← Chapters

ကမ္ဘာသစ်အားရှာဖွေတွေ့ရှိခြင်း

Vol. 49 Ch. 735

ကမ္ဘာသစ်အားရှာဖွေတွေ့ရှိခြင်း

Vol. 49 Ch. 735

ဒေါသဖြစ်နေသောကျိုးဟောင်အားကြည့်ကာ အားလုံးမှာတိတ်ဆိတ်သွားခဲ့ကြသည်။ ကျိုးဟောင်ဘာကြောင့်ရုတ်တရက်ဤမျှဒေါသထွက်လာမှန်း သူတို့မသိပေ။

"ဒီအချက်အလက်ကိုဖယ်လို့ရလား"

ကျိုးဟောင်မှာအံကြိတ်ကာ ချစ်ပ်ပြားပေါ်ရှိစာအားညွှန်ပြလိုက်ပြီး ခေါင်းမူးလာသလိုပင်ခံစားနေရပေသည်။

သူသည်ထိုကဲ့သို့သောကိစ္စမျိုးအားယခင်ကတစ်ခါမျှမလုပ်ဖူးပေ။

မှားယွင်းစွပ်စွဲခံရသည့်ခံစားချက်သည်ကျိုးဟောင်အားစိတ်မသက်မသာဖြစ်စေပေသည်။ ဤစက်သည်မည်ကဲ့သို့သောအသုံးမကျသည့်စက်မျိုးပါနည်း။ သေချာသည်မှာဤစက်သည်ရှေ့တစ်ခေါက်စကန်ဖတ်ပြီးနောက်ပိုင်း အချက်အလက်များအားမရှင်းလင်းထားခြင်းဖြစ်နိုင်ပေသည်။

ကျိုးဟောင်မှာဆက်တိုက်မှားယွင်းစွပ်စွဲခံနေရပေသည်။

မည်သို့ပင်ဖြစ်စေ ယခုလိုကတ်အားချစ်သူဖြစ်သူသာတွေ့သွားပါက အဆုံးသတ်သွားမည်မဟုတ်ပေလော။

ထိုအတွေးအားတွေးရုံဖြင့် ကျိုးဟောင်မှာထိတ်လန့်လာသည်။

တစ်ခါတရံမိန်းမများအားအကျိုးသင့်အကြောင်းသင့်ရှင်းပြရန်မှာ မဖြစ်နိုင်ပေ။ ကိစ္စတစ်ခုနှင့်ပတ်သက်ပြီးအကြောင်းပြချက်ပေးရန်ကြိုးစားလေ အခြေအနေပိုဆိုးလာလေသာဖြစ်သည်။

ကျိုးဟောင်မှာဘာကြောင့် ဤကိစ္စအားအပြင်းအထန်ကြိုးစားနေကြောင်းတွေးရင်း အလွန်ပ‌ဟေဠိဖြစ်နေခဲ့သည်။

စက်အားတစ်ချက်ကြည့်ပြီးနောက် ၎င်းမှာရုတ်တရက်သတိရသွားခဲ့သည်။ ယခင်ကနောက်ဆုံးတစ်ယောက်အသုံးပြုခဲ့ပြီးနောက်ဤအရေအတွက်အား ပြန်မရှင်းရသေးပေရာ ဤအချက်အလက်မှာမှားယွင်းနေပေသည်။

"ဆရာ ကျွန်တော်တောင်းပန်ပါတယ် ဒါကျွန်တော်တို့အမှားပါ"

စက်ရုပ်မှာကျိုးဟောင်‌ရှေ့တွင်မတ်တပ်ရပ်လိုက်ပြီးအလွန်ရိုကျိုးစွာဖြင့် အလေးအနက်တောင်းပန်လာပေသည်။

၎င်းမှာကျိုးဟောင်အားထပ်မံစစ်ဆေးရန်ခေါ်ဆောင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်၎င်းမှာစက်အားအသုံးမပြုခင်အချက်အလက်များအားလုံးအားရှင်းလင်းရန် သတိမမေ့တော့ပေ။ သို့သော်ရလဒ်မှာသူတို့အားထပ်မံထိတ်လန့်သွားစေခဲ့သည်။

ကျိုးဟောင်၏အရပ်နှင့်ကိုယ်အလေးချိန်မှာမပြောင်းလဲသော်ငြားပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ ကျိုးဟောင်မှာလူပျိုဖြစ်နေဆဲဖြစ်ကြောင်းစက်မှဖော်ပြလာခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏အနာဂတ်ပျော်ရွှင်မှုမှာ ဤအ‌ပေါ်တွင်မူတည်ပေသည်။

ကျိုးဟောင်၏ဇွဲမလျှော့သောတောင်းဆိုမှုအောက်တွင် သူတို့သည်ဤအချက်အလက်အားသူ၏သက်သေခံကတ်ပြားပေါ်တွင်ထည့်သွင်းဖော်ပြခြင်းမပြုခဲ့ပေ။

ဤစက်ရုပ်များသည်လည်းဘာမှမတတ်နိုင်သလိုခံစားနေရပေသည်။ ဤအရာသည်အခြားတစ်ယောက်၏ ကိုယ်ရေးကိုယ်တာဖြစ်ပြီး သူတို့အတင်းအကြပ်ဖိအားပေးလို့မရပေ။

ဖားနှင့်ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာထိုရလဒ်အားကြားလိုက်ရချိန်တွင်သက်ပြင်းချလိုက်မိသည်။ သူတို့သည်ယခုလိုခေတ်မှီသောစစ်ဆေးသည့်စက်တွင် ယခုလိုအမှားမျိုးရှိနေမည်ဟုမထင်ထားခဲ့ပေ။

မူလက သူတို့သခင်သည်တကယ်ပင်ထိုကိစ္စအားလုပ်ခဲ့သလားဟုတွေးခဲ့မိသော်ငြား မထင်မှတ်ထားစွာကိစ္စများမှာယခုလိုဖြစ်နေခဲ့ပေသည်။

သူတို့၏အမြင်တွင် ယောကျ်ားတစ်ယောက်မှာအနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်မျိုးရှိရပေမည်။ ကြိုးစားခြင်းဖြင့်သာ သူ၏စွမ်းအားအားတိုးမြှင့်နိုင်မည်ဖြစ်ပြီး သူအလိုရှိသမျှအားလုံးအားရရှိနိုင်မည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် သက်သေခံကတ်ရရှိပြီးနောက် ကျိုးဟောင်မှပါဝင်သည့်အချက်အလက်များအားမကြည့်တော့ပေ။ အကြောင်းမှာသူလက်မခံနိုင်သည့်အရာတစ်ခုခုအားမြင်လိုက်ရမှာစိုး၍ဖြစ်သည်။

အလျင်အမြန်ထွက်ပြေးသွားသောပုံရိပ်အားကြည့်ပြီး စက်ရုပ်များမှာမပြုံးဘဲမနေနိုင်တော့ပေ။

သူတို့သည်အမှားတစ်ခုအားလုပ်ခဲ့သော်ငြား ဤအမျိုးသားသည်အလွန်စိတ်ထိခိုက်လွယ်မှန်းသိသာပေသည်။

ကျိုးဟောင်မှာယောက်ျားတစ်ယောက်ဖြစ်ပါလျက် ဘာကြောင့်ဤမျှလောက်ရှက်နေမှန်း ၎င်းတို့မှာနားမလည်နိုင်ပေ။

နေထိုင်သူသက်သေခံကတ်အားရရှိပြီးနောက် ထိုလူမှာနေရာများစွာအားသွားနိုင်ပေသည်။ ဥမာဆိုရသော် ထိုအလွန်လျှို့ဝှက်ဆန်းကြယ်သောပုံရိပ်ယောင်ကမ္ဘာများအားသွားရောက်လည်ပတ်နိုင်ရန် ထိုလူထံတွင် နေထိုင်သူသက်သေခံကတ်ပြားရှိရန်လိုအပ်ပေသည်။

မဟုတ်ပါက ထိုနေရာအားသွားရောက်လည်ပတ်ရန်အရည်အချင်းမပြည့်မီပေ။

"အခု ငါတို့ပုံရိပ်ယောင်ကမ္ဘာကိုသွားလို့ရပြီ အဲဒါကနေရာကောင်းတစ်ခုပဲ ငါတော့အရမ်းစိတ်လှုပ်ရှားနေပြီ"

ဖား၏အသံမှာကျိုးဟောင်၏နားထဲတွင်ထပ်မံထွက်ပေါ်လာခဲ့သည်။

ကျိုးဟောင်မှာ ဤကမ္ဘာရှိပုံရိပ်ယောင်ကမ္ဘာအားမည်သို့ဝင်ရမလဲဆိုသည်အားမသိပေ။

ဖား၏လမ်းညွှန်ပေးမှုအောက်တွင် ကျိုး‌ဟောင်မှာခေါင်းဆောင်းဆောင်းလိုက်သည်နှင့်ထိုကမ္ဘာအားအချိန်မရွေးဝင်ရောက်နိုင်ကြောင်းသိခဲ့ရသည်။ သို့သော်သူသည်ဤနေရာရှိ အရာအားလုံးနှင့် မခွဲလိုသေးပေ။

"အဲဒီကိုသွားတော့ ဘာတွေများဒီလောက်ကောင်းနေလို့လဲ"

ကျိုးဟောင်မှာ ဖားသူ့အားဆက်တိုက်လောနေရလောက်သည်အထိ ထိုနေရာ၏မည်သည့်အရာကဤမျှလောက်ကောင်းနေကြောင်းမသိခဲ့ပေ။

သူသည်ဤနေရာနှင့် မရင်းနှီးသေးခင်မှာပင် ဖား၏အလောသုံးဆယ်တိုက်တွန်းမှုကြောင့် ဤနေရာမည်မျှအထင်ကြီးစရာကောင်းလဲဆိုသည်အားသေချာပင်မကြည့်ရသေးပေ။

ကျိုးဟောင်သည်ဖားအားလွှင့်ပစ်ချင်စိတ်များဖြစ်နေသော်ငြား လုံခြုံစွာရှင်သန်ရန် ဖား၏လမ်းညွှန်မှုအားလိုအပ်သေးပေသည်။

"မင်းဒီတိုင်းမသိသေးလို့ အဲဒီမှာပျော်စရာကောင်းတဲ့ဟာတွေအများကြီးရှိတယ် မင်းဒီကိုရောက်လာပြီဆိုမှတော့ လေ့ကျင့်ဖို့တာဝန်တွေသွားပြီးလက်ခံရမှာပေါ့"

"မင်းဒီကိုလာတာဘဝကိုသက်သောင့်သက်သာဖြတ်သန်းဖို့မဟုတ်ဘူး မင်းရဲ့တာဝန်ကိုမှတ်ထားရမယ်"

ဖား၏တတွတ်တွတ်ပြောနေသံမှာ ယင်ကောင်တစ်ကောင်တဝီဝီပျံနေသလိုပင်။

ဖားမှာ ကျိုး‌ဟောင်ကိုပင်သူ့ဘဝအားစတင်သံသယဝင်လာအောင်လုပ်ခဲ့ပေသည်။

ဤဆူညံသံကြောင့် ကျိုးဟောင်မှာသူ့အကြားအာရုံများချို့ယွင်းသွားမလားပင် တွေးမိပေသည်။ ဖားမှာပန်းတိုင်မရောက်မချင်းရပ်တန့်မည်မဟုတ်သောလူတစ်ယောက်၏ အကောင်းဆုံးနမူနာပင်ဖြစ်သည်။

သူဤနေရာသို့လာခဲ့ခြင်းသည်တကယ်ပင်ပိုမိုသန်မာရန်ဖြစ်ကြောင်းကိုကျိုးဟောင်သတိရလိုက်သည်။

ထို့နောက်တွေဝေမနေဘဲ ကျိုးဟောင်မှာခေါင်ဆောင်းအားထုတ်လိုက်သည်။ သူသည်ထိုအရာအားတရားဝင်နေထိုင်သူဖြစ်လာပြီးနောက်ပိုင်း ရုံးခန်းမှရလာခဲ့ခြင်းဖြစ်သည်။

ဤနေရာတွင်ယခုလိုအကျိုးအမြတ်မျိုးပင်ရှိပေသည်။

ဤဂြိုဟ်ပေါ်ရှိအရာအားလုံးမှာအလွန်ဖော်ရွေကြပြီး အလွန်အေးစက်သည့်ကမ္ဘာဂြိုဟ်နှင့်မတူပေ။

ခေါင်းဆောင်အားဆောင်းပြီးနောက် ကျိုးဟောင်မှာချက်ချင်းပင် အလွန်မရင်းနှီးသည့်နေရာသို့ထွက်လာခဲ့သည်။ ထိုနေရာတွင်တောင်များ၊ မြစ်များ နှင့်အထဲတွင်စွမ်းအားကြီးသောသက်ရှိများရှိပေသည်။ သူတို့သည်မည်သည့်နေရာတွင်မျှလိုအပ်ချက်မရှိပေ။

ဤနေရာရှိကမ္ဘာကြီးမှာလျှို့ဝှက်ဆန်းကြယ်မှုများဖြင့်ပြည့်နေခဲ့သည်။ မနီးမဝေးတွင်အလင်းလှိုင်းများတောက်ပနေခဲ့ကာ ဤမြင်ကွင်းသည်သူတခြားကမ္ဘာများတွင်တစ်ခါမှမမြင်ခဲ့ဖူးသည့်မြင်ကွင်းဖြစ်သည်။

"ချီး ဒီနေရာကကမ္ဘာကြီးကအပြင်ကမ္ဘာထက်အများကြီးပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်"

ကျိုးဟောင်မှာ နှုတ်မှတီးတိုးရေရွတ်လိုက်သည်။

ဤနေရာသည် သူ့အားတကယ်ပင်အံ့သြစေပေသည်။ ၎င်းမျာပြင်ပကမ္ဘာထက်ပိုမိုလျှို့ဝှက်ဆန်းကြယ်ကာ ပိုမိုစွမ်းအားကြီးပေသည်။ ဤနေရာရှိနည်းပညာမှာအလွန်ပြောင်မြောက်ကာ ဤနေရာရှိလူများမှာလည်း ပြင်ပလောကရှိလူများထက်များစွာပို၍သန်မာကြသည်။

ကမ္ဘာဂြိုဟ်ပေါ်ရှိခေတ်မှီနည်းပညာပင် ဤနေရာရှိပစ္စည်းများနှင့်ယှဥ်ပါကအမှိုက်သာသာ သာရှိတော့ပေသည်။

ဤအချက်မှာကျိုးဟောင်အားရင်မောစေသည်။

ကမ္ဘာဂြိုဟ်ပေါ်တွင်အဏုမြူဗုံးမှာအလွန်စွမ်းအားကြီးလှပြီဖြစ်သော်ငြား ဤနေရာတွင်ထိုပစ္စည်းအားမည်သူမျှဂရုမစိုက်ပေ။ အကယ်၍ထိုပစ္စည်းအားသုံးချင်လျှင်ပင်မသုံးနိုင်ပေ။ အကြောင်းမှာထိုပစ္စည်းများမှာ သံအစအနအပုံများဖြင့်မခြား၍သာဖြစ်သည်။

"ချီးပဲ ဒါကတကယ်ကိုပြိုင်ဘက်ကင်းပဲ ဒီပစ္စည်းတွေကငါ့ကိုရင်တုန်‌အောင်လုပ်နိုင်တယ်"

ကျိုးဟောင်မှာမနီးမဝေးတွင် လှိုင်းဖမ်းယူသည့်တိုင်ကဲ့သို့သောပစ္စည်းတစ်ခုအားတွေ့လိုက်ရသည်။

၎င်းမှာကမ္ဘာဂြိုဟ်ပေါ်တွင် ရှေးအခါကသုံးခဲ့သောပစ္စည်းဟုထင်မှတ်ထားခဲ့ခြင်းဖြစ်ပြီး သူထိုဧရိယာထဲသို့မဝင်နိုင်ခင်တွင်စွမ်းအားကြီးသောအားတစ်ခု၏တွန်းထုတ်ခြင်းအားခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုပစ္စည်းပေါ်တွင်သတိပေးစာပင်ကပ်ထားပေသည်။ ၎င်းမှာ 'မကပ်ရ' ဟူသောစာသာဖြစ်သ်ည။

၎င်း၏ပုံစံမှာအလွန်သာမန်ဆန်သော်လည်း သူသည်ထိုပစ္စည်းအနားကပ်လို့မရပေ။

ထိုနေရာတွင်နေရာလွတ်တစ်ခုရှိနေခဲ့ပြီး ၎င်းမှာရှေ့မှဆိုင်ထဲမှာလိုပင် ဆိုင်ထဲတွင်မည်သည့်ပစ္စည်းမှမရှိသော်ငြား စက်လည်ပတ်လာပြီးနောက် ကြီးမားသောစက်တစ်လုံးပေါ်လာခဲ့သည်။

"ဒါကသူတို့ရဲ့‌စစ်ဆေးတဲ့စက်ပဲ ဗို့အားအရမ်းမြင့်တယ် မင်းအဲဒီနားကပ်လိုက်တာနဲ့ပြာဖြစ်သွားလိမ့်မယ်"

ဖားမှာငအကျိုးဟောင်အားကြည့်ကာ သတိပေးလိုက်သည်။

ကျိုးဟောင်မဆိုထားနှင့် ဖားပင်ယခုလိုခေတ်မှီသည့်နည်းပညာအားထဲထဲဝင်ဝင်မသိပေ။ ဤဂြိုဟ်ပေါ်မှာအရာများမှာအလွန်ခေတ်မှီတိုးတက်ကာ အနည်းဆုံးကမ္ဘာဂြိုဟ်ထက်နှစ်ပေါင်း ၁သောင်းမျှရှေ့ကြိုရောက်နေပေသည်။

အကယ်၍ ကျိုးဟောင်သာဤနေရာသို့မလာခဲ့ပါက ဤပစ္စည်းများမည်မျှအစွမ်းထက်ကြောင်း လုံးဝသိမည်မဟုတ်ပေ။

ကျိုးဟောင်၏အမူအရာမှာစိတ်ပျက်နေသည့်ဟန်ပေါ်နေခဲ့သည်။ အကယ်၍စစ်ဆေး‌ရေးစက်တစ်ခုပင်ဤမျှစွမ်းအားကြီးနေပါက ထိုခေတ်မှီနည်းပညာများဆိုပါက မည်မျှစွမ်းအားကြီးမလဲမသိပေ။

သူသည်ဤလောက၏အင်အားကို မျက်မြင်တွေ့ချင်ပေသည်။

အနာဂတ်တွင် သူကမ္ဘာဂြိုဟ်အားပြန်နိုင်မည့်အခွင့်အရေးရှိလာပါက ဤနည်းပညာများအားပြန်ယူသွားပြီး လူသားမျိုးနွယ်အားတိုးတက်‌အောင်လုပ်မည်ဖြစ်သည်။

ဤနေရာရှိလူတိုင်းမှာအလွန်နာခံကြပြီး အန္တရာယ်များသည့်နေရာများအားလုံးဝမဝင်ရောက်ကြပေ။ ဤသည်မှာတိုးတက်သောနည်းပညာ၏အကျိုးကျေးဇူးသာဖြစ်သည်။

"ငါအနာဂတ်မှာကမ္ဘာဂြိုဟ်ကိုလည်း သူတို့လိုပဲသေချာပေါက်တိုးတက်စေရမယ်"

ကျိုးဟောင်မှာတီးတိုးရေရွတ်လိုက်သည်။

....................................................................................

All Chapters