← Chapters

အပေါ်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ

Vol. 53 Ch. 738

အပေါ်ကမ္ဘာမှ အစွမ်းထက်ကျင့်ကြံသူ

Vol. 53 Ch. 738

လက်သီးချက်တစ်ချက်ဖြင့် ..

အချုပ်နှောင်အစွမ်း ပြိုကွဲသွားခဲ့ပြီး...

လက်သီးချက်တစ်ချက်ဖြင့် ..

ထျန်းမင်ကမ္ဘာသခင်ကြီး နောက်မှ အရိပ် ပျောက်ကွယ်သွားခဲ့ကာ...

လက်သီးချက်တစ်ချက်ဖြင့် ..

ထျန်းမင်ဓားပေါ်တွင် အက်ရာများစွာ ပေါ်လာခဲ့ပြီး..

ထို လက်သီးချက်တစ်ချက်ဖြင့် ပင် ..

ထျန်းမင်ကမ္ဘာသခင်ကြီး သေဆုံးသွားခဲ့ရလေပြီ ။

ဝုန်း ...

လောဖန်နှင့် အခြားသူများမှာလည်း လောထျန်း၏ ကြောက်မက်ဖွယ် လက်သီးချက်ကို ကြည့်ရင်း အလွန်ကြောက်ရွံ့ တုန်လှုပ်သွားကြသည်။

" ဒါ... သခင်လေးရဲ့ အစွမ်းအစစ်လား.. ကြောက်စရာကောင်းလိုက်တာ ။ ငါသာ ဒီသိုင်းကွက်ကို ရင်ဆိုင်ရရင် အမှုန့်လေးတောင် ကျန်မှာမဟုတ်ဘူး ။ မူလမသေမျိုးလက်နက်လဲ ကယ်နိုင်မှာ မဟုတ်တာ သေချာတယ် "

" မဟုတ်ဘူး .. မင်း မှားနေပြီကွ ။ သေချာလဲ ကြည့်လိုက်ဦး ၊ သခင်လေးမှာ အစွမ်းတွေကျန်နေသေးတယ် ။ သူ သူ့ရဲ့ အစွမ်းကုန်မဟုတ်သေးဘူးကွ "

" မင်းပြောမှပဲ ကြည့်မိတယ်... ဟုတ်သားပဲကွ ။ သခင်လေးကို ကြည့်လိုက်ဦး.. သူ့လက်တစ်ဖက်က ဘာကိုကုတ်နေမှန်း မသိဘူး "

အားလုံး ဆွံ့အကုန်ကြတော့သည်။

ထိုစဥ်...

ဝီ ...

အက်ရာများပြည့်နေသော ဓားတစ်လက်ကို ကိုင်ထားသည့် လက်ပြတ်တစ်ခု လေထဲမှ ကျလာ၏။

" ဟင်.. ဒီလိုတိုက်ခိုက်မှုမျိုးနဲ့ ကြုံခဲ့ရတာတောင် အဲ့လူရဲ့ လက်တစ်ဖက်က ကျန်နေသေးတာလား "

" အဲ့ကောင်ကြီးက တကယ်လဲ အစွမ်းထက်တာပဲ ။ ငါတို့ ထျန်းမင်ကမ္ဘာနဲ့ စတိုက်ခိုက်တည်းက တွေ့သမျှလူတွေထဲမှာ အစွမ်းအထက်ဆုံးတောင် ဖြစ်မယ် ။ ဒါပေမယ့် သူ ငါတို့သခင်လေးနဲ့ တွေ့သွားတာ ကံဆိုးတာပဲ "

အားလုံး ထင်ရာပြောလိုက်ကြသည်။

ထိုစဥ် လူတစ်ယောက်က လက်ပြတ်ဆီသို့ သွားကာ ထျန်းမင်ဓားကို ယူရန် ကြိုးစားလိုက်၏။ သို့သော်.. ဓားကို လက်ထဲမှ လုံးဝ ဆွဲခွာ၍ မရသဖြင့် ထိုလူ အံ့သြသွားရသည်။

" လက်ပြတ်မှာတောင် အဲ့လောက်အစွမ်း ရှိနေ

သေးတာလား "

ထိုစဥ် တဖက်မှ လောထျန်း လှည့်ကြည့်လာပြီး ပြော၏။

" လောလောဆယ် အဲ့ဓားကို သိမ်းထားလိုက်ကြတာပေါ့ ။ ဓားက ပျက်စီးနေပြီဆိုပေမယ့် ပြန်ပြင်လိုက်ရင် သုံးလို့ရနိုင်လောက်သေးတယ် "

" ဟုတ်ကဲ့ သခင်လေး "

အားလုံး သံပြိုင် ပြန်ပြောလိုက်ကြသည်။

ထိုစဥ်မှာပင်..

ဝီ ..

လောထျန်းကိုယ်ပေါ်မှ ဆက်သွယ်ရေး အဆောင်ကျောက်ပြားတစ်ခု အရောင်လက်လာသည်။

လောထျန်း လက်ယမ်းလိုက်ရာ ထို အဆောင်ကျောက်ပြားမှ ကျူးကဲ့ကျန့်၏ အသံ ထွက်လာ၏။

" သခင်လေးလောထျန်း ၊ ကျုပ်တို့ ထျန်းမင်ကမ္ဘာရဲ့ အစွမ်းထက်ကျင့်ကြံသူတွေကို တွေ့ထားတယ် ။ ကျုပ်တို့ဆီ မြန်မြန်လာကူပါဦး "

သူ့စကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" နောက်ဆုံးတော့ တွေ့ပြီပေါ့ ။ အားလုံး ငါနဲ့ လိုက်ခဲ့ကြဟေ့ "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

အားလုံး ပြန်ပြောကာ မျက်နှာများ တည်ကုန်ကြ၏။

ထိုတိုက်ပွဲက အားလုံးကို အဆုံးဖြတ်ပေးနိုင်မည့် တိုက်ပွဲတစ်ခု ဖြစ်နိုင်မှန်း သူတို့ သိသည်မဟုတ်ပါလား...

ဝုန်း..

အားလုံး လေထဲပျံတက်လိုက်ကြသည်။

ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်းတို့လူစု လေထဲလွင့်နေသော အမည်းရောင် တောင်တစ်လုံးရှေ့ ရောက်လာကြ၏။

ထိုတောင်ပေါ်မှ မရေမတွက်နိုင်သော ထွင်းစာများ ကျနေကာ ၎င်းတို့က မြေပြင်နှင့် ထိစပ်နေပြီး အမည်းရောင်အစွမ်းများစွာကို ဆွဲယူ၍ တောင်အား လေထဲတွင် လွင့်နေအောင် ထိန်းထားဟန်တူသည်။

တောင်၏ အခြားတစ်ဖက်တွင်လည်း အားပြင်းလှသော ကြောက်မက်ဖွယ် အစီအမံများ မရေမတွက်နိုင်အောင်ပင် ရှိနေကြ၏။

ထိုမင်ရှန့်တောင် ရှေ့၌... ကျူးကဲ့ကျန့်နှင့်အတူ ထောင်ပေါင်းများစွာသော ပျောင်ပိုင်မြို့သားများ ရောက်နှင့်နေကြလေပြီ ။

ကျူးကဲ့ကျန့်မှာ လောထျန်းရောက်လာသည်ကို မြင်မှ အနည်းငယ် စိတ်အေးသွားဟန် တူသည်။

" သခင်လေးလောထျန်း ၊ ကျုပ် စုံစမ်းကြည့်တာ

တော့ ဒီတောင်က ထျန်းမင်ကမ္ဘာရဲ့ အဓိကနယ်မြေပဲတဲ့ ။ နာမည်ကျော် ထျန်းမင်ကမ္ဘာသခင်ကြီးက ဒီမှာ ရှိမယ်နဲ့တူတယ် "

ကျူးကဲ့ကျန့် ပြောလိုက်သည်။

" ထျန်းမင်ကမ္ဘာသခင်ကြီးလား "

လောထျန်း၏ မျက်လုံးများ ပိုလေးနက်သွားကာ လက်သီးဆုပ်လိုက်၏။

ပုံမှန်အတိုင်း ဆိုလျှင် ထျန်းမင်ကမ္ဘာသခင်ကြီးမှာ ထျန်းမင်ကမ္ဘာ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ပါသည်။

" အခု ဘာဆက်လုပ်ကြမလဲ သခင်လေး "

ကျူးကဲ့ကျန့်က လောထျန်းကို ကြည့်ကာ မေးသည်။

လောထျန်း အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ဒီမှာ အစွမ်းထက်တဲ့ရန်သူတွေ အများကြီး ရှိနိုင်တာဆိုတော့ ရှုပ်ထွေးတဲ့ တိုက်ပွဲကြီးတစ်ခုသာ ဖြစ်သွားရင် ငါတို့ဘက်က ဆုံးရှုံးမှု ကြီးသွားနိုင်တယ် ။ ဒီတော့ အားလုံး သေချာသတိထားကြပါ ။ ငါ အရင်

သွားပြီး သူတို့ကို စိန်ခေါ်လိုက်မယ် "

ကျူးကဲ့ကျန့် ခေတ္တမျှ စဥ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ၊ ကျုပ်လဲ သခင်လေးနဲ့ လိုက်ခဲ့မယ် "

" ကျုပ်လဲ လိုက်ခဲ့မယ် "

" ကျုပ်ရောပဲ "

အားလုံးက လောထျန်းနောက်လိုက်ရန် အသင့်ဖြစ်နေကြပါ၏။

သို့သော် လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" မဟုတ်သေးဘူးကွ ၊ ငါတို့နှစ်ယောက်တည်းနဲ့ လုံလောက်တယ် ။ မင်းတို့က ဒီမှာနေပြီးတော့ မူလမသေမျိုးလက်နက်တွေနဲ့ အကာအကွယ် အစီအမံတစ်ခု လုပ်ထားကြ ။ ပြီးရင် ရန်သူတွေ အလစ်တိုက်ခိုက်လာမှာကိုလဲ သတိထားကြနော် "

" ဟုတ်ကဲ့ပါ သခင်လေး "

အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြ၏။

ထို့နောက်တွင်မူ.. လောထျန်းနှင့် ကျူးကဲ့ကျန့်တို့ နှစ်ယောက်သား မင်ရှန့်တောင်သို့ ပျံသန်းသွားကြသည်။

ကျန်လူများမှာ သူတို့ကို စိုးရိမ်သည့် မျက်နှာထားဖြင့် ကြည့်၍ ကျန်နေခဲ့ကြသည်။

ထိုစဥ် မင်ရှန့်တောင်ပေါ်၌ ...

" ဘယ်လို... သူတို့က ဘယ်လိုလုပ်ပြီး ဒီထိ လိုက်လာနိုင်တာလဲ "

သူတို့ရှိရာသို့ ပျံသန်းလာသော လောထျန်းနှင့် ကျူးကဲ့ကျန့်ကို မြင်သည်နှင့် ဝိဥာဥ်သခင်ကြီး ဒူးများ ပျော့ခွေသွားတော့သည်။

သူ လုံခြုံဘေးကင်းလောက်မည် အထင်ဖြင့် ဤနေရာအထိ ပြေးလာခဲ့တာတောင်.. မရဘူးတဲ့လား ...

" ဘာလုပ်ရမလဲ ..... အပေါ်ကမ္ဘာကိုပဲ တက်လိုက်ရမလား "

" မဖြစ်သေးဘူး... အခုနေ တက်လိုက်ရင် အပေါ်ကမ္ဘာက သခင်ကြီးတွေက သစ္စာဖောက်လို့ထင်ပြီး အသေသတ်ကြမှာ "

" ဒါပေမယ့်.. မတက်ရင်လဲ ... "

သူ တွေးရင်း ဘေးဘီသို့ လှည့်ကြည့်လိုက်သည်။ သို့သော် သူ့ဘေးတွင် ရှိနေသူအားလုံးမှာလည်း အစွမ်းနိမ့်သူများသာ ဖြစ်ရာ မည်သူမှ ကူညီနိုင်မည် မဟုတ်ပါချေ ။

" အဲ့ဘီလူးတွေနဲ့ ရင်ဆိုင်ရင်.. ကိုယ့်သေလမ်းကိုယ် ရှာသလို ဖြစ်မှာပဲ "

ဝိဥာဥ်သခင်ကြီး ပြိုလဲကျတော့မလိုပင် ဖြစ်သွားသည်။

သူ ထိုသို့ ကူကယ်ရာမဲ့ ဖြစ်နေချိန်မှာပင်..

ဝီ ..

သူ့အနောက်ဘက်ရှိ မသေမျိုးစွမ်းအင်များ ဝန်းရံထားသော စင်မြင့်တစ်ခုပေါ်သို့ စိတ်စွမ်းအင်အလင်းတန်း တစ်ခု ကျလာ၏။

" ဟင် ... "

ဝိဥာဥ်သခင်ကြီး ၎င်းကို ချက်ချင်းလှည့်ကြည့်လိုက်ပြီးနောက်.. သူ့မျက်နှာ ဝင်းပသွားသည်။

" ကောင်းကင်ဘုံ စင်မြင့်... ကောင်းကင်ဘုံ စင်မြင့်က တုန့်ပြန်လာပြီ ။ အပေါ်ကမ္ဘာကနေ လူလွှတ်လိုက်တာလား မသိဘူး "

ဝိဥာဥ်သခင်ကြီး ငိုချတော့မလိုပင် ဖြစ်သွား၏။

ဘုတ် ...

သူ စင်မြင့်ရှေ့၌ ဒူးထောက်ချလိုက်သည်။

" ထျန်းမင်ကမ္ဘာက ဝိဥာဥ်သခင်ကြီးက အပေါ်ကမ္ဘာက သခင်ကြီးတို့ကို ကြိုဆိုပါတယ် "

ဝိဥာဥ်သခင်ကြီး မျက်ရည်များကျရင်း ပြောသည်။

ထိုအချိန်မှာပင် စိတ်စွမ်းအင်အလင်းတန်းထဲမှ လူသုံးယောက် ထွက်လာကြ၏။

" ကွေ့ဖန် ၊ ဘာလို့ ငိုနေတာလဲ "

အမျိုးသမီးသံတစ်သံ ထွက်လာသည်။

ထိုအသံကို ကြားသောအခါ ဝိဥာဥ်သခင်ကြီး တစ်ကိုယ်လုံး တုန်သွားပြီး တအံ့တသြ မေးလိုက်၏။

" မသေမျိုးဘုရင်အဆင့်နီးပါး ... သခင်မကြီး မင်ယွိလား... "

" ဒီ ထျန်းမင်ကမ္ဘာရဲ့ လူငယ်မျိုးဆက်တွေက တစ်ခေတ်ထက်တစ်ခေတ် ပိုပိုဆိုးလာတာပဲ "

အသက်ကြီးပုံရသည့် အသံတစ်သံ ထပ်ထွက်လာသည်။

" မသေမျိုးဘုရင်အဆင့်နီးပါး သခင်ကြီး ကျန့်ယွီလား "

ဝိဥာဥ်သခင်ကြီး တုန်လှုပ်သွားရပြန်သည်။

" ထားပါလေ ... ဒီကမ္ဘာက ငါတို့ရဲ့ မွေးရပ်မြေဆိုတော့ သနားညှာတာပေးလိုက်ပါ "

နောက်ဆုံး အသံတစ်သံလည်း ပျင်းပျင်းရိရိ ထွက်လာ၏။

ထိုအသံကို ကြားသော ဝိဥာဥ်သခင်ကြီး တစ်ကိုယ်လုံး တုန်သွားပြန်ပြီး.. စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

" မသေမျိုးဘုရင်ကြီး... မဲ့ချန်လား... "

" ဒီတစ်ခေါက် အပေါ်ကမ္ဘာက မသေမျိုးဘုရင်အဆင့်နီးပါး သခင်ကြီး နှစ်ယောက်နဲ့ မသေမျိုးဘုရင် တစ်ယောက်ကို လွှတ်လိုက်တာပဲ ။ ဟား ဟား... ထျန်းယွမ်ကမ္ဘာကတော့ သွားပြီပေါ့ကွာ "

ဝိဥာဥ်သခင်ကြီး စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။

ဝီ ..

ထိုစဥ်မှာပင် စင်မြင့်ထက်မှ စိတ်စွမ်းအင်အလင်းတန်း မှေးမှိန်ပျောက်ကွယ်သွားကာ လူသုံးယောက်၏ ပံုရိပ် ထင်ထင်ရှားရှား ပေါ်လာ၏။

" ဟင်.. မသေမျိုးအစွမ်းက နည်းလိုက်တာ... "

မင်ယွိက အသက်ပြင်းပြင်း ရှိုက်ကြည့်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက် ဆိုသည်။

" အောက်ကမ္ဘာက လူတွေကို စိတ်စွမ်းအင်သွေးကြော ပိုရှာထားဖို့ ကျွန်မတို့ မှာထားသေးတယ်မလား ။ အခု ဘာလို့ အဲ့လိုဖြစ်နေရတာလဲ "

သူ့ဘေးမှ ကျန့်ယွီက ခေါင်းယမ်း၍ ပြော၏။

" မင်ယွိ ၊ အောက်ကမ္ဘာကိုတော့ အပေါ်ကမ္ဘာနဲ့ ယှဥ်လို့မရဘူးလေကွာ ။ ကွာဟချက်ကတော့ ဘယ်လိုနေနေ ရှိမှာပဲ "

မင်ယွိ မျက်မှောင်ကြုံ့သွားသည်။

" ဒါပေါ့.. အဲ့ဒါကို ကျွန်မ သိပါတယ် ။ဒါပေမယ့်.. ဒီတိုင်းဆို ကျွန်မတို့ မျိုးနွယ်ရဲ့ မဟာအစီစဥ်ကြီးက ဘယ်တော့မှ ပြီးနိုင်တော့မှာလဲ "

ကျန့်ယွီက သူမအား ခွန်းတုန့်ပြန်ရန် ပြင်လိုက်စဥ်မှာပင် မသေမျိုးဘုရင် ၊ မဲ့ချန်က လက်ယမ်းပြ၍ ပြောလာ၏။

" အခုက အဲ့ကိစ္စကို ဆွေးနွေးဖို့ အချိန်မဟုတ်သေးဘူး "

သူ ပြောပြီး ဝိဥာဥ်သခင်ကြီးဘက် လှည့်ကြည့်လိုက်သည်။

" ကွေ့ဖန် ၊ မင်းတို့ရဲ့ ကမ္ဘာသခင်ကြီး ဘယ်မှာလဲ ။ သူ ထျန်းယွမ်ကမ္ဘာကို သိမ်းပြီးသွားပြီလား "

သူ့စကားကို ကြားသည်နှင့် ကွေ့ဖန်၏ မျက်နှာထက်တွင် ရှက်ရွံ့နေသော အရိပ်အယောင် ပေါ်လာသည်။

" သခင်ကြီးတို့... ကျုပ်တို့ ထျန်းယွမ်ကမ္ဘာကို သိမ်းဖို့ ကျရှုံးခဲ့ပါတယ် ။ အဲ့အစား ထျန်းယွမ်ကမ္ဘာက လူတွေက ထျန်းမင်ကမ္ဘာကို တိုက်ခိုက်နေကြတယ်ဗျ "

သူ့စကားကြောင့် တဖက်လူသုံးယောက်လုံး မှင်သက်သွားကြသည်။

သူတို့ တခဏမျှ မတုန့်ပြန်နိုင်ဘဲ ဖြစ်နေကြတော့၏။

ထို့နောက် အချိန်အတန်ကြာသွားပြီးမှ သုံးယောက်လုံး တအံ့တသြဖြင့် ပြိုင်တူ ရေရွတ်လိုက်ကြသည်။

" မင်း ဘာပြောလိုက်တယ်... "

" ထျန်းယွမ်ကမ္ဘာက တိုက်ခိုက်တယ်.. ဟုတ်လား ။ မင်းတို့တွေက အဲ့ အမှိုက်ကောင်တွေရဲ့ တိုက်ခိုက်တာကို ခံနေရတယ်ပေါ့ ။ မင်းတို့ ဘာမှသုံးစားမရတဲ့ အမှိုက်တွေပဲ "

ကျန့်ယွီ ဒေါသတကြီး အော်လိုက်သည်။

ဝီ...

အစွမ်းထက် ဖိအားတစ်ခုကလည်း ဝိဥာဥ်သခင်ကြီးအား ရုတ်ချည်း ဖိနှိပ်လာ၏။

ဝုန်း ...

ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန်တစ်ယောက် မျက်နှာဖြူရော်သွားကာ မြေပြင်သို့ ချက်ချင်းဒူးထောက်လိုက်သည်။ သူ့နဖူးမှလည်း ချွေးများ စီးကျလာ၏။

" အဲ့လိုမဟုတ်ပါဘူး သခင်ကြီးတို့ .... အခု ထျန်းယွမ်ကမ္ဘာက အရင်နဲ့ နည်းနည်းကွဲနေတယ်ဗျ ။ သူတို့က... တော်တော်လေး အစွမ်းထက်ကြတယ် "

ကွေ့ဖန် အံကြိတ်၍ ပြောလိုက်သည်။

ဘာလို့ အမှန်တရားကို ဘယ်သူမှ မယုံကြတာလဲ

" အစွမ်းထက်တယ်... ဘယ်လောက်အစွမ်းထက်တာလဲ ပြောစမ်းပါဦး "

မင်ယွိက လှောင်ပြုံးဖြင့် မေးလာသည်။

သူ့ဖြေရှင်းချက်ကို နားထောင်လိုသူ ပေါ်လာသဖြင့် ကွေ့ဖန် စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်၏။

" ထျန်းယွမ်ကမ္ဘာမှာ နဂါးမည်းသခင်ကြီးကို လွယ်လွယ်လေး သတ်နိုင်ခဲ့တဲ့ ကောင်းကင်ဘုံနဂါး တစ်ကောင် ရှိတယ်ဗျ ။ ပြီးတော့ တခြားထျန်းမင်သခင်မကြီး တစ်ယောက်ကို လွယ်လွယ်လေး သတ်ခဲ့တဲ့ မိန်းမတစ်ယောက်လဲရှိတယ် ။ ကျုပ် ခန့်မှန်းတဲ့အတိုင်း ဆိုရင် အဲ့နှစ်ယောက်ရဲ့ အစွမ်းက အနည်းဆုံး ကောင်းကင်ဘုံမသေမျိုး အဆင့်လောက် ရှိတယ်ဗျ "

ကွေ့ဖန်မှာ ပြောနေရင်း ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့မှ တိုက်ပွဲကို ပြန်တွေးမိပြီး ကြောက်ရွံ့သွားဆဲ

ပင် ...

" အဲ့တော့... ဆက်ပြောပါဦး "

မင်ယွိက တည်တည်ငြိမ်ငြိမ် ဆက်မေးလာသည်။

" ပြီးတော့... သူဆို့ဆီမှာ စိတ်ဝိဥာဥ်နဲ့ မသေမျိုးအဆင့်ကို ရောက်ထားကြတဲ့ စိတ်ဝိဥာဥ်ပညာရှင်တွေလဲ ရာနဲ့ချီပြီး ရှိသေးတယ်ဗျ ။ သူတို့က သေမင်းသခင်ကြီးကို လွယ်လွယ်လေး သတ်ခဲ့ကြတာ "

ကွေ့ဖန် အမှန်တိုင်းပင် ဆက်ပြောလိုက်သည်။

" အင်း... ဆက်ပြော "

မင်ယွိက လက်ပိုက်ရင်း စကားထောက်၏။

" ပြီးတော့ သူတို့ဆီမှာ ကြောက်စရာအစွမ်းမျိုးနဲ့ အရှုပ်အထွေးခန္ဓာကိုယ်လဲ ရှိတယ် ။ အိုး.. ပြီးတော့ ရှေးဟောင်းနတ်ဆိုး ခန္ဓာကိုယ်တွေရယ် ၊ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် နည်းနည်းရယ် ပါတဲ့ လူစုလဲ ရှိသေးတယ် "

ကွေ့ဖန် ပြောနေရင်း လောရုံအား ပြန်တွေးမိသွား

သည်။

" တခြား ဘာရှိသေးလဲ "

မင်ယွိ ထပ်မေးလာ၏။

ကွေ့ဖန် သူ့နဖူးသူ ရိုက်၍ ပြန်ပြောသည်။

" ဟုတ်သားပဲ... အဲ့ထက် အရေးကြီးတာတစ်ခု ရှိသေးတယ် ။ သူတို့ဆီမှာ သန့်စင်ပြီးသား မူလမသေမျိုးလက်နက်တွေလဲ ရာနဲ့ချီပြီး ရှိသေးတယ်ဗျ ။ လူတစ်ယောက်ကို လက်နက်တစ်ခုစီလောက်တောင် ရှိကြတာ ။ အဲ့လက်နက်တွေရဲ့ အစွမ်းကလဲ တကယ်ကို ကြောက်စရာပဲ .... "

ကွေ့ဖန် ဆက်ပြောလိုက်၏။

သို့သော် ထိုစဥ်မှာပင် ..

" ရပြီ... တော်ပြီ "

ကျန့်ယွီက သူ့စကားကို ဖြတ်ပြောလာသည်။

" သခင်ကြီး ကျန့်ယွီ ... "

ကွေ့ဖန် အံ့သြမှင်သက်သွား၏။

ကျန့်ယွီ နှာခေါင်းရှုံ့၍ ပြောသည်။

" ကွေ့ဖန် ... ငါတို့ကို ငတုံးတွေလို့ ထင်နေတာလားကွ ။ တခြားဟာတွေကတော့ ထားပါတော့.. မူလမသေမျိုးလက်နက် ရာကျော်ရှိတယ်.. ဟုတ်လား ။ အဲ့လက်နက်တွေကလဲ သန့်စင်ပြီးသားတွေ .... မင်း ငါတို့ကို ကလေးများ ထင်နေလားကွာ "

" ရန်သူကို လျှော့တွက်လို့ အခုလို အ​ခြေနေထိ ဖြစ်သွားရတာ မင်းတို့အမှားပဲ ။ ဒါပေမယ့် အပြစ်ပေးခံရတာ သက်သာအောင် ခုလို ဇာတ်လမ်းထွင်ပြီး ပြောနေတာကတော့ ခွင့်လွတ်ပေးစရာ လုံးဝမကောင်းဘူး "

ကွေ့ဖန်တစ်ယောက် မျက်နှာဖြူရော်သွားကာ မြန်မြန်ပြန်ပြောလိုက်သည်။

" သခင်ကြီး ကျန့်ယွီ ၊ ကျုပ် တကယ် မလိမ်ပါဘူးဗျာ ။ သခင်မကြီး မင်ယွိ.. ကျုပ် ပြောတာကို ယုံတယ်မဟုတ်လား "

သူ ပြောပြီး မင်ယွိဘက် အားကိုးတကြီး လှမ်းကြည့်

လိုက်သည်။

သို့သော်.. မင်ယွိမှာ အေးစက်စက် မျက်နှာထားသာ ရှိနေပါ၏။

" ကျုပ် တကယ်ကို လိမ်ပြောနေတာ မဟုတ်ပါဘူးဗျာ "

ကွေ့ဖန် ငိုချတော့မလိုပင် ဖြစ်သွားသည်။

သူ အမှန်တရားအား ပြောနေခြင်းဖြစ်သည်ကို အဘယ့်ကြောင့် မယုံကြပါသနည်း ။

ယား ...

ထိုစဥ် ကျန့်ယွီက ညာသံပေးအော်လိုက်ပြီး ..

ဝုန်း...

မမြင်နိုင်သော အစွမ်းတစ်ခုက ဝိဥာဥ်သခင်ကြီး ၊ ကွေ့ဖန်ဆီ ရောက်လာ၏။

အွတ်...

ကွေ့ဖန်တစ်ယောက် နောက်သို့ ချက်ချင်းလွင့်ထွက်ကာ သွေးအန်သွားတော့သည်။

သူ့ကိုယ်မှ အရိုးများစွာလည်း ကျိုးကုန်ပါ၏။

ထိုအော်သံဖြင့်ပင် သူ ဒဏ်ရာဆိုးရွားစွာ ရသွားခဲ့လေပြီ ။

" ထားလိုက်ပါကွာ.. အားလုံးက မျိုးနွယ်စု တစ်ခုတည်းတွေပဲ ။ သူ့အသက်ကို လောလောဆယ် ချမ်းသာပေးလိုက်ကြတာပေါ့ ။ ဟို ထျန်းယွမ်ကမ္ဘာက ကောင်တွေကို ရှင်းပြီးတော့မှပဲ အဲ့ကောင်နဲ့ စာရင်းရှင်းကြမယ် "

ဘေးမှ မသေမျိုးဘုရင် မဲ့ချန်က အေးစက်စက် ပြောလာသည်။

" ဟုတ်ကဲ့ "

ကျန့်ယွီ နှင့် မင်ယွိတို့ ဦးညွှတ်၍ ပြန်ပြောလိုက်ကြ၏။

ထိုစဥ်မှာပင် ...

" ထျန်းမင်ကမ္ဘာကကကောင်တွေ... ထွက်ခဲ့ကြ ။ ထျန်းယွမ်ကမ္ဘာ၊ ပျောင်ပိုင်မြို့က လောထျန်းဆိုတဲ့ ငါက မင်းတို့ကို စိန်ခေါ်တယ် "

တောင်အပြင်ဘက်မှ လောထျန်း၏အသံ ရုတ်တရက် ထွက်လာသည်။

" ဟင်... ထျန်းယွမ်ကမ္ဘာကတဲ့... ဒီကောင်က ငါတို့ကို တကယ်ကြီး တိုက်ခိုက်ရဲတယ်ပေါ့လေ "

ကျန့်ယွီတစ်ယောက် ဒေါသထွက်လွန်း၍ နဖူးကြောကြီးများပင် ထောင်သွား၏။

မင်ယွိ၏ မျက်နှာထက်တွင်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။

" ထျန်းမင်ကမ္ဘာဆိုတာ ငါတို့ မျိုးနွယ်စုရဲ့ မွေးရပ်မြေပဲ ။ ဒါကို တိုက်ခိုက်ရဲတဲ့သူ ရှိနေတယ်ပေါ့ ။ ဒေါသထွက်စရာ ကောင်းလိုက်တာ... ဒီတစ်ခေါက်တော့ အဲ့ထျန်းယွမ်ကမ္ဘာက ကြွက်တွေကို တစ်ကောင်မှ အရှင်မထားဘဲ ရှင်းပစ်ရမယ် "

မင်ယွိ ဒေါသတကြီး ဆို၏။

မသေမျိုးဘုရင် မဲ့ချန် ခေါင်းညိတ်လိုက်သည်။

" ကောင်းတယ်... သွားကြစို့ "

ထိုသို့ပြောပြီး သူကိုယ်တိုင် ရှေ့မှဦးဆောင်ကာ ခန်းမအပြင် ထွက်လိုက်၏။

" သခင်ကြီးတို့ .... "

ခပ်လှမ်းလှမ်းမှ ကွေ့ဖန်မှာကား ထွက်ခွာသွားသော သခင်ကြီးသုံးယောက်၏ နောက်ကျောကိုကြည့်ရင်း ကူကယ်ရာမဲ့စွာသာ ခံစားနေရတော့သည်။

ထိုသခင်ကြီး သုံးယောက်၏ အစွမ်းများက အလွန်ကြောက်မက်ဖွယ်ကောင်းသည် မှန်သည့်တိုင်...

ထျန်းယွမ်ကမ္ဘာသားများက ထူးဆန်းလွန်းလှပါ၏။

ရန်သူများအား ထိုသို့ လျှော့တွက်ထား၍ မရပါချေ ။

သို့သော်... တဖက် သခင်ကြီးသုံး​ယောက်မှာ သူ့စကားများကို အလိမ်အညာဟုသာ ထင်ပြီး ဂရုမစိုက်

ကြပါ ။

ထိုစဥ် မင်ရှန့်တောင် အပြင်ဘက်ရှိ လောထျန်းနှင့် ကျူးကဲ့ကျန့်တို့မှာ ရှေ့သို့ မျက်နှာတည်ဖြင့် ကြည့်နေကြသည် ။

ထို့နောက်.. ရုတ်တရက် ..

အမည်းရောင်အစွမ်းများ ဘေးသို့ တွန်းပို့ခံလိုက်ရကာ မဲ့ချန်တို့ မသေမျိုးဘုရင် သုံးယောက် ပေါ်လာကြ၏။

" ရောက်လာကြပြီ "

ကျူးကဲ့ကျန့် လက်ထဲမှ ဓားကို ခပ်တင်းတင်း ဆုပ်လိုက်သည်။

တဖက်မှ မသေမျိုးဘုရင်အဆင့်နီးပါး ကျန့်ယွီက တောင်ပြင်သို့ ရောက်ရောက်လာချင်း လှောင်ပြုံးဖြင့် ပြော၏။

" အကိုကြီး .... ထျန်းယွမ်ကမ္ဘာက ကောင်တွေသာ ကျုပ်တို့အစွမ်းကို သိရင် ချက်ချင်းကြောက်သွားကြမယ်လို့ မထင်ဘူးလား "

မင်ယွိကလည်း ပြောသည်။

" သူတို့ကို အကြောက်တရားဆိုတာ ဘာလဲ ခံစားခိုင်းလိုက်ရင် မကောင်းဘူးလား "

" အင်း... စိတ်ဝင်စားစရာ ကောင်းသားပဲ "

မသေမျိုးဘုရင် မဲ့ချန် ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ထို့နောက်တွင် သူတို့သုံးယောက်လုံးဆီမှ အရောင်အဝါများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကြ၏။

ဝုန်း ...

ထိုသုံးယောက်ဆီမှ မသေမျိုးအလင်းတန်းများလည်း ရုတ်ချည်းထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

ဝုန်း...

သူတို့၏ ကြောက်မက်ဖွယ် မသေမျိုးအစွမ်းများ

ကြောင့် မင်ရှန့်တောင် တစ်တောင်လုံးပင် တုန်ခါလာ၏။

" ဟား ဟား... ဘယ်လိုလဲ... ကြောက်သွားကြပြီလား "

သူတို့သုံးယောက်လုံး လောထျန်းတို့နှစ်ယောက်အား ကြည့်လိုက်ကြသည်။

သို့သော် ...

" ဒီကောင်တွေက... "

ထိုသုံးယောက်၏ အရောင်အဝါများကို အာရုံခံနေသော ကျူးကဲ့ကျန့်၏ မျက်လုံးများ အရောင်လက်သွားကြ၏။

" တော်တော်အစွမ်းထက်တာပဲ... ငါကလဲ ဒါမျိုးကို ရှာနေတာ ။ ခုမှပဲ လက်ရည်တူတဲ့ ပြိုင်ဘက်နဲ့ တွေ့ရတော့တယ် "

သူ တွေးပြီး စိတ်လှုပ်ရှားနေသည့် မျက်နှာကြီး ဖြစ်သွားသည်။

လောထျန်းကမူ နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်၍ မေးလာ၏။

" အဲ့ကောင်တွေက ဘာလုပ်နေကြတာလဲ "

တဖက်မှ မဲ့ချန်တို့ သုံးယောက်လုံး အံ့သြမှင်သက်သွားရတော့သည်။

ဘာတွေ ဖြစ်နေပါသလဲ..

အမှန်ဆိုလျှင် တဖက်လူများက သူတို့အစွမ်းကို မြင်ပြီး ကြောက်ရွံ့လဲကျသွားသင့်သည် မဟုတ်ဘူးလား ။

သို့သော်.. ရှေ့ရှိ လူငယ်နှစ်ယောက်ထဲမှ တစ်ယောက်ကမူ သူတို့ကို တိုက်ခိုက်ရန် စိတ်လှုပ်ရှားဟန် ပေါက်နေပါ၏။

ကျန်တစ်ယောက်မှာကား နားမလည်သည့် ရုပ်ဖြင့် တိရိစ္ဆာန်များကို ကြည့်သလိုသာ ကြည့်နေသည်။

ထူးဆန်းလိုက်တဲ့လူတွေ ..

ထိုစဥ် မင်ယွိက လောထျန်းကိုကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုံ့သွား၏။

" ထူးဆန်းလိုက်တာ ... ဒီလူငယ်လေးကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ "

" ဟင်.. ထျန်းယွမ်ကမ္ဘာက အမှို​က်ကောင်ကို ဘယ်မှာမြင်ဖူးတာလဲ ။ မင်း အမှတ်မှားတာပဲ ဖြစ်မှာပါ "

ကျန့်ယွီက ခေါင်းယမ်း၍ ပြန်ပြောသည်။

မင်ယွိ မျက်မှောင်ကြုံ့ရက်သားဖြင့် ဆက်ပြော၏။

" မဟုတ်ဘူး.. .. သူ့ကို တစ်နေရာမှာ တကယ်ကြီး မြင်ဖူးတာ "

ထိုစဥ် သူမ ရုတ်တရက် တစ်ခုကို တွေးမိသွားပြီး တအံ့တသြ ရေရွတ်လိုက်သည်။

" မှတ်မိပြီ ... သူပဲ... "

" ဘယ်သူလဲ .. "

ကျန်နှစ်ယောက် မေးလိုက်ကြသည်။

" သူက ဘိုးဘေး လူသတ်အမိန့် ထုတ်ထားတဲ့တစ်ယောက်လေ "

မင်ယွိ ပြန်ပြောလိုက်၏။

" ဟင်... "

ကျန်နှစ်ယောက် အံ့သြမှင်သက်သွားကုန်ကြပြီး .

လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်မှသာလည်း သူတို့ မှတ်မိသွားကြ၏။

" တကယ် သူပဲ "

" ငါကြားတာတော့ အဲ့ကောင်က အောက်ကမ္ဘာမှာရှိတဲ့ ဘိုးဘေးရဲ့ မသေမျိုးလက်နက်တစ်ခုကို ဖျက်ဆီးပစ်ခဲ့တာဆို "

" အမှန်ပဲ ။ သူ့ကို ရှာနိုင်ရင်... ဒါမှမဟုတ်.. သတ်နိုင်ရင် လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ဘိုးဘေးကိုယ်တိုင် သင်ပေးဦးမှာတဲ့ "

" ဟား ဟား... ငါတို့ ကံကောင်းတာပဲကွာ ။ ဒီတစ်ခေါက် ခုလို အခွင့်ကောင်းကြီးနဲ့ ကြုံရမယ်လို့ ထင်မထားမိဘူး "

ကျန့်ယွီ ပြောကာ လောထျန်းအား တိုက်ခိုက်ရန်ပြင်လိုက်သည်။

" ကျန့်ယွီ ၊ ခဏနေဦး ။ အဲ့ကောင်လေးရဲ့ အသက်ကို ငါပဲယူမှာ "

မင်ယွိ ဖြတ်ပြောလာ၏။

ကျန့်ယွီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

" ငါက ဘာလို့ မင်းကို ပေးရမှာလဲ "

မင်ယွိကလည်း အေးစက်စက် ပြန်ပြော၏။

" ဘာလို့လဲဆိုတော့ ငါက နင့်ထက် ပိုအစွမ်းထက်လို့လေ "

" လျှောက်ပြောမနေနဲ့ "

ကျန့်ယွီက အထင်သေးသည့် မျက်နှာထားဖြင့် ပြန်ရန်တွေ့သည်။

ထိုစဥ် မသေမျိုးဘုရင် မဲ့ချန်က ထိုနှစ်ယောက်အား လက်ကာ၍ ဝင်တားကာ ဆိုသည်။

" လျှောက်ပြောမနေကြနဲ့တော့ ။ ငါတို့ သုံးယောက်လုံး ကိုယ့်အားကိုယ်ကိုးပြီး တိုက်ခိုက်ကြ

မယ် "

All Chapters