်သလိုပင်။

"မသေဘူး....မသေဘူး....အဲဒါဆိုကောင်းတယ်..အဲဒါဆိုကောင်းတယ်....ဟဟ"

ရှုလင်မှာချက်ချင်းငိုလာခဲ့သည်။ သို့သော်သူမသည်ဝမ်းသာ၍ငိုခြင်းသာဖြစ်သည်။

ရှုလင်၏ယခုလိုပုံကိုကြည့်ပြီး ခြေတစ်ရာပိုးကောင်ဘုရင်နှင့် ငွေအရိုးဝက်ဝံဘုရင်တို့မှာ ဘာမှမပြောပေ။

ထိုအချိန်တွင် အဝေးမှလပေါ်ရှိကျိုးဟောင်မှာ သူ၏ ကိုယ်ပွားအားဖန်တီးပြီးပြီဖြစ်သည်။

....................................................................................

All Chapters