← Chapters

နည်းလမ်း

Vol. 49 Ch. 724

နည်းလမ်း

Vol. 49 Ch. 724

ကျိုးဟောင်၏မျက်လုံးများမှာအေးစက်နေခဲ့သည်။ ဥရောပသမဂ္ဂအဖွဲ့မှလုပ်ခဲ့သည့်ကိစ္စမျာအား ကျိုးဟောင်သိထားပြီးပြီဖြစ်ပေရာ ၎င်းတို့အားဆက်လက်ထောင်လွှားခွင့်ပေးထား၍မရနိုင်မှန်းလည်း အလိုလိုသဘောပေါက်ပေသည်။

လက်ရှိအချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ရှိ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်ပညာရှင်အချို့မှာလည်း ကျိုးဟောင်၏မျက်လုံးထဲမှသတ်ဖြတ်လိုသည့်အငွေ့အသက်တို့အားကြည့်ကာ အလွန်အမင်းထိတ်လန့်နေခဲ့သည်။

"ကျိုးဟောင် မင်းတကယ်ငါတို့ကိုသတ်တော့မလို့လား ငါတို့က...ဥရောပသမဂ္ဂအဖွဲ့ကပညာရှင်တွေပြီးတော့ ကမ္ဘာဂြိုဟ်ပေါ်ကပညာရှင်တွေဆိုလည်းဟုတ်တယ် မင်းငါတို့ကိုသတ်လို့မရဘူး"

ပေါလ်မှာ ဖြစ်ခဲ့သည့်ကိစ္စအားလုံးအတွက်ကျိုးဟောင်သူ့အားအပြစ်တင်မည်ကို အလွန်ကြောက်လန့်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သာမေးလိုက်ပါက ဤပညာရှင်များမှာသူ့ဘက်ကကာပြီးပြောပေးကြမည်မဟုတ်ပေ။ သူတို့၏အသက်အားကယ်တင်ရန် သူ့အပေါ်အပြစ်အားလုံးကိုပုံချမည်ဖြစ်သည်။

ပေါလ်၏အတွေးမှာ တကယ်ကိုမှန်ပေသည်။ ဤအတွေးမှာထိုလူများယခုတွေးနေသည့်အတွေးသာဖြစ်သည်။ ၎င်းတို့သည်မူလကဥရောပသမဂ္ဂအဖွဲ့အားကြောက်ရွံ့ကြ၍ ပေါလ်အားသူတို့၏ခေါင်းဆောင်အဖြစ်သတ်မှတ်ခဲ့သော်ငြား ယခုကျိုးဟောင်ပြန်ရောက်လာပြီဖြစ်ပေရာ အခြေအနေမှာအလိုလိုပြောင်းလဲသွားပြီဖြစ်သည်။

"ခင်ဗျားတို့အားလုံးကိုသတ်ရမယ် ဟဟ ကျုပ်ကဘာလို့ခင်‌ဗျားတို့အားလုံးကိုသတ်ရမှာလဲ ခင်‌ဗျားကမှဒီကိစ္စတွေအားလုံးနောက်ကွယ်ကကြိုးကိုင်ခဲ့တဲ့လူမဟုတ်ဘူးလား"

ကျိုးဟောင်မှာသူတို့အားလုံးကိုသတ်ရန်အစီအစဥ်မရှိပေ။ ဤသည်မှာကျိုးဟောင်၏ပင်ကိုစရိုက်သာဖြစ်သည်။ ထို့အပြင် ထိုသို့လုပ်လိုက်ပါက ကျိုးဟောင်မှာသေချာပေါက် တစ်ကမ္ဘာလုံးထံမှဝေဖန်ခံရမည်ဖြစ်သည်။

သို့သော် ကျိုးဟောင်သည်တစ်ခုခုလုပ်ရန်လိုအပ်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့်ပေါလ်တစ်ယောက်သည်တော့ သေချာပေါက်သေရမည်ဖြစ်သည်။

"မင်း...မင်းဘာပြောလိုက်တာလဲ..."

ပေါလ်၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားပြီး အလွန်အမင်းထိတ်လန့်သွားခဲ့ကာ ကျိုးဟောင်၏ ဆိုလိုရင်းအားချက်ချင်းဆိုသလိုပင်နားလည်လိုက်ပေသည်။

"မင်းကငါ့ကိုသတ်ချင်တာလား....မင်းကငါ့ကိုအကျိုးဆက်တွေအားလုံးကိုခံခိုင်းချင်တာလား"

ကျိုးဟောင်မှာပေါလ်၏စကားအားငြင်းဆိုခြင်းမပြုဘဲပြုံးရုံသာပြုံးလိုက်သည်။

"ကျွန်တော့်ကိုမဟာမိတ်ပေါင်းစုံကပညာရှင်တွေကို အခုလာခဲ့ဖို့ခေါ်ပေးပါဦး အစည်းအဝေးလုပ်ကြတာပေါ့"

ကျိုးဟောင်၏စကားဆုံးသောအခါဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့မှာနားလည်လိုက်ကြပြီး ချက်ချင်းပင်ကျိုးဟောင်၏နာမည်အားသုံးကာ သန့်စင်ဘုရားကျောင်းတော်တွင် မဟာမိတ်ပေါင်းစုံမှပညာရှင်များအားစုဝေးခိုင်းလိုက်သည်။

သူတို့အားလုံးမှာ ကျိုးဟောင်အားအသက်ရှင်လျက်မြင်လိုက်ရသည်ကို ကြောက်လန့်နေခဲ့ကြသည်။

သူတို့သည်ကျိုးဟောင်၏စွမ်းအားအားကောင်းကောင်းသိပေသည်။ ယခင်ကကျိုးဟောင်သည် သူတော်စင်ဘုံအဆင့်တစ်ဝက်ကိုမရောက်သေးသော်ငြား သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်၏တိုက်ခိုက်ရေးစွမ်းအားမျိုးထုတ်နိုင်ပေသည်။

ဤလောကကြီးတွင် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်သည် တိုက်ခိုက်ရေးစွမ်းအားတွင်အထွတ်အထိပ်ဖြစ်ပေရာ သူတို့သည်ကျိုးဟောင်အားမည်သို့တိုက်ခိုက်ရဲမည်နည်း။

"အားလုံးပဲ ကျုပ်ဒီနေ့အားလုံးကိုဒီမှာစုဝေးခိုင်းလိုက်ရတဲ့အကြောင်းအရင်းကတကယ်တော့အရမ်းရိုးရှင်းပါတယ် အဲဒါကလူတစ်ယောက်နဲ့ထိပ်တိုက်ဖြေရှင်းဖို့ပါပဲ ပေါလ်ကတခြားမဟာမိတ်တွေရဲ့ အရင်းအမြစ်တွေကိုခိုးပြီး တရားမဝင်သိမ်းယူခဲ့တဲ့အအပြင် ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကိုပါ ဖျက်ဆီးခဲ့တယ်လို့ ကျုပ်သတင်းရခဲ့တယ် ခင်ဗျားတို့ဒီအကြောင်းကိုသိကြလား"

ကျိုးဟောင်စကားဆုံးသွားသည့်နောက် အားလုံးမှာတုံးအကြသူများမဟုတ်ကြပေရာ ကျိုးဟောင်ဆိုလိုချင်သည့်သဘောအားချက်ချင်းပင်သဘောပေါက်လိုက်သည်။

"လူကြီးမင်းကျိုးပြောတာမှန်ပါတယ် ပေါလ်ကရွံစရာကောင်းတဲ့လူတစ်ယောက်ပါ သူ.....သူကခင်ဗျားတို့ရဲ့ဟွာရှားမဟာမိတ်ကိုတိုက်ခိုက်ခဲ့ပြီးတော့ အရင်းအမြစ်တွေအားလုံးကိုတိတ်တဆိတ်လုယူသွားခဲ့ပါတယ်"

"ခင်ဗျားတို့ရဲ့အရင်းအမြစ်တွေကိုလုယူခဲ့ရုံတင်မကဘူး ဖိအားပေးပြီးသိမ်းဆည်းခဲ့ပါသေးတယ် သူ..သူကခင်ဗျားတို့ကိုဆန့်ကျင်ဖို့ ကျွန်တော်တို့ကိုတောင်သွေးထိုးခဲ့ပါတယ်"

"ဟုတ်ပါတယ် လူကြီးမင်းကျိုး အဲဒီလိုလူမျိုးကိုတရားဥပဒေနဲ့အညီအရေးယူသင့်ပါတယ်"

အားလုံးမှာတစ်ယောက်တစ်ခွန်းပြောလာကြပြီး အပြစ်များအားလုံးကို‌ပေါလ်အပေါ်သို့ပုံချလာခဲ့ကြသည်။

လက်ရှိအချိန်တွင် အားလုံးမှာပေါလ်အားအပြစ်တင်နေကြပေသည်။ မည်သို့ပင်ဖြစ်စေ အားလုံးမှာကျိုးဟောင်၏ရည်ရွယ်ချက်အားနားလည်ကြပေရာ သူဖြစ်စေချင်သည့်အတိုင်းလိုက်နာကြမည်သာဖြစ်သည်။

ကျိုး‌ဟောင်မှာပြုံးကာသန့်စင်ဘုရားကျောင်း၏တာဝန်ရှိပုဂ္ဂိုလ်အားကြည့်လိုက်သည်။

"ကြီးကြပ်‌ရေးမှူးကရော ဒီကိစ္စကိုဘယ်လိုထင်လဲ"

ဤတာဝန်ရှိပုဂ္ဂိုလ်မှာ ဥရောပသမဂ္ဂအဖွဲ့မှဖြစ်သည်။ သန့်စင်ဘုရားကျောင်းတော်သည် မဟာမိတ်၅ခု၏ ကိုယ်စားပြုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအဖွဲ့တွင် လူ၅ယောက်ရှိသော်ငြား အာဏာအားချုပ်ကိုင်ထားသူမှာ ဥရောပသမဂ္ဂအဖွဲ့သာဖြစ်ပေရာ သန့်စင်ဘုရားကျောင်း၏ဥရောပသမဂ္ဂအဖွဲ့မှအကြီးအကဲထံတွင်သာအာဏာအပြည့်အဝရှိပေသည်။

ကျိုးဟောင်မှာ သူ့အားဤကိစ္စအားမေးလိုက်သောအခါ သူ၏အမူအရာမှာချက်ချင်းပင်သိသိသာသာပြောင်းလဲသွားခဲ့ကာ ချွေးအေးများစီးကျလာခဲ့သည်။

"လူကြီးမင်းကျိုး‌ ကျေးဇူးပြုပြီးဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ ၅ယောက်ကိုတိုင်ပင်ဆွေးနွေးခွင့်ပြုပါ ကျွန်တော်တစ်ယောက်တည်းဆုံးဖြတ်ချက်ချလို့မရပါဘူး ဒါကကျွန်တော်တို့သန့်စင်ဘုရားကျောင်းရဲ့စည်းမျဥ်းပါပဲ"

ထိုလူမှာ တလေးတစားဖြင့်ပြောလိုက်ကာ အခြားဘာစကားမှမပြောဝံ့ပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောင်သည်သူ၏အဆင့်အတန်းအားအလွယ်တကူပြောင်းလဲလိုက်နိုင်ပေသည်။

"အဲဒီလိုဆိုရင်လည်း ဆွေးနွေးကြပါ"

ကျိုးဟောင်မှာစိတ်ပျော်နေပုံရကာ သက်သောင့်သက်သာဖြစ်နေခဲ့သည်။ သူသည်နေရာတွင်သာခြေချိတ်ထိုင်နေခဲ့ပြီး စိုးရိမ်နေပုံမပေါ်ပေ။

သူတို့ ၅ယောက်မှာအလျင်အမြန်ပင်အများဆန္ဒဖြင့်စီရင်ရန်ဆုံးဖြတ်လိုက်သည်။ စင်စစ်တွင်သူတို့သည်တကယ်အများဆန္ဒအားမမေးရဲပေ။ ကျိုးဟောင်ပြောသည့်အတိုင်းသာလုပ်ကြမည်ဖြစ်သည်။

"လူကြီးမင်းကျိုး ကျွန်တော်တို့ ၅ယောက် အားလုံးရဲ့တုံ့ပြန်ချက်တွေအရဆုံးဖြတ်ပြီးပါပြီ ကျွန်တော်တို့ပေါလ်မှာအပြစ်ရှိတယ်လို့ဆုံးဖြတ်ပါတယ် ဒီလိုလူမျိုးကငြိမ်းချမ်းရေးကိုဖျက်ဆီးပြီး ကမ္ဘာဂြိုဟ်ပေါ်ကမဟာမိတ်တွေကြားကဆက်ဆံရေးကိုလည်း ပျက်စီးစေပါတယ် သူကအပြစ်ရှိကြောင်းထင်ရှားတဲ့အတွက်.....ကျွန်တော်တို့သူ့ကိုသေဒဏ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်"

ဥရောပသမဂ္ဂအဖွဲ့မှအကြီးအကဲမှာချက်ချင်းပင်ထိုသို့ပြောလိုက်ရာ ကျိုးဟောင်မှာပြုံးသွားခဲ့သည်။

အခြားမဟာမိတ်များမှပညာရှင်များသည်လည်း ချက်ချင်းပင်ဝင်ရောက်ပြောဆိုလာကြပြီး ပေါလ်အားသေဒဏ်ပေးသင့်ကြောင်းထောက်ခံလာကြသည်။

"ကောင်းပြီလေ ဒါဆိုဒီကိစ္စအတွက်ကမ္ဘာလုံးဆိုင်ရာသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ကြတာပေါ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာဂြိုဟ်ပေါ်ကလူသားမျိုးနွယ်တစ်ခုလုံးကိုအသိပေးရမယ်"

ကျိုးဟောင်မှာပြုံးကာပြောနေသော်ငြား ပေါလ်မှာဘေးမှနားထောင်နေရင်းအမူအရာမှာအလွန်ပျက်ယွင်းနေခဲ့သည်။ သူသည်သေမလောက်ကြောက်ရွံ့နေပြီး ချက်ချင်းပင်ဒေါသတကြီးအော်ဟစ်လာခဲ့သည်။

"မင်းတို့ခွေးမျိုးတွေ အဲဒီတုန်းကအမွေအနှစ်အတွက် တိုက်ခိုက်ခဲ့ကြတုန်းကမင်းတို့အားလုံးလည်းအရမ်းတက်ကြွနေခဲ့ကြတာပဲလေ အခုကျိုးဟောင်ပြန်လာတော့ မင်းတို့ရဲ့အပြစ်တွေကိုပြောင်အောင်ဆေးကြောဖို့ ငါ့ကိုသစ္စာဖောက်ကြတယ်ပေါ့ မင်းတို့ကတကယ်ကိုအရှက်မရှိတာပဲ"

ပေါလ်မှာဒေါသတကြီးအော်ဟစ်လိုက်သည်။

"တကယ်လို့မင်းဒီကိစ္စကိုမပြောရင် ငါတို့မေ့နေတော့မှာမင်းအထင်မင်းယူခိုင်းထားတာတွေကို ငါတို့တကယ်ယူလာတယ်လို့ထင်လို့လား လူကြီးမင်းကျိုး ကျွန်တော်တို့ဒီကိစ္စကိုသေချာပေါက်ရှင်းရမယ် ဥရောပသမဂ္ဂအဖွဲ့ရဲ့အင်အားကြောင့် ကျွန်တော်တို့သူတို့စကားကိုနားထောင်ရုံအပြင်ရွေးချယ်စရာမရှိခဲ့ဘူး ဒါကြောင့်ကျွန်တော်တို့ခင်ဗျားတို့ရဲ့ပစ္စည်းတွေကိုမတတ်သာဘဲယူခဲ့ရပါတယ် ဒါပေမဲ့ ကျွန်တော်တို့အဲဒီပစ္စည်းတွေကိုလုံးဝမထိရဲပါဘူး ဒီနေ့အားလုံးပြန်ယူလာခဲ့ပါတယ်"

"ဟုတ်တယ် လူကြီးမင်းကျိုး ဒါကကျွန်တော်တို့ယူသွားခဲ့တာတွေပါ ဒီနေ့ပိုင်ရှင်ဆီပြန်ပေးပါ့မယ်"

ပြောရင်း ၎င်းတို့မှာကျောပိုးအိတ်များအားထုတ်ကာ ကျိုးဟောင်ထံကမ်းပေးလာကြသည်။

ကျိုးဟောင်မှာပြုံးကာ ဓားဘုရင်ချင်တို့အားပစ္စည်းများအားယူသွားခိုင်းလိုက်ပြီးနောက်ပြောလိုက်သည်။

"ဒီအကြောင်းကိုကျုပ်သိပါတယ် ခင်ဗျားတို့အားလုံးကငြိမ်းချမ်းရေးကိုနှစ်သက်ကြတာကို ဘာလို့ကျုပ်တို့မဟာမိတ်ပေါင်းစုံရဲ့ငြိမ်းချမ်းရေးကိုထိပါးစေမဲ့ကိစ္စမျိုးကိုလုပ်မှာလဲ"

"ကျုပ်ကိုပဲဥပမာထားလိုက် အခုကျုပ်မှာသူတော်စင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားရှိနေပြီဆိုပေမဲ့ ကျုပ်ကသေချာပေါက်ပေါလ်လိုမျိုး ခင်ဗျားတို့ကိုခြိမ်းခြောက်မှာမဟုတ်ဘူး အားလုံးပဲဒါကိုမစိုးရိမ်ကြပါနဲ့ ဒီကိစ္စမှာကျူးလွန်သူနဲ့အပြစ်ပေးဆပ်ရမဲ့လူကရှိပြီးသားပဲ ကျုပ်ခင်ဗျားတို့ကိုပြဿနာရှာမှာမဟုတ်ပါဘူး"

ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ သို့သော်သူ့စကားဆုံးသည့်အခါအားလုံးမှာကြက်သေသေသွားခဲ့ကြသည်။

ကျိုးဟောင်ပြောသွားသည့်စကားအားလုံးမှာအဓိပ္ပာယ်မရှိပေ။ အရေးကြီးဆုံးမှာတစ်ကြောင်းသာရှိသည်။

အတိအကျဆိုရပါက ၎င်းသည်စားလုံးနှစ်လုံးသာဖြစ်သည်။

ထိုစကားမှာ သူတော်စင်ဘုံအဆင့် ဟူသောစကားသာဖြစ်သည်။

ကျိုးဟောင်ထံတွင် သူတော်စင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားရှိနေခြင်းသည်သူတို့အတွက်အိပ်မက်ဆိုးတစ်ခုသာဖြစ်ပေသည်။

သို့သော်သူတို့သည်ဘာစကားမှမဆိုရဲပေ။ ကျိုးဟောင်မှာပေါလ်ထက်ဉာဏ်ကောင်းကြောင်းအားလုံးသိပေသည်။ သို့သော် အကယ်၍ကျိုးဟောင်နေရာတွင်သူတို့ဆိုပါကလည်း သူတို့လည်းယခုလိုသာလုပ်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပိုမိုသန်မာသည့်လူဖြစ်လာခြင်းတစ်ခုကသာတကယ်စွမ်းအားကြီးလာသည်ဟုမှတ်ယူနိုင်ပေသည်။ မဟာမိတ်များမှာတန်းတူညီမျှမှုအပေါ်တွင်အခြေခံထားခြင်းဖြစ်သည်။ အကယ်၍တန်းတူညီမျှမှုမရှိပါက ဤကမ္ဘာကြီးတွင်တရားမျှတမှုရှိတော့မည်မဟုတ်ပေ။

သန့်စင်ဘုရား‌ကျောင်းတော်မှာ အစည်းအဝေးတစ်ခုအားအလျင်အမြန်ကျင်းပခဲ့သည်။ ပေါလ်မှာကမ္ဘာကြီး၏ငြိမ်းချမ်းရေးအားထိပါးခဲ့ပြီး အခြားတိုင်းပြည်များ၏အရင်းအမြစ်များအားအလွဲသုံးစားလုပ်ခဲ့ပေရာ သေဒဏ်ချမှတ်ခံလိုက်ရပြီး ဤကိစ္စအားအားလုံးကြည့်ရှုနိုင်စေရန် ကမ္ဘာတစ်ဝှမ်းလုံးတွင် ထုတ်လွှင့်ပြသခဲ့ပေသည်။

သေဒဏ်ပေးခြင်းအား ဥ‌ရောပသမဂ္ဂအဖွဲ့မှပညာရှင်များမှဆောင်ရွက်ခဲ့ကြပြီး သေစေနိုင်သည့်အဆိပ်အားထိုးသွင်းလိုက်သည်နှင့် ပေါလ်၏အသက်အငွေ့အသက်မှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး‌ နောက်ဆုံးတွင်မျက်လုံးများမှာမှိတ်ကျသွားခဲ့သည်။

ဤကိစ္စအတွက်တာဝန်ရှိသူဖြစ်သည့်ကျိုးဟောင်မှာတော့ လက်ရှိတွင် စစ်နတ်ဘုရားတပ်ရင်းတွင်ရှိနေပေသည်။

....................................................................................

All Chapters