← Chapters

သက်သေခံကတ်အားရယူခြင်း

Vol. 49 Ch. 733

သက်သေခံကတ်အားရယူခြင်း

Vol. 49 Ch. 733

ဤမြို့မှာတကယ်ပင်အလွန်ကြီးမားလှကာ ယခုလိုကြီးမားသည့်မြို့အားမြင်ဖူးခြင်းမှာ ကျိုးဟောင်အတွက်ပထမဆုံးအကြိမ်ဖြစ်သည်။

"ဘယ်လိုလဲ လန့်သွားလား ကျွန်တော်လည်းဒီလိုဟာမျိုးကိုပထမဆုံးအကြိမ်မြင်ဖူးတာပဲ"

ထိုအချိန်တွင်ဂျော့ချ်မှာပြုံးကာပြောလာခဲ့သည်။ ကျိုးဟောင်မှာခေါင်းညိတ်ပြလိုက်ပြီး နောက်ဆုံးတွင်စွမ်းအားကြီးသည်ဟူသောစကားမှာ မည်သည့်အရာကိုဆိုလိုမှန်းနားလည်သွားခဲ့သည်။

ဤမြို့မှာမှောင်မဲကာအေးစက်နေသောငြား ဤနေရာရှိနည်းပညာများအားကျိုးဟောင်ယခင်ကတစ်ခါမှမမြင်ဖူးဘူးဟုပြောလို့ရပြီး စိတ်ကူးကြည့်လို့ပင်မရပေ။

"ကျိုးဟောင် ကျွန်တော့်မှာလုပ်စရာရှိသေးတယ် ဆက်သွယ်လို့ရမဲ့အချက်အလက်လေးတွေလဲထားကြတာပေါ့ ကျွန်တော်အလုပ်ပြီးသွားရင် ခင်ဗျားကိုထမင်းတစ်နပ်လိုက်ကျွေးပါ့မယ်"

ကျိုးဟောင်မှာငြင်းဆိုခြင်းမပြုဘဲ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ဆက်သွယ်ရေးအချက်အလက်အားဂျော့ချ်ထံကမ်းပေးပြီး ထွက်သွားခဲ့သည်။

"ကျွန်တော်တို့အခုဘာလုပ်ကြမလဲ"

ဂျော့ချ်မရှိချိန်တွင် ကျိုးဟောင်မှာဘာလုပ်ရမှန်းမသိတော့ပေ။ မည်သို့ပင်ဖြစ်စေ ဤအကြိမ်သည်သူစွန့်စားရေးခရီးထွက်လာသည့်ပထမဆုံးအကြိမ်ဖြစ်ပေရာ အမြင်ကျယ်အောင်လေ့လာရုံပဲတတ်နိုင်ပေသည်။

"အရမ်းရိုးရှင်းပါတယ် အရင်ဆုံးမင်းဒီစကြဝဠာထဲမှာသက်သေခံကတ်တစ်ခုယူရမယ်"

"ရှင်းရှင်းပြောရရင် မင်းနေထိုင်သူသက်သေခံကတ်ရဖို့လိုတယ်"

ဖား၏စကားများမှာ ကျိုး‌ဟောင်အားခေတ္တမျှကြက်သေသေသွားစေခဲ့သည်။ ထို့နောက်ကျိုးဟောင်မှာမနေနိုင်ဘဲမေးလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ"

"ဘာတွေဒီလောက်နားလည်ရခက်နေလို့လဲ မင်းကမ္ဘာဂြိုဟ်အတွက်သက်သေခံကတ်လိုသလိုပဲ စကြဝဠာအတွက်လည်းလိုတယ် အနည်းဆုံးတော့ မင်းအဖွဲ့အစည်တစ်ခု ဒါမှမဟုတ် မဟာမိတ်တစ်ခုရဲ့အထောက်အထားကတ်ရထားရမယ် ဒီလိုမှသာမင်းခရီးသွားဖို့အတွက်လွယ်ကူမှာ"

"ပြီးတော့ မဟာမိတ်ပေါင်းစုံကသူတို့ကိုယ်သူတို့သက်သေပြဖို့ သူတို့ရဲ့အထောက်အထားတွေကိုသုံးဖို့လိုတယ် ငါတို့လည်းတစ်ခုလုပ်ရမယ်"

"ကောင်းပြီ အခုသွားကြစို့"

ကျိုးဟောင်မှာခေါင်းညိတ်ကာသဘောတူလိုက်ပြီးနောက် ချက်ချင်းပင်ပျံသန်းသွားခဲ့သည်။

ကောင်းကင်ပေါတွင် လူများစွာရှိနေပြီး သူတို့သည်လည်းအဝေးသို့လျင်မြန်စွာပျံသန်းနေကြသည်။

မကြာမီကျိုးဟောင်မှာအဝေးတွင် မြင့်မားသည့်အမဲရောင်တံတိုင်းကြီးတစ်ခုပေါ်လာသည်ကိုမြင်လိုက်ရသည်။

မြင့်မားသောတံတိုင်းပေါ်တွင် ရက်စက်သည့်ဟန်ပေါက်အောင်ထွင်းထုထားသည့်နဂါးရုပ်များစွာရှိနေပြီး ကြည့်ရုံဖြင့်အလွန်ထိတ်လန့်စရာကောင်းပေသည်။

ဤသည်မှာကျန်းလော့ဂြိုဟ်၏အုပ်ချုပ်‌ရေးအခြေစိုက်စခန်းဖြစ်သည်။

အကယ်၍သူတို့တစ်ခုခုလုပ်လိုပါက အားလုံးမှာဤနေရာသို့လာရန်လိုအပ်ပေသည်။

ဤအခြေစိုက်စခန်းမှာအလွန်ခမ်းနားကာစွမ်းအားကြီးလှပေသည်။ အဝေးမှကြည့်ရုံဖြင့် အလွန်ဖိနှိပ်နိုင်သည့်ခံစားချက်အားပေးစွမ်းပေသည်။

ဝင်ပေါက်တွင်မတ်တပ်ရပ်နေသောစက်ရုပ်အစောင့်များရှိပြီး လက်နှစ်ဖက်လုံးတွင်လက်နက်များအားကိုင်ဆောင်ထားသည်မှာ ဤနေရာအားအခွင့်မရှိဘဲ ကျူးကျော်လာရဲသည့်မည်သူ့ကိုမဆို သက်ညှာခြင်းမရှိ တိုက်ခိုက်ရန်အသင့်ပြင်ထားသည့်အတိုင်းပင်။

မကြာမီ ကျိုးဟောင်မှာတံခါးဆီသို့ရောက်လာခဲ့သည်။

စက်ရုပ်များမှာကျိုးဟောင်အားမြင်ပြီးနောက် ချက်ချင်းပင်လေးနက်စွာမေးလာခဲ့ကြသည်။

"ရပ်လိုက် မင်းတို့ကဒီကိုဘာအတွက်လာတာလဲ"

ကျိုးဟောင်မှာပြုံးကာယဥ်ကျေးစွာပြောလိုက်သည်။

"ကျွန်တော်တို့ဒီကို သက်သေခံစာရွက်စာတမ်းတွေယူဖို့လာတာပါ "

ခေတ္တမျှစဥ်းစားနေပြီးနောက် အစောင့်မှာချက်ချင်းပင်သူ့ရှေ့မှဖယ်ပေးကာ စက်ရုပ်သံဖြင့်ပြောလာခဲ့သည်။

"ဝင်သွားလိုက်ပါ"

မကြာမီကျိုး‌ဟောင်မှာလမ်းလျှောက်ဝင်သွားခဲ့သည်။

ကျိုးဟောင်မှာဆိုင်ရမ်ကြယ်စု၏ဌာနချုပ်ထဲသို့လမ်းလျှောက်ဝင်သွားသည်နှင့် သူ့ရှေ့ရှိမြင်ကွင်းကြောင့်ထိတ်လန့်သွားခဲ့ရသည်။ ထို့နောက်ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှုရင်း သူ့ရှေ့ရှိမြင်ကွင်းမှာအလွန်အံ့အားသင့်စရာကောင်းသလိုခံစားလိုက်ရပေသည်။

နေရာတိုင်းတွင်အလွန်ခမ်းနားစွာအလှဆင်ထားပြီး နေရာအားလုံးတွင်စက်ရုပ်များသာရှိနေပေသည်။ တောက်ပနေသောစက်များစွာမှာလေထဲတွင်မျောနေခဲ့ပြီး သူတို့၏လုပ်ဆောင်ချက်များအားသိရန်မှာမဖြစ်နိုင်ပေ။

၎င်းတို့၏နာမည်အားရေးထားသည့် ဒိုင်ခွက်တစ်ခုလည်းရှိပြီး ထိုဒိုင်ခွက်ပေါ်တွင် သူ၏ခရီးစဥ်ဆိုင်ရာအချက်အလက်ခွဲခြမ်းစိတ်ဖြာချက်များရှိပေသည်။

မကြာမီကျိုးဟောင်မှာ စက်ရုပ်၏လမ်းညွှန်မှုဖြင့် စက်ဝိုင်းပုံစံအလုံပိတ်ထားသည့်နေရာသို့ရောက်လာခဲ့သည်။

သူထိုနေရာသို့လမ်းလျှောက်ဝင်သွားသည်နှင့် စက်များမှာကျိုးဟောင်၏ရည်ရွယ်ချက်အားလျင်မြန်စွာထောက်လှမ်းလာခဲ့ပြီး အဖြူရောင်အလင်းတန်းများထုတ်လွှတ်လာပြီး ကောင်းကင်ပေါ်သို့လျင်မြန်စွာ ထိုးတက်သွားခဲ့သည်။

ဝှစ်.....

ခေတ္တမျှကြာပြီးနောက် ချိပ်ပိတ်ထားသောအလင်းလုံးမှာတည်ငြိမ်စွာရပ်တန့်သွားခဲ့သည်။ ဤအချိန်အတောအတွင်းကျိုးဟောင်မှာမည်သည့်တုန်ခါမှုကိုမျှမခံစားရပေ။ တံခါးပွင့်သွားပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင် ၅၈လွှာသို့ရောက်ရှိလာခဲ့သည်။

"မင်္ဂလာပါ ဆရာ"

ဤကန့်သတ်ထားသောနေရာသို့ ဆင်းသွားလိုက်သည်နှင့် ကျိုးဟောင်မှာသူ့ရှေ့တွင်ရပ်နေသည့်ဆံပင်တိုတိုနှင့် ခပ်မိုက်မိုက်မိန်းကလေးတစ်ယောက်အားတွေ့လိုက်ရသည်။ သူမသည်ပြုံးကာသူ့‌ရှေ့သို့လျှောက်လာပြီး သူ့အားဖော်ရွေစွာနှုတ်ဆက်လာခဲ့သည်။

သူမသည်သည်အဝိုင်းပုံစံမျက်မှန်အားတပ်ထားပြီး ရေမှော်ကဲ့သို့သောဆံပင်များရှိပေရာ အလွန်လှပပေသည်။

"မင်္ဂလာပါ ဆရာ ဘာများကူညီပေးရမလဲရှင့်"

အမျိုးသမီးမှာဖော်ရွေစွာပြုံးပြလာခဲ့ပြီး ကျိုးဟောင်အားကြည့်ကာမေးလာခဲ့သည်။

"မင်္ဂလာပါ ကျွန်တော်ဆိုင်ရမ်ကြယ်စု ကျန်းလော့ဂြိုဟ်အတွက် သက်သေခံကတ်လျှောက်ချင်လို့ပါ"

မည်သို့ပင်ဖြစ်စေ သူသည်တကယ်ကိုသက်သေခံကတ်လိုပေရာ အမြန်ဆုံးလုပ်လိုက်ခြင်းက သူ့အတွက်ပိုကောင်းပေသည်။

ကံကောင်းစွာဖြင့် ငှက်မွေးတစ်ထောင်ချပ်ဝတ်နှင့် ဖားမှာသူ့အားအားလုံးပြောပြခဲ့ပေသည်။ မဟုတ်ပါကဤမရင်းနှီးသောနေရာသို့ရောက်လာချိန်တွင် ဘာလုပ်ရမည်မှန်းကျိုးဟောင်သိမည်မဟုတ်ပေ။

"အာ ဆရာကသက်သေခံကတ်လျှောက်ချင်တာလား"

အမျိုးသမီး၏မျက်နှာတွင်အံ့သြသွားသည့်ဟန်ပေါ်လာခဲ့ပြီး ကျိုးဟောင်အားကြည့်ကာ တွေဝေစွာမေးလာခဲ့သည်။

အားလုံးအတွက် သက်သေခံကတ်မှာမဖြစ်မနေလိုအပ်သည်ဟုပြောနိုင်ပေသည်။

သို့သော် ဤလူ၏စကားများအရ သူ့ထံတွင်သက်သေခံကတ်မရှိကြောင်းမှာသိသာပေသည်။

"ကောင်းပါပြီ ဆရာ ညာဘက်ကိုလျှောက်သွားပြီး အခန်းနံပါတ် ၂၃ ကိုသွားလိုက်ပါ အဲဒါကဆရာ့ရဲ့အထောက်အထားကိုစာရင်းသွင်းတဲ့အခန်းပါပဲ"

ဆံပင်ကောက်ကောက်နှင့်မိန်းမလှလေးမှာပြုံးရင်း ဖော်‌ရွေစွာပြုံးလိုက်သည်။

"ကောင်းပြီ ကျွန်တော်နားလည်ပြီ ကျေးဇူးတင်ပါတယ်"

ကျိုးဟောင်မှာသူမအားကျေးဇူးတင်စကားဆိုပြီး ထိုအမျိုးသမီးပြောသည့်အခန်းဆီသို့လျှောက်လာခဲ့လိုက်သည်။

ကျိုးဟောင်မှသူမအားကျေးဇူးတင်စကားပြောလာသည်ကိုကြားသောအခါ အမျိုးသမီးမှခေတ္တမျှကြက်သေသေနေပြီးနောက် သက်ပြင်းချကာပြောလာခဲ့သည်။

"ဒီလူကတကယ်ကိုယဥ်ကျေးဝာာပဲ သူတကယ်င့ါကိုကျေးဇူးတင်သွားတာပဲ"

ကျိုးဟောင်မှာများများစားစားမတွေးဘဲ အမျိုးသမီးလမ်းညွှန်ပေးသည့်အတိုင်း အခန်းနံပါတ် ၂၃ ဆီသို့လျှောက်သွားခဲ့သည်။

အခန်းနံပါတ် ၂၃၏တံခါးဆီသို့လျှောက်လာပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင်တံခါးခေါက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အထဲမှအသံတစ်ခုအားကြားလိုက်ရသည်။

"ဟုတ်ကဲ့ ဝင်လာပါ"

ကျိုးဟောင်မှာအထဲသို့ဝင်လာလိုက်ရာ ကြီးမားသောအခန်းထဲတွင်အပြာဖျော့ရောင်မျက်လုံးများရှိသည့်စက်ရုပ်များစွာကိုမြင်လိုက်ရသည်။

သူတို့သည်လူသားများနှင့်ခြားနားမှုမရှိဘဲ ကြည့်ရသည်မှာအလွန်လေးနက်ပုံပေါ်ပေသည်။

ကျိုးဟောင်လမ်းလျှောက်ဝင်သွားပြီးနောက် ထိုစက်ရုပ်မှာချက်ချင်းပင်ကျိုးဟောင်အားမော့ကြည့်လာကာ ရယ်မောရင်းမေးလာခဲ့သည်။

"မင်္ဂလာပါ ဆရာဘာများလိုအပ်လို့လဲမသိဘူး"

"မင်္ဂလာပါ ကျွန်တော်ဒီကိုဆိုင်ရမ်ကြယ်စု ကျန်းလော့ဂြိုဟ်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့သက်သေခံအထောက်အထားကို စာရင်းသွင်းချင်လို့လာခဲ့တာပါ"

ကျိုးဟောင်မှပြောလိုက်သည်။

စက်ရုပ်မှာထိုစကားအားကြားသောအခါ ကျိုးဟောင်အားခေါင်းစခြေဆုံးကြည့်ပြီး ဖြည်းညှင်းစွာမေးလာခဲ့သည်။

"မင်္ဂလာပါ ဆရာ မေးပါရစေအရင်ကသက်သေခံကတ်စာရင်းသွင်းဖူးလားမသိဘူး"

"မသွင်းဖူးပါဘူး"

ကျိုးဟောင်မှာခေါင်းခါပြရင်း အမှန်တိုင်းပြောလိုက်သည်။

"ဪ မသွင်းဖူးဘူးလား"

ကျိုးဟောင်၏စကားအားကြားပြီးနောက် ထိုစက်ရုပ်များ၏မျက်နှာပေါ်တွင်အံ့သြနေသောအမူအရများပေါ်လာခဲ့သည်။

သူတို့သသည်ကျိုးဟောင်အားတွေဝေစွာ အကဲခတ်ရင်း သိလိုသည့်ပုံဖြင့်ကြည့်လာခဲ့သည်။

ကျိုးဟောင်သက်သေခံကတ်အတွက်လာ‌ရောက်လျှောက်ထားခြင်းမှာ ယခုအကြိမ်သည်တကယ်ပင်ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။

....................................................................................

All Chapters