သင့်ရဲ့အာကာသယာဥ်အား ဝယ်ခြင်း
Vol. 49 Ch. 731
ချက်ချင်းဆိုသလိုပင် အရပ်ရှည်ရှည်နှင့်လူမှာ ခပ်ဟဟရယ်မောကာပြောလာခဲ့သည်။
"ဒါနဲ့ ညီကိုနဲ့ဒီလောက်အကြာကြီးစကားပြောနေပြီး ကိုယ့်ကိုယ်ကိုယ်တောင်မိတ်မဆက်ရသေးဘူး"
"ကျွန်တော့်နာမည်က ဗစ်ဆန့်တင့်ဂျော့ချ်ပါ ကျွန်တော့်ကိုဂျော့ချ်လို့ပဲခေါ်လို့ရတယ် အဲဒါကျွန်တော့်သူငယ်ချင်းတွေခေါ်တဲ့နာမည်ပဲ"
ဂျော့ချ်၏အသံမှာအလွန်စိုးရိမ်နေဟန်ရပြီး ကျိုးဟောင်၏အာကာသယာဥ်အားဝယ်ရန်မစောင့်နိုင်ပုံပင်။
အစမှအဆုံးထိ သူ့အကြည့်မှာကျိုးဟောင်၏အာကာသယာဥ်ထံမှလုံးဝမခွာပေ။ သူ၏မျက်လုံးများတွင်အရေးတကြီးဟန်တို့ဖြင့်ပြည့်နေခဲ့ပြီး ရယ်မောကာထပ်ပြောလာခဲ့သည်။
"ညီလေး ဒီအာကာသယာဥ်ကတကယ်အရမ်းမိုက်တယ်"
စိတ်အားထက်သန်နေသောဂျော့ချ်အားကြည့်ကာ ကျိုးဟောင်မှာပြုံးပြီးကတ်အားယဥ်ကျေးစွာလက်ခံလိုက်သော်ငြား ခေါင်းယမ်းကာငြင်းဆိုလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့နဲ့သိကျွမ်းရတာတကယ်ပဲဝမ်းသာမိပါတယ်"
"ဒါပေမဲ့ လောလောဆယ်တော့ကျွန်တော်ဒီအာကာသယာဥ်ကိုရောင်းဖို့အစီအစဥ်မရှိသေးပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဒီအာကာသယာဥ်ကိုအများကြီးပြုပြင်ပြီး ပစ္စည်းကိရိယာတွေအများကြီးတပ်ဆင်ခဲ့ပြီးမှသာ ဒီနေ့ဒီနေရာကိုရောက်လာခဲ့တာ"
"ဒီအာကာသယာဥ်ကကျွန်တော့်ရဲ့ရတနာဆိုလည်းဟုတ်တယ် ကျွန်တော်ဒါနဲ့ခွဲဖို့ဆန္ဒမရှိသေးဘူး ကျွန်တော့်ရဲ့အာကာသယာဥ်နဲ့ယှဥ်နိုင်တဲ့အာကာသယာဥ်လည်းမရှိတာမလို့ပါ"
ကျိုးဟောင်မှာထိုစကားအားပြောရင်း မျက်နှာပေါ်တွင်လည်းဂုဏ်ယူနေသောအရိပ်အယောင်များဖြင့်ပြည့်နေခဲ့သည်။
ဤအာကာသယာဥ်သည် သူ၏ရတနာဖြစ်သည်။ အကယ်၍ကျိုးဟောင်မှာဤပစ္စည်းအားလွယ်လင့်တကူရောင်းရန်အစီအစဥ်ရှိခဲ့ပါက ဤယာဥ်အားပြုပြင်ရန်အားအများကြီးစိုက်ထုတ်ခဲ့မည်မဟုတ်ပေ။
ဂျော့ချ်မှာဤစကားအားကြားလိုက်သောအခါ မျက်နှာပေါ်တွင်စိတ်ပျက်သွားသောအမူအရာမျိုးပေါ်လာခဲ့ပြီး ခေါင်းယမ်းကာသက်ပြင်းချရင်းပြောလာခဲ့သည်။
"ကျွန်တော့်အထင် ဒီလိုအာကာသယာဥ်မျိုးပိုင်တဲ့ခံစားချက်ကိုခံစားနိုင်တဲ့အခွင့်အရေးရနိုင်မယ်လို့ထင်ခဲ့တာ"
"ကြည့်ရတာဒီကလူကြီးမင်းကလည်း ရတနာတွေကိုတန်ဖိုးထားတတ်တဲ့လူပဲထင်တယ်"
ဂျော့ချ်မှာပြုံးရင်းကျိုးဟောင်အားကြည့်ကာပြောလိုက်သည်။
ကျိုးဟောင်မှာဘာစကားမှမပြောဘဲ ခပ်ရေးရေးသာပြုံးနေခဲ့သည်။ ခေတ္တမျှကြာပြီးနောက် ဂျော့ချ်မှာရုတ်တရက်မေးလာခဲ့သည်။
"ဒါနဲ့ ကျွန်တော်ခင်ဗျားနာမည်ကိုမသိရသေးဘူး"
"တကယ်လို့အရောင်းအဝယ်မဖြစ်ရင်တောင် ကျွန်တော်တို့မိတ်ဆွေတော့ဖွဲ့လို့ရသေးတာပဲ အချင်းချင်းရင်းနှီးထားတော့မကောင်းဘူးလား တစ်ချိန်ကျခရီးအတူတူသွားလို့တောင်ရနိုင်လောက်တယ်"
ဂျော့ချ်၏စကားကြောင့် ကျိုးဟောင်၏မျက်နှာပေါ်တွင် အပြုံးခပ်ရေးရေးပေါ်လာခဲ့သည်။
သူမရင်းနှီးသောဂြိုဟ်ပေါ်သို့ရောက်လာမှတော့ ရန်သူလုပ်သည်ထက်မိတ်ဆွေဖွဲ့ခြင်းကပိုကောင်းပေသည်။ ထို့အပြင်ဤအဖွဲ့၏ပုံစံအရဤလူများမှာ သူ့အားရန်မပြုလောက်ပေ။
ထို့ကြောင့် ကျိုးဟောင်မှာပြုံးကာ သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"ကျွန်တော့်နာမည် ကျိုးဟောင်ပါ"
"လူကြီးမင်းကျိုးဟောင် ကျွန်တော်တို့အချင်းချင်းရင်းနှီးနေကြပြီဆိုမှတော့ အတူတူခရီးသွားကြရင်ရော ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မရင်းနှီးတဲ့နေရာတစ်ခုကိုရနေတာပဲကို ရှေ့မှာအန္တရာယ်တစ်ခုခုရှိနေမလားဆိုတာပြောဖို့ခက်တယ်"
ဂျော့ချ်မှာပြုံးကာာ ကျိုးဟောင်အားကြည့်လိုက်သည်။ သူ့ဘေးရှိအရပ်ပုပုနှင့်ဝတုတ်မှာလည်း ခေါင်းညိတ်ကာသံယောင်လိုက်လာခဲ့သည်။
"ဟုတ်တယ် ဟုတ်တယ်"
"မရင်းနှီးတဲ့ဂြိုဟ်တစ်ခုပေါ်မှာ အရေးကြီးဆုံးကကိုယ့်ကိုယ်ကိုယ်တတ်နိုင်သလောက်ကာကွယ်ဖို့ပဲ တကယ်လို့ဒီနေရာကိုအရမ်းမရင်းနှီးရင် ဖြစ်လာနိုင်နဲ့အန္တရာယ်ကလည်းတိုးလာလိမ့်မယ်"
ကျိုးဟောင်မှာဤလူများ၏ပြောစကားအားကြားပြီးနောက် သူတို့ပြောသည့်စကားမှာတကယ်ပင်မှန်ကန်ကြောင်းချက်ချင်းပင်သဘောပေါက်လိုက်သည်။
အကယ်၍သူသာယခုလိုမရင်းနှီးသောပတ်ဝန်းကျင်မျိုးတွင် ဖြစ်လာနိုင်သည့်အန္တရာယ်ကိုနားမလည်ဘဲ အပေါင်းအသင်းများ၏အကူအညီမရှိပါက အနာဂတ်တွင်သူကြုံတွေ့လာရမည့်အန္တရာယ်မှာ ပို၍ပင်ကြီးမားလာပေလိမ့်မည်။
ထိုအချက်အားတွေးမိသောအခါ ကျိုးဟောင်မှာချက်ချင်းပင်ပြုံးကာခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ ကျွန်တော်နားလည်ပါတယ် အတူတူသွားကြတာပေါ့"
စင်စစ်တွင် ယခုလိုမိတ်ဆွေတစ်ယောက်ရှိခြင်းသည်လည်းသိပ်မဆိုးလှပေ။
"ကောင်းပြီ အခုသွားကြစို့"
ဂျော့ချ်မှာရယ်မောကာပြောရင်းထရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့လျင်မြန်စွာတက်သွားကာ လေထဲတွင်ပျံနေခဲ့သည်။
အခြားလူများမှာထိုမြင်ကွင်းအားမြင်သောအခါ ချက်ချင်းပင်ထရပ်လိုက်ပြီးဂျော့ချ်လိုပင်လေပေါ်သို့ပျံတက်သွားခဲ့သည်။
ကျိုးဟောင်သည်လည်းလျင်မြန်စွာပင်လေပေါ်သို့ပျံတက်သွားကာ ဤအဖွဲ့နှင့်ရှေ့သို့လိုက်လာခဲ့သည်။
၎င်းတို့လေးယောက်မှာ ဘေးချင်းယှဥ်ပြီးရှေ့သို့ထွက်သွားခဲ့ကြသည်။
ဂျော့ချ်၏အမူအရာမှာ ကျိုးဟောင်၏အာကာသယာဥ်နှင့်ပတ်သက်ပြီး ယခုတိုင်မေးလိုသည့်အမူအရာများရှိနေခဲ့သည်။
ကျိုးဟောင်သည်လည်း မည်သည့်အရာကိုမျှဖုံးကွယ်မထားဘဲ တစ်ဖက်လူမေးသမျှအားဖြေနေပေသည်။
ဂျော့ချ်မှာသူသိချင်နေသည့်အကြောင်းအရာအား တွေဝေစွာဖြင့်မေးလာခဲ့သည်။
"ဒါနဲ့ ကျိုးဟောင်ခင်ဗျားရောဒီအာကာသယာဥ်ကိုဝယ်ဖို့ ပိုက်ဆံတွေအများကြီးသုံးခဲ့ရတာလား"
ယခုထိတိုင်အောင်ဂျော့ချ်မှာ အာကာသယာဥ်အကြောင်းစဥ်းစားနေပုံပေါ်ပေသည်။ သူသည်ကျိုးဟောင်အားကြည့်ကာစတင်မေးလာခဲ့သည်။
ကျိုးဟောင်မှာခေတ္တမျှစဥ်းစားနေခဲ့ပြီးနောက် ချက်ချင်းပြောလာခဲ့သည်။
"အဲဒီတုန်းက ကျွန်တော်ဒီအာကာသယာဥ်ကိုဝယ်ဖို့ စကြဝဠာဒင်္ဂါး ၅ ဘီလီယံသုံးခဲ့ရတာ"
"ပြုပြင်တာနဲ့ ပြောင်းလဲတာတွေလုပ်ပြီးနောက်ပိုင်း စကြဝဠာဒင်္ဂါးနောက်ထပ် ၃ ဘီလီယံလောက်သုံးလိုက်ရသေးတယ်"
ကျိုးဟောင်၏စကားများမှာ ဂျော့ချ်အားချက်ချင်းပင်ထိတ်လန့်သွားစေခဲ့သည်။ ထို့နောက်တွေဝေစွာဖြင့်မေးလာခဲ့သည်။
"ခင်ဗျားပြောချင်တာ ခင်ဗျားဒီအာကာသယာဥ်အတွက်သုံးတဲ့ပိုက်ဆံက စကြဝဠာဒင်္ဂါး ၈ဘီလီယံရှိပြီလို့ပြောတာလား"
ဂျော့ချ်မှာချက်ချင်းပင်ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပြီး ပေါက်စီတစ်လုံးပင်ထည့်လို့ရပေသည်။
မျက်လုံးများမှာအံ့သြနေဟန်တို့ဖြင့်ပြည့်နေပြီးထပ်မံမေးလာခဲ့သည်။
"တကယ်လို့ ကျွန်တော်သာဒီလောက်ပိုက်ဆံအများကြီးရှိခဲ့ရင် ကျွန်တော်အာကာသယာဥ်ကိုသဘောကျတယ်ဆိုပေမဲ့ ဒီပစ္စည်းအပေါ် ဒီလောက်အများကြီးသုံးဖို့တော့ အတွေးရှိမှာမဟုတ်လောက်ဘူး"
"ကျွန်တော်တကယ်ခင်ဗျားကိုအားကျတယ် အခုဒီအာကာသယာဥ်ကအရမ်းဟောင်းနေပြီဆိုပေမဲ့ ဒါကစွမ်းအားအကြီးဆုံးနဲ့အထင်ကြီးစရာအကောင်းဆုံးအာကာယာဥ်ဆိုတဲ့အချက်ကိုတော့ဖုံးထားလို့မရဘူး"
"ဒါပေမဲ့ ကျွန်တော်တို့မဝယ်နိုင်ပါဘူ ခင်ဗျားရဲ့အာကာသယာဥ်ကိုကြည့်ပြီးသရေကျရုံပဲတတ်နိုင်တယ်"
ဂျော့ချ်မှာ ကျိုးဟောင်၏အာကာသယာဥ်မှာမည်မျှမိုက်ခဲ့ကြောင်းပြန်သတိရရင်း ရယ်မောကာပြောလိုက်သည်။
မကြာမီသူတို့အဖွဲ့သည် အဝေးသို့ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်မှာကောင်းကင်သို့ကြည့်လိုက်ရာ အဝေးတွင်ကြီးမားသောကြယ်စုကြီးတစ်ခုရှိနေသည်ကိုတွေ့လိုက်ရသည်။ ၎င်းမှာခရမ်းရောင်အလင်းတန်းတို့ဖြင့်တောက်ပနေပြီး ဘေးတွင်အစိမ်းရောင်ပန်းရောင်တို့ဖြင့်ရောယှက်ကာဝန်းရံထားပေရာ အလွန်လက်ရာမြောက်သည့်ပန်းချီကားတစ်ချပ်ပမာပင်။
ထိုတောက်ပနေသောအလင်းရောင်များမှာ အနီးသို့ရောက်လာသည်နှင့် တကယ်ပင်တဖြည်းဖြည်းပို၍တောက်ပလာခဲ့သည်။
"ဘုရားရေ ဒီကကောင်းကင်ကအရမ်းလှတာပဲ ဒီလောက်လှတဲ့ကောင်းကင်ကိုဒါပထမဆုံးအကြိမ်မြင်ဖူးတာပဲ ဒီမှာနေတဲ့လူတွေဘယ်လောက်တောင်ကံကောင်းလိုက်မလဲ"
ဂျော့ချ်ဘေးရှိ အရပ်ပုပုနှင့်လူမှာစိတ်လှုပ်ရှားစွာဖြင့်ပြောလာခဲ့သည်။
ဂျော့ချ်သည်လည်းခေါင်းညိတ်ကာထောက်ခံလာပြီး သက်ပြင်းချကာပြောလိုက်သည်။
"မင်းပြောတာမှန်တယ် ဒီကြယ်စုရဲ့ရှုခင်းကတကယ်ကို ငါတို့အရင်ကရောက်ဖူးတဲ့ကြယ်စုတွေထက်အများကြီးပိုကောင်းပြီး အများကြီးပိုလှတယ်"
"ဒီနေရာမှာ သာယာတဲ့ရှုခင်းနဲ့အရမ်းသန့်ရှင်းတဲ့ပတ်ဝန်းကျင်ရှိလို့ လူအတော်များများကဒီနေရာမှာနေချင်ကြတယ်"
"ဒီကြယ်စုထဲကလူ့အဖွဲ့အစည်းရဲ့ အဆင့်ကလည်းမြင့်တော့ဒီနေရာကပိုပိုချမ်းသာလာပြီးတော့ ပညာရှင်တွေအများကြီးဝင်လာလို့ပိုပြီးတောက်ပလာတာ ဒါကအခုဒီကြယ်စုအရမ်းတောက်ပနေရတဲ့အကြောင်းအရင်းပဲ"
ဂျော့ချ်မှာအဝေးသို့ကြည့်ကာ မချီးကျူးဘဲမနေနိုင်တော့ပေ။
....................................................................................