← Chapters

အခန်း (၇၂၉)

Vol. 53 Ch. 729

အခန်း (၇၂၉)

Vol. 53 Ch. 729

" ကျုပ် ... "

" ကျုပ် သွားမယ် "

" ကျုပ်ကို သွားခွင့်ပေးပါ "

လောထျန်းနောက်ရှိ ပျောင်ပိုင်မြို့သားများ လက်မြှောက်ကာ အော်ပြောလာကြသည်။

လောထျန်း လက်ကာပြကာ ပြောလိုက်၏။

" ကြိုက်တဲ့သူ သွားလို့ရတယ် ။ ခုက သွေးပူလေ့ကျင့်ခန်း သဘောမျိုးပဲ "

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံး သံပြိုင်ပြန်ပြောကာ လူ လေး၊ငါးဆယ်ခန့် လေထဲပျံတက်လိုက်ကြသည်။

" လောထျန်း.. မဟုတ်သေးဘူး.. သူတို့တွေက "

၎င်းကိုမြင်သော ရွှေယွဲ့ချီ၏ မျက်နှာထား

အနည်းငယ်ပြောင်းသွားကာ တဖက်မှ လူများမှာ ပေါ့သေးသေးမဟုတ်ကြောင်း လောထျန်းကို သတိပေးရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင်..

ဝုန်း ..

ကောင်းကင်နှင့်မြေကြီးကြား၌ မငြိမ်မသက် ဖြစ်လာပြီး... ကြောက်မက်ဖွယ် ဖိနှိပ်အရောင်အဝါတစ်ခု ပေါ်လာသည်။

ရွှေယွဲ့ချီမှာ ကြောက်လွန်း၍ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ဆက်ပြောမည့်စကားကိုပင် မေ့သွားသည်။

အားလုံးကလည်း အရောင်အဝါ ထွက်လာသည့်ဘက် လှည့်ကြည့်လိုက်ကြ၏။

သူတို့၏ ခေါင်းပေါ်တွင်ကား... ပေတစ်ရာခန့် ရှည်လျားသည့် အမည်းရောင် နဂါးကြီးတစ်ကောင် ရောက်နေပါသည်။

ထိုနဂါးကြီး၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း စေးကပ်ကပ် အမည်းရောင် အစွမ်းများ ရစ်ပတ်နွယ်နေ၏။

ဝှစ် ..

၎င်းကိုယ်မှ ထွက်နေသည့် အမည်းရောင် အစွမ်းလုံးတစ်ခုက မြင့်မြတ်နယ်မြေဂိုဏ်းကြီးသုံးခုမှ လူများဆီ ကျသွားသည်။

၎င်းကိုကြည့်နေသော အကြီးအကဲတစ်ယောက်က ချက်ချင်း အော်ပြော၏။

" သတိထားကြဟေ့... ဘေးကို ပြေးကြ "

အားလုံးမှာလည်း သူ့စကားကို ကြားကြားချင်း နောက်သို့ အသည်းအသန် ဆုတ်လိုက်ကြသည်။

ဘုတ် ...

ထိုအမည်းရောင်အစွမ်း မြေပြင်သို့ ကျသွားပြီးနောက်...

တခဏအတွင်း ​မြေပြင်တစ်ခုလုံး မည်းနက်သွားကာ မြေပြင်တွင် ရှိနေကြသော သစ်ပင်၊ မြက်ပင်များလည်း ချက်ချင်း ညိုးနွမ်းပြီး သေကုန်ကြသည်။

ထိုမျှ မကသေးပါ..

အား ...

နောက်ဆုတ်ရာတွင် နှေးသွားခဲ့သော လူငယ်လေးတစ်ယောက်၏ ခြေထောက်အား အမည်းရောင်အစွမ်းများ ထိမိသွားပါသည်။

လူငယ်ထံမှ နာကျင်သည့်အော်သံကျယ်ကြီးတစ်ခု ချက်ချင်းထွက်လာကာ ... သူ့ခြေထောက်မှာလည်း အလွန်လျှင်မြန်စွာပင် ပုပ်လာ၏။

" %##$$ နောက်ဆုတ်ကြဟေ့ "

မသေမျိုးအစွမ်းကို စုပ်ယူပြီး မသေမျိုးအဆင့်သို့ ရောက်ထားသူ အကြီးအကဲတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အစွမ်းကုန်သုံး၍ အမည်းရောင်စွမ်းအင်များအား တွန်းထုတ်ရန် ကြိုးစားလိုက်

သည်။

သို့သော် တခဏအကြာမှာပင် ..

အကြီးအကဲ၏ လက်နှင့် စိတ်စွမ်းအင်များ စတင်ပုပ်လာပါတော့သည်။

" ဘယ်လိုဖြစ်ပြီး ... "

ထိုတခဏ၌ အကြီးအကဲ တွန်စွာ တုန်လှုပ်သွား၏။

ထိုစဥ် ယောင်ချီမှ အဘွားအိုတစ်ယောက်က မျက်နှာတည်ဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။

ဇွတ်... ဇွတ် ...

သူမ ချက်ချင်းပင် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် လူနှစ်ယောက်၏ လက်နှင့် ခြေထောက်များကို ဖြတ်ပစ်ပြီး သူတို့အား ဆွဲထုတ်လာ၏။

တစ်ချိန်တည်းမှာပင်... ပြတ်ကျန်နေခဲ့သော လက်နှင့် ​ခြေထောက်များက ပြာမှုန့်များအဖြစ် ပြောင်းကာ

ပျောက်ကွယ်သွားကြသည်။

" ဒါ.... "

၎င်းကိုမြင်သော အားလုံး၏ မျက်နှာထားများ ရုတ်ချည်း ပြောင်းသွားတော့၏။

သာမာန် အရောင်အဝါလေး တစ်စက်သည်ပင် ဤမျှ ကြောက်စရာ ကောင်းသတဲ့လား ...

ထိုသို့သော ရန်သူမျိုးကို သူတို့ မည်သို့ အနိုင်ယူရပါမည်နည်း ။

ထိုတခဏ၌ အားလုံး၏ ကူကယ်ရာမဲ့ မျက်လုံးများက အမည်းရောင် နဂါးကြီးကို လှမ်းကြည့်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင်..

ဝှစ်..

မိန်းမငယ်လေးတစ်ယောက်က နဂါးကြီးရှေ့တွင် ဝင်ရပ်လိုက်၏။

" ဟင်.. အဲ့ကောင်မလေးက ဘယ်သူလဲ ။ ကလေးမက နဂါးကြီးကို တိုက်ခိုက်ချင်နေတာလား "

" နောက်နေတာလားကွာ... သူတို့ချင်း ကွာဟချက်က အဲ့လောက်ကြီးတာကို "

မြင့်မြတ်နယ်မြေဂိုဏ်းကြီးသုံးခုမှ လူများ အံ့သြမှင်သက်ကုန်ကြသည်။

ထိုမိန်းကလေးအား သူတို့ လုံးဝ မသိပါချေ။

သို့သော် ပျောင်ပိုင်မြို့မှ လူများမှာမူ သူမကို ကောင်းကောင်းကြီး သိပါ၏။

ထိုသူမှာ... ကောင်းကင်ဘုံနဂါးလေး ၊ လုံယီရွှယ် ပင်..

" ဟင်... မင်းက ငါ့ကိုတားရဲတယ်ပေါ့လေ "

ထိုစဥ် အမည်းရောင်နဂါးကြီးမှာလည်း လုံယီရွှယ်ကို တွေ့သွားကာ ဒေါသထွက်သွားဟန်တူသည်။

" ငါက မတားရဲစရာ ဘာအကြောင်းရှိလို့လဲ "

လုံယီရွှယ်က အေးစက်စက် နှာခေါင်းရှုံ့၏ ။

အမည်းရောင်နဂါးကြီး ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် ...

ရုတ်တရက်.. သူ့မျက်လုံးအစုံ ပြူးကျယ်သွားကာ တအံ့တသြ မေးလိုက်သည်။

" မင်းရဲ့ အရောင်အဝါက..... ကောင်းကင်ဘုံနဂါးရဲ့ အရောင်အဝါလား ။ မင်းက ကောင်းကင်ဘုံနဂါးမျိုးဆက်နဲ့ ဘယ်လိုပတ်သက်လဲ "

လုံယီရွှယ်က အေးဆေးပင် ပြန်ပြောသည်။

" ဘယ်လိုပတ်သက်လဲ.. ဟုတ်လား ၊ ငါက ကောင်းကင်ဘုံနဂါး မျိုးနွယ်စုရဲ့ မျိုးဆက်ပဲလေ "

" ဘယ်လို... "

တဖက်မှ နဂါးကြီး လွန်စွာတုန်လှုပ်သွားတော့သည်။

" မင်းက ကောင်းကင်ဘုံနဂါး မျိုးဆက်လား... ။ ဟား ဟား ဒီလောက်ခက်ခက်ခဲခဲ ရှာနေတဲ့အရာက

ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာပါလားကွာ "

နဂါးမည်းသခင်ကြီး ဝမ်းသာအားရ အော်ရယ်လိုက်သည်။

လုံယီရွှယ်က သူ့အား မျက်မှောင်ကြုံ့ကြည့်ကာ ပြန်မေးလိုက်၏။

" နင်က ဘာလို့ရယ်နေတာလဲ "

အမည်းရောင်နဂါးကြီးက မျက်မှောင်အနည်းငယ်ကြုံ့၍ ပြန်ဖြေသည်။

" ငါ့ရဲ့ နဂါးမျိုးနွယ်စုက နဂါးဧကရာဇ် ဖြစ်မယ့်လမ်းကြောင်းကို သွားနေတာကွ။ အဲ့အတွက် နဂါးအားလုံးရဲ့ အစွမ်းတွေကို စုစည်းဖို့လိုတယ် ။ အဲ့ထဲမှာမှ ကောင်းကင်ဘုံနဂါး သွေးက အရေးကြီးဆုံးပဲ ။ ဒါပေမယ့် ကောင်းကင်ဘုံနဂါး မျိုးနွယ်ဝင်တွေက ရှားလွန်းတယ်ကွ "

" ထျန်းယွမ်ကမ္ဘာမှာ အရင်က ကောင်းကင်ဘုံနဂါးကြီး ထျန်းလုံ သေသွားပြီးကတည်းက ကောင်းကင်ဘုံနဂါးတွေ ထပ်မရှိတော့တာ ။ ခုလိုမျိုး ကောင်းကင်ဘုံနဂါး တစ်ကောင်နဲ့ တွေ့ရလိမ့်

မယ်လို့ ထင်တောင်မထင်ထားမိဘူး "

သူ ပြောပြီး လုံယီရွှယ်အား လောဘတက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

၎င်းကိုမြင်သော လုံယီရွှယ် မျက်မှောင်ကြုံ့သွား၏။

" နင်က ငါ့ရဲ့သွေးကို လိုချင်တယ်ပေါ့ "

အမည်းရောင်နဂါးကြီးက အပြုံးဖြင့် ပြန်ပြောသည်။

" အမှန်ပဲ ။ ဒါပေမယ့်.. ငါက အားနည်းတဲ့သူကို အနိုင်မကျင့်ချင်တဲ့အတွက်... မင်းကို သိုင်းကွက်သုံးကွက် တိုက်ခိုက်ခွင့်ပေးမယ် ။ အဲ့သိုင်းကွက်သုံးကွက် အတွင်းမှာ ငါ ဘာမှပြန်မလုပ်ဘူး ။ ဘယ်လိုလဲ... "

သူ ပြောကာ လုံယီရွှယ်အား ရန်စသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအချိန် ဘေးတွင်ရှိသော ထျန်းမင်သခင်ကြီး နောက်တစ်ယောက်ကလည်း လှောင်ပြုံးဖြင့် ဝင်ပြော၏။

" နဂါးမည်းကြီး ၊ မင်းက တော်တော်အရှက်မရှိတာပဲ

ကွာ ။ အဲ့လောက် အကောင် သေးသေးလေးကို သိုင်းကွက်သုံးကွက်ပဲ ပေးတာလား ။ မင်း သူ့ကို အကွက်တစ်ထောင်လောက် ပေးရင်တောင် သူက မင်းကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်မှာ အသိသာကြီးကိုကွာ "

အမည်းရောင်နဂါးကြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" သေမင်းသခင်ကြီး ၊ ဒီကိစ္စက မင်းနဲ့ ဘာဆိုင်လို့လဲ ။ ဝေးဝေးသာ နေစမ်းပါကွာ "

သေမင်းသခင်ကြီး ပုခုံးတွန့်ပြ၏။

" ကောင်းပြီလေ ၊ ငါကလဲ မင်းနဲ့ အငြင်းမပွားချင်ပါဘူး ။ ငါ့ဟာငါပဲ စိတ်ဝိဥာဥ်တွေကို သွားလေ့ကျင့်ပေးတော့မယ် "

သူ ပြောပြီး ထွက်ခွာသွားသည်။

တဖက်မှ အမည်းရောင်နဂါးကြီးက လုံယီရွှယ်ကို ကြည့်ကာ ဆက်ပြော၏။

" ကလေးမလေး ၊ မင်းအတွက် သိုင်းကွက်သုံးကွက်ပဲ အခွင့်ရေးရမှာနော် ။ ဒီ အခွင့်ရေးကို ကောင်းကောင်းကြီး အသုံးချပါ "

သူ့စကားကြောင့် လုံယီရွှယ် မျက်မှောင်ကြုံ့သွားတော့သည်။

" ဒီ နောက်လိုက်ခွေးက ဘာလို့ အဲ့လောက်စကားများနေတာလဲ "

သူမ စိတ်ထဲမှလည်း တွေးမိလိုက်၏။

သို့သော် သူမ ချက်ချင်းပင် ပြန်ပြောလိုက်ပါသည်။

" ကောင်းပြီလေ ၊ အဲ့လိုဆိုတော့လဲ စလိုက်ကြတာပေါ့ "

" လာလေ "

နဂါးမည်းသခင်ကြီးက အဓိပ္ပါယ်များစွာ ပါသော အပြုံးဖြင့် ဆို၏။

လုံယီရွှယ်က မည်သို့ပင်လုပ်လုပ် သူ့အား ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ဘဲ ထိုအစား.. သူ၏ အမည်းရောင်အစွမ်းဖြင့်သာ တွေ့သွားရလိမ့်မည်ဟု သူ့ရင်ထဲ ယုံကြည်ချက်အပြည့် ရှိထားပါသည်။

သို့ဆိုလျှင် သူ ဘာမှ လုပ်စရာမလိုဘဲ တဖက်လူ သေ

သွားပေလိမ့်မည်။

ထိုစဥ် လုံယီရွှယ် အသက်ပြင်းပြင်းရှိုက်ကာ တွေးလိုက်၏။

" ငါ အကြာကြီး ကျင့်ကြံနေခဲ့တာဆိုတော့.. ခုက ငါ့အစွမ်းကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ "

ထိုသို့တွေးပြီးနောက်.. သူမ ညာသံပေးအော်ဟစ်ကာ အမည်းရောင်နဂါးကြီးအား လက်သီးဖြင့် ထိုးလိုက်တော့သည်။

အမည်းရောင်နဂါးကြီးမှာ စစချင်းတွင် စိတ်အေးလက်အေးသာ ရှိနေသော်လည်း..

လုံယီရွှယ် လှုပ်ရှားလိုက်သည်ကို တွေ့ချိန်တွင်မူ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွား၏။

" ဟင်... ဒီလက်သီးက ဘယ်လိုကြီးလဲ "

သူ လုံယီရွှယ်အား တုန်လှုပ်စွာ ကြည့်လိုက်သည်။

လက်သီးချက်ကို ပစ်လွှတ်လိုက်သည်နှင့် သူမ၏

အနောက်ဘက်တွင် မရေမတွက်နိုင်သော ဧရာမ သားရဲအရိပ်များ ပေါ်လာခဲ့ပါ၏။

ထိုသားရဲအရိပ် တစ်ခုစီတိုင်းမှာလည်း ကြောက်မက်ဖွယ် အရောင်အဝါကို ပိုင်ဆိုင်ထားကြသေးသည်။

ထိုသားရဲကြီးများ၏ အစွမ်းများက လုံယီရွှယ်၏ လက်သီးထဲတွင် စုနေပြီး ...

ဘုန်း ..

၎င်းလက်သီးချက်က အမည်းရောင်နဂါးကြီးအား ခပ်ပြင်းပြင်း ထိသွားတော့သည်။

နဂါးကြီး နောက်သို့ ချက်ချင်းလွင့်ထွက်သွားက. ကမ္ဘာနှစ်ခုကြားတံခါးပေါက်နှင့် ပြင်းထန်စွာ ရိုက်မိသွားတော့သည်။

အွတ်...

နဂါးမည်းသခင်ကြီးမှာ အမည်းရောင် အရောင်အဝါများ စွန်းထင်းနေသော အမည်းရောင်သွေးများ အန်

သွားပြီး .. သူ၏ ဧရာမ နဂါးခန္ဓာကိုယ်ကလည်း အဆက်မပြတ် တွန့်လိမ်လာ၏။

" ဒါ... ဘယ်လိုကြောင့်မို့... "

၎င်းကို မြင်လိုက်ရသော ထျန်းမင်သခင်ကြီးများ အံ့သြမှင်သက်ကုန်ကြသည်။

ထို လက်သီးချက်က အမည်းရောင်နဂါးကြီး၏ မရေမတွက်နိုင်သော ကြေးခွံများကို အမှန်တကယ် ဖျက်ဆီးနိုင်ခဲ့သတဲ့လား ။

ထိမျှမက နဂါးကြီး၏ ကိုယ်ပေါ်တွင်လည်း ကလေးလက်သီးရာ တစ်ခုက ထင်ထင်ရှားရှားပင် ပေါ်နေ၏။

" နောက်များနေသလားကွာ... ဟို နဂါးမည်းကြီးက လက်သီးချက် တစ်ချက်တည်းနဲ့ အဲ့လောက်ဒဏ်ရာဆိုးဆိုး ရသွားတာလား "

ထျန်းမင်သခင်ကြီးများ တုန်လှုပ်သွားကာ လုံယီရွှယ်ဘက် လှမ်းကြည့်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် လုံယီရွှယ် တစ်ယောက်မှာ မျက်နှာလေး ဖြူရော်နေပါ၏။

" ဒါ... ငါက ဘာမဟုတ်တဲ့ နောက်လိုက်ခွေးတစ်ကောင်ကိုတောင် လက်သီးချက်တစ်ချက်နဲ့ မသတ်လိုက်နိုင်ဘူးလား ။ လောထျန်းကို ဘယ်လိုမျက်နှာပြရပါတော့မလဲ ။ နဂါးအစုတ်အပျက် ... မင်းကို ငါ အ​သေသတ်မယ် "

လုံယီရွှယ် ငိုသံဖြင့် ပြောပြီး အမည်းရောင်နဂါးကြီးဆီသို့ ပြေးဝင်သွားလိုက်သည်။

ထျန်းမင်သခင်ကြီးများမှာကား ၎င်းကိုကြည့်ရင်း ပို၍ နားမလည်နိုင် ဖြစ်ကုန်ကြ၏။

ဘာတွေ ဖြစ်နေပါသလဲ...

နဂါးမည်းသခင်ကြီးက သူမကြောင့် သေလုမျောပါး ဖြစ်သွားရသည်ကိုပင် မကျေနပ်သေးဘူးတဲ့လား...

All Chapters