← Chapters

နိုးထလာခြင်း

Vol. 49 Ch. 726

နိုးထလာခြင်း

Vol. 49 Ch. 726

ကျိုးဟောင်မှာလပေါ်တွင်နှစ်ရက်မျှကျင့်ကြံပြီးနောက် လုံနတ်ဘုရားစစ်သင်္ဘောအားယူပြီးကမ္ဘာဂြိုဟ်ဆီသို့ပြန်လာခဲ့သည်။

ကျိုးဟောင်လ‌ပေါ်သို့သွားနေကြောင်းကိုမည်သူမျှသတိမထားမိပေ။ မည်သို့ပင်ဖြစ်စေ လုံနတ်ဘုရားစစ်သင်္ဘော ၏အမြန်နှုန်းမှာအလွန်မြန်ဆန်လှပေသည်။ အကယ်၍ နဂါးငွေ့တန်းထဲမှ အဝေးဆုံးဂြိုဟ်သို့သွားလျှင်ပင် လုံနတ်ဘုရားစစ်သင်္ဘောဖြင့်သွားပါက ကမ္ဘာဂြိုဟ်မှအသွားအပြန်လုပ်ရန်တစ်ရက်မျှသာကြာမည်ဖြစ်သည်။

သူအိမ်ပြန်ရောက်ချိန်တွင် ဝမ်ရှုယွင်နှင့်ရှုလင်မှာချက်ပြုတ်ရင်းအလုပ်များနေခဲ့သည်။ ကျိုးဟောင်မှာပြုံးကာရှုလင်အားဖက်လိုက်ကာပြောလိုက်သည်။

"ကိုယ်တို့လက်ထပ်ဖို့ပြင်ဆင်သင့်ပြီမဟုတ်ဘူးလား"

ယခုလိုသေရေးရှင်ရေးအခြေအေနနှင့်တွေ့ကြုံရပြီးနောက်ပိုင်း ကျိုးဟောင်မှာသူ့မိသားစုအားပို၍ပင်တန်ဖိုးထားလာခဲ့သည်။ အထူးသဖြင့်ရှုလင်ပင်။ ကျိုးဟောင်သည်သူမအားတကယ်ကိုလက်မလွှတ်နိုင်ပေ။

ရှုမိသားစုသည်လည်း ကျိုးဟောင်အားအထင်ကြီးသည့်အပြင်လေးလည်းလေးစားလာခဲ့ပေရာ သူတို့ထံတွင်အခြားအတွေးများမရှိတော့ပေ။

"ဟဟ ယောက်ဖ ငါရှေ့မှာငါ့ညီမနဲ့ကလူကျီစယ်လုပ်နေတာ နည်းနည်းမသင့်တော်ဘူးမလား"

ရှုချန်း၏စကားဆုံးသောအခါ ရှုလင်သည်နီရဲနေသော

မျက်နှာလေးဖြင့် ဖက်ထားသည့်ကျိုးဟောင်၏လက်ထဲမှရုန်းကာပြောလာခဲ့သည်။

"နင်ပြောချင်သလိုသာပြော...ကောင်စုတ်လေး"

ထို့နောက်သူမသည် ပြေးထွက်သွားခဲ့သည်။

ဤမြင်ကွင်းအားကြည့်ပြီး ဝမ်ရှုယွင်မှာအလွန်ဝမ်းသာနေခဲ့သည်။ သူမ၏သားဖြစ်သူသည်နောက်ဆုံးတွင် ဘဝတစ်သက်တာအတွက်ကိစ္စအားဖြေရှင်းတော့မည်ဖြစ်သည်။ အမေတစ်ယောက်အနေဖြင့် သူမမည်သို့ဝမ်းမသာဘဲနေနိုင်မည်နည်း။

"သား အမေမင်းကိုပြောမယ်နော် မင်းတကယ်လို့ရှုလင်ကိုအနိုင်ကျင့်ရင် အမေမင်းကိုအလွတ်မပေးဘူး"

ကျိုးဟောင်မှာစိတ်ညစ်သွားသည့်ပုံပေါ်သ်ောလည်း ရှုချန်းမှာတော့မျက်နှာအရည်ထူစွာဖြင့်ပြောလာခဲ့သည်။

"ဒေါ်လေးပြောတာ လုံးဝမှန်တယ် ကျွန်တော်သဘောတူတယ်"

"မင်း...မင်းကနေရာတကာပါတယ် ပြောပါဦး မင်းဒီနေ့ဘာလို့ရောက်လာတာလဲ"

ကျိုးဟောင်မှာ အစကရှုချန်းအားမကြိုက်သော်လည်း ယခင်ကရှုချန်း၏လုပ်ရပ်များသည် သူ့ညီမအတွက်လုပ်ခြင်းဖြစ်ကြောင်း တဖြည်းဖြည်းချင်းနားလည်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အကယ်၍ရှုလင်သာစွမ်းအားကြီးသည့်တပည့်တစ်ယောက်နှင့် တကယ်လက်ထပ်ခဲ့ပါက သူမအတွက်အန္တရာယ်သိပ်မများနိုင်ပေ။

သူမ၏အစ်ကိုတစ်ယောက်အနေဖြင့် သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူ့ညီမလုံခြုံရေးအတွက် စိတ်ချရအောင်ပြုလုပ်ခြင်းသာရှိသည်။ ထိုကိစ္စမှလွဲ တခြားသူဘာလုပ်နိုင်သလဲဆိုသည်အား တကယ်ကိုမသိပေ။

"အမယ်လေး ငါကဘာများလုပ်နိုင်မှာလဲ သေချာပေါက်ကပ်လိုက်လာတာပေါ့ ဒါပေမဲ့တကယ်တော့ မင်းကိုအရေးတကြီးပြောစရာရှိလို့ ငါဒီနေ့လာခဲ့တာ ဒါကဒီတိုင်း....ငါ့အဖိုးကမင်းဆီကိုလာလည်ချင်နေတယ်"

ရှုချန်းမှပြောလိုက်သည်။

"ငါ့ကိုလာလည်စေချင်တာလား ငါကဒီတိုင်းအငယ်လေးပဲကို လူကြီးတွေကိုသွားပြီးနှောင့်ယှက်လို့သိပ်မကောင်းဘူးမလား"

ကျိုးဟောင်မှာမနေနိုင်ဘဲထုတ်ပြောလိုက်သည်။

"မင်းကကမ္ဘာဂြိုဟ်ပေါ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်ပဲကို သေချာပေါက်သူကမင်းဆီလာရမှာပေါ့ ငါကြားတာတော့ မဟာမိတ်ပေါင်းစုံကခေါင်းဆောင်တွေကမင်းနဲ့တွေ့ချင်ရင် ကြိုပြီးချိန်းရတယ်ဆို တကယ်တော့ မင်းစိတ်မပါရင် သူတို့လာတွေ့လို့မရဘူးလို့တောင် ငါကြားထားတာ"

ရှုချန်းမှစလိုက်သည်။

"အဲဒါကပုံမှန်ပဲလေ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကဒီတိုင်းငါ့ကိုဖားဖို့လာကြတာပဲကို စိတ်မရှုပ်ဘဲနေနိုင်ပါ့လားဒါပေမဲ့ရှုမိသားစုရဲ့အကြီးအကဲငါ့ဆီလာလည်တာကတော့မတူဘူး ငါ့အထင်တော့ငါပဲသူ့ဆီသွားလည်လိုက်တာကပိုကောင်းမယ်ထင်တယ် အပြင်လူတွေအမြင်မှာငါကကမ္ဘာဂြိုဟ်ပေါ်က အသန်မာဆုံးပညာရှင်ဆိုပေမဲ့ ရှုမိသားစုအတွက်တော့ ငါကရှုလင်ရဲ့ချစ်သူပဲ‌လေ ဟုတ်တယ်မလား"

ကျိုး‌ဟောင်၏စကားများကြောင့် ရှုချန်းမှာရောထွေးနေသာခံစားချက်များဖြင့်သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ မင်းစိတ်တိုင်းကျလုပ်ပေါ့ မင်းအားတဲ့အချိန်ငါ့ကိုပြော ငါသူတို့ကိုပြင်ဆင်ထားခိုင်းလိုက်မယ်"

ရှုချန်းမှာပြုံးကာပြောပြီးနောက်ထွက်သွားခဲ့သည်။

တစ်ချိန်တည်းတွင် စစ်နတ်ဘုရားတပ်ရင်း၏ဌာနချုပ်ရှိ အလွန်ကျယ်ဝန်းသည့်အခန်းထဲတွင် ဆေးပစ္စည်းများစွာနှင့်ဆေးကိရိယာများစွာရှိနေခဲ့ပြီး ထိုအခန်းထဲတွင်ကုတင်နှစ်လုံးလည်းရှိနေခဲ့သည်။

ဘယ်ဘက်ခြမ်းရှိကုတင်ပေါ်တွင်ရှိနေသူမှာ အမဲရောင်တရုတ်ရိုးရာဝတ်စုံအားဝတ်ဆင်ထားသည့်အမျိုးသမီးတစ်‌ယောက်ဖြစ်ပြီး ညာဘက်ကုတင်တွင်ရှိနေသူမှာ အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်ဖြစ်သည်။ ဤနေရာတွင်လုပ်ခဲ့သမျှကိစ္စအားလုံးသည် ဤပညာရှင်နှစ်ယောက်၏အသက်အားထိန်းသိမ်းထားလိုသည့် ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာဖြစ်သည်။

အခန်းအပြင်တွင် လူနှစ်ယောက်မှာမတ်တပ်ရပ်ကာ ဖန်သားပြင်မှတစ်ဆင့်အခန်းထဲသို့ကြည့်နေခဲ့ပြီး သူတို့၏မျက်လုံးများတွင်ဝမ်းနည်းနေသောအငွေ့အသက်တို့ခပ်ရေးရေးပေါ်နေခဲ့သည်။

"ထျဲ့ထာ စီနီယာကျိကဘယ်တော့မှနိုးလာမှာလဲ"

အိုက်ရှားမှာမနေနိုင်ဘဲမေးလိုက်သည်။

"ငါ...ငါမသိဘူး ဒါပေမဲ့ငါဆက်စောင့်နေဦးမှာ"

တီ...တီ.....တီ...

ရုတ်တရက်နားကွဲမတတ်ကျယ်လောင်သည့်အချက်ပေးသံတစ်ခုအား အခန်းအပြင်ဘက်မှကြားလိုက်ရသည်။

ဝုန်း...

ဆရာဝန်အဖွဲ့သည်လည်း အခန်းအပြင်ဘက်မှအ‌လောတကြီးပြေးဝင်သွားခဲ့ကြသည်။ ကိုယ်ပိုင်အစောင့်အရှောက်နှစ်ယောက်ဖြစ်သော အိုက်ရှားနှင့်ထျဲ့ထာသည်လည်း အခန်းထဲသို့လျင်မြန်စွာကြည့်လိုက်ကြသည်။ တံခါးပွင့်သွားသည်နှင့် အသက်ကြီးကြီးဆရာဝန်သုံးယောက်မှာ ချက်ချင်းပင်တစ်ယောက်ပြီးတစ်ယောက်ဝင်သွားခဲ့ကြကာ အခြားလူများအားအခန်းတွင်းသို့ဝင်ခွင့်မပြုပေ။

ကမ္ဘာဂြိုဟ်၏အထွတ်အထိပ်အဆင့်ပညာရှင်များမှာ အခန်းထဲရှိကုတင်နှစ်လုံးပေါ်တွင်လှဲလျောင်းနေခဲ့ကြပေသည်။ ဆရာဝန်များမှာအခန်းတွင်းသို့ဝင်သွားပြီးနောက် တာဝန်ကိုယ်စီခွဲကာ ထိုအထွတ်အထိပ်ပညာရှင်နှစ်ယောက်အားကယ်တင်ရန်အကောင်းဆုံးကြိုးစားကြ‌တော့သည်။

"ဦးနှောက်လှိုင်း ဦးနှောက်လှိုင်းကိုထောက်လှမ်းမိတယ်"

ဆံပင်တို့ဖြူနေသော ဆရာဝန်တစ်ယောက်မှ စိတ်လှုပ်ရှားစွာအော်ဟစ်လာခဲ့သည်။

"ပညာရှင်နှစ်ယောက်ရဲ့ဦးနှောက်လှိုင်းတွေ အသက်ဝင်လာပြီ ပြီးတော့လှိုင်းကတဖြည်းဖြည်းချင်းပိုပြီးအားကောင်းလာပြီ"

နောက်ထပ်ဆရာဝန်တစ်ယောက်မှ ဝမ်းပန်းတသာအော်လာခဲ့သည်။

"မယုံနိုင်စရာပဲ ဒါကတကယ်အရမ်းမယုံကြည်နိုင်စရာပဲ ဒီလောက်ပြင်းထန်ပြီးသေလုမျောပါးဒဏ်ရာရသွားပြီးနောက်ပိုင်း အသက်ရှင်တာဆေးလောကမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ"

အခြားဆရာဝန်တစ်ယောက်မှ အံ့သြတကြီးပြောလာခဲ့သည်။

ပညာရှင်နှစ်ယောက်၏ဦး‌နှောက်လှိုင်းမှာ အပြင်းအထန်ရုန်းကန်နေပုံရပြီး ပိုမိုကာအားကောင်းသထက်ကောင်းလာခဲ့သည်။ ရုတ်တရက်နှစ်ယောက်ထဲမှတစ်ယောက်၏ မျက်ခွံများမှာအနည်းငယ်လှုပ်ရှားလာခဲ့ပြီး မျက်လုံးများမှာဖြည်းညှင်းစွာပွင့်လာခဲ့သည်။

နိုးထလာသည့်ပညာရှင်မှာ ကျိယောင်ယွဲ့ပင်ဖြစ်ပေသည်။

ကျိယောင်ယွဲ့မှာမျက်လုံးများဖွင့်လာခဲ့သော်လည်း သူမ၏မျက်လုံးများမှာဗလာဖြစ်နေဆဲပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည်အချိန်ကြာမြင့်စွာအိပ်ပျော်သွားခဲ့ပြီး ယခုမှပြန်နိုးလာခြင်းဖြစ်ပေရာ အတော်လေးမသက်မသာခံစားနေရသေးပေသည်။

"မြန်မြန် စီနီယာကျိရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်"

ကျိယောင်ယွဲ့နိုးလာသည်ကိုမြင်ပြီး များပြားလှသောဆရာဝန်အဖွဲ့မှာအလျင်အမြန်ပင်ပြေးဝင်လာကြပြီး သူမ၏ခန္ဓာကိုယ်အားစစ်ဆေးမှုများပြုလုပ်ကြတော့သည်။ မည်သည့်ပြဿနာမှမရှိကြောင်း သိရှိပြီးနောက်မှသာ အားလုံးမှာစိတ်သက်သာရာရသွားခဲ့ကြသည်။

"စီနီယာကျိဘာမှမဖြစ်တော့ပါဘူး သူအခုမှနိုးလာပြီး သတိအပြည့်အဝမကပ်သေးတာရယ် ပြီးတော့ အကြာကြီးလှုပ်ရှားမှုမရှိတာရယ်ကြောင့် သူ့ခန္ဓာကိုယ်ကအားနည်းနေတာကလွဲ ကျန်တာဘာပြဿနာမှမရှိပါဘူး စီနီယာကျိကသိုင်းပညာရှင်တစ်ယောက်ဆိုတော့ စွမ်းအင်အနှစ်သာရဆေးထိုးပေးရင် ပြန်ပြီးသက်သာလာမှာပါ"

အားလုံးမှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်တွင် အချက်ပေးသံမှာထပ်မံထွက်ပေါ်လာခဲ့သည်။

"ဘုရားရေ.....စီနီယာလင်းထျန်လည်းနိုးလာပြီ"

ထိုအချိန်တွင် အထူးကြပ်မတ်ကုသရေးအခန်းရှိ တစ်ဖက်ကုတင်မှလင်းထျန်၏မျက်လုံးများသည်လည်းပွင့်လာခဲ့သည်။ ကျိယောင်ယွဲ့လိုပင် လင်းထျန်သည်လည်းအံ့သြကာရှုပ်ထွေးနေသည့်အမူအရာမျိုးရှိနေပေသည်။

"ဘုရားရေ မြန်မြန် မြန်မြန် စီနီယာလင်းထျန်ကိုစစ်ဆေးကြဦး ဒီနေ့ကတော့ငါတို့ဟွာရှားအတွက်နေ့ကောင်းရက်မြတ်ပဲ မြန်မြန်ဓားဘုရင်ချင်၊ ကောင်းကင်ဘုံဘုရင်ကျူးနဲ့ ကောင်းကင်ဘုံဘုရင်ကျိုးတို့ကိုအကြောင်းကြားလိုက်"

သူတို့အလောတကြီးသတင်းပို့လိုက်ပြီးနောက်တွင် ဓားဘုရင်ချင်နှင့်ကောင်းကင်ဘုံဘုရင်ကျူးတို့မှာချက်ချင်းရောက်ရှိလာခဲ့ကြပြီး သတိရနေပြီဖြစ်သော ကျိယောင်ယွဲ့နှင့် လင်းထျန်တို့အားမြင်လိုက်ရချိန်တွင် အလွန်ပျော်ရွှင်သွားခဲ့ကြသည်။

ကျိုးဟောင်သည်လည်းအလောတကြီးပြေးလာခဲ့ပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

"ကျိုးဟောင် သူတို့တကယ်နိုးလာပြီ ဟဟဟ ငါဒီနေ့အရမ်းပျော်တာပဲ"

ဓားဘုရင်ချင်မှာအလွန်ပျော်ရွှင်နေပြီး ပါးစပ်ပင်မစေ့နိုင်ပေ။ ကျူးဇောင်သည်လည်းအတူတူပင်။

ကျိုးဟောင်မှာပြုံးရင်း ကျိယောင်ယွဲ့နှင့်လင်းထျန်တို့အား စစ်နတ်ဘုရားတပ်ရင်း၏အဆင့်မြင်လူနာဆောင်ထဲသို့ ဆရာဝန်များမှတွန်းခေါ်သွားသည်ကိုကြည့်နေခဲ့သည်။

အချိန်မှာတဖြည်းဖြည်းချင်းကုန်ုဆုံးသွားပြီး ကျိယောင်ယွဲ့နှင့်လင်းထျန်တို့၏စိတ်စွမ်းအားမှာလည်းလုံးဝတည်ငြိမ်လာပြီဖြစ်ကာ အပြည့်အဝသတိဝင်လာပြီဖြစ်သည်။

"ငါတို့...ငါတို့မသေဘူးလား"

ကျိယောင်ယွဲ့မှာ ကျိုးဟောင်၊ ဓားဘုရင်ချင်နှင့် အခြားလူများအားတွေ့ကာမနေနိုင်ဘဲမေးလိုက်သည်။

"မသေဘူး မသေဘူး...."

သို့သော် ဓားဘုရင်ချင်တို့အဖွဲ့မှာဤမြင်ကွင်းအားကြည့်ပြီး မနေနိုင်ဘဲငိုကြွေးလာခဲ့ကြသည်။ အိုက်ရှားပင်မျက်ရည်များကျလာကာာ ထျဲ့ထာ၏ကိုယ်ပေါ်သို့ခုန်တက်လိုက်သည်။

"ဒါနဲ့ အာကာသသားရဲ‌ရောဘယ်ရောက်သွားပြီလဲ"

ထိုအချိန်တွင် ကျိယောင်ယွဲ့မှာတစ်ခုခုအားတွေးမိသွားပုံပေါ်ပြီး ချက်ချင်းပင်စိုးရိမ်တကြီးမေးလာခဲ့သည်။

ကျိုးဟောင်မှာမူပြုံးရင်း ကျိယောင်ယွဲ့အားကြည့်နေခဲ့သည်။

"စီနီယာကျိ အားလုံးပြီးသွားပါပြီ စိတ်မပူပါနဲ့ ကျွန်တော်တို့ကမ္ဘာဂြိုဟ်အခုအန္တရာယ်မရှိတော့ပါဘူး"

ပြောရင်း ကျိုးဟောင်မှာလူတစ်ယောက်အားခေါ်ကာ ကျိယောင်ယွဲ့တို့အိပ်ပျော်သွားပြီးနောက်ပိုင်းဖြစ်ပျက်ခဲ့သမျှအားလုံးအားအစီရင်ခံခိုင်းလိုက်သည်။ အားလုံးဆုံးအောင်နားထောင်ပြီးနောက်မှသာ ကျိယောင်ယွဲ့မှာသက်ပြင်းချနိုင်တော့သည်။

All Chapters