← Chapters

အားလုံးက ကံတရားရဲ့ သားတော်၊သမီးတော် တွေလား

Vol. 53 Ch. 736

အားလုံးက ကံတရားရဲ့ သားတော်၊သမီးတော် တွေလား

Vol. 53 Ch. 736

ထျန်းမင်ကမ္ဘာသခင်ကြီး၏ ဓားချက် အောက်ကျလာချိန်မှာပင်...

ဝီ ... ဝီ....

မသေမျိုးအလင်းတန်း နှစ်ခု လက်လာကာ လောဖန်ကိုယ်ပေါ်မှ မသေမျိုးအလင်းတန်းနှင့် ပေါင်းစပ်ပြီး တြိဂံတစ်ခု ပုံပေါ်လာ၏။

ထိုစဥ်မှာပင် ဓားအစွမ်းက မသေမျိုးအလင်းတန်း ပေါ်သို့ ကျသွားသည်။

ဝုန်း ...

အမည်းရောင် ဓားစွမ်းအင်များမှာ အားကောင်းလှသဖြင့် မသေမျိုးအလင်းတန်း သုံးခု နောက်သို့ ချက်ချင်းဆုတ်သွားရ၏။

အွတ် ... အွတ် .. အွတ် ...

လောဖန်ရော ကျန်နှစ်ယောက်ပါ သွေးအန်သွားကာ အနောက်ဘက် ပေထောင်ချီ အကွာအထိ လွင့်ထွက်သွားကြသည်။

သို့သော်.. သူတို့ ဒဏ်ရာရသွားခဲ့သည့်တိုင် အသက်ရှင်နေဆဲပါပင် ။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထျန်းမင်ကမ္ဘာသခင်ကြီး တုန်လှုပ်သွားသည်။

ထို့နောက် အသစ်ပေါ်လာသော မသေမျိုးအလင်းတန်းနှစ်ခုအား သူ မျက်မှောင်ကြုံ့ကြည့်ကာ ပြောလိုက်၏။

" သန့်စင်ပြီးသား မူလမသေမျိုးလက်နက် နောက်ထပ်နှစ်ခုပါလား ။ ကံတရားရဲ့သားတော် သုံးယောက်တောင် ရှိတာလား "

တစ်ချိန်တည်းမှာပင် ထျန်းမင်ကမ္ဘာသခင်ကြီး၏ မျက်လုံးထဲ၌ အဆုံးမဲ့သော လူသတ်အရိပ်အငွေ့များ အရောင်လက်သွားပါသည်။

" ထျန်းမင်သခင်ကြီးတွေ ဘာလို့ သေခဲ့ကြရလဲဆိုတာ နောက်ဆုံးတော့ ငါ နလည်သွားပြီ ။ ထျန်းယွမ်ကမ္ဘာမှာ ... ကံတရားရဲ့သားတော် သုံးယောက်တောင် ရှိနေခဲ့တာပဲ "

" မင်းတို့ မူလမသေမျိုးလက်နက်တွေကို ဘယ်က ရခဲ့ကြတာလဲ ။ ထားပါ.. အဲ့ဒါ အရေးမကြီးပါဘူး ။ ဒီနေ့တော့ ငါ မင်းတို့အားလုံးကို သတ်ပြီး ဘာနောက်ဆက်တွဲ ပြဿနာမှ မကျန်ခဲ့အောင် ရှင်းပစ်မှာ "

ဝုန်း ...

ထျန်းမင်ကမ္ဘာသခင်ကြီးက ထိုသို့ပြောပြီးသည်နှင့် ဝိဥာဥ်သခင်ကြီးအား ရှင်းပြခွင့်ပင် မပေးဘဲ တဖက်လူ သုံးယောက်ဆီသို့ ပျံသန်းသွားလိုက်သည်။

" ဒီလူကြီးက ... "

ထိုစဥ် လောဖန်တို့ သုံးယောက်မှာလည်း မျက်နှာထားများ ပြောင်းကုန်ကြတော့သည်။

သူတို့ရှေ့မှ လူကြီးက အလွန်အစွမ်းထက်လှသည် မဟုတ်ပါလား...

သူတို့သုံးယောက်ပေါင်း အစွမ်းဖြင့်ပင် ထိုလူအား မခုခံနိုင်ပါချေ။

သို့သော် ထိုစဥ်တွင် ...

" ထျန်းမင်ကမ္ဘာကကောင်.. ငရဲကို သွားစမ်းကွာ "

ခပ်လှမ်းလှမ်းမှ အေယ်သံတစ်သံ ထွက်လာပြီး..

မြှားတစ်စင်း တိုးဝင်လာ၏။

" ဟင်... "

ထျန်းမင်ကမ္ဘာသခင်ကြီး အံ့အားသင့်ကာ အရှိန်လျှော့၍ ဓားကို ကန့်လန့်ဖြတ်ကာပြီး မြှားတံအား တားလိုက်ရသည်။

ဝုန်း ...

ပေါက်ကွဲထွက်လာသော စွမ်းအင်က သူ့အား ခြေလှမ်းတစ်ဝက် နောက်ဆုတ်အောင် လုပ်လိုက်နိုင်ပါ၏။

" ဒီအစွမ်းက.... နောက်ထပ် မူလမသေမျိုးလက်နက် တစ်ခုလား "

ထျန်းမင်ကမ္ဘာသခင်ကြီး မျက်နှာတည်သွားတော့သည်။

" ပြေးကြတော့ "

ထိုစဥ် ခပ်လှမ်းလှမ်းမှ လူက ကျယ်လောင်စွာ အော်ပြောလာ၏။

လောဖန်တို့ သုံးယောက်မှာလည်း ချက်ချင်းထရပ်၍ နောက်လှည့်ပြေးရန် ပြင်လိုက်ကြသည်။

" ပြေးချင်တယ်ပေါ့လေ ... ဆုတောင်းလိုက်ဦး ။ ဒီနေ့တော့ မင်းတို့အားလုံးကို ငါ သတ်မယ် "

ထျန်းမင်ကမ္ဘာသခင်ကြီး ပြောလိုက်ပြီးနောက် ဝိဥာဥ်သခင်ကြီးဘက် လှည့်ကြည့်လိုက်၏။

" မင်းက ကောင်းကင်ဘုံစင်မြင့်ကို သွားပြီးတော့

အပေါ်ကမ္ဘာက မသေမျိုးတွေကို များနိုင်သမျှ များများ ဆင်းလာခဲ့ကြဖို့ သွားခေါ်လိုက် ။ ဘယ်လိုပဲဖြစ်ဖြစ် ထျန်းယွမ်ကမ္ဘာကို ဒီနေ့ မဖြစ်မနေ ဖျက်ဆီးပစ်ရမယ် "

" ကမ္ဘာသခင်ကြီး ... "

ဝိဥာဥ်သခင်ကြီး တစ်ခုခု ပြောလိုဟန်ပါပင်...

သို့သော် ထျန်းမင်ကမ္ဘာသခင်ကြီးက သူ့အား လျစ်လျူရှုပြီး တဖက်လူများနောက်သို့ ဓားကိုင်ရင်း ပြေးလိုက်သွားလေပြီ ။

" ထားပါလေ... ငါ လိုက်သွားလို့လဲ အပိုပါပဲ ။ ကမ္ဘာသခင်ကြီးရဲ့ အမိန့်အတိုင်း အပေါ်ကမ္ဘာက အကြီးအကဲသခင်ကြီးတွေ ဆင်းလာအောင် သွားခေါ်တာပဲ ကောင်းမယ် ။ တကယ်လို့သာ အပေါ်ကမ္ဘာက မသေမျိုးဘုရင်တစ်ယောက် ဆင်းလာနိုင်ရင်.. ထျန်းယွမ်ကမ္ဘာက ထူးဆန်းတယ်ဆိုရင်တောင်... ဖျက်ဆီးခံရမှာပါ "

သူ တွေးကာ နောက်လှည့်ထွက်သွားလိုက်တော့သည်။

အခြားတဖက်တွင်ကား ဓားကိုင်ထားသော ထျန်းမင်ကမ္ဘာသခင်ကြီးမှာ တခဏလေးအတွင်း မိုင်ထောင်ချီအကွာအဝေးအထိ ပြေးလိုက်လာပါ၏။

" ကောင်လေးတွေ... မင်းတို့ ဒီနေ့ သေချာပေါက်ကို သေရတော့မှာ "

သူ ပြောပြီး ထျန်းမင်ဓားကို ယမ်းလိုက်သည်။

ဝီ ...

အချုပ်အနှောင် အစွမ်းတစ်ခု ထွက်လာပြီး လောဖန်တို့ သုံးယောက်၏ အရှိန်က ချက်ချင်းနှေးသွား၏။

" ဟင်... ဘယ်လိုဖြစ်ပြီး ... "

လောဖန်တို့သုံးယောက် အံ့အားသင့်သွားကာ မူလမသေမျိုးလက်နက်များကို ချက်ချင်းသုံး၍ ၎င်းအစွမ်းအား ခုခံလိုက်ရသည်။

" ဟား ဟား... အဲ့လောက်နဲ့ အသုံးမဝင်ပါဘူးလို့ ပြောထားပြီးသားလေ "

ထျန်းမင်ကမ္ဘာသခင်ကြီး အော်ကာ အားလုံးရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

" သေကြစမ်း... "

သူ့ အော်သံနှင့်အတူ ဓားက အောက်ကျလာသည်။

ဝီ ...

လောဖန်တို့ လေးယောက်မှာလည်း သတိလက်လွတ် မနေရဲဘဲ မူလမသေမျိုးလက်နက်များကို ကိုယ်စီထုတ်၍သာ ခုခံလိုက်ကြရ၏။

ဝုန်း ....

အသံကျယ် တစ်သံနှင့်အတူ လောဖန်တို့လေး ယောက် နောက်သို့ ထပ်လွင့်သွားကာ သွေးများ အန်သွားကြပြန်သည်။

ထိုမျှနှင့် ပြီးမသွားသေးပါ ။

ခွပ်..

လောဖန်၏ ဒိုင်းကာပေါ်၌ အက်ရာတစ်ခု

ပေါ်လာ၏။

" ဒါ.... "

လောဖန် တစ်ကိုယ်လုံး တုန်သွားတော့သည်။

သူတို့၏ သခင်လေးကိုယ်တိုင် ပေးထားခဲ့သော မူလမသေမျိုးလက်နက်က အက်ရာထင်သွားခဲ့ပြီတဲ့လား ။

" ဟား ဟား... ကောင်းတယ်ကွာ ။ တစ်ခု ပျက်သွားပြီဆိုတော့ နောက်ထပ် မင်းအလှည့်ပေါ့ "

ထျန်းမင်ကမ္ဘာသခင်ကြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" မျိုးမစစ်ကောင် ... "

လောဖန်က တဖက်လူအား မျက်ထောင့်နီကြီးဖြင့် လှမ်းကြည့်လာ၏။

ထို့အချိန်တွင် သူ့အရောင်အဝါမှာလည်း ထိပ်ဆုံးထိ ရောက်နေလေပြီ ။

" ဟင် ... မင်းက အစွမ်းအထက်ဆုံး အကွက်ကို ထုတ်သုံးတော့မလို့လား "

ထျန်းမင်ကမ္ဘာသခင်ကြီး မျက်မှောင်အနည်းငယ် ကြုံ့သွားကာ လောဖန်အား ကြည့်လိုက်သည်။

ထိုအချိန်တွင် လောဖန် ပါးစပ်ဟပြီး အသံကျယ်ဖြင့် အစွမ်းကုန်သုံး အော်လိုက်၏။

" ကယ်ကြပါဦး "

အသံလှိုင်းက အရပ်မျက်နှာစုံသို့ လွင့်ပျံ့သွားပြီး... မိုင်တစ်ထောင်အတွင်း ရှိနေကြသော သားရဲများအားလုံး အလန့်တကြားပင် ထွက်ပြေးကုန်ကြသည်။

" ဒါ... "

ထျန်းမင်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်နေမိတော့သည်။

တဖက်လူက အစွမ်းအထက်ဆုံး သိုင်းကွက်အား ထုတ်သုံးတော့မည်ဟု သူ ထင်ထားခဲ့ချိန်၌ ထိုကောင်လေးက အကူအညီ အော်တောင်းလိုက်သတဲ့လား ။

သို့သော် ခဏကြာပြီးနောက်.. သူ ခေါင်းယမ်း၍

ပြောလိုက်၏။

" မင်း ရူးနေတာလား ၊ ဒါ ထျန်းမင်ကမ္ဘာလေ ။ မင်းကို ဘယ်သူက လာကယ်မှာလဲ "

သို့သော် သူ့စကား ဆုံးချိန်မှာပင် ...

" အကိုလောဖန် ၊ ခုနက အကူညီတောင်းလိုက်တာ အကိုလား "

ဘေးမှ အသံတစ်သံ ထွက်လာသည်။

" လောဖန် ၊ မင်း အစွမ်းထက်တဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့တာလား ။ မင်းကံက ကောင်းလိုက်တာကွာ ။ ငါ့မှာတော့ မိုင်ထောင်ချီ လိုက်ရှာတာတောင် ဘာမဟုတ်တဲ့ အစွမ်းနိမ့်တဲ့သူ နည်းနည်းလေးပဲ သတ်ခဲ့ရတာ "

" ဘယ်မှာလဲ... ခုနက အကူညီ တောင်းနေတာ "

တခဏအတွင်းမှာပင် အရပ်မျက်နှာစုံမှ လူဆယ်ယောက်ကျော်ခန့် ရောက်လာကြ၏။

" ဟင် ... တစ်ယောက်ပြီးတစ်ယောက်ပါလား.. ဘယ်တော့မှ ပြီးမှာလဲ "

တဖက်မှ ထျန်းမင်ကမ္ဘာသခင်ကြီး၏ ဒေါသမှာ ထိပ်ဆုံးသို့ ရောက်သွားခဲ့လေပြီ ။

ချွှင် ...

သူ့လက်ထဲရှိ ထျန်းမင်ဓား၌ အမည်းရောင်စွမ်းအင်များ ထပ်မံစုစည်းလာပြန်တော့သည်။

ထိုစဥ် လောဖန်က ရုတ်တရက် အော်ပြော၏။

" အားလုံး... မင်းတို့ရဲ့ မူလမသေမျိုးလက်နက်တွေကို သုံးပြီးတော့ ဟိုလူကြီးလက်ထဲက ဓားကို ဖိနှိပ်ဖို့ကြိုးစားကြ "

အားလုံးကလည်း သူ့စကားကို ကြားသည်နှင့် အချိန်မဆွဲဘဲ မူလမသေမျိုးလက်နက်များ ကိုယ်စီထုတ်၍ အသင့်ပြင်လိုက်ကြသည်။

ထျန်းမင်ကမ္ဘာသခင်ကြီးက အထင်​သေးဟန်ဖြင့် ပြော၏။

" ထျန်းမင်ဓားကို ဖိနှိပ်ချင်ကြတယ်ပေါ့ ။ နောက်များနေသလားကွာ ။ ငါ မင်းတို့ကို ပြောပြီးသားပဲ .... ဒီ ထျန်းမင်ဓားကို ဖိနှိပ်ဖို့ဆိုရင် ... အနည်းဆုံး

မူလမသေမျိုးလက်နက် အခု ၃၀ လိုတယ်လို့ "

သူ ပြောပြီး လက်ထဲမှဓားကို ယမ်းလိုက်သည်။

သို့သော်...

ဝုန်း ..

ထွက်လာသော ဓားအလင်းတန်းက မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး မြေပြင်၌ တွင်းနက်ကြီးတစ်ခု ဖြစ်သွား၏။

ထိုဓား၏ အစွမ်းမှာ မသေးပါချေ ။

သို့သော်.. ယခင် ဓားအစွမ်းများနှင့်မူ ယှဥ်၍မရတော့ပါ ။

လက်ရှိတွင် အမည်းရောင်အစွမ်းများ မရှိတော့သလို ၊ အချုပ်အနှောင်အစွမ်းလည်း ပျောက်သွားပြီဖြစ်ပြီး ...

ထျန်းမင်ကမ္ဘာသခင်ကြီး၏ အစွမ်းသက်သက်သာ ရှိ

ပါတော့၏။

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထျန်းမင်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရတော့သည်။

ထိုစဥ်မှာပင် သူ တစ်ခုကို ရုတ်တရက်တွေးမိကာ ချက်ချင်းလှည့်ကြည့်လိုက်သည်။

သူ့ဘေးပတ်လည်တွင်ကား.. လူနှစ်ဆယ်ကျော် ဝန်းရံထားပြီး တစ်ယောက်စီတိုင်းတွင်လည်း မူလမသေမျိုးလက်နက် တစ်ခုထက်ပို ရှိနေကြပါ၏။

ထိူ မူလမသေမျိုးလက်နက်များဆီမှ တာအိုထွင်းစာများ ကျနေကာ ထျန်းမင်ဓားအား ဖိနှိပ်နိုင်သည့် မှိန်ဖျော့ဖျော့ ပိုက်ကွန်တစ်ခုအသွင် ပုံပေါ်နေသည်။

" ဘယ်လိုဖြစ်ပြီး... "

ထျန်းမင်ကမ္ဘာသခင်ကြီး တုန်လှုပ်သွားရတော့၏။

တဖက်လူစုတွင် မူလမသေမျိုးလက်နက် အခု ၃၀ ထက် ပိုရှိနေသတဲ့လား ။

ဘာတွေ ဖြစ်နေပါသလဲ ...

မူလမသေမျိုးလက်နက်များက ဘယ်တုန်းက အဲ့လောက်ပေါသွားခဲ့ပါသလဲ ...

" အခွင့်ကောင်းပဲဟေ့ ၊ အားလုံး အတူတူစုပြီး သူ့ကို သတ်ကြမယ် "

" ဟုတ်တယ်ကွ ။ အဲ့ကောင်က တော်တော်အစွမ်းထက်တာ ဆိုတော့ ရာထူးကြီးကြီးထဲက ဖြစ်ရမယ် ။ သူ့ကို သတ်လိုက်ရင် သခင်လေး ပျော်သွားမှာ သေချာပေါက်ပဲ "

အားလုံး ပြောလိုက်ကြပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ထိုအချိန်တွင် ထျန်းမင်ကမ္ဘာသခင်ကြီးမှာ ပိုပို၍ ဒေါသထွက်လာရတော့သည်။

" ဟမ့်.. ကြွက်စုတ်ကောင်တွေ.. ငါ့မှာ ထျန်းမင်ဓား တစ်ခုပဲရှိတယ်လို့ ထင်နေတာလား ။ မင်းတို့ ထျန်း

မင်ကမ္ဘာကို ဘာထင်နေလဲကွ "

သူ ပြောပြီး ထျန်းမင်ဓားကို သိမ်းကာ လက်ဝါးနှစ်ဖက် စုလိုက်သည်။

" ကောင်းကင်ဘုံအမှောင်ထုရဲ့ လျှို့ဝှက်ချက် ၊ ရွှေရောင်နတ်ဘုရားခန္ဓာကိုယ် "

ဝုန်း ...

ချက်ချင်းမှာပင် သူ့ခန္ဓာကိုယ်က တောင်တစ်လုံးစာ ပမာဏရှိသော ကြောက်မက်ဖွယ် နတ်ဆိုးနတ်ဘုရားကြီး တစ်ယောက်အသွင် ပြောင်းသွားတော့၏။

" အားလုံး သေကြ "

သူ အော်ပြောပြီး ဦးစွာ တိုက်ခိုက်လိုက်တော့သည်။

အားလုံးမှာလည်း ၎င်းကိုကြည့်ပြီး ကြောက်ရွံ့တုန်လှုပ်သွားကာ အစွမ်းကုန်သုံး ပြန်တိုက်ခိုက်လိုက်ကြသည်။

ထိုတခဏ၌ လူပေါင်းနှစ်ဆယ်ကျော်က တစ်ယောက်တည်းအား တိုက်ခိုက်လိုက်ကြသည့်တိုင်... သိုင်းကွက်တစ်ထောင်ကျော်ခန့် ကြာသွားခဲ့သည်အထိ အနိုင်ရသူကို ပြောရန် ခက်နေဆဲပါပင် ...

ထိုစဥ်တွင် ..

" ခုနက အကူညီတောင်းလိုက်တဲ့အသံက ဒီဘက်ကနေ လာခဲ့တာ မဟုတ်လား ။ ဟင်... တွေ့ပြီ "

လူတစ်ယောက်က စကားပြောရင်း တည်နေရာရွှေ့ပြောင်းလာ၏။

ထိုသူမှာ လောထျန်းပင် ...

ထိုစဥ်တွင် ထျန်းမင်ကမ္ဘာသခင်ကြီးမှာလည်း လောထျန်း ရောက်လာသည်ကို သတိထားမိကာ လန့်သွားသည်။

သို့သော် လောထျန်းလက်ထဲသို့ ကြည့်လိုက်ချိန်တွင်မူ ဘာမှ ကိုင်ထားသည်ကို မတွေ့ရပါ ။

" သူ့ဆီမှာ မူလမသေမျိုးလက်နက် ပါမလာတာ

တော်သေးတာပေါ့ ။ နောက်ဆုံးတော့... သာမာန်လူတစ်ယောက် ရောက်လာခဲ့ပြီ ။ အဲ့လိုမဟုတ်ရင် ထျန်းယွမ်ကမ္ဘာ တစ်ခုလုံး ကံတရားသားတော်၊သမီးတော် တွေနဲ့ ပြည့်နေတာလို့ပဲ ငါ ထင်တော့မှာ "

သူ အနည်းငယ် စိတ်အေးသွားပြီး လောထျန်းကို ကြည့်ကာ အော်ပြောလိုက်၏။

" ထျန်းယွမ်ကမ္ဘာက နောက်ထပ် အမှိုက်ကောင်တစ်ကောင် သေဖို့ရောက်လာတာပါလား ။ မင်းတို့ရဲ့ ကံတရားသားတော်ကတောင် ငါ့ကို ဘာမှမလုပ်နိုင်တာ ...မင်းရောက်လာတော့ရော ဘာလုပ်နိုင်မှာမို့လဲ "

All Chapters