မသေမျိုးဘုရင် မဲ့ချန်
Vol. 53 Ch. 741
" ထျန်းမင်ကမ္ဘာသခင်ကြီး.. ဟုတ်လား "
မသေမျိုးဘုရင် မဲ့ချန် ခဏတာမျှ မှင်သက်မိသွားသည်။
သူ အနည်းငယ်လည်း ခေါင်းရှုပ်သွားပါ၏။
ထျန်းမင်ကမ္ဘာသခင်ကြီးက လောထျန်းလက်ချက်ဖြင့် သေသွားခဲ့ပြီ မဟုတ်ဘူးလား ..
ထိုကောင်က အဲ့ဒါကို မသိဘူးလား ..
သို့သော် လက်ရှိမှာ ထိုကိစ္စကို တွေးနေရမည့်အချိန် မဟုတ်ပါ ။
မသေမျိုးဘုရင် မဲ့ချန် မျက်နှာကြီးသုန်မှုန်သွားကာ ပြောလိုက်သည်။
" ကောင်လေး ၊ အဲ့လောက်ထိ မောက်မာမနေနဲ့ ။ အခု ထျန်းမင်ဓားရဲ့အစွမ်းကို သုံးလို့မရရင်တောင် ငါက မသေမျိုးဘုရင် တစ်ယောက်ပဲကွ။ ငါ့ကို သတ်
ချင်ရင် အိမ်မက် ဆက်မက်လိုက်ဦး "
ဝုန်း ...
မဲ့ချန်က ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို စုလိုက်ရာ ဘေးပတ်ဝန်းကျင် လေထုတစ်ခုလုံး မငြိမ်မသက် ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း အရပ်မျက်နှာစုံသို့ လွင့်ပျံသွား၏။
" ဟင်.. သခင်ကြီးမဲ့ချန်က ဟိုအကွက်ကို ထုတ်သုံးတော့မှာလား "
ကျန့်ယွီ တုန်လှုပ်သွားသည်။
မသေမျိုးဘုရင် မဲ့ချန်က လောထျန်းအား စူးစူးရဲရဲ ကြည့်ကာ ပြောလာ၏။
" ဟား ဟား .. ကောင်လေး ၊ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး ။ ဒါပေမယ့် မင်းက ငါ့ကို ဒီအကွက် ထုတ်သုံးရအောင်တောင် လုပ်နိုင်တာဆိုတော့ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်နော် "
လောထျန်းက အူကြောင်ကြောင် မျက်နှာလေးဖြင့် ပြန်ပြောသည်။
" ဘာအကွက်မို့လဲ ... အဲ့အကွက်က ဘာတွေထူးခြားလို့လဲ "
မဲ့ချန် အနည်းငယ် မောနေဟန်ဖြင့် အသက်ဝအောင် ရှူလိုက်ပြီးမှ ပြော၏။
" ဘာတွေထူးခြားလဲဆိုတော့.... သေချာကြည့်ထား "
သူ ပြောပြီး လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။
ဝုန်း...
သူ့လက်ထဲတွင် လေထုများ စုစည်းသွားပြီး အမည်းရောင် လျှပ်စီးတစ်ခု လူးလွန့်လာ၏။
ထို အမည်းရောင် လျှပ်စီးအလင်းတန်းမှာ သေးငယ်သည့်တိုင် ကြောက်မက်ဖွယ်အစွမ်းကို ထုတ်လွှတ်နေပါသည်။
မဲ့ချန် ပိုမောသွားဟန်တူပြီး အသံများပင် တုန်လာ၏။
" ဒါဘာလဲ သိလား... ။ မင်းကို ပြောလိုက်ရင် ကြောက်ပြီးတော့တောင် သေသွားနိုင်တယ်ကွ ။ ဒါ... ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကနေ ဖြစ်လာတဲ့အရာပဲ ။ ငါ့ရဲ့ ဒီအကွက်က ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို ပေါင်းစည်းပြီးမှ လုပ်ထားတာ ။ ဒါမျိုးကို လူတိုင်းလုပ်ဖို့မပြောနဲ့ ၊ မသေမျိုးဘုရင်တိုင်းတောင် လုပ်နိုင်တာမဟုတ်ဘူး "
" ဒီကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို မင်း ခုခံနိုင်ဦးမလား ကြည့်ကြတာပေါ့ "
စကားဆုံးချိန်တွင် မဲ့ချန်၏ မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။
သို့သော် လောထျန်းကမူ မျက်မှောင်သာ ကြုံ့လိုက်ပါသည်။
" မင်းပြောတဲ့ အကွက်ကြီးက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကို အစိုင်အခဲအဖြစ် အသွင်ပြောင်းတာလား.. ။ ပြီးတော့ အရွယ်အစားကလဲ အဲ့
လောက်သေးသေးလေး "
လောထျန်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
တဖက်မှ မသေမျိုးဘုရင် မဲ့ချန်မှာ ပိုပို၍ မောလာဟန်တူပြီး နဖူးပြင်တစ်ခုလုံး ချွေးများရွှဲနေကာ.. အသက်ရှူသံလည်း ပိုမြန်လာပါ၏။
လောထျန်း၏ စကားကို ကြားလိုက်ပြီးနောက်.. သူ နဖူးကြောကြီးများပင် ထောင်သွားသည်။
" အဲ့လောက်ပဲ.. ဟုတ်လား ၊ ကောင်လေး.. မင်းက တကယ့်အရူးပဲ ။ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းအစွမ်းက ဘယ်လောက်အားပြင်းတယ်ဆိုတာကို မင်း နားမလည်ပါဘူး ။ ထားပါလေ... မင်းလို ကောင်မျိုးကို ရှင်းပြရမှာလဲ ပျင်းတယ် ။ ဒါပေမယ့် မင်းကို တစ်ခုတော့ကျေးဇူးတင်တယ်ကွ။ ငါ့ရဲ့ ဒီအကွက်ကို သုံးဖို့ အချိန်အကြာကြီး ပြင်ဆင်ရတာ ။ မင်းသာ စကားများမနေရင် ငါ သိုင်းကွက်အပြည့်ကိုတောင် ထုတ်သုံးနိုင်မယ် မထင်ဘူး "
ဝုန်း..
ထိုစဥ်မှာပင် မဲ့ချန်၏ ပြင်ဆင်မှုများ ပြီးသွားခဲ့ပါသည်။
" ငရဲကို သွားလိုက်တော့ကွာ "
သူ အော်ပြီး လက်ထဲရှိ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းများပါဝင်သော လေထုအား လောထျန်းဆီ ပစ်လိုက်တော့သည်။ သူ့မျက်လုံးထဲတွင်လည်း ရူးသွပ်မှု အငွေ့အသက်တို့ ပေါ်နေပါ၏။
အောက်ကမ္ဘာသား တစ်ယောက်ဖြစ်သော လောထျန်းက ထိုအကွက်မျိုးကို ခုခံနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ပါချေ။
သို့သော်... ထိုစဥ်တွင် ..
" ကောင်းကင်နဲ့မြေကြီးစည်းမျဥ်း ... "
လောထျန်းက ခပ်တိုးတိုးရေရွတ်ပြီး လက်ကို ဘေးချ၍ ဓားတစ်လက် ဆွဲထုတ်သည့်ဟန် လုပ်လိုက်သည်။
ဝုန်း ...
မသေမျိုးဘုရင် မဲ့ချန် လုပ်ခဲ့သော ဖိအားထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သည့် ဖိအားကြီးတစ်ခု ရုတ်ချည်းပေါ်လာ၏။
ထို့နောက်တွင်မူ... လောထျန်းက လေထဲမှ ဓားရှည်တစ်လက် ဆွဲထုတ်လိုက်သည်။
" ဟင် ... ဒါက.... "
ခပ်လှမ်းလှမ်းမှ မဲ့ချန်မှာ ၎င်းကိုတွေ့ပြီး နားမလည်နိုင် ဖြစ်သွား၏။
ထို့နောက်... သူ ရုတ်တရက် ကြက်သေ သေသွားတော့သည်။
" ဒီအရောင်အဝါက... ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေလား .. ။ မဖြစ်နိုင်တာ... ဒီဓားက.... ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေကနေ အသွင်ပေါ်လာတာလား "
သူ လုံးဝ အံ့သြတုန်လှုပ်သွားရတော့၏။
သို့သော်... တခဏအကြာတွင်.. သူ ပြန်တည်ငြိမ်
သွားပါသည်။
" ဟား ဟား.. ကောင်လေး ၊ မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ ။ ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေက အစိုင်အခဲအဖြစ် ပြောင်းနိုင်ရင်တောင် အဲ့ဒါကို အသွင်ပေါ်လာအောင်လုပ်ဖို့ အင်မတန်ခက်တာ ။ အဲ့လောက်ရှည်တဲ့ ဓားတစ်လက်ဖြစ်အောင် စုစည်းဖို့ဆို အဝေးကြီးပဲ ။ အပေါ်ကမ္ဘာက မသေမျိုးဘုရင်ကြိး ၊ ဖုန်းဟော်တောင်မှ အလွန်ဆုံး တစ်ပေလောက်ပဲရှည်တဲ့ ဓားတစ်လက်ကိုပဲ စုစည်းနိုင်တာ ။ မင်းလိုကောင်မျိုးက ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားရှည်တစ်လက်ကို ဘယ်လိုလုပ်ပြီး စုစည်းနိုင်မှာလဲ "
" မင်းက တမင်ကို အကွက်ဆင်ပြီး လှည့်စားနေတာ "
မဲ့ချန် လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် သူ အစောက ပစ်လွှတ်လိုက်သည့် သိုင်းကွက်ကလည်း လောထျန်းဆီ ရောက်လာခဲ့သည်။
လောထျန်းက ဘာစကားမှ မဆိုဘဲ ဓားယမ်း၍ မသေမျိုးဘုရင်မဲ့ချန် ၏ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများအား ခုတ်ဖြတ်လိုက်၏။
ဝှစ်...
ဓားချက် တစ်ချက်တည်းဖြင့်ပင် မဲ့ချန်၏ သိုင်းကွက် ချက်ချင်းပျောက်ကွယ်သွားရတော့သည်။
ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများလည်း လုံးဝ ပျောက်ကွယ်သွားလေပြီ ။
" ဘယ်လိုဖြစ်ပြီးတော့... "
မဲ့ချန်မှာ ၎င်းကိုကြည့်ရင်း မှင်သက်နေတော့၏။
ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများအား ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းကသာ ပြန်ဖျက်ဆီးနိုင်သည်ကို သူ မသိဘဲ မနေပါချေ ။
ယခု လောထျန်း၏ ဓားချက်က သူ့ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုအား လုံးဝ အပျောက်ရှင်းနိုင်ခဲ့သည်ဖြစ်ရာ... ထိုအဓိပ္ပါယ်ကို သူ ကောင်းကောင်းနားလည်ပါသည်။
၎င်းမှာ... လောထျန်း လက်ထဲမှ ဓားရှည်က ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ အမှန်တကယ် အသွင်ပြောင်းထားခြင်းပါပင် ။
ထိုတခဏ၌ သူ့ရင်တစ်ခုလုံးသာမက ကျောရိုးထဲထိတိုင် ချမ်းစိမ့်သွားတော့သည်။
" သူက ကောင်းကင်နဲ့မြေကြီး စည်းမျဥ်းတွေကို အဲ့လောက်အတိုင်းအတာထိအောင် စုစည်းနိုင်တာလား ။ ဘိုးဘေးကိုယ်တိုင် ရောက်လာရင်တောင်.. သူ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး ။ ကြည့်ရတာ... ဒဏ္ဍရီကျော် မဟာဧကရာဇ်ကြီး မှသာ သူနဲ့ ယှဥ်နိုင်မယ်ထင်တယ် "
" ဒါပေမယ့်.. အပေါ်ကမ္ဘာမှာ မဟာဧကရာဇ်တွေ မရှိတာ ကြာလှပြီလေ ။ ထျန်းမင်ကမ္ဘာက အဲ့လောက်ကြောက်စရာကောင်းတဲ့ သူကိုမှ ဘယ်လိုလုပ်ပြီး
သွားရန်စမိတာလဲ "
သူ ထိုသို့တွေးရင်း တစ်ကိုယ်လုံး တုန်သွားပြီး ပြောလိုက်၏။
" ဒါ... သခင်ကြီး ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ်တို့ကြားမှာ နားလည်မှု လွဲသွားတယ်နဲ့တူတယ် "
သူ ပြောပြီး အတင်းဟန်ဆောင်၍ ပြုံးရန်ကြိုးစားလိုက်သော်လည်း သူ့မျက်နှာက ကြက်သေ သေနေဆဲပါပင် ။
တဖက်မှ လောထျန်းက သူ့အား အေးစက်စက်ကြည့်ကာ ပြောသည်။
" နားလည်မှုလွဲတာ.. ဟုတ်လား ၊ မင်းက ငါ့ကို ကလေးများထင်နေလား "
သူ ပြောပြီး ဓားကို ထပ်မြှောက်လိုက်သည်။
" မဖြစ်ဘူး "
မသေမျိုးဘုရင် မဲ့ချန်၏ မျက်နှာထား ချက်ချင်းပြောင်းသွားကာ နောက်လှည့်ထွက်ပြေးရန် ပြင်
လိုက်၏။
သို့သော်.. နောက်ကျသွားခဲ့လေပြီ ။
ရွှပ်...
လောထျန်း ယမ်းလိုက်သောဓားက သူ့ကိုယ်ထဲ ထိုးဖောက်ဝင်လာပြီး ...
သူ့ခန္ဓာကိုယ်က သိသိသာသာပင် ယိုယွင်းပျက်စီးလာတော့သည်။
" ထျန်းယွမ်ကမ္ဘာ ..... "
မသေမျိုးဘုရင် မဲ့ချန်က ပျက်စီးလာသော မျက်နှာကြီးဖြင့် လောထျန်းဘက်သို့ ခေါင်းလှည့်၍ ကြည့်လိုက်၏။
သို့သော် ထိုအချိန်မှာပင် ..
စိတ်ဝိဥာဥ်အစွမ်း တစ်ခုက သူ့ကိုယ်ကို လွှမ်းခြုံလာပြီး ..
ဝုန်း ...
သူ့အသိစိတ်ပင်လယ်က လောထျန်းကြောင့် ပြိုကွဲသွားရတော့သည်။
ဘုတ် ..
မသေမျိုးဘုရင်မဲ့ချန်၏ ခန္ဓာကိုယ် လေထဲမှ ကျလာကာ.. မြေပြင်သို့ ခပ်ပြင်းပြင်း ကျသွားတော့၏။
ဝီ ....
လောထျန်းလက်ထဲ၌ စိတ်ဝိဥာဥ် ပုလဲလုံးတစ်ခု ပေါ်လာသည်။
" ကောင်းတယ်ကွာ ။ ဒါနဲ့ဆို ပျောင်ပိုင်မြို့မှာ သိပ်မကြာခင် မသေမျိုးဘုရင် နောက်တစ်ယောက် ရှိလာတော့မှာပဲ "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ထို့နောက် သူ ကျန်နေသေးသော ကျန့်ယွီဘက် လှည့်
ကြည့်လိုက်သည်။
တဖက်မှ ကျန့်ယွီ တစ်ယောက် တစ်ကိုယ်လုံး တုန်သွားကာ ကြောက်လွန်း၍ သေးထွက်ကျမတတ်ပါပင် ။
" ကျုပ်... တောင်းပန်ပါတယ်ဗျာ ။ ကျုပ် အခုပဲ ထွက်သွားပါတော့မယ် ။ ကျိန်ဆိုကျိန်ရဲပါတယ်... နောက်ကို ထျန်းယွမ်ကမ္ဘာရဲ့ ရန်သူ ဘယ်တော့မှ မဖြစ်စေရပါဘူး "
ကျန့်ယွီ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ထိုသို့ မဖြစ်၍လည်း နေပါမည်လား...
သူ့ရှေ့မှ လူသည် ဖော်ပြ၍ပင် မလွယ်သည့် ဘီလူးကြီးတစ်ကောင်ပါပင် ...
သူသည် မသေမျိုးဘုရင်တစ်ယောက်ကိုပင် သိုင်းကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်ခဲ့ပါ၏။
ထိုသို့သော အစွမ်းပိုင်ရှင်မျိုးကို အနိုင်ယူနိုင်သူ အပေါ်ကမ္ဘာတွင်ပင် မရှိနိုင်ပါ ။
သို့ဖြစ်ရာ.. သူသာ ထိုလူနှင့် ရင်ဆိုင်ရပါက အသက်သေရမည် မလွဲပါချေ။
တဖက်မှ လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာသည်။
" အခုမှ ကျိန်မယ်ပေါ့ ... နောက်ကျသွားပြီကွ "
သူ ပြောပြီး ထပ်တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်တွင် ...
" သခင်လေးလောထျန်း .... "
လောထျန်းနောက်ရှိ ကျူးကဲ့ကျန့်ဆီမှ အသံထွက်လာသည်။
" ဟင်... ဘာဖြစ်လို့လဲ "
လောထျန်း သူ့ကိုလှည့်ကြည့်ကာ တအံ့တသြ မေးလိုက်၏။
" အဲ့တစ်ယောက်ကို ကျုပ်ကိုပေးလို့ ရမလား "
ကျူးကဲ့ကျန့် က စိတ်လှုပ်ရှားစွာ မေးလာသည်။
လောထျန်း ခေတ္တမျှ စဥ်းစားပြီး ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ ... သူ့ကို လေ့ကျင့်ဖို့အတွက် သုံးပေါ့ "
ကျူးကဲ့ကျန့် ဝမ်းသာသွားကာ ကျန့်ယွီအား လက်ညိုးထိုး၍ ပြောလိုက်သည်။
" ကြွက်စုတ်ကောင်.. ငါနဲ့ လာတိုက်ခိုက် "