တောက်ပသောကြယ်မြစ်
Vol. 49 Ch. 732
ဂျော့ချ်မှာကောင်းကင်အားကြည့်နေချိန်တွင် သူ၏မျက်လုံးများထဲတွင်လွမ်းဆွတ်မှုများဖြင့်ပြည့်နေခဲ့သည်။ သူလည်းဤနေရာတွင်တစ်ရက်မျှနေနိုင်ရန်စိတ်ကူးမယဥ်ဘဲမနေနိုင်ပေ။
ဂျော့ချ်၏ပျံသန်းရေးကိရိယာမှာ အခြားလူများလောက်မမြန်ပေ။ ထို့အပြင်သူသည်ယခင်ကတည်းကပတ်ဝန်းကျင်မှရှုခင်းအားသဘောကျနေခြင်းဖြစ်ပေရာ သူ၏အရှိန်မှာအခြားသူများထက်ပိုနှေးနေခဲ့ပေသည်။
ဂျော့ချ်နှင့်အကွာအဝေးလှမ်းမသွားစေရန် ကျိုးဟောင်မှာပျံသန်းရေးကိရိယာ၏အရှိန်အားတမင်လျှော့ချလိုက်ပြီး လူစုကွဲမည့်အန္တရာယ်မှကြိုတင်ကာကွယ်ရန်အမြန်နှုန်းအား အတိုင်းအတာတစ်ခုတွင်ထိန်းထားရန်အကောင်းဆုံးကြိုးစားနေခဲ့သည်။
မကြာမီ ကျိုးဟောင်တို့အဖွဲ့မှာ အဝေးရှိစည်ကားနေသောလမ်းတစ်ခုအားမြင်လိုက်ရသည်။
ရုတ်တရက်ဆိုသလိုပင် အဝေးတွင်မြို့ကြီးတစ်မြို့ပေါ်လာခဲ့သည်။ များစွာသောအထပ်မြင့်အဆောက်အဦးများမှာ တင့်တယ်စွာတည်ရှိနေကြပီး သေချာကြည့်ပါက ၎င်းတို့မှာအလွန်ကောင်းမွန်လှကာ တလက်လက်တောက်ပနေသည့်ဇိမ်ခံဗီလာများဖြစ်သည်။
နီယွန်မီးရောင်တို့မှာ ထိုအဆောက်အဦးများပေါ်သို့ဖြာကျနေပေရာ ပို၍အမြင်တင့်အောင်ပံ့ပိုးနေသလိုပင်။
ဤမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်မှာချက်ချင်းပင်မှင်တက်သွားခဲ့ကာ အဝေးသို့ကြည့်လိုက်မိသည်။ ဤနေရာရှိမြင်ကွင်းမှာအလွန်လှပပြီး သူ့အားအိပ်မက်ဆန်သောလှပမှုမျိုးပေးစွမ်းနေသလိုခံစားရစေပေသည်။
ထိုမြင်ကွင်းကြောင့်ကျိုးဟောင်မှာအကြည့်မလွှဲနိုင်သကဲ့သို့ ဂျော့ချ်သည်လည်းပြုံးကာမေးလာခဲ့သည်။
"မစ္စတာကျိုးဟောင်ကရော ဒီလိုပတ်ဝန်းကျင်မျိုးမှာနေရတာကိုကြိုက်တာလား
"ဒါကဒီကြယ်စုထဲမှာ တန်ဖိုးအကြီးဆုံးနေရာပဲ အဆင့်အတန်းရဲ့ပြယုဂ်ဆိုလည်းဟုတ်တယ် ဒီကလူအတော်များများကဒီနေရာမှာသူတို့တစ်ဘဝလုံးကြိုးစားခဲ့ကြတာ"
"တကယ်လို့ကျွန်တော်သာဒီမှာနေနိုင်ရင် ကျွန်တော့်ရဲ့အဆင့်အတန်းကလည်းသေချာပေါက်ထူးခြားသွားမှာပဲ တကယ်လို့ဒီမှာသာအိမ်တစ်လုံးဝယ်နိုင်ရင်ပေါ့"
ယခုလိုအားကျနေသည့်စကားများအားကြားလိုက်ရချိန်တွင်ကျိုးဟောင်မှာ ဂျော့ချ်အားအံ့သြတကြီးကြည့်လိုက်သည်။ ဤနေရာတွင်လည်းကမ္ဘာဂြိုဟ်ကဲ့သို့ပင် တန်ဖိုးကြီးဗီလာများရှိနေလိမ့်မည်ဟုကျိုးဟောင်မမျှော်လင့်ထားခဲ့ပေ။
ဤအချက်သည်သိသာနေသည်မဟုတ်ပါလော။
ကျိုးဟောင်မှာလှည့်ပတ်ကြည့်ပြီးနောက် ဤနေရာတွင်ဗီလာများစွာရှိပုံပေါ်ကြောင်းကိုသိလိုက်ရသည်။ ထို့အပြင်ဤနေရာရှိဗီလာများ၏အယူအဆမှာကမ္ဘာဂြိုဟ်နှင့်လုံးဝကွဲပြားနေပေသည်။
ကမ္ဘာဂြိုဟ်ပေါ်ရှိဗီလာများမှာ စတုရန်းမီတာထောင်ကျော်မျှသာရှိသော်ငြား ဤကြယ်စုအတွင်းရှိဗီလာများမှာ အနည်းဆုံး ၅ ကီလိုမီတာမှ ၆ ကီလိုမီတာအထိကြီးမားပေသည်။ ဗီလာထဲတွင် ဖျော်ဖြေရေးအထောက်အပံ့အမျိုးအစားအားလုံးပါရှိရုံသာမက ရှုခင်းသည်လည်းလှပပေသည်။
ဤကဲ့သို့သောအရာမှာ ဗီလာမည်သို့ဖြစ်နိုင်မည်နည်း။ ၎င်းမှာ ကမ္ဘာဂြိုဟ်ပေါ်ရှိမင်းသား မင်းသမီးတို့နေထိုင်သည့် ရဲတိုက်နှင့်အတူတူပင်မဟုတ်ပါလော။
အကယ်၍သူသာဤနေရာတွင် ယခုလိုအိမ်မျိုးပိုင်ဆိုင်ပါက သူ့ဘဝမှာအလွန်လှပနေမည်ဖြစ်သည်။ တွေးရင်းပင်အလွန်ခံစားရကောင်းပေသည်။
မကြာမီအဖွဲ့မှာ တန်ဖိုးကြီးကာခမ်းနားသည့်ဧရိယာအများစုအားဖြတ်ကျော်ကာ အတော်လေးသာမန်ဆန်သည့်ဧရိယာတစ်ခုသို့ရောက်ရှိလာခဲ့သည်။
သို့သော် သာမန်ဧရိယာမှာ ကျိုးဟောင်အားအံ့သြသွားစေခဲ့သည်။
ဤနေရာရှိအိမ်များမှာ အနည်းဆုံးတစ်ကီလိုမီတာမျှရှည်လျားပေသည်။
ယခုလိုနေရာမျိုးသည် သူ့ဘဝအတွက်အကြီးမားဆုံးအိပ်မက်တစ်ခုဖြစ်သည်။
ဂျော့ချ်မှာ ဤမြင်ကွင်းအားမြင်ပြီးနောက်ခေါင်းယမ်းရင်းဘာမှမတတ်နိုင်သလိုပြောလာခဲ့သည်။
"ဒီကြယ်စုပေါ်က အိမ်တွေကတကယ်ကိုအရမ်းစျေးကြီးလွန်းတယ်"
"တခြားကြယ်စုထဲမှာ ဂြိုဟ်တစ်ခုလုံးဝယ်လို့ရတဲ့ပိုက်ဆံက ဒီနေရာမှာအခုလိုဗီလာအသေးလေးပဲ ဝယ်လို့ရတယ် ဒါတကယ်စိတ်ဖိစီးစရာပဲ"
ဂျော့ချ်၏မကျေမနပ်ညည်းတွားသံမှာ ကျိုးဟောင်အားပို၍ပင်သိလိုစိတ်ဖြစ်လာစေခဲ့သည်။
ဤနေရာသည်ကမ္ဘာဂြိုဟ်နှင့်အတူတူပင်မဟုတ်ပေလော။ ဤနေရာတွင် အိမ်များရောင်းချသည့်နေရာများရှိပြီး နေရာပိုကောင်းလေလေ အိမ်စျေးမှာမြင့်လေလေဖြစ်သည်။
နှိုင်းယှဥ်ပြောရပါက မကောင်းသည့်ဧရိယာတွင်ရှိပြီး သေးငယ်သည့်အိမ်များမှာ စျေးပိုပေါမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျိုးဟောင်၏လက်ထဲ၌ပုန်းနေသာဖားမှာသက်ပြင်းချလိုက်သည်။
"တကယ်လို့မင်းမှာပိုက်ဆံရှိရင်ဒီဂြိုဟ်ပေါ်မှာ အိမ်တစ်လုံးဝယ်ပြီးရင်းနှီးမြှုပ်နှံထားရမယ်"
"ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့မင်းဒီမှာအိမ်တစ်လုံးရှိထားတယ်ဆိုရင် တကယ်လို့မင်းတခြားကြယ်စုတွေကိုသွားရင်တောင်အားလုံးကမင်းကိုအားကျကြမှာပဲ နားလည်လား"
ဖား၏စကားများမှာလည်း ကျိုးဟောင်အားအလွန်သိလိုစိတ်ဖြစ်လာစေခဲ့သည်။ ဤကြယ်စုမှာဤမျှလောက်စွမ်းအားကြီးမည်ဟုသူမထင်ထားခဲ့ပေ။
အကယ်၍သူသာဤနေရာတွင်အိမ်တစ်လုံးတကယ်ဝယ်ယူလိုက်ပါက အနာဂတ်တွင်ချမ်းသာလာနိုင်မည်လော။
ဂျော့ချ်၏အမူအရာမှာရုတ်တရက် ဘာမှမတတ်နိုင်သည့်ပုံမျိုးဖြစ်သွားခဲ့ပြီး ခေါင်းယမ်းရင်းမသာမယာဖြင့်ပြောလာခဲ့သည်။
"တကယ်တော့ ကျွန်တော်အရင်ကတည်းကဒီမှာအိမ်တစ်လုံးဝယ်ချင်ခဲ့တာ"
"ဒါပေမဲ့ အဖေကအရမ်းစည်းကမ်းကြီးတယ် သူပြောတာကျွန်တော့်ကိုပိုက်ဆံအများကြီးမပေးနိုင်ဘူးတဲ့ မဟုတ်ရင်အကျင့်ပျက်သွားမှာစိုးလို့တဲ့"
"ဒါကဘယ်လိုအဓိပ္ပာယ်မရှိတဲ့ခေတ်နောက်ကျနေတဲ့ စကားလဲ အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ ကျွန်တော့မှာကိုယ်ပိုင်တဲ့အိမ်တစ်လုံးတောင်ဝယ်ခွင့်မရှိတော့ဘူးလား"
"ကျွန်တော့်ကိုဒီလိုမျိုးဆက်ဆံလောက်တဲ့အထိ အဖေဘာတွေတွေးခဲ့နေမှန်း ကျွန်တော်တကယ်ကိုမသိခဲ့ဘူး ဟင်း...."
"တကယ်လို့ကျွန်တော်သာသိခဲ့ရင် ဒီပိုက်ဆံကိုကိုယ့်ဘာသာရှာဖို့ နည်းလမ်းတစ်ခုစဥ်းစားခဲ့မှာ ဒါပေမဲ့ကျွန်တော့်မှာ ပိုက်ဆံရှာဖို့အချိန်အဲဒီလောက်မရှိတော့ စုထားတာလည်းသိပ်မရှိဘူး"
အလွန်စိတ်ပျက်နေသော ဂျော့ချ်အားကြည့်ကာ ကျိုးဟောင်မှာသူလည်းဤနေရာတွင်အိမ်ဝယ်နိုင်ပါ့မလားဟုမတွေးဘဲမနေနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဤဂြိုဟ်ပေါ်ရှိအိမ်များမှာကြည့်ကောင်းပေရာ အကယ်၍သူသာဤအရာတွင်ရင်းနှီးမြှုပ်နှံလိုက်ပါက အနာဂတ်တွင်ပိုက်ဆံအများကြီးရနိုင်ပေသည်။
သို့သော်ကျိုးဟောင်မှာ သူ့အတွေးအားထုတ်မပြောပေ။ သူသည်ပြုံးကာအေးဆေးပင်ပြောလိုက်သည်။
"ခင်ဗျားပြောတာမှန်တယ် ဒီနေရာကတကယ်ကိုပဲအရမ်းကောင်းတယ်"
"ဟုတ်တယ်လား ကျွန်တော်ပြောတာမှန်တယ်မလား ဟုတ်တယ်မလား"
ရုတ်တရက်ဂျော့ချ်၏အမူအရာမှာ အလွန်စိတ်လှုပ်ရှားလာခဲ့ပြီး ပြောလာခဲ့သည်။
"အဲဒါကြောင့် တကယ်လို့ကျွန်တော်သာတကယ်ဒီနေရာမှာအိမ်တစ်လုံးပိုင်မယ်ဆိုရင် ဒါကလည်းအနာဂတ်မှာဂုဏ်ယူရမဲ့ကိစ္စတွေထဲကတစ်ခုဖြစ်လာမှာပဲ"
"ပြီးတော့ ကျွန်တော်ဒီမှာအိမ်ရှိနေမှတော့ နောက်ကိုဒီကိုလာပြီးမိသားစုတည်ဆောက်ဖို့အတွက်ကလည်း ကျွန်တော့်အတွက်အခွင့်အရေးကောင်းတစ်ခုပဲ"
ဂျော့ချ်မှာ ပြောလေပိုမိုစိတ်လှုပ်ရှားလာလေဖြစ်နေပေရာ အရောင်းစာရေးနှင့်ပင်တူနေပေသည်။
အကယ်၍သူသာဤနေရာတွင်အိမ်တစ်လုံးပိုင်ထားပါက သူ၏အနာဂတ်ရှုထောင့်မှာသေချာပေါက်ကောင်းမည်ဖြစ်ကြောင်းကို ကျိုးဟောင်လည်းသိပေသည်။
သို့သော် ကျိုးဟောင်၏လက်ရှိစီးပွားရေးအင်အားမှာဤနေရာတွင်အိမ်တစ်လုံးဝယ်နိုင်သည့်အရည်အချင်းမျိုးရောက်ရန်အလှမ်းဝေးနေသေးပေသည်။
မည်သို့ပင်ဖြစ်စေ ဤနေရာရှိအိမ်များ၏တန်ကြေးမှာ ၁၀ ဘီလီယံမျှတန်ဖိုးရှိနိုင်ပေသည်။
ဝယ်နိုင်သည့်လူအများစုမှာ ချမ်းသာသောမိသားစုများမှဆင်းသက်လာသူများ သို့မဟုတ်အထူးကြယ်စုများမှလာသည့် ကြီးမားသည့်တော်ဝင်မိသားစုများမှမျိုးဆက်များသာဖြစ်နိုင်ပေသည်။
သူတို့လိုလူမျိုးများမှာတော့ ဤနေရာတွင်အိမ်တစ်လုံးဝယ်ရန်အခွင့်အရေးများများစားစားမရှိပေ။
မကြာမီ သူတို့အဖွဲ့မှာရှေ့သို့ဆက်လက်ပျံသန်းလာခဲ့သည်။
ယခုတစ်ကြိမ်တွင် သူတို့သည်အလွန်ကြီးမားသောမြို့ကြီးတစ်မြို့အားထပ်မံတွေ့လိုက်ရသည်။
ဤနေရာရှိမြို့မှာ ရှေ့မှစျေးကြီးသောမြို့ထက်ပို၍သိုသိပ်ပုံရပေသည်။ ပတ်ကြည့်လိုက်ချိန်တွင် မြို့မှာအမှောင်ကျကာ အလွန်ထူးဆန်းသည့်အငွေ့အသက်တစ်ခုဖြင့် ဝိုးတိုးဝါးတာလွှမ်းခြုံထားပေသည်။
ထိုကဲ့သို့သောအငွေ့အသက်မျိုးမှာ ချက်ချင်းပင်သူတို့သုံးယောက်အားနောက်ကျောမလုံဘဲကြက်သီးထလာစေပေသည်။ ဘာကြောင့်မှန်းမသိ ထိုမြို့နှင့်နီးကပ်လာလေလေ ထိုခံစားချက်မှာပိုမိုပြင်းထန်လာလေလေဖြစ်သည်။ သူတို့သည်ဤမြို့ထံမှဝါးမျိုခံရတော့မလို့ပင် ခံစားလာရပေသည်။
....................................................................................