← Chapters

ဝိဥာဥ်သခင်ကြီး : ငါက ထျန်းမင်ကမ္ဘာမှာ အစွမ်းအထက်ဆုံး သူတစ်ယောက် ဖြစ်သွားပြီလား

Vol. 53 Ch. 742

ဝိဥာဥ်သခင်ကြီး : ငါက ထျန်းမင်ကမ္ဘာမှာ အစွမ်းအထက်ဆုံး သူတစ်ယောက် ဖြစ်သွားပြီလား

Vol. 53 Ch. 742

ထိုစကားကို ကြားသည်နှင့် ကျန့်ယွီ၏ မျက်လုံးထဲ ဒေါသငွေ့တို့ ပေါ်လာ၏။

လောထျန်းက တိုက်ခိုက်လာသည်ဆိုလျှင် သူဘာမှ ပြောရဲမည်မဟုတ်သော်လည်း ...

ကျူးကဲ့ကျန့်က မောက်မာလွန်းလှပေသည်။

သူ့ကိုပင် ကြွက်စုတ်ဟု ခေါ်နေသတဲ့....

ကျန့်ယွီ ဒေါသတကြီး ပြန်အော်လိုက်သည်။

" ထျန်းယွမ်ကမ္ဘာကကောင်... မင်း လွန်နေပြီနော် "

ချွှင် ...

သူ ပြောပြီး ဓားဆွဲထုတ်ကာ ကျူးကဲ့ကျန့်ဆီ ပြေးဝင်သွားလိုက်သည်။

" ဟင်.. မင်းကရော ဓားသုံးတာပါလား ။ ဒါဆိုရင်တော့လဲ ဓားချင်းယှဥ်တိုက်ကြတာပေါ့ "

ကျူးကဲ့ကျန့်၏ မျက်လုံးထဲ၌ ဝမ်းသာမှုတို့ အထင်းသားပေါ်လာကာ အော်ပြောလိုက်၏။

ထို့နောက်တွင် သူ့လက် လှုပ်ရှားသွားကာ ရှေးဟောင်းဓားရှည်တစ်လက် ပေါ်လာသည်။

ဝုန်း ...

ထိုဓား ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင် တစ်ခုလုံး နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်သွား၏။

" ဟင်... ဒီဓားက... "

တဖက်မှ ကျန့်ယွီမှာ ဓားအား တစ်ချက်ကြည့်ရုံဖြင့်ပင် တစ်စုံတရာ လွဲနေပြီမှန်း ရိပ်မိလိုက်သည်။

ထိုစဥ် ကျူးကဲ့ကျန့်က ဓားကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆုပ်၍ ၎င်းဓားထဲသို့ အစွမ်းကုန် ထည့်လိုက်၏။

" လာလေ .... ဓားတစ်လက်နဲ့ အဖြေကို ဆုံးဖြတ်ကြတာပေါ့ "

သူ ပြောပြီး အရူးတစ်ယောက်သဖွယ် ဓားကိုယမ်းလိုက်သည်။

ဓား လှုပ်ရှားသွားသည်နှင့် သူ့နောက်၌ ကြောက်မက်ဖွယ် နတ်ဆိုးအရိပ်ကြီး ပေါ်လာကာ.. ၎င်းအရိပ်က သူ့ပုံစံအတိုင်း လိုက်လှုပ်ရှားသွားသည်။

ထို့နောက်.. ဓားစွမ်းအင် ၊ နတ်ဆိုးစွမ်းအင် နှင့် မသေမျိုးစွမ်းအင်များ တမဟုတ်ချင်း ပေါင်းစပ်သွားပြီး ကျန့်ယွီဆီ တိုးဝင်သွား၏။

ကျန့်ယွီမှာလည်း ထိုစဥ်မှသာ ရုတ်တရက် အသိဝင်လာသည်။

" ငါ မှတ်မိပြီ ။ အဲ့ဒါ .... ပျောက်နေတဲ့ မူလမသေမျိုးလက်နက် တစ်ခုဖြစ်တဲ့ ၊ အဆုံးအစမဲ့ နတ်ဆိုးဓားပဲ "

သို့သော်... သူ နောက်ကျသွားခဲ့လေပြီ ။

ဝုန်း ...

ကျူးကဲ့ကျန့်၏ ဓားချက် ကျလာကာ ကျန့်ယွီ သေဆုံးသွားရတော့သည်။

သို့သော်.. တဖက်မှ ဓားစွမ်းအင်မှာ ရန်သူကို သတ်ပြီးသွားသည့်တိုင်.. အားလျော့မသွားသေးဘဲ ရှေ့မှ မင်ရှန့်တောင်ဆီ ဆက်တိုးဝင်သွား၏။

ဝုန်း...

မင်ရှန့်တောင် အပိုင်းတစ်ခု ချက်ချင်း ဖြတ်တောက်ခံလိုက်ရတော့သည်။

" ဟင် .... သေသွားပြီလား "

ထိုစဥ် ကျူးကဲ့ကျန့်က ပါးစပ်အဟောင်းသားဖြင့် ပြောလာသည်။

လောထျန်း တစ်ချက်လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

" သေပြီနဲ့တူတယ် ၊ အဲ့ဓားကို သုံးရတာ ဘယ်လိုနေလဲ "

" ကောင်းတယ်ဗျ ၊ ကျုပ်နဲ့ တော်တော်လိုက်ဖက်တယ် ။ ပြီးတော့ ဒီဓားကို သန့်စင်တဲ့​နေရာမှာလဲ သခင်လေးကိုယ်တိုင် ကူညီပေးခဲ့သေးတာဆိုတော့.. ဓားအစွမ်းက ကျုပ်ထင်ထားတာထက်တောင် ပိုအစွမ်းထက်သေးတယ် "

ကျူးကဲ့ကျန့် ပြန်ပြောလိုက်သည်။

မှန်ပါသည် ။ ထိုဓားမှာ လောထျန်း ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ ပြန်ယူလာခဲ့သော အဆုံးအစမဲ့နတ်ဆိုးဓားပင် ...

၎င်းက ကျူးကဲ့ကျန့်အတွက် အသုံးဝင်နိုင်သည်ဟု တွေးမိသောကြောင့် သူ ကျူးကဲ့ကျန့်အား ပေးခဲ့ခြင်း ဖြစ်ပါ၏။

" ကောင်းတယ် ... ကဲ.. သုံးယောက်ကို ရှင်းပြီးသွားပြီဆိုတော့ အထဲဝင်ပြီး သွားကြည့်လိုက်ရအောင် "

လောထျန်းက ရှေ့မှ မင်ရှန့်တောင်အား လက်ညိုးထိုးပြရင်း ပြောလိုက်သည်။

" ကောင်းတယ် သခင်လေး "

ကျူးကဲ့ကျန့် ခေါင်းညိတ်လိုက်၏။

ထို့နောက်တွင် လောထျန်းက သူ့နောက်မှ ပျောင်ပိုင်မြို့ တပ်ဖွဲ့အား လိုက်ခဲ့ရန် လက်ဖြင့်အချက်ပြပြီး မင်ရှန့်တောင်ဆီသို့ တိုးဝင်သွားလိုက်သည်။

ထိုစဥ် မင်ရှန့်တောင်ပေါ်၌ ....

" အားလုံး... သေကုန်ကြပြီလား "

ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန်မှာ ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း စိတ်ထဲ ကြိုပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် မယုံနိုင် ဖြစ်နေပါတော့၏။

" ဒီ မျိုးမစစ် သုံးယောက်... ထျန်းယွမ်ကမ္ဘာက လူတွေက ထူးထူးဆန်းဆန်း အစွမ်းထက်ကြပါတယ်လို့ ငါ ဒီလောက်​ပြောနရဲ့သားနဲ့ ။ ဘာလို့ ငါ့စကားကို နားမထောင်ခဲ့ကြတာလဲ "

" ချီး... အခု ငါက ဘာဆက်လုပ်ရတော့မှာလဲ ။ ထျန်းမင်ကမ္ဘာတော့ သွားပြီ ... "

" အပေါ်ကမ္ဘာကိုပဲ တက်သွားလိုက်ရင် ကောင်းမလား... "

ကွေ့ဖန် ထိုသို့တွေးမိကာ ... အပေါ်ကမ္ဘာသို့ တက်ရန်အတွက် ကောင်းကင်ဘုံစင်မြင့်ကို သုံးရန် ပြင်လိုက်သည်။

သို့သော် သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်ကား မှင်သက်သွားရပါ၏။

အဘယ့်ကြောင့်ဆိုသော်.. ယခင် ကောင်းကင်ဘုံစင်မြင့် ရှိခဲ့သည့်နေရာမှာ ကျူးကဲ့ကျန့်၏ ဓားချက်ကြောင့် ဖျက်ဆီးခံလိုက်ရပြီကို တွေ့လိုက်ရသောကြောင့်ပင် ...

ထိုနေရာ၌ ကောင်းကင်ဘုံစင်မြင့်၏ အစအနလေးပင် မကျန်ခဲ့တော့ပါ ။

" ဟင်... ကောင်းကင်ဘုံစင်မြင့်လဲ မရှိတော့ဘူး ။ ဒါဆို.. ငါ ဘာဆက်လုပ်ရမလဲ ။ ကောင်းကင်ဘုံစင်မြင့်ကိုမှ သုံးပြီး မတက်ရင်လဲ တခြားအဖွဲ့တွေထဲ ရောက်သွားပြီး အသက်အန္တရာယ် ကြုံရနိုင်တယ် "

ကွေ့ဖန်တစ်ယောက်မှာ ထိုတခဏ၌ ဘာလုပ်ရမည်မသိ ဖြစ်နေပါတော့၏။

သို့သော်... ခဏအကြာတွင်မူ.. သူ့ပါးသူ ပြန်ရိုက်ပစ်ချင်စိတ် ပေါက်သွားပါတော့သည်။

" ဒီလိုတောင် ဖြစ်နေပြီကို ဘာမဟုတ်တဲ့ဟာကို တွေးပြီး စိတ်ပူနေသေးတာလား ။ ခုချိန်မှ အပေါ်ကမ္ဘာကို မတက်ရင် သေရမှာ သေချာနေပြီ "

သူ ထိုသို့တွေးပြီး ချက်ချင်း လက်ဝါးနှစ်ဖက်ကို စုလိုက်၏။

" ကောင်းကင်ဘုံ တံခါးပေါက်.. ပွင့်စေ "

ဝုန်း ...

သူ့အရောင်အဝါ ချက်ချင်းတိုးသွားကာ... သူ့ခေါင်းပေါ်၌ ရှေးဟောင်း ကောင်းကင်ဘုံတံခါးချပ်တစ်ခု ဖြည်းညင်းစွာ ပွင့်လာသည်။

ထိုစဥ် တောင်ပေါ်ရောက်လာသည့် လောထျန်းမှာလည်း ၎င်းအား သတိထားမိသွား၏။

" ဟင်.. အဲ့တံခါးက ဘာလဲ ။ ထျန်းမင်ကမ္ဘာက တခြားတစ်ခုကို ကြံစည်နေပြန်ပြီလား ။ မဟုတ်ဘူး... တားမှရမယ် "

လောထျန်း တွေးကာ ကောင်းကင်ဘုံတံခါးရှေ့သို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။

" ဟား ဟား... ထျန်းယွမ်ကမ္ဘာ ၊ ငါ မင်းတို့နဲ့ ဆက်မပတ်သက်တော့ဘူး "

ကွေ့ဖန် အရူးတစ်ယောက်လို အော်ရယ်ပြီး တံခါးဆီသို့ ပျံသန်းသွားလိုက်၏။

သို့သော်.. ထိုစဥ်မှာပင်..

ဘုန်း...

လေထဲတွင် ကန်ချက်တစ်ခု ပေါ်လာကာ... အပေါ်ကမ္ဘာနှင့် ဆက်သွယ်ထားသော ကောင်းကင်ဘုံတံခါး တုန်ပြီး ပိတ်သွား၏။

" အင် ... "

၎င်းကို မြင်လိုက်ရသော ကွေ့ဖန်တစ်ယောက် မှင်သက်မိသွားတော့သည်။

ဘုန်း...

ထိုစဥ်မှာပင် သူ လောထျန်း၏ ​ခြေထောက်နှင့် ဝင်တိုက်မိကာ သူ့ခေါင်းမှ သွေးများထွက်လာသည်။

" အား... "

ကွေ့ဖန် အော်ပြီး အောက်ပြုတ်ကျလာ၏။

ထိုစဥ်တွင် လောထျန်းကလည်း တဖက်လူကို မြင်ကာ အံ့သြသွားသည်။

" ဟင်... မင်းပါလား... "

သူ ထိုလူအား မှတ်မိပါ၏။ ထိုသူမှာ ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်ချိန်၌ ထျန်းယွမ်ကမ္ဘာသို့ ဦးစွာ ဝင်လာခဲ့ကြသူ ၇ ယောက်ထဲမှ တစ်ယောက်ပင် ။

ဝှစ်... ဝှစ်... ဝှစ် ..

ထိုစဥ်မှာပင် မူလမသေမျိုးလက်နက် ကိုယ်စီ ကိုင်

ထားကြသော လောဖန်တို့ လူစု အနားရောက်လာကာ ကွေ့ဖန်အား ဝိုင်းထားလိုက်ကြသည်။

" မင်း.. မင်းတို့တွေ အနိုင်ကျင့်နေတာပဲ "

ကွေ့ဖန်မှာ ငိုချတော့မလိုပါပင် ...

သူ ထိုလူစုအား အနိုင်မယူနိုင်သလို ... ထွက်ပြေး၍လည်း မရတော့ပါချေ ။ သူ အပေါ်ကမ္ဘာသို့ တက်မည့် ကောင်းကင်ဘုံတံခါးသည်ပင် တဖက်လူ၏ ကန်ပိတ်ခြင်းကို ခံခဲ့ရပါ၏ ။

ထိုစဥ် လောထျန်းက သူ့ကိုကြည့်ရင်း မျက်မှောင်ကြုံ့ မေးလာသည်။

" ငါ မင်းကို မေးဦးမယ် ၊ မင်းတို့ ထျန်းမင်ကမ္ဘာရဲ့ အဓိကတပ်ဖွဲ့က ဘယ်မှာလဲ "

လောထျန်း စိတ်အဝင်စားဆုံးမှာ ထိုကိစ္စပင် ။

ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်ချိန်မှစ၍ ဤ မင်ရှန့်တောင် ရောက်သည်အထိ သူ တလျှောက်လုံး တိုက်ခိုက်ခဲ့ရသည် မှန်သော်လည်း ... အစွမ်းထက် ပြိုင်ဘက်တစ်ယောက်နှင့်ပင် မတွေ့ခဲ့ရသေးပါ ။

ကျန်လူများလည်း ကွေ့ဖန်အား စိုက်ကြည့်လာကြ၏။

ကွေ့ဖန်မှာ ထိုမေးခွန်းကြောင့် အံ့သြမှင်သက်သွားတော့သည်။

" အဓိက တပ်ဖွဲ့ .... ဘယ် အဓိကတပ်ဖွဲ့ ကျန်တော့မှာလဲဗျာ ။ အားလုံးက ကမ္ဘာနှစ်ခုကြားတံခါးပေါက် ရှေ့မှာတင် သခင်လေးတို့လက်ချက်နဲ့ ပြောင်သလောက် ဖြစ်သွားပြီလေ "

သူ ငိုသံကြီးဖြင့် ပြန်ဖြေလိုက်သည်။

သူ့စကားကြောင့် လောထျန်း လန့်သွားပါ၏။

" ငါ ဆိုလိုတာက ... မင်းတို့ ထျန်းမင်ကမ္ဘာသခင်ကြီးကလွဲလို့ ... တခြား အစွမ်းထက်တဲ့ သခင်ကြီးတွေ ဘယ်ရောက်သွားလဲ မေးချင်တာပါ "

ထိုစကားကို ကြားချိန်တွင်မူ ကွေ့ဖန်တစ်ယောက် အသံထွက်၍ပင် ငိုလိုက်တော့သည်။

" ဘယ်သခင်ကြီးတွေ ကျန်ဦးမှာလဲဗျ ။ ကျုပ်တို့ရဲ့ ထျန်းမင်ကမ္ဘာသခင်ကြီးကို သခင်လေး သတ်လိုက်

လို့ လက်တစ်ဖက်ပဲ ကျန်တော့တာလေ ။ သူ့လက်အောက်က ကျုပ်အပါအဝင် ထျန်းမင်သခင်ကြီး ၇ ယောက် ရှိတဲ့ထဲကမှ ၆ ယောက်ကလဲ သခင်လေးတို့လက်ချက်နဲ့ပဲ သေသွားပြီ ။ ပြီးတော့.. သခင်လေးက အပေါ်ကမ္ဘာကနေ ဆင်းလာတဲ့ အစွမ်းထက်ကျင့်ကြံသူ သုံးယောက်ကိုလဲ သတ်ခဲ့သေးတယ် ။ အခုဆို ထျန်းမင်ကမ္ဘာမှာ အစွမ်းအထက်ဆုံးဆိုလို့ ကျုပ်ပဲ ကျန်တော့တာ "

ကွေ့ဖန် ပြောနေရင်းလည်း ရှိုက်ကြီးတငင်ပင် ငိုနေရှာသည် ။

လက်ရှိ ထျန်းမင်ကမ္ဘာ၏ အစွမ်းအထက်ဆုံး ဖြစ်သော ၊ သူသည် ပျောင်ပိုင်မြို့သားများအတွက် ပြိုင်ဘက်မဟုတ်ပါချေ။

သူတို့၏ ထျန်းမင်ကမ္ဘာက အဲ့လောက် အ​ခြေအနေ ဆိုးသွားခဲ့ပြီလား ။

သူ့ရှေ့မှ လောထျန်းအပါအဝင် အားလုံးမှာကား.. ထိုစကားကို ကြားပြီး အံ့သြမှင်သက်နေကြတော့၏။

ဘေးတွင်ရပ်နေသော လောဖန်က မနေနိုင်ဘဲ မေးလာသည်။

" မင်း... နောက်နေတာလား ။ မင်းတို့ ထျန်းမင်ကမ္ဘာက ကြောက်စရာကောင်းအောင် အစွမ်းထက်တယ် မဟုတ်ဘူးလား ။ မင်းတို့ဆီမှာ မသေမျိုးဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူတွေ ရာဂဏန်းနီးပါးလောက် ရှိတာဆို "

ကွေ့ဖန် တံတွေးပင် သီးသွားသည်။

" ဘယ်ဟုတ်ရမှာလဲဗျာ ။ အပေါ်ကမ္ဘာက ကျုပ်တို့ တပ်ဖွဲ့တွေကို ထည့်ပေါင်းလိုက်ရင်တောင် မသေမျိုးဘုရင် ယအဆင့် ကျင့်ကြံသူတွေ အဲ့လောက်မရှိပါဘူး ။ ကျုပ်တို့ရဲ့ ထျန်းမင်ကမ္ဘာသခင်ကြီးတောင် မသေမျိုးဘုရင်အဆင့် အစွမ်းမရှိဘူးဗျ ။ သခင်လေးတို့ကို အဲ့သတင်းတွေ ဘယ်သူပြောလိုက်တာလဲ "

ထိုစကားကို ကြားသောအခါ အားလုံး အံ့အားသင့်ပြီး လောထျန်းအား လှည့်ကြည့်လိုက်ကြ၏။

ထျန်းမင်ကမ္ဘာ၏ ကြောက်မက်ဖွယ် အစွမ်းအကြောင်းကို သူတို့ လောထျန်းထံမှ ကြားခဲ့ရခြင်း မဟုတ်ပါလား ...

ထိုစဥ် လောထျန်းမှာလည်း အံ့သြမှင်သက်နေရှာပါ၏။

သူ ကွေ့ဖန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

" မင်းတို့ဆီမှာ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နတ်ဆိုးနတ်ဘုရားကြီးကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်တဲ့သူ လေး၊ငါး ဆယ်လောက် ရှိတာဆို "

သူ ထိုစကားအား နတ်ဆိုးနတ်ဘုရားကြီးဆီမှ ကြားခဲ့ရခြင်းပင် ။

သို့သော်.. တဖက်မှ ကွေ့ဖန်မှာ ဆွံ့အသွားဟန် တူပြီး .. ပြော၏။

" နတ်ဆိုးနတ်ဘုရားကြီးကို စက္ကန့်ပိုင်းလေးအတွင်း သတ်နိုင်တယ်.. ဟုတ်လား ၊ အဲ့ ကောလဟလကို ဘယ်သူဖြန့်လိုက်တာလဲ ။ ကျုပ်တို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာနဲ့ တိုက်ခိုက်ခဲ့ဖူးပေမယ့် သူတို့ရဲ့ နတ်ဆိုးနတ်ဘုရားကြီးက ကျုပ်တို့ ထျန်းမင်သခင်ကြီး ၇ ယောက်လုံးကို လုံးဝ အနိုင်ယူနိုင်ခဲ့တာ ။ ကမ္ဘာသခင်ကြီးကြောင့်သာ မဟုတ်ရင်.. အဲ့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာနဲ့ တိုက်ပွဲမှာ ကျုပ်တို့ ရှုံးခဲ့ရ

မှာ "

ကွေ့ဖန် ပြောရင်း မျက်ရည်များ သုတ်လိုက်သည်။

စာစဉ်ပြီး၏

All Chapters