အခန်း (၇၃၂)
Vol. 53 Ch. 732
" နင်က ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ်ကို ခုမှ စရတာလေ ။ ဒါကိုသာ ကောင်းကောင်းကြီး ကျွမ်းကျင်သွားရင် ဒီအခြေအနေရဲ့ ကြာချိန်လဲ ပိုတိုးလာမှာပဲ ။ ဒါပေမယ့်... မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ရသွားရင်တော့ အဲ့ကန့်သတ်ချက်တွေကို လျစ်လျူရှုလို့ ရသွားပြီ "
မိုယွိက နျိုထျဲ့ချူဘေးတွင် ရုတ်တရက်ပေါ်လာပြီး ပြောသည်။
နျိုထျဲ့ချူ ယခုလိုအခြေအနေထိ ရောက်လာအောင် မိုယွိကိုယ်တိုင် လမ်းပြပေးခဲ့ခြင်းပင် ..
" ဟုတ်ကဲ့ပါ သခင်မကြီး "
နျိုထျဲ့ချူ တလေးတစား ပြန်ပြောလိုက်သည်။
သူတို့ ဆရာတပည့်နှစ်ယောက်၏ ဆက်ဆံပုံကို ကြည့်နေသော တဖက်မှ ထျန်းမင်သခင်ကြီးများမှာကား ဆွံ့အလျက် ...
အချိန်တိုလေးအတွင်း သူတို့ ထျန်းမင်ကမ္ဘာမှ ထျန်းမင်သခင်ကြီး လေးယောက် သေသွားခဲ့ရလေပြီ ။
လွန်ခဲ့သော နှစ်ပေါင်း သိန်း၊သောင်းချီ ကာလအတွင်းတွင်ပင် ထျန်းမင်ကမ္ဘာက အပြင်ကမ္ဘာများနှင့် စစ်ပွဲအတွင်း ဤမျှကြီးမားသော ဆုံးရှုံးမှုမျိုး မရှိခဲ့ဖူးပါ ။
ခပ်လှမ်းလှမ်း ကောင်းကင်ယံတွင် ရှိနေကြသော ထျန်းမင်သခင်ကြီး နှစ်ယောက်တို့မှာ အခြေနေ မဟန်တော့သည်ကို တွေ့ပြီး နောက်လှည့်ထွက်ပြေးရန် ပြင်လိုက်ကြ၏။
သို့သော် ထိုစဥ်မှာပင် .
သူတို့ရှေ့၌ နတ်ဆိုးကိုးယောက် ရုတ်တရက် ပေါ်လာကြသည်။
" ဟင် ... အမြီးတစ်ရာ ကောင်းကင်ဘုံမြေခွေးပါလား ။ ပြီးတော့... အပြာရောင် ခြသေ့်ဘုရင်ကြီး ၊ ကမ္ဘာဖျက်ဆီး နတ်ဆိုးလူဝံကြီး .... မင်းတို့တွေက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နတ်ဆိုးသူတော်စင်
တွေ မဟုတ်လား ။ မဟုတ်သေးဘူး... မင်းတို့က နတ်ဆိုးသူတော်စင်တွေထက်တောင် ပိုအစွမ်းထက်လာသလိုပဲ ။ မင်းတို့က ဘယ်သူတွေလဲ "
ထျန်းမင်သခင်ကြီး နှစ်ယောက်ထဲမှ သွေးနီမြစ်သခင်ကြီး တုန်လှုပ်စွာ မေးလိုက်သည်။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ.. ဟုတ်လား ။ ဟား ဟား... ဘယ်ဟုတ်မလဲကွ... ။ ငါတို့တွေက ပျောင်ပိုင်မြို့က သခင်ကြီးလောထျန်းရဲ့ လက်အောက်မှာ ဆုမီတောင်ကို ကာကွယ်စောင့်ရှောက်နေတဲ့ နတ်ဆိုးဘုရင် ကိုးယောက်ပဲ "
" မင်းလို မျိုးမစစ်ကောင်က ပျောင်ပိုင်မြို့ကို ကျူးကျော်ရဲတယ်ပေါ့လေ ။ သေစမ်းကွာ... "
နတ်ဆိုးဘုရင် ကိုးယောက်လုံး တမဟုတ်ချင်း တိုက်ခိုက်လိုက်ကြသည်။
" သွေးနီမြစ်သခင်ကြီး ၊ ကျုပ် မင်းကို ကူပေးမယ် "
ကျန် ထျန်းမင်သခင်ကြီးတစ်ယောက်က လှမ်းအော်ပြောလာ၏။
သို့သော် သူ့စကား ဆုံးချိန်မှာပင် ...
ဝုန်း... ဝုန်း ... ဝုန်း ..
သူ့ဘေး၌ အရိပ်ကြီးသုံးခု ရုတ်တရက် ပေါ်လာသည်။
ထိုအထဲမှ တစ်ယောက်မှာ တစ်ကိုယ်လုံး မီးတောက်များဖြင့် လွှမ်းခြုံထားသော မီးတောက်နတ်ဘုရား ၊ ရွှေရောင်ငှက်ကြီး ကျင်းဖန် ဖြစ်ပါ၏။
အခြား တစ်ယောက်မှာမူ တင်းပုတ်ကြီးကို ကိုင်ထားသော နျိုဝူဖုန်း ...
ကျန်တစ်ယောက်မှာကား ... တစ်ကိုယ်လုံး ရွှေရောင်လက်နေသည့် မျောက်တစ်ကောင် ..
" နတ်ဆိုးသူတော်စင်တွေထက် သာတဲ့ နတ်ဆိုးမျိုးနွယ်ပါလား.. ။ ထျန်းယွမ်ကမ္ဘာမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "
ငရဲဘုရင်ကြီး စိတ်မသက်မသာ ဖြစ်သွားတော့သည်။
ထိုအချိန်မှာပင် ...
ဝုန်း ...
သူ့အနောက်ဘက်၌ ချိန်းကြိုးသံများ ရုတ်တရက် ထွက်လာ၏။
သူ အံ့အားသင့်နေချိန်မှာပင်... ချိန်းကြိုးတစ်ခုက သူ့အား ချုပ်နှောင်လာသည်ကို မြင်လိုက်ရသည်။
" အဲ့ဒါ ဘာကြီးလဲ "
ထျန်းမင်သခင်ကြီး တုန်လှုပ်သွားကာ ဓားဆွဲထုတ်၍ ကြိုးကိုဖြတ်ရန် ကြိုးစားလိုက်၏။
သို့သော်..
ဝုန်း ..
ချိိန်းကြိုးက အနည်းငယ်လေးသာ တုန်ခါသွားပြီး အကောင်းတိုင်း ရှိနေဆဲပါပင် ။
" ဘယ်လိုဖြစ်ပြီးတော့... ငါ့ရဲ့ မသေမျိုးလက်နက်က ချိန်းကြိုးကို တကယ်ကြီး မဖြတ်နိုင်ဘူးလား ။ ငါက ဒီ မသေမျိုးလက်နက်ကို ပြီးအောင် မသန့်စင်ရသေးဘူး ဆိုပေမယ့်.. ခုလိုကြီးတော့ မဖြစ်သင့်ဘူးလေ "
ငရဲသခင်ကြီး တုန်လှုပ်စွာ ပြောလိုက်သည်။
ထိုစဥ်တွင်.. ချိန်းကြိုးက ရုတ်တရက် စကားပြောလာ၏။
" အား... နာလိုက်တာကွာ ။ မင်းတို့သုံးယောက်က အဲ့မှာ ဘာရပ်လုပ်နေကြတာလဲ ။ ငါ့ရဲ့ စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုးက တားမြစ်မသေမျိုးလက်နက် ကို ဖိနှိပ်နိုင်တယ် ဆိုပေမယ့်... မူလမသေမျိုးလက်နက် အဆင့်မှာပဲ ရှိသေးတာ ။ ကြာကြာခံနိုင်မှာ မဟုတ်ဘူး... မြန်မြန်တိုက်ခိုက်ကြ "
၎င်းချိန်းကြိုးမှာ စိတ်ဝိဥာဥ်အရှုပ်အထွေးကြိုး ပါပင်..
" ကောင်းပါပြီ ... တိုက်ခိုက်ကြဟေ့ "
ဘုရင်ကျင်းဖန် ခေါင်းညိတ်လိုက်ပြီးနောက်.. ပါးစပ်ဟလိုက်ရာ တလက်လက်တောက်နေသော ရွှေရောင်
အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ကျလာသည်။
" သတ်ဟေ့ "
နျိုဝူဖုန်းကလည်း အော်ပြီး အညှာအတာမဲ့ တိုက်ခိုက်လိုက်သည်။
" သေစမ်း "
မျောက်ကလည်း ကြောက်မက်ဖွယ် အရောင်အဝါပါဝင်သော လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်၏။
ဘုန်း ... ဘုန်း ... ဘုန်း ...
အားပြင်းလှသော အစွမ်းကြီးသုံးခုက တဖက်မှ ငရဲဘုရင်ကြီးဆီ ရောက်သွားကြသည်။
ငရဲဘုရင်ကြီးမှာ တမဟုတ်ချင်း ပျောက်သွားရတော့၏။
" နောက်တစ်ယောက် သေသွားပြန်ပြီလား "
၎င်းကိုမြင်သော ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့မှ ဝိဥာဥ်သခင်ကြီး ဒူးများပင် ပျော့ခွေသွားတော့သည်။
အခြေအနေက သူ တွေးထားသည်နှင့် လုံးဝ မတူပါချေ။
ထိုအချိန်မှာပင်..
ဝုန်း ...
ကောင်းကင်ယံ၌ သွေးနီမြစ်တစ်စင်း ရုတ်တရက် ပေါ်လာ၏။
နတ်ဆိုးဘုရင်ကြီး ကိုးယောက်တို့မှာ ထိုသွေးမြစ်ထဲ ပိတ်လှောင်ခံလိုက်ရတော့သည်။
" ဟင်... ဒါ ဘာကြီးလဲ "
" ငါ့ကို ကယ်ပါဦး "
သွေးမြစ်ထဲ ရောက်နေကြသော နတ်ဆိုးဘုရင် ကိုးယောက် မပြေးနိုင် ဖြစ်နေကြစဥ်တွင်..
တဖက်မှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်
လာ၏။
" မင်းတို့လို သားရဲတစ်စုကများ သွေးနီမြစ် ထျန်းမင်သခင်ကြီးကို သတ်နိုင်မယ် ထင်နေကြတယ်ပေါ့ ။ မင်းတို့ နောက်နှစ်တစ်သောင်းလောက် ဆက်ကြိုးစားလိုက်ဦး "
၎င်းကိုကြည့်နေသော ဝိဥာဥ်သခင်ကြီး မျက်မှောင်ကြုံ့သွားသည်။
" သွေးနီမြစ်သခင်ကြီးကလဲ တစ်ခုခု လွဲနေတာကို သိတဲ့ပုံပဲ ။ အခု သူ့ရဲ့ အသက်ကယ်အကွက်ကိုတောင် ထုတ်သုံးနေတာ ဆိုတော့... ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ဒီလိုပုံဆို သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီ ။ သူသာ သွေးနီမြစ်အဖြစ် အသွင်ပြောင်းလိုက်ရင် ကမ္ဘာသခင်ကြီးကတောင် သူ့ကို သတ်နိုင်တာမဟုတ်ဘူး ဆိုတော့ "
ထိုစဥ် ခပ်လှမ်းလှမ်းမှ လောထျန်းမှာကား နတ်ဆိုးဘုရင် ကိုးယောက် ပိတ်မိနေကြသည်ကိုကြည့်ပြီး မျက်မှောင်ကြုံ့သွား၏။
" ဟို ထျန်းမင်ကမ္ဘာက ကောင်က အဲ့လိုကြီး အသွင်
ပြောင်းနိုင်တာလား ၊ ထူးဆန်းလိုက်တာ ..."
သူ တီးတိုးရေရွတ်လိုက်သည်။
ကျူးကဲ့ကျန့်ကလည်း မျက်မှောင်ကြုံ့ရင်း ပြော၏။
" အဲ့ သွေးမြစ်က တစ်ခုခုတော့ ထူးဆန်းသလိုပဲ ။ ကြည့်ရတာ နတ်ဆိုးဘုရင်ကိုးယောက် ကြာကြာဆက်တောင့်ခံနိုင်မယ့်ပုံ မပေါ်ဘူး ။ ကျုပ် ဝင်တိုက်ခိုက်လိုက်မယ် "
လောထျန်း ခေါင်းယမ်းလိုက်သည်။
" နေပါ.. ငါပဲ တိုက်လိုက်မယ် "
သူ ပြောကာ လေထဲပျံတက်ပြီး သွေးနီမြစ်ဆီသို့ သွားလိုက်သည်။
" ဟင်... မင်းပါလား "
သွေးနီမြစ်မှာလည်း လောထျန်းကိုမြင်ပြီး ကြောက်သွား၏။
အစောပိုင်းတွင် လောထျန်း ဟွမ်ဖုယွီအား တိုက်ခိုက်ခဲ့သည်ကို သူ မြင်ခဲ့ရသည် မဟုတ်ပါလား ။
သို့သော်.. ထိုသို့ကြောက်ရွံ့နေသည့်တိုင် သူ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်ပါသည်။
" ကောင်လေး ၊ မင်း ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးနော် ။ ငါ့ရဲ့ သွေးနီမြစ်ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းပဲကွ။ မင်းမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိရင်တောင် ငါ့ကို ဘာမှမလုပ်နိုင်ဘူး "
သွေးနီမြစ်သခင်ကြီးမှာ လက်ရှိ သူ့ခန္ဓာကိုယ် အခြေနေကို ယုံကြည်မှု အလွန်ရှိနေပါ၏။
ထိုစဥ်တွင် လောထျန်းက လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
ဝုန်း ..
ကြောက်မက်ဖွယ် အစွမ်းတစ်ခုက သွေးနီမြစ်ထဲ စီးဝင်သွား၏။
သွေးနီမြစ်ထဲမှ တစ်စုံတစ်ခု ချက်ချင်း ပြိုကွဲသွားသလိုပါပင် ..
" သွေးနီမြစ်သခင်ကြီး... အဆင်ပြေရဲ့လား "
ဝိဥာဥ်သခင်ကြီးက တစ်စုံတရာ လွဲနေပြီကို ရိပ်မိကာ အသံကျယ်ဖြင့် အော်မေးလိုက်သည်။
သို့သော်.. တဖက်မှ တုန့်ပြန်သံ ထွက်မလာခဲ့ပါ ။
ထိုအစား... ကောင်းကင်ယံတွင် ရှိနေသော သွေးနီမြစ်ကြီး စပြိုကွဲလာပြီးနောက်.. အငွေ့ပျံ ပျောက်ကွယ်သွားပါတော့၏။
" ဘယ်လိုဖြစ်ပြီး .... "
ဝိဥာဥ်သခင်ကြီး လွန်စွာ တုန်လှုပ်သွားတော့သည်။
ထိုစဥ် သွေးနီမြစ်ရှေ့တွင် ရပ်နေခဲ့သော လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။
" မင်းကို တစ်ခါတည်း အပြောင်ရှင်းလို့ ရတာကို.. ငါက ဘာလို့ နာအောင်ပဲ လုပ်ရမှာလဲ "
ဝုန်း ....
သူ့စကား ဆုံးချိန်မှာပင် သွေးနီမြစ်ကြီး တစ်ခုလုံး ပြိုကွဲသွားပြီး မြေပြင်သို့ မကျခင်မှာပင် အငွေ့ပျံပျောက်ကွယ်ကာ အသန့်စင်ဆုံး စွမ်းအင်များအဖြစ်
ပြောင်းသွားတော့သည်။
ဂလု ...
ဝိဥာဥ်သခင်ကြီး အလွန် ထိတ်လန့်တုန်လှုပ်သွားရတော့၏။
" ဒီကောင်လေးက.. ဘယ်သူလဲ ။ သူက လက်ဝါးတစ်ချက်တည်းနဲ့ သွေးနီမြစ်ကြီးကို လုံးဝ အပြောင်ရှင်းလိုက်နိုင်တာပဲ ။ သူ့အစွမ်းကို... ကမ္ဘာသခင်ကြီးတောင် ယှဥ်နိုင်မှာ မဟုတ်ဘူး ။ မဖြစ်ဘူး .. ဒီအကြောင်းကို ကမ္ဘာသခင်ကြီးဆီ မြန်မြန်သွားပြောရမယ် "
သူ့စိတ်ထဲမှ ပြောကာ နောက်သို့ အသည်းအသန် ဆုတ်လိုက်သည်။
တဖက်တွင်ကား.. နတ်ဆိုးဘုရင်ကိုးယောက်က ရှက်ရွံ့နေသည့် မျက်နှာများဖြင့် လောထျန်းရှေ့ ရောက်လာကြ၏။
" သခင်ကြီးလောထျန်း ၊ ကျုပ်တို့.. တောင်းပန်ပါတယ်ဗျာ ။ ကျုပ်တို့.... "
သူတို့ အမှန်တကယ်လည်း အလွန်ရှက်နေကြပါသည်။
တဖက်မှ လွှတ်လာသော လူခြောက်ယောက်ထဲမှ ငါးယောက်ကို ပျောင်ပိုင်မြို့ တပ်သားများက တိုက်ခိုက်ခဲ့ကြပြီး အားလုံးကို သတ်နိုင်ခဲ့ကြပါ၏။
သူတို့ ကိုးယောက်တည်းကသာ ပြိုင်ဘက်ကို သတ်ရန် ကျရှုံးခဲ့ပြီး လောထျန်းကိုယ်တိုင် သူတို့ကို ဝင်ကယ်ခဲ့ရသည် မဟုတ်ပါလား ။
၎င်းမှာ လက်ခံနိုင်စရာ မဟုတ်ပါချေ။
သို့သော် လောထျန်းက ခေါင်းအသာယမ်း၍ ပြန်ပြောသည်။
" စစ်ပွဲမှာ အနိုင်နဲ့အရှုံးက အမြဲဒွန်တွဲနေတာပဲလေ ။ လောလောဆယ် ဒါတွေကို မတွေးနဲ့ဦး ။ အခု တကယ့်ရန်သူအစစ်က ပေါ်မလာသေးဘူး "
နတ်ဆိုးဘုရင် ကိုးယောက်၏ မျက်နှာထားများ ချက်ချင်း ပြန်တင်းသွားကာ ဦးညွှတ်အရိုအသေ
ပေးလိုက်ကြသည်။
" ဟုတ်ကဲ့ပါ သခင်ကြီး "
ထိုစဥ်မှာပင် ..
ဝုန်း ....
ကမ္ဘာနှစ်ခုကြား တံခါးပေါက်၏ တဖက်ခြမ်းမှ မြည်သံကျယ်ကြီး ထွက်လာ၏။
ထောင်ပေါင်းများစွာသော တပ်ဖွဲ့များက ဝုန်းဒိုင်းကြဲ လာနေသည့်အလား ...
" ဟင်... နောက်ဆုံးတော့ ထျန်းမင်ကမ္ဘာရဲ့ တပ်ဖွဲ့ ရောက်လာပြီနဲ့တူတယ် "
လောထျန်းတစ်ယောက် ချက်ချင်း မျက်နှာထားတင်းမာသွားကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်သို့ လှမ်းကြည့်လိုက်သည်။
ပျောင်ပိုင်မြို့မှ လူများအားလုံးလည်း စိတ်လှုပ်ရှားသွားကြ၏။
စစ်ပွဲကြီး စပေတော့မည် ။