ဖြေရှင်းပြီးသော
Vol. 49 Ch. 725
ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ဤကိစ္စအားလုံးအားမြင်တွေ့လိုက်ရချိန်တွင် ထိတ်လန့်သွားခဲ့ကြသည်။
ကျိုးဟောင်မှာဤကိစ္စအားချောချောမွေ့မွေ့ပင်လုပ်ဆောင်သွားခဲ့ပြီး မည်သည့်ကိစ္စကိုမျှမဖြေရှင်းဘဲထားခဲ့ခြင်းမရှိပေ။ သူသည်ဤကိစ္စကိုလည်းတိုက်ရိုက်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပေရာ ယခုလိုနည်းလမ်းများမှာ ကျိုးဟောင်အားတကယ်ပင်လေးစားစေပေသည်။
"လူကြီးမင်းကျိုး ခင်ဗျားကအရမ်းအထင်ကြီးစရာကောင်းတာပဲ ခင်ဗျားကစစ်သားတစ်ယောက်၊ အင်အားတစ်စက်မှမဖြုန်းတီးဘဲ မဟာမိတ် ၄ခုကိုအရှုံးပေးလာအောင်လုပ်ခဲ့တဲ့အပြင် ပြည်သူတွေရဲ့စိတ်ကိုအေးစေခဲ့ပြီး ကိစ္စကိုလည်းဖြေရှင်းနိုင်ခဲ့သေးတယ် ကျွန်တော်တို့ပစ္စည်းတွေကိုလည်း ပြန်တောင်ယူလာနိုင်ခဲ့သေးတယ် တကယ်ကိုလေးစားစရာပါပဲ"
ကောင်းကင်ဘုံဘုရင်ကျူးမှာအလွန်လေးစားနေသည့်ဟန်ဖြင့် ချက်ချင်းပင်ပြောလိုက်သည်။
"ဦလေးကျူး ကျွန်တော့်ကိုဒီလိုမျိုးတလေးတစားပြောနေစရာမလိုပါဘူး တကယ်တော့ဒီကိစ္စကအရမ်းရိုးရှင်းပါတယ် မဟာမိတ်ကအစကတည်းကမသန်မာဘူး ဘယ်လိုပဲဖြစ်ပါစေ တခြားမဟာမိတ်တွေကိုဘေးဖယ်ထားဦး သူတို့ရဲ့ဥရောပသမဂ္ဂအဖွဲ့တစ်ခုတည်းမှာတင် ပေါလ်ကိုသေစေချင်တဲ့လူတွေအများကြီးရှိတယ်"
"ပေါလ်ရဲ့သေဆုံးမှုက ဥရောပသမဂ္ဂအဖွဲ့ရဲ့လုံခြုံရေးဆိုတဲ့အဓိပ္ပာယ်ပဲ တချို့လူတွေကလည်းပလ္လင်ပေါ်ကိုအောင်မြင်စွာနဲ့တက်နိုင်ခဲ့တာပေါ့ သေချာတာပေါ့ ဒါတွေအားလုံးက စွမ်းအားကြောင့်ဆိုတာ သူတို့ကကျွန်တော့်ရဲ့ကျင့်ကြံစွမ်းအားကိုကြောက်မှတော့ ကျွန်တော့်ကိုအပြစ်မပြုရဲတာသဘာဝပဲလေ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကိုအဖြေရှာပြီးတဲ့နောက်မှာ ကျွန်တော်ကပေါလ်ကိုသေစေချင်ပြီး ဒီကိစ္စကိုဖြေရှင်းချင်တယ်ဆိုတာကို သူတို့သိသွားတယ် တစ်ချိန်တည်းမှာပဲ ကျွန်တော်ကပေါလ်ရဲ့သေဆုံးမှုကိုအသုံးချပြီး အဟန့်အတားတစ်ခုကိုဖန်တီးလိုက်နိုင်တယ် အဆုံးကျသူတို့အားလုံးပူးပေါင်းပါဝင်လာတာက သဘာဝကျပါတယ်"
"ပြီးတော့သူတို့ပြန်ပေးတဲ့ပစ္စည်းတွေကိုစစ်ပြီးပြီလား သူတို့လုယူသွားတာထက်ပိုများမယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲတယ်"
ထိုစကားအားကြားပြီးနောက် ဓားဘုရင်ချင်မှာချက်ချင်းပြုံးလိုက်သည်။
"ကျိုးဟောင်မင်းပြောတာတကယ်ကိုမှန်တယ် အထူးသဖြင့်အရင်းအမြစ် ၂ ဆပြန်ပေးတဲ့မြောက်အမေရိကမဟာမိတ်ပဲ"
ကျိုးဟောင်မှာပြုံးရုံသာပြုံးလိုက်သည်။ သူသည်အစောကတည်းကကြိုတင်ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။
"ကျိုးဟောင် မင်းကတကယ်ကိုဉာဏ်များတာပဲ ဒီလိုနည်းလမ်းမျိုးကိုတောင်သုံးခဲ့တာ ဟဟ တကယ်ကိုပဲမင်းကလူကောင်းတစ်ယောက်မဟုတ်ဘူးပဲ"
ဖား၏အသံမှာကျိုးဟောင်၏စိတ်ထဲတွင်ထွက်ပေါ်လာခဲ့ပေရာ ကျိုးဟောင်မှာဘာမှမတတ်နိုင်သလိုခံစားလိုက်ရသည်။
"ကျွန်တော်ကလူကောင်းမဟုတ်ဘူးလား သူတို့ကဘယ်လိုလူမျိုးတွေလဲဆိုတာခင်ဗျားမသိဘူးလား ကျွန်တော်သူတို့ကိုမျက်နှာသာပေးခဲ့ပြီးပြီ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဒီတိုင်းသူတို့အားလုံးကိုသတ်ပြီး ကမ္ဘာဂြိုဟ်ကိုလုံးဝစည်းလုံးသွားအောင်လုပ်လိုက်လို့ရတယ်"
ကျိုးဟောင်မှာပက်ခနဲပြန်ပြောလိုက်သည်။
"ကျွတ်ကျွတ် ဒါကပုံမှန်ပဲဆိုပေမဲ့ မင်းရဲ့နည်းလမ်းကနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ဆိုတာကိုတော့ငါပြောရဦးမှာပဲ အားလုံးကရေနစ်သူဝါးကူထိုးနေကြတာ ဘယ်လောက်လက်တွေ့ဆန်လိုက်လဲ"
ဖားမှပြုံးလိုက်သည်။
"ဒါကသိုင်းပညာရှင်လောကပဲ စွမ်းအားအကြီးဆုံးလူကဆုံးဖြတ်ပိုင်ခွင့်ရှိသူပဲ တကယ်လို့ကျွန်တော်သာမူလအဆင့်ပညာရှင်တစ်ယောက်ဆို သူတို့နဲ့စကားပြောဖို့အခွင့်အရေးတောင်ရှိမှာမဟုတ်လောက်ဘူး ဟုတ်တယ်မလား"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။
ဖားမှာဤစကားအားအလွန်ထောက်ခံပေသည်။
"ဒါနဲ့ ကျိုးဟောင် မင်းအာကာသသားရဲနဲ့နောက်ဆုံးတိုက်ပွဲမှာတုန်းက မင်းရဲ့အသက်အငွေ့အသက်ကသေချာပေါက်ပျောက်သွားခဲ့တာပါ ဘာလို့အခုထိ...."
ဓားဘုရင်ချင်မှာ သိလိုစိတ်ဖြင့်မေးလိုက်သည်။
ကျိုးဟောင်မှာ အာကာသသားရဲခန္ဓာကိုယ်အားအပိုင်သိမ်းလိုက်ခြင်းဖြစ်ကြောင်းပြောပြလို့မဖြစ်ပေရာ လိမ်ပြောရုံသာတတ်နိုင်ပေသည်။
"အဆုံးကျ ကျွန်တော်ထူးဆန်းတဲ့နေရာတစ်ခုထဲကိုရောက်သွားပြီး သူနဲ့အချိန်အကြာကြီးတိုက်ခိုက်ခဲ့ပြီးတော့ သူ့ရဲ့ဝိဉာဥ်ကိုဖျက်ဆီးပစ်ခဲ့တယ် ကျွန်တော်ကတော့အကြာကြီးအိပ်ပျော်သွားခဲ့ပြီးမှနိုးလာတာ"
ကျိုးဟောင်၏ရှင်းပြချက်မှာအနည်းငယ်သဘာဝမကျသော်ငြား သူတို့သည်သတိထားမိလောက်မည်မဟုတ်ပေ။
"အဲဒီလိုကိုး...."
ဓားဘုရင်ချင်မှာခေါင်းညိတ်ရင်းမေးလာခဲ့သည်။
"ဒါဆို....မင်းမှာတကယ်ပဲသူတော်စင်ဘုံအဆင့်တိုက်ခိုက်ရေးစွမ်းအားရှိနေတာလား"
ဤအချက်သည်အဓိကပင်ဖြစ်သည်။ သူတို့သည်ကျိုးဟောင်၏ကျင့်ကြံဆင့်နှင့်ပတ်သက်ပြီးအလွန်စိုးရိမ်နေခဲ့ကြပေသည်။ အကယ်၍သူ့စွမ်းအားသည်အတုအယောင်ဆိုပါက အခြားမဟာမိတ်များမှာသေချာပေါက် ဤကိစ္စအားအလွတ်ပေးမည်မဟုတ်ပေ။
"စိတ်မပူပါနဲ့ကျွန်တော်နည်းနည်းလေးကံကောင်းခဲ့တာပါ ကျွန်တော်ကသူတော်စင်ဘုံအဆင့်ကိုမရောက်သေးဘဲ သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့်မှာပဲရှိသေးတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့တိုက်ခိုက်ရေးစွမ်းအားကတော့သေချာပေါက် သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်ကိုယှဥ်နိုင်ပါတယ်"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။ ဤစကားမှာဓားဘုရင်ချင်တို့အားစိတ်သက်သာရာရသွားစေခဲ့သည်။ ကျိူးဟောင်သာရှိနေပါက တစ်ဖက်လူများမှာ သေချာပေါက်မည်သည့်စကားမျှပြောရဲမည်မဟုတ်ပေ။
"ဒါနဲ့ စီနီယာကျိ၊ စီနီယာလင်းထျန်နဲ့ အကြီးအကဲကျင်းတို့ရော ဘယ်လိုနေကြလဲ"
ကျိုးဟောင်မှအလျင်အမြန်ပင်မေးလိုက်သည်။ အကြီးအကဲကျင်းမှာ ပေကျင်းမှသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ဖြစ်သည်။ ဟွာရှားတစ်ခုလုံးတွင် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင် စုစုပေါင်း ၃ယောက်ရှိကာ အားလုံးမှာအိပ်ပျော်နေကြပေသည်။
"အကြီးအကဲကျင်းကဆက်ပြီးတောင့်မထားနိုင်တော့ဘူး သူ့ရဲ့အသက်ဓာတ်ကတစ်နေ့ကပဲကုန်ခမ်းသွားပြီးတော့ လုံးဝသေဆုံးသွားခဲ့ပြီ စီနီယာကျိနဲ့ စီနီယာလင်းထျန်တို့ကတော့အိပ်ပျော်နေကြတုန်းပဲ"
ဓားဘုရင်ချင်းမှာသက်ပြင်းတစ်ချက်ချကာ အခြေအနေအားပြောပြလိုက်သည်။
ကျိုးဟောင်မှာစိတ်မကောင်းစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့်ကိုသူတို့ဆီခေါ်သွားပေးပါ"
ကျိုးဟောင်ထံတွင်စိတ်ဝိဉာဥ်ကျောက်တုံးရှိပေရာ စီနီယာကျိနှင့် စီနီယာလင်းထျန်အားကူညီပေးနိုင်လောက်ပေသည်။ အကယ်၍သူမတို့နှစ်ယောက်သာနိုးလာပါက ဟွာရှားတစ်ခုလုံး၏တိုက်ခိုက်ရေးစွမ်းအားမှာ အထွတ်အထိပ်တွင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
ဓားဘုရင်ချင်မှာ ကျိုးဟောင်အားအထူးကြပ်မတ်ကုသရေးအခန်းငယ်ထဲသို့ခေါ်ဆောင်လာခဲ့ပြီး ကျိုးဟောင်မှာအထဲတွင်လှဲလျောင်းနေသည့် စီနီယာကျိနှင့်စီနီယာလင်းထျန်တို့အားမြင်လိုက်ရသည်။
"ဖား သူတို့ကယ်လို့ရမဲ့အခွင့်အရေးရှိလား"
ကျိုးဟောင်မှအလျင်အမြန်ပင်မေးလိုက်သည်။
"သေချာတာပေါ့ သူတို့ရဲ့ဝိဉာဥ်တွေကအိပ်ပျော်နေတယ်ဆိုပေမဲ့ သူတို့ကအသက်ရှိနေတုန်းပဲ ကမ္ဘာဂြိုဟ်ရဲ့ပါရမီအကောင်းဆုံးနှစ်ယောက်လို့မပြောရဘူး သူတို့ရဲ့မျိုးရိုးဗီဇတွေကမဆိုးဘူး"
ဖား၏စကားများကြောင့်ကျိုးဟောင်မှာခေါင်းညိတ်လိုက်သည်။ စီနီယာကျိနှင့်စီနီယာလင်းထျန်နှစ်ယောက်လုံးမှာအထူးမျိုးရိုးဗီဇများဖြင့်ပြုစုပျိုးထောင်ထားခြင်းခံရပြီး သဘာဝထက်သာလွန်သည့်ပါရမီများရှိကြောင်းကို ကျိုးဟောင်အဘိုးအိုထံမှသိခဲ့ပြီးပြီဖြစ်သည်။
"သူတို့ရဲ့ပါရမီကမဆိုးပေမဲ့ သူတို့ကမင်းနဲအများကြီးကွာခြားနေသေးတယ် မင်းမှာအာကာသသားရဲရဲ့ခန္ဓာကိုယ်၊ ရှေးဟောင်းခန္ဓာသိုင်းနဲ့ စိတ်ဝိဉာဥ်ကျောက်တုံးရှိတယ် ဒီအဆင့်နဲ့ဆို စကြဝဠာထဲမှာတောင် မင်းကအတော်လေးကံကောင်းတဲ့ကောင်လို့ပြောလို့ရတယ်"
"ကောင်းပြီ နောက်ကျွန်တော်တို့အချိန်ရတဲ့အခါကျခင်ဗျားမြှောက်ပြောလို့ရတယ် ဒါမှမဟုတ်သူတို့ကိုဘယ်လိုကယ်ရမလဲဆိုတာကိုကျွန်တော့်ကိုအရင်ပြောပြပါလား"
ကျိုးဟောင်မှာချက်ချင်းပင်မေးလိုက်သည်။
"ရိုးရှင်းပါတယ် ဒီစိတ်ဝိဉာဥ်ကျောက်တုံးကိုသုံးပြီးတော့ သူတို့ရဲ့စိတ်စွမ်းအားကိုဖွဲ့စည်းလိုက် ဒါဆိုသူတို့နိုးလာဖို့ဘယ်လောက်မှကြာမှာမဟုတ်ဘူး"
ဖား၏စကားဆုံးသောအခါကျိုးဟောင်မှာတွေဝေမနေဘဲ ချက်ချင်းပင်သူပြောသည့်အတိုင်းလုပ်လိုက်သည်။ မကြာမီ သူတို့၏စိတ်စွမ်းအားများအားဖွဲ့စည်းပြီးသွားခဲ့သည်။
ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ အံ့သြနေခဲ့ကြသည်။
"ကျိုးဟောင် မင်းဘာလုပ်လိုက်တာလဲ ဘာလို့စီနီယာကျိနဲ့ စီနီယာလင်းထျန်ရဲ့စိတ်စွမ်းအားအတက်အကျတွေက ပိုပြီးလှုပ်ရှားလာတာလဲ"
သူတို့သည်အလွန်အံ့သြနေခဲ့သည်။ အကြောင်းမှာ သူတို့၏စိတ်စွမ်းအားသုတေသနသည်ထိုအဆင့်ထိမရောက်သေး၍သာဖြစ်သည်။
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့၏ ကျင့်ကြံဆင့်မှာ ၁၂ ဆင့်မြောက်ကောင်းကင်ဘုံအဆင့်တွင်သာရှိသေးပြီး သူတော်စင်ဘုံအဆင့်တစ်ဝက်အဆင့်သို့ရောက်ရန်အများကြီးအလှမ်းဝေးသေးပေသည်။
ထို့ကြောင့် ၎င်းတို့မှာလုံးဝမကူညီနိုင်ပေ။ သို့သော် သူတို့သည်ကျိုးဟောင်မှကျိယောင်ယွဲ့နှင့်လင်းထျန်တို့၏စိတ်စွမ်းအားများအားလွယ်လင့်တကူတိုးမြှင့်ပေးလိုက်သည်ကိုမြင်လိုက်ရသောအခါ အတော်လေးပဟေဠိဖြစ်နေခဲ့သည်။
"ကျွန်တော်ကဒီတိုင်းသူတို့ရဲ့စိတ်စွမ်းအားဖွဲ့စည်းဖို့ကိုကူညီပေးလိုက်တာပါ"
ကျိုးဟောင်မှပြုံးကာပြောလိုက်သည်။
"အဲဒါဆိုကောင်းတယ် ဒီလိုသာဆို စီနီယာကျိနဲ့စီနီယာလင်းထျန်တို့နိုးထလာာနိုင်တဲ့အခွင့်အရေးကပိုပြီးများသွားပြီ"
ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
ကျိုးဟောင်မှာပြုံးကာခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စအားဖြေရှင်းပြီးနောက် ကျိုးဟောင်မှာအိမ်ပြန်လာခဲ့သည်။ သူသည်မိသားစုနှင့်မတွေ့ရသည်မှာကြာလှပြီဖြစ်ပြီး လပေါ်မှပြန်လာပြီးနောက်ဤကိစ္စများအားဖြေရှင်းရန်စစ်နတ်ဘုရားတပ်ရင်းသို့ချက်ချင်းလာခဲ့ခြင်းဖြစ်ပေရာ မိသားစုအားအချိန်များများပင် အဖော်မလုပ်ပေးခဲ့ရပေ။
သို့သော်ယခုကျိုးဟောင်တွင် မိသားစုအားအဖော်ပြုရန်အချိန်များစွာရရှိသွားပြီဖြစ်သည်။ ကမ္ဘာဂြိုဟ်ပေါ်တွင် သန္ဓေပြောင်းသားရဲများမှာ အဆုံးသတ်သွားပြီဖြစ်သည်။ ၎င်းတို့အများစုမှာ အာကာသသားရဲ၏ဝါးမျိုခြင်းအားခံလိုက်ရပြီး ကျန်ရှိခဲ့သည့်အရာများမှာ အရေးမပါသည့်အရာများသာဖြစ်သည်။
ကျိုးဟောင်မှာ စီနီယာကျိနှင့် စီနီယာလင်းထျန်တို့နိုးလာပြီးနောက် ကမ္ဘာဂြိုဟ်ပေါ်ရှိသန္ဓေပြောင်းသားရဲမဟာမိတ်အားအမြစ်ပြတ်ချေမှုန်းရန်စီစဥ်ခဲ့သည်။
ဒီလိုနည်းလမ်းဖြင့်ဆိုပါက ကမ္ဘာဂြိုဟ်ပေါ်တွင် မည်သည့်ခြိမ်းခြောက်မှုမျှထပ်ရှိလာတော့မည်မဟုတ်ပေ။ ကျိုးဟောင်၏အာကာသသားရဲမှာလပေါ်တွင်နေ့စဥ်ကြီးထွားနေပြီး ကျိူးဟောင်ကိုယ်တိုင်မှာလည်း သူ၏ခန္ဓာကိုယ်အားသက်သောင့်သက်သာမထားဘဲ အဆင့်ချိုးဖောက်နိုင်မည့်အခွင့်အရေးအားဆက်လက်ဖမ်းဆုပ်ရန်ကြိုးစားနေခဲ့သည်။
မိသားစုနှင့်အတူထမင်းလက်ဆုံစားကာ နှစ်ရက်မျှအဖော်ပြုပေးပြီးနောက် ကျိုးဟောင်မှာလပေါ်သို့ထပ်မံရောက်ရှိလာခဲ့သည်။ ဤနေရာတွင်သာ ကျိုးဟောင်မှာပိုမိုအဆင်ပြေစွာကျင့်ကြံနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူ၏လက်ရှိခန္ဓာကိုယ်မှာလည်း အဆင့်မြင့်တွင်းထွက်ပစ္စည်းများအားစုပ်ယူရန်လည်းလိုအပ်ပေသည်။
....................................................................................