← Chapters

သတင်းအချက်အလက်

Vol. 49 Ch. 734

သတင်းအချက်အလက်

Vol. 49 Ch. 734

စက်ရုပ်များမှာအလွန်အံ့သြသွားသော်ငြား လိုအပ်သောလုပ်ငန်းစဥ်များအားဆောင်ရွက်ပေးပေသည်။

"ဆရာ ကျေးဇူးပြုပြီးဆရာ့ရဲ့နေထိုင်သူအထောက်အထားကိုစာရင်းသွင်းဖို့ ကျွန်တော်တို့နဲ့လိုက်ခဲ့ပေးပါ"

တင်းကြပ်ပုံရသောစက်ရုပ်တစ်ရုပ်မှမတ်တပ်ထရပ်ကာဘေးသို့လျှောက်သွားခဲ့သည်။

ထိုနေရာမှာ အထဲတွင်ဘာမှမရှိသည့်ဖောက်ထွင်းမြင်နေရသည့်နေရာတစ်ခုဖြစ်သည်။

အနည်းဆုံးကျိုးဟောင်၏မျက်လုံးထဲတွင် ဘာမှရှိမနေပေ။

၎င်းမှာဤအခန်းထဲတွင်မည်သည့်ပစ္စည်းကိုမျှမထားထားသကဲ့သို့ပင်ဖြစ်ကာ ပတ်ဝန်းကျင်ရှိပစ္စည်းများမှာလည်းအနည်းငယ်ကွဲပြားနေပေသည်။

ကျိုးဟောင်မှာစက်ရုပ်၏နောက်မှလိုက်လာခဲ့ပြီး ပဟေဠိဖြစ်နေသော်ငြား ဘာမှမမေးပေ။

စက်ရုပ်မှာ၏လက်ထဲမှစက်ပစ္စည်းလည်ပတ်လာသည်ကိုတွေ့ရပြီးနောက် ထိုနေရာတွင်အလွန်ကြီးမားသည့်စက်တစ်လုံးရုတ်တရက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာယခုလိုစက်မျိုးအားယခင်ကတစ်ခါမှမမြင်ဖူးခဲ့ပေ။

ဤနေရာသို့ရောက်လာပြီးနောက် ကျိုးဟောင်မှာအံ့သြရသည့်ခံစားချက်နှင့်တဖြည်းဖြည်းအသားကျလာခဲ့ပြီး ယခင်ကလိုမပြုမူတော့ပေ။

"ဆရာ ကျေးဇူးပြုပြီးဒီပေါ်မှာရပ်ပေးပါ ဆရာ့ရဲ့နေထိုင်ရေးသက်သေခံကတ်မလျှောက်ထားခင် ဆရာအဆင်ပြေလားဆိုတာကိုအတည်ပြုဖို့လိုပါတယ်"

စက်ရုပ်မှစက်ပေါ်သို့တက်ရန် သရုပ်ပြလာခဲ့သည်။

ကျိုးဟောင်မှာဤကိစ္စများအား အမြန်အဆုံးသတ်လိုသောဆန္ဒသာရှိပေရာ နာခံစွာဖြင့်ကြီးမားသောစက်ကြီးပေါ်တွင်မတ်တပ်ရပ်လိုက်သည်။

ဤစက်တွင်အနီအောက်ရောင်ခြည်အား အသုံးမပြုတော့ပေ။ အလင်းတန်းလူ့ခန္ဓာကိုယ်ထံရောက်လာသည်နှင့်အရာအားလုံးကိုမြင်နိုင်ပေသည်။

"လခွမ်း"

"လခွမ်း"

၎င်းမှာအထူးကိုယ်ရေးကိုယ်တာအချက်အလက်များကိုပင်ထုတ်ဖော်နိုင်ပြီး ဤလူမှာလူပျိုဟုတ်မဟုတ်ကိုပင်ထုတ်ဖော်နိုင်ပေသည်။

ဤစက်မှာလူ့ခန္ဓာကိုယ်ကျန်းမာ မမာအားဖော်ပြပေးရုံသာမက ယခုလိုလျှို့ဝှက်ချက်မျိုးကိုပင်ထုတ်ဖော်နိုင်ပေရာ ကျိုးဟောင်မှာယခုလိုလုပ်မိသည်ကိုတကယ်‌ပင်နောင်တရနေခဲ့သည်။

"ဝါး ဒီမှာဆရာဒါကိုအရင်ကလုပ်ဖူးခဲ့တယ်လို့ပြနေတယ်"

စက်ရုပ်၏မျက်နှာမှာဖော်ရွေသောအပြုံးတို့ရှိနေပြီး စာရွက်ပေါ်ရှိနေရာလွတ်တွင်အချက်အလက်များအားဖြည့်နေခဲ့သည်။

ဤစက်ရုပ်၏လှုပ်ရှားမှုများအားကြည့်ပြီး ကျိုးဟောင်မှာတစ်ဖက်လူအားပစ်ထုတ်လိုက်ချင်စိတ်ကိုမနည်းထိန်းချုပ်နေရပေသည်။

နေထိုင်သူသက်သေခံကတ်အတွက် ယခုလိုကိစ္စမျိုးအား လျှောက်လွှာထဲတွင်ဖြည့်သွင်းရန်တကယ်ပင်လိုအပ်သည်လော။

"ဆရာ ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ ကျွန်တော်တို့စစ်ဆေးနေတဲ့အချိန်မှာစိတ်ငြိမ်ငြိမ်ထားဖို့လိုပါတယ်"

စက်ရုပ်မှာပြောရင်းတည်ငြိမ်သည့်အမူအရာဖြင့် အချက်အလက်အားလုံးအားမှတ်တမ်းတင်နေခဲ့သည်။

ကျစ်...

ချီးပဲ...

ကျိုးဟောင်မှာစိတ်ထဲတွင် မကျေမနပ်ဖြစ်နေခဲ့သည်။ ဤနေရာတွင်သူယခင်ကတစ်ခါမှမမြင်ဖူးခဲ့သော သူ့ခေါင်းထက်အားစကန်ဖတ်နေသည့်စက်တစ်ခုပင်ရှိနေပေသည်။

"အမည်မသိသတ္တဝါ အမည်မသိသတ္တဝါ"

စက်မှဆက်တိုက်အော်လာခဲ့သည်။

စက်ရုပ်မှာကျိုးဟောင်အားခေါင်းစခြေဆုံးကြည့်ပြီးနောက် သံသယဝင်စရာကောင်းသည့်မည်သည့်အချက်ကိုမှရှာမတွေ့ပေ။

ကျိုးဟောင်မှာထိတ်လန့်သွားခဲ့သည်။ ဤနေရာရှိနည်းပညာမှာ ကမ္ဘာဂြိုဟ်ထက်ပို၍ပင်တိုးတက်ပေသည်။

စက်မှာသူ့ကိုယ်ပေါ်ရှိငှက်မွေးတစ်ထောင်ချပ်ဝတ်နှင့် ဖားကိုပင်ထောက်လှမ်းနိုင်ပေသည်။

ဤပစ္စည်းနှစ်ခုမှာ သာမန်ထက်ကျော်လွန်သောတည်ရှိမှုမျိုးဖြစ်ပြီး ခေတ်အမှီဆုံးနည်းပညာပင်၎င်းတို့အားမထောက်လှမ်းနိုင်ပေ။

"သူ့ကိုဂရုမစိုက်နဲ့"

စက်ရုပ်များမှာ ဤစစ်ဆေးမှုနှင့်ပတ်သက်ပြီး သိပ်ပြီးတင်းကြပ်မှုမရှိပေ။

"ဒီလူကအရပ် ၁.၈၉ မီတာရှီပြီး အလေးချိန် ၉၀ ကီလိုဂရမ်ရှိတယ် အတွင်းမှာရောအပြင်မှာပါဒဏ်ရာရထားတဲ့လက္ခဏာမရှိဘူး ဟိုကိစ္စကိုနှစ်ခါလုပ်ဖူးတယ်...."

စကန်ဖတ်ပြီးနောက် စနစ်မှသေချာတင်ပြလာခဲ့သည်။

ကျိုးဟောင်မှာသွေးတိုးလာသလိုပင်ခံစားလိုက်ရသည်။ တစ်ဖက်မှစက်ရုပ်မှာစက်ထဲမှအချက်အလက်များအားကိုသာပြန်ပြောပြမည်ဟုထင်ထားခဲ့ခြင်းဖြစ်ပြီး စကန်ဖတ်ပြီးနောက်ကျယ်လောင်စွာဖတ်ပြလာလိမ့်မည်ဟုမထင်ထားခဲ့ပေ။

"ချီးပဲဒီစက်ကဘာဖြစ်နေတာလဲ"

ကျိုးဟောင်မှာဆဲချင်နေပြီဖြစ်ကာ မျက်နှာမှာလည်းမျောက်ဖင်နီ၏ဖင်ကဲ့သို့နီရဲလာခဲ့သည်။

ဤလောကကြီးတွင် စက်များမှာတကယ်ပင်ယုုံရခက်ပေသည်။

ဘေးရှိခပ်မိုက်မိုက်မိန်းမလှလေးမှာ မပြုံးဘဲမနေနိုင်ပေ။

ခပ်မိုက်မိုက်မိန်းကလေး၏အပြုံးအားမြင်သောအခါ ကျိုးဟောင်မှာပို၍ပင်ဒေါသထွက်လာခဲ့ပြီး ရှက်လွန်း၍ပုန်းဖို့တွင်းရှာရန်ပင် ချက်ချင်းတွေးမိပေသည်။

"သခင် ဒီစက်ကတကယ်အရမ်းစွမ်းအားကြီးတာပဲ ဒါကကမ္ဘာပေါ်က ခေတ်အမှီဆုံးနည်းပညာတွေထက်တောင်ပိုကောင်းသေးတယ်"

ဖား၏အသံမှာ ကျိုးဟောင်၏နားထဲတွင်ထွက်ပေါ်လာခဲ့သည်။

"သခင့်ရဲ့လူပျိုရည်ဘယ်တုန်းကပျက်သွားတာလဲမသိဘူး အမယ်လေး ကျွန်တော်ဘာလို့မသိခဲ့ရတာပါလိမ့်"

ဖား၏မကျေမနပ်အသံမှာ ထပ်မံထွက်ပေါ်လာခဲ့သည်။

ဤဖားသည်အတင်းပြောရသည်ကိုအကြိုက်ဆုံးဖြစ်သည်။

၎င်းမှာဤလျှို့ဝှက်ချက်ကြီးအား လုံးဝမသိခဲ့‌သော်ငြား ကံကောင်းထောက်မစွာဖြင့် ဤဂြိုဟ်ပေါ်ရှိနည်းပညာမှာအတော်လေးတိုးတက်ကာ ထိုကဲ့သို့သောကိစ္စကိုပင်စစ်ဆေးနိုင်ပေသည်။

ကျိုးဟောင်၏မျက်နှာမှာမဲမှောင်သွားခဲ့သည်။ သူသည်နတ်ဘုရားနှင့်တူသောပြိုင်ဘက်အားမကြောက် ဝက်ကဲ့သို့သောအဖွဲ့သားကိုသာကြောက်ခြင်းဖြစ်သည်။

"ပါးစပ်ပိတ်ထား"

ကျိုးဟောင်မှာအလွန်ဒေါသထွက်နေခဲ့သည်။

သူသည်အပ်တစ်ချောင်းရှာပြီး ဖား၏ပါးစပ်အားချုပ်ထားလိုသည့်စိတ်များပင်ပေါ်နေပေသည်။ ဤကိစ္စသည်ယခင်ကတည်းကအလွန်‌နေရခက်သောကိစ္စမျိုးဖြစ်နေပြီဖြစ်ပြီး ယခုအခြားစက်ရုပ်များနှင့် လူသားများပါဤကိစ္စအားသိရှိသွားခဲ့ကြပေရာ အနာဂတ်တွင်အခြားလူများအားမည်သို့ရင်ဆိုင်ရမည်မှန်း ကျိုးဟောင်မသိတော့ပေ။

"သခင် မရှက်ပါနဲ့ အဲဒီအချိန်တုန်းကဘယ်လိုခံစားရလဲဆိုတာကျွန်တော်တို့ကိုပြောပြပါလား"

ငှက်မွေးတစ်ထောင်ချပ်ဝတ်၏အသံမှာထပ်မံထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်ထံတွင်ယခုလိုသမိုင်းကြောင်းရှိကြောင်း သူတို့လုံးဝမသိခဲ့ကြပေရာ သူတို့သည်ဤကိစ္စအားအလွန်သိချင်နေကြပေသည်။

"ထွက်သွား ထွက်သွား"

ကျိုးဟောင်မှာ ဖြစ်နိုင်ပါက ဤနှစ်ကောင်အားချက်ချင်းပင်လွှတ်ပစ်လိုက်ချင်နေပေသည်။

သူတို့သည်တကယ်ပင်သူ့အားစနောက်ရဲပေသည်။

စက်ရုပ်များနှင့် မိန်းမလှလေးမှာ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများပြူးကျယ်နေခဲ့သည်။

စက်သည်သူထိုကိစ္စအားနှစ်ခါလုပ်ခဲ့သည်ဟူ‌သောအချက်ကိုသာ စစ်ဆေးမိခဲ့ခြင်းဖြစ်ပေရာ သူသည်ဘာကြောင့်ဤမျှလောက်ဒေါသဖြစ်ပြီး ရှက်ရွံ့နေရပါသနည်း။

စက်၏ရလဒ်မှာမတိကျ၍ပေလော။

"ဆရာ ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ ကျွန်တော်တို့ရဲ့လူသားစစ်ဆေးရေးစက်က ၁၀၀ ရာခိုင်နှုန်းအပြည့်တိကျပါတယ် မဟုတ်မှဆရာကနှစ်ကြိမ်ထက်ပိုလုပ်ခဲ့တယ်လို့ တွေးနေတာများလား"

"ကျွန်တော်ဒါကိုရှင်းပြပေးလို့ရပါတယ် ဒီစက်က'နှစ်ခါလုပ်ဖူးတယ်' ဆိုတာလည်းပြသလို 'တစ်ခါမှမလုပ်ဖူးဘူး' ဆိုတာလည်းပြပါတယ် အဲဒါကရွေးစရာနှစ်မျိုးပဲရှိတာပါ"

"အဲဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော်တို့စက်ရဲ့ စစ်မှန်မှုကိုမေးခွန်းမထုတ်ပါနဲ့"

လှပသောစက်ရုပ်တစ်ရုပ်မှာကျိုးဟောင်ထံလျှောက်လာပြီး ရှင်းပြလိုက်သည်။

သူတို့မရှင်းပြလျှင်ကိစ္စမရှိသော်ငြား သူတို့ရှင်းပြလိုက်သည်နှင့် ကျိုးဟောင်မှာမိုးကြိုးပစ်ခံလိုက်ရသလိုခံစားလိုက်ရပေသည်။

ဤစက်ရုပ်မှာဤမျှလောက်စက်ရုပ်နှင့်တူလိမ့်မည်ဟု ကျိုးဟောင်မထင်ထားခဲ့ပေ။

ဤနေရာသည် ကမ္ဘာကြီးနှင့်များစွာကွာခြားလွန်းပေသည်။

"ကိစ္စမရှိဘူး ကျွန်တော်အခုနေထိုင်သူအနေနဲ့စာရင်းသွင်းလို့ရပြီလား"

ကျိုးဟောင်မှာယခုအချိန်တွင် ဤနေရာအစုတ်အပြတ်မှတတ်နိုင်သမျှအမြန်ဆုံးထွက်သွားရန် အတွေးတစ်ခုသာရှိပေသည်။

ဤနေရာတွင်မည်သည့်လျှို့ဝှက်ချက်မျှထားမရပေ။

စက်ရုပ်မှာပြုံးကာခေါင်းညိတ်ပြလာပြီး ကျိုးဟောင်အားသူ့စားပွဲရှိရာသို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

မကြာမီ သူသည်ကျိုးဟောင်အားချစ်ပ်ပြားပုံစံပစ္စည်လေးတစ်ခုအား ကျိုးဟောင်ထံကမ်းပေးလာခဲ့သည်။

ကျိုးဟောင်မှာ ထိုပစ္စည်းအားတစ်ချက်ကြည့်ပြီးနောက် အလွန်ထူးဆန်းသည်ကိုတွေ့လိုက်ရသည်။

သူသည်တိတ်တိတ်လေးသက်ပြင်းခိုးချလိုက်မိသည်။ ကံကောင်းသည်မှာဤနေရာတွင်သူနှင့်သိသူတစ်ယောက်မှမရှိပေ။

သို့သော်ကျိုးဟောင်သက်ပြင်းချသည်မှာအချိန်စောသွားပေသည်။ နေထိုင်သူသက်သေခံကတ်ပေါ်တွင် မည်သည့်အချက်အလက်မှမရှိသည်ကိုတွေ့လိုက်ရသောအခါ ကျိုးဟောင်မှာမူးလဲတော့မလိုပင်ခံစားလိုက်ရသည်။

အလိမ်အညာသာဖြစ်ပေသည်။

"ဆရာရဲ့အချက်အလက်တွေအားလုံးကို နေထိုင်သူသက်သေခံကတ်မှာမှတ်တမ်းတင်ထားပြီးပါပြီ တကယ်တော့အထက်တန်းစားမျိုးနွယ်မိသားစုကသခင်လေးတစ်ယောက်အနေနဲ့ ဆရာ့လိုလူမျိုးက သက်သေခံကတ်လျှောက်ထားစရာမလိုပါဘူး"

ဤစက်ရုပ်သည်ကျိုးဟောင်အားမိသားစုကြီးတစ်ခုမှ သခင်‌လေးတစ်ယောက်ဟုထင်နေပေသည်။

"ကျွန်တော်တော့ဘာမှမမြင်ပါဘူး"

ကျိုးဟောင်မှာကတ်ပေါ်တွင် မည်သည့်အရာကိုမျှမမြင်ပေ။

"ဆရာ ဒီကတ်ကိုကြည့်ဖို့ဆို စိတ်စွမ်းအားကိုသုံးဖို့လိုပါတယ်"

စက်ရုပ်မှာ ကျိုးဟောင်၏ရှုပ်ထွေးနေသောပုံကိုကြည့်ကာ သူ့ဘက်မှစ၍ရှင်းပြလာခဲ့သည်။

ကျိုးဟောင်မှာစက်ရုပ်ထံမှအကြံပြုချက်အားလက်ခံလိုက်ပြီးနောက် ထိုကတ်အားကြည့်ရန်စိတ်စွမ်းအားအားသုံးလိုက်သည်။ သူမြင်လိုက်ရသောရလဒ်မှာ သူ့အားချက်ချင်းပင်ဒေါသထွက်သွားစေခဲ့သည်။

"လခွမ်း မင်းအဲဒီအချက်အလက်ကိုတောင်ထည့်ထားတာလား မင်းတို့ကလူရောဟုတ်သေးရဲ့လား"

"နှစ်ခါလုပ်ဖူး" ဟူသောစကားလုံးအားကတ်ပေါ်တွင်ဖြည့်ထားပေသည်။

ကျိုးဟောင်မှာဒေါသထွက်ရလွန်း၍အသက်ထွက်တော့မလိုပင်ခံစားလိုက်ရသည်။ ယခုသူလူပျိုမဟုတ်ဘူးဆိုသောအချက်မှာ သူဘယ်နေရာသွားသွားဖော်ပြထားမည်မဟုတ်ပေလော။

ကျိုးဟောင်၏ဒေါသထွက်နေသောအမူအရာအားကြည့်ကာ အားလုံးမှာကြက်သေသေသွားခဲ့သည်။ သူသည်ဘာကြောင့်ရုတ်တရက်ကြီးစိတ်တိုနေရပါသနည်း။ အစောပိုင်းကတင်အကောင်းတိုင်းရှိ‌သေးသည်မဟုတ်ပါလော။

"ဆရာ ဆရာရဲ့သက်သေခံကတ်ကပြီးသွားပြီဆိုတော့ အခုတာဝန်တွေထမ်းဆောင်ဖို့ တာဝန်အဆောက်အဦးကိုသွားလို့ရပါပြီ"

စက်ရုပ်မှခပ်‌ရေးရေးပြုံးကာပြောလိုက်သည်။

....................................................................................

All Chapters