ဆိုင်ရမ်ကြယ်စု
Vol. 49 Ch. 729
ကျိုးဟောင်မှာခေတ္တမျှစဥ်းစားပြီးနောက်အကြံတစ်ခုရလာခဲ့သည်။ ဤကိစ္စမှာတကယ်တမ်းတွင်အလွန်ရိုးရှင်းပေသည်။ ခံတပ်အားထိန်းချုပ်နေသည့်သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်ရှိနေသရွေ့ မည်သူမျှမဆင်မခြင်လုပ်ရဲမည်မဟုတ်ပေ။
ကျိုးဟောင်ထံတွင်လည်းထိုသို့လုပ်နိုင်သူတစ်ယောက်ရှိပြီး ၎င်းမှာ ပေတစ်ရာပိုးကောင်ဘုရင်ပင်ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ရှုလင်သည် သူမ၁၃ခုမြောက်အက်ကွဲကြောင်းတွင်ခြေတစ်ရာပိုးကောင်ဘုရင်နှင့်တွေ့ခဲ့ကြောင်း ကျိုးဟောင်အားပြောပြခဲ့သည်။ ဤသတ္တဝါသည်အလွန်သစ္စာရှိကာ ၁၃ ခုမြောက်အက်ကွဲကြောင်းအားအမြဲတမ်းစောင့်ကြပ်နေခဲ့ပေသည်။
ကျိုးဟောင်၏နည်းလမ်းမှာအလွန်ရိုးရှင်းပေသည်။ သူသည်ဆင့်ကဲပြောင်းလဲပုံဆောင်ခဲအားသုံးပြီး ခြေတစ်ရာပိုးကောင်းဘုရင်အားသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲလိုခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည်အကြွင်းမဲ့နာခံမှုရှိကာ ကျိုးဟောင်၏အမိန့်တိုင်းအားလိုက်နာပေသည်။
ထိုကဲ့သို့သော စိတ်ပိုင်းဆိုင်ရာနာခံမှုမှာ သာမန်စာချုပ်တစ်ခုဖြင့်မတင်းတိမ်နိုင်သည့်အရာမျိုးဖြစ်သည်။
၎င်းမှာကျိုးဟောင်သည်အခြားသူများအားလုံးကိုသံသယဝင်နိုင်သော်ငြား ခြေတစ်ရာပိုးကောင်ဘုရင်မှာသူ့အားသစ္စာဖောက်လိမ့်မည်ဟုလုံးဝသံသယဝင်မည်မဟုတ်ဟုပင် ဆိုနိုင်ပေသည်။
"ဒီကိစ္စကျွန်တော့်ကိုလွှဲထားလိုက် ကျွန်တော့်ကမ္ဘာဂြိုဟ်အတွက်အရံအစီအစဥ်တစ်ခုထားခဲ့မယ်"
ကျိုးဟောင်မှာပြုံးကာ ချက်ချင်းပြောလိုက်သည်။
ကျိုးဟောင်၏စကားအားကြားသောအခါ ကျိယောင်ယွဲ့နှင့်လင်းထျန်တို့မှာစိတ်အေးသွားခဲ့သည်။
ဤကိစ္စအဆင်ပြေပြေဖြစ်စေရန်ဆိုပါက ကျိုးဟောင်မှာအရင်ဆုံးအပြင်သို့သွားကာာ ထောက်လှမ်းရန်စီစဥ်ရဦးမည်မှာ အသေအချာပင်ဖြစ်သည်။
"ဟီးဟီး သွားကြစို့ ဒီအာကာသပြင်ပခရီးကနေမင်းတို့သေချာပေါက်အကျိုးအမြတ်ကြီးကြီးရမှာပါ"
ဖားမှပြုံးကာပြောလိုက်သည်။
"ပြီးတော့ ငါမင်းအတွက်အစီအစဥ်ဆွဲထားပြီးပြီ ငါတို့ရဲ့ပထမဆုံးသွားမဲ့နေရာက ကမ္ဘာဂြိုဟ်ကနေထွက်ပြီးတော့ ငါတို့နဲ့ဘေးချင်းကပ်ရပ်ကကြယ်စုဆီသွားဖို့ပဲ အဲဒါကိုဆိုင်ရမ်ကြယ်စုလို့ခေါ်တယ် ဒါကမင်းတို့ရဲ့ဂြိုဟ်ထက် ၁၀ ဆလောက်ပိုသန်မာပြီး အတော်လေးအားနည်းတဲ့ကြယ်စုလို့ပြောလို့ရတယ် ဒီကြယ်စုမှာအသန်မာဆုံးပညာရှင်က လောကအရှင်သခင်တစ်ယောက်ပဲရှိတယ် သူတို့ကတခြားကြယ်စုတွေရဲ့လိုအပ်ချက်ကိုကျေနပ်စေဖို့အတွက် သတ္တုတွေကိုအဓိကထားထုတ်လုပ်တယ်"
ကျိုးဟောင်မှာဤစကားအားကြားသောအခါ အလွန်သိချင်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာဂြိုဟ်ပေါ်မှလူတစ်ယောက်အနေဖြင့် ပြင်ပအာကာသတွင်ဂြိုဟ်သားများရှိကြောင်းသူသိထားသော်ငြား တစ်ခါမှမမြင်ဖူးပေရာ အခြားစကြဝဠာမှလူသားများဆိုပါက ပြောနေရန်ပင်မလိုတော့ပေ။
"ငါတို့သွားမဲ့နေရာက ဆိုင်ရမ်ကြယ်စုမှာနံပါတ်တစ်ကြယ်ပဲ အဲဒါကဆိုင်ရမ်ကြယ်စုထဲမှာအကြီးဆုံးကြယ်ပဲ အဲဒီကိုသွားလိုက်လာလိုက်လုပ်နေတဲ့ စကြဝဠာမျိုးနွယ်စုတွေအများကြီးရှိတယ် ပြီးတော့ဒီကနေအလင်းနှစ် တစ်သိန်းဝေးတယ် ဒါပေမဲ့လုံနတ်ဘုရားစစ်သင်္ဘောနဲ့ဆို အာကာသကနေတစ်ဆင်ခုန်ပြီးသွားဖို့ကငါတို့အတွက်အရမ်းလွယ်တယ်"
ဖားမှာ စနစ်တကျမိတ်ဆက်ပေးလာခဲ့သည်။ ကျိူးဟောင်မှာဤကိစ္စကြောင့်ပဟေဠိဖြစ်နေပြီး ဖား၏စီစဥ်မှုများအားအပြည့်အဝနားထောင်နေခဲ့သည်။
"ကောင်းပြီ စကားထပ်မပြောတော့ဘူး သွားစို့"
ဖားမှအလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာအသိဉာဏ်ရှိသည့်အရာတစ်ခုဖြစ်သော်ငြား ခံစားချက်သည်လည်းအတိုင်းအတာတစ်ခုအထိရှိပေရာ လက်ရှိအချိန်တွင် စကြဝဠာကြီးအားစူးစမ်းရန်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
လုံနတ်ဘုရားစစ်သင်္ဘောမှာ ဥက္ကာပျံတစ်ခုအသွင်ပြောင်းလဲကာ ကမ္ဘာဂြိုဟ်မှထွက်လာခဲ့ပြီး ပြင်ပအာကာသသို့ရောက်လာခဲ့သည်။
"ရှောင်ယွီ သွားစို့"
ကျိုးဟောင်မှာချက်ချင်းပင် ပြင်ပမြင်ကွင်းကျယ်ပြသမှုအားဖွင့်လိုက်ရာ ပြင်ပအာကာသာထဲတွင်ထိုင်နေရသလိုခံစားလိုက်ရပေသည်။ ပတ်ဝန်းကျင်ရှိအာကာသမှာမှောင်မှဲနေကာ အဝေးမှကမ္ဘာဂြိုဟ်သည်အလွန်လှပနေဆဲပင်ဖြစ်သည်။
"သိပါပြီ သခင်"
ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာစိတ်လှူပ်ရှားစွာဖြင့်အော်ပြောလာခဲ့သည်။ ထို့နောက်လုံနတ်ဘုရားစစ်သင်္ဘောမှာစွမ်းအားကိုသုံးလိုက်သည်။ ကျိုးဟောင်မှာ ဝုန်း ဟူသောအသံနှင့်အတူ စစ်သင်္ဘောမှာ ဂြိုဟ်အချင်းချင်းကူးလူးသွားလာရာတွင်လျင်မြန်စွာရောက်ရှိစေသည့်အမှတ်မှတစ်ဆင့် အာကာသထဲသို့တိုက်ရိုက်ပစ်ခတ်ပျံသန်းသွားသည်ကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်မှာအရောင်စုံပြီးအိပ်မက်ပမာပင်။ ကျိုးဟောင်မှာမျက်စိရှေ့ရှိမြင်ကွင်းအားကြည့်နေခဲ့သည်။ သူသည်အတွေ့အကြုံရှိ၍သာပါက ကျိုးဟောင်မှာသေချာပေါက်အိပ်မက်မက်နေသလိုခံစားရမည်ဖြစ်သည်။
"ဒီခံစားချက်...တကယ်ကိုထူးဆန်းတယ်...."
ကျိုးဟောင်မှာနှာခေါင်းအား ဖွဖွတို့ကာပြောလိုက်သည်။
"ဟဟ ဒါကအဘွားလျိုတော်ဝင်ဥယျာဥ်ထဲဝင်သွားသလိုပဲမလား"
ဖားမှရုတ်တရက်ပြောလိုက်ရာ ကျိုးဟောင်မှာချက်ချင်းပင်အံ့သြသွားခဲ့သည်။
"အာ ခင်ဗျားဒါကိုသိလိမ့်မယ်လို့မထင်ထားခဲ့ဘူး အနီရောင်အိမ်ကိုရောမြင်ဖူးလား"
ကျိုးဟောင်မှာပြုံးကာပြောလိုက်သည်။
"သေချာတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကမင်းရဲ့နာမည်ကြီးစာအုပ် ၄ အုပ်ထဲတစ်အုပ်ပဲမလား"
ဖားမှခပ်ဟဟရယ်မောကာ ချက်ချင်းပင်ပြောလိုက်သည်။
၁၀မိနစ်မျှကြာပြီးနောက် ပတ်ဝန်းကျင်ရှိအလင်းမှာတဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ ထို့နောက်အားလုံးမှာငှက်မွေးတစ်ထောင်ချပ်ဝတ်၏အသံအားကြားလိုက်ရသည်။
"သခင် ကျွန်တော်တို့ရောက်ပါပြီ ဂြိုဟ်တစ်ခုကနေတစ်ခုကိုချက်ချင်းရောက်လာစေနိုင်တဲ့နည်းပညာကပြီးဆုံးသွားပါပြီ"
ကျိုးဟောင်၏မျက်လုံးများမှာအရောင်တောက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိမြင်ကွင်းမှာပြောင်းလဲသွားခဲ့သည်။ သူတို့သည်ပြင်ပအာကာသထဲတွင်ရှိနေဆဲဖြစ်သော်ငြား ယခုတစ်ကြိမ်တွင် ၎င်းမှာကမ္ဘာဂြိုဟ်နှင့်လုံးဝကွဲပြားနေပေသည်။
ကြယ်စု၏အာကာသထဲတွင် အမှောင်ထုနှင့်ဂြိုဟ်များမှလွဲမည်သည့်အရာကိုမှမြင်ရပေ။
သို့သော် ဤနေရာတွင် ကျိုးဟောင်မှာပြင်ပအာကာသတွင်မျောနေသောအာကာသယာဥ်မျာစွာအား တစ်ခုပြီးတစ်ခုမြင်နေရသည်မှာ အံ့သြစရာကောင်းလှပေသည်။
ကျိုးဟောင်၏ဘဝတွင်ယခုလိုမြင်ကွင်းမျိုးမြင်ဖူးခြင်းသည်ပထမဆုံးအကြိမ်ဖြစ်ပြီး အလွန်အံ့အားသင့်စရာကောင်းပေသည်။
"ဟဟ ငါသိသားပဲ ဒါကအဲဒီလောက်အထင်ကြီးစရာမကောင်းသေးဘူး တချို့အရမ်းချမ်းသာတဲ့ကြယ်စုတွေဆိုမဝင်ခင်ကြိုပြီးတော့တောင်စာရင်းပေးထားရတာ ဒါကမင်းရဲ့ဆန္ဒအပေါ်မမူတည်ဘူး သူတို့မှာကန့်သတ်ထားတဲ့အကန့်အသတ်ရှိတယ်"
"ဆိုင်ရမ်ကြယ်စုကအဲဒီလောက်မချမ်းသာသေးဘူး ဒါကြောင့်အားလုံးကဂြိုဟ်တစ်ခုကနေတစ်ခုကိုချက်ချင်းရောက်လာစေနိုင်တဲ့နည်းပညာကိုအသက်သွင်းပြီး ဒီကိုတန်းလာလို့ရတယ် ငါတို့ကျန်းလော့ဂြိုဟ် ၁ကိုဝင်ရင်တော့တူမှာမဟုတ်ဘူး အဲဒီမှာကစည်းမျဥ်းတွေရှိတယ် ကတယ်လို့သူတို့စည်းမျဥ်းကိုမလိုက်နာရင် ငါတို့အရမ်းကိုဆိုးဆိုးဝါးဝါးပုံစံနဲ့သေရလိမ့်မယ်"
ဖားမှပြောလိုက်ရာ ကျိုးဟောင်မှာအနည်းငယ်ပင်ထိတ်လန့်သွားခဲ့သည်။
"အာ ဟုတ်သားပဲ ကျွန်တော်အရင်ကတည်းကမေးချင်နေတာ ဘာလို့ဒါကိုကျန်းလော့ဂြိုဟ် ၁ လို့ခေါ်တာလဲ မဟုတ်မှ ကျန်းလောဂြိုဟ် ၂ ဆိုပြီးရှိသေးလို့လား"
ကျိုးဟောင်မှာဤနာမည်နှင့်ပတ်သက်ပြီးအလွန်သိချင်နေပေသည်။
"သေချာတာပေါ့ ဒီဆိုင်ရမ်ကြယ်စုကအရမ်းစွမ်းအားကြီးတဲ့ကြယ်စုမဟုတ်ပေမဲ့ သူ့မှာကြယ်စုအခွဲတွေရှိသေသးတယ် ဒါပေမဲ့သူတို့အားလုံးက နဂါးငွေ့တန်းထက်ပိုပြီးသန်မာကြတယ် မြို့တော်ဂြိုဟ်အနေနဲ့သူ့နာမည်ကိုအစွဲပြုပြီး နာမည်ပေးထားတဲ့ဂြိုဟ်တွေရှိတာသဘာဝပဲ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဒီဂြိုဟ်တွေက အားလုံးသူတို့လုယူပြီးသူတို့ဖို့ယူထားတဲ့ဂြိုဟ်တွေပဲ တကယ်လို့ကမ္ဘာဂြိုဟ်သာကျူးကျော်ခံရရင် ကျန်းလော့ ၄ ဒါမှမဟုတ် ၅ ဖြစ်လာနိုင်ခြေများတယ်"
ဖားမှာစလိုက်ရာ ကျိုးဟောင်မှာသဘောပေါက်သွားခဲ့သည်။
"ကျန်းလော့ဂြိုဟ်ကိုသွားကြစို့"
ပြောရင်းဖားမှာ ရှေ့ရှိကြီးမားသောကြယ်ကြီအားညွှန်ပြလိုက်သည်။ ၎င်း၏ပုံစံမှာနေထက် ၁၀ ဆမျှပိုကြီးပုံရကာ ဂြိုဟ်တုများစွာဖြင့်ဝန်းရံထားပေသည်။
"အဲဒီပစ္စည်း အဲဒါကမင်းတို့ကမ္ဘာဂြိုဟ်ရဲ့ ဂြိုဟ်တုဆိုတာနဲ့တူပြီးတော့ ကြိုဆိုရေးကိရိယာလို့ခေါ်တယ် ဒါကမင်းတို့ကိုကျန်းလော့ဂြိုဟ်ကိုလမ်းပြပေးလိမ့်မယ် မင်းတို့ဒီတိုင်းကြုံသလိုဝင်သွားလို့မရဘူး ခဏနေရင်နားလည်သွားလိမ့်မယ်"
ကျိုးဟောင်မှာငှက်မွေးတစ်ထောင်ချပ်ဝတ်အားဝတ်ဆင်ပြီး ဖြည်းဖြည်းချင်းချဥ်းကပ်လာခဲ့သည်။ မကြာမီကြိုဆိုရေးကိရိယာတစ်ခုချဥ်းကပ်လာပြီး လျှပ်စစ်လှိုင်းကွင်းတစ်ခုအားထုတ်လွှတ်လာခဲ့သည်။
"လေးစားရပါသော ဧည့်သည်တော်တို့ ကျေးဇူးပြုပြီး အင်ဂျင်ကိုရပ်ပြီး ကျန်းလော့ဂြိုဟ်ပေါ်ဆင်းသက်ဖို့ လမ်းညွှန်မှုကိုလက်ခံပေးပါ"
ဤလျှပ်စစ်လှိုင်းအား ငှက်မွေးတစ်ထောင်ချပ်ဝတ်မှကျိုးဟောင်နားလည်နိုင်သည့်ဘာသားစကားအဖြစ်ဘာသာပြန်ပေးလာခဲ့သည်။
"သူပြောသလိုသာလုပ်လိုက်"
ဖားမှာချက်ချင်းပြောလာခဲ့သည်။
ကျိုးဟောင်မှာ ငှက်မွေးတစ်ထောင်ချပ်ဝတ်အားချက်ချင်းပင် အင်ဂျင်အားရပ်ရန်အမိန့်ပေးလိုက်သည်။ ထို့နောက်ကြိုဆိုရေးကိရိယာမှ ဆွဲအားတစ်ခုထုတ်လွှတ်လာပြီး ချက်ချင်းပင်လုံနတ်ဘုရားစစ်သင်္ဘောအား ကျန်းလော့ဂြိုဟ်ဆီသို့ဖြည်းဖြည်းချင်းဆွဲခေါ်သွားသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် ကျိုးဟောင်တို့မှာလေထုကဲ့သို့သောကာကွယ်ရေးအလွှာထဲသို့ဝင်ရောက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် ကျိုးဟောင်မှာအလွန်စွမ်းအားကြီးသောငွေဖြူရောင်မြို့ကြီးတစ်မြို့အားတွေ့လိုက်ရသည်။
ကောင်းကင်ပေါ်တွင် များစွာသောသင်္ဘောများမျောနေကြသည်။ ထို့နောက်ကြိုဆိုရေးကိရိယာမှာ နေရာလွတ်တစ်ခုအားရှာတွေ့သွားပြီး လုံနတ်ဘုရားစစ်သင်္ဘောအားလွှတ်ပေးလာခဲ့သည်။
"လေးစားရပါသောဧည့်သည် ကျေးဇူးပြုပီးဝင်ကြေးပေးဆောင်ပေးပါ"
ထုတ်လွှတ်လာသောလျှပ်စစ်လှိုင်းများမှာ စကားလုံးများအဖြစ်ပြောင်းသွားခဲ့ပြီး ကျိုးဟောင်မှာချက်ချင်းပင်မှင်တက်သွားခဲ့သည်။
"လခွမ်း ဒီကိုလာဖို့ပိုက်ဆံတောင်ပေးရဦးမှာလား"
ကျိုးဟောင်မှာမယုံကြည်နိုင်သည့်ပုံဖြင့်ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ မင်းကဒါကိုမင်းအိမ်ထင်နေလို့လား မင်းဒီကိုလာရင်ဝင်ကြေးပေးရတယ် စျေးမကြီးဘူး စကြဝဌာဒင်္ဂါး ၁၀ ပြားပဲရှိတာ"
ဖားမှပြုံးကာပြောလိုက်သည်။
"စကြဝဠာ ဒင်္ဂါး...ကျွန်တော်...ကျွန်တော့်မှာတစ်ခုမှမရှိဘူးလေ"
ကျိုးဟောင်မှာချက်ချင်းပင် ဘာမှမတတ်နိုင်သလိုပြောလိုက်သည်။
"မင်းမှာမရှိပေမဲ့ လုံနတ်ဘုရားစစ်သင်္ဘောမှာရှိတယ်လေ လုံနတ်ဘုရားမျိုးနွယ်ရဲ့နောက်ဆုံးမျိုးဆက်အနေနဲ့ မင်းမှာလုံနတ်ဘုရားမျိုးနွယ်ရဲ့ချမ်းသာမှုတွေအားလုံးရှိနေသေးတာပဲကို"
....................................................................................