အခန်း (၇၃၁)
Vol. 53 Ch. 731
" ထျန်းမင်ကမ္ဘာက ကြွက်တွေ... ငရဲကို သွားကြကွာ ။ ကောင်းကင်ဘုံလက်သီးကျင့်စဥ်ရဲ့ ပထမအကွက်... နဂါးလက်သီး "
လောရုံ အော်ပြီး ရှေ့သို့ လက်သီးဖြင့်ထိုးလိုက်သည်။
ဝုန်း..
ထိုလက်သီးချက်နှင့်အတူ ဧရာမ နဂါးအရိပ်ကြီးတစ်ခုက လက်သည်းချွန်များ ထုတ်၍ အစွယ်တဝင့်ဝင့်ဖြင့် ထျန်းမင်သခင်ကြီးအား တိုက်ခိုက်လာ၏။
" ဒါ.... "
ထျန်းမင်သသခင်ကြီးမှာ ထိုလက်သီးချက်ကို လုံးဝ မရှောင်တိမ်းနိုင်တော့သလို ခံစားလိုက်ရသည်။
သူ ကူကယ်ရာမဲ့စွာ အော်လိုက်၏။
" မသေမျိုး ရွှေရောင်ခန္ဓာကိုယ် "
ဝီ ...
ချက်ချင်းမှာပင် သူ့ကိုယ်က နှစ်ဆဖြစ်သွားကာ သူ့တစ်ကိုယ်လုံးလည်း ရွှေရောင်အလင်းတန်းများ တလက်လက်တောက်လာသည်။
ထိုအချိန်မှာပင် လောရုံ၏ လက်သီးချက်ကလည်း သူ့ထံရောက်လာပါသည်။
ဒုန်း...
ခေါင်းလောင်းသံကဲ့သို့ မြည်သံကျယ်ကြီးတစ်သံ ထွက်လာပြီး..
ထျန်းမင်သခင်ကြီး လက်သီးချက်ကြောင့် မူးနောက်သွားကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
တဖက်မှ လောရုံမှာလည်း သူ့လက်သီး ထုံကျင်သွားသည်ကို ခံစားရကာ မျက်နှာကြီးမဲ့သွား၏။
" ရှားပါး ရတနာတွေကို အဲ့လောက်ရထားတာတောင်.. ငါ့အစွမ်းက အဲ့လောက်ပဲ လုပ်နိုင်တာလား ။ ထျန်းမင်ကမ္ဘာသား တစ်ယောက် ပီသပါပေတယ် "
လောရုံ တွေးလိုက်သည်။
ထိုစဥ် ထျန်းမင်သခင်ကြီးမှာကား ကိုယ်တွင်းကလီစာများ ထိခိုက်သွားခဲ့သည့်အတွက် ဝေဒနါကို ဆိုးရွားစွာ ခံစားနေရပါ၏။
" အရှုပ်အထွေးခန္ဓာကိုယ်က နာမည်ကျော်တဲ့အတိုင်းပါပဲလားကွာ ။ ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့လောက် မရှိထားတာ ကံကောင်းလို့ပေါ့ ။ သူသာ ငါနဲ့ ကျင့်ကြံခြင်းအဆင့်တူရင် ငါ သူ့ပြိုင်ဘက် လုံးဝမဖြစ်နိုင်ဘူး ။ ဒီကောင်လေးက အန္တရာယ်များလွန်းတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ဒီနေ့ ဒီနေရာမှာ သတ်မှရမယ် "
သူ ရင်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။
ဝုန်း ...
ထို့နောက်တွင်... သူ့မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု လက်သွားကာ သူ့လက်ထဲတွင်
လည်း စွမ်းအင်တန်းတစ်ခု စုစည်းလာ၏။
" ကောင်လေး ၊ ငရဲကို သွားလိုက်တော့ "
သူ အော်ပြီး လောရုံဆီ ပြေးဝင်သွားသည်။
လောရုံမှာလည်း သတိလက်လွတ် မနေရဲဘဲ သူ့ အရှုပ်အထွေးခန္ဓာကိုယ်ကို ချက်ချင်းအသက်သွင်းကာ ပြန်တိုက်ခိုက်လိုက်၏။
ဘုန်း... ဘုန်း .... ဘုန်း ....
မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူတို့နှစ်ဦး သိုင်းကွက်ဆယ်ကွက်ကျော် အပြန်အလှန် တိုက်ခိုက်ပြီးသွားသည်။ သူတို့ တိုက်ခိုက်တိုင်းလည်း လေထုပြိုကွဲပြီး မငြိမ်မသက် ဖြစ်သွားပါ၏။
သို့သော် သူတို့နှစ်ယောက်တွင် တစ်ယောက်က ရွှေရောင်မသေမျိုးခန္ဓာကိုယ် ရှိထားပြီး ကျန်တစ်ယောက်မှာ အရှုပ်အထွေးခန္ဓာကိုယ် ရှိထားသဖြင့် မငြိမ်မသက် ဖြစ်နေသော လေထုအား အလွယ်တကူပင် ပြန်ဖိနှိပ်လိုက်နိုင်ပါသည်။
သူတို့၏ လုပ်ရပ်ကြောင့် ပတ်ဝန်းကျင်လေထုမှာ အစစ်နှင့် ပုံရိပ်ယောင်ကြား အဆက်မပြတ် ပြောင်းလဲနေသလို ဖြစ်ကာ ... လူများ မူးနောက်ကုန်ကြ၏။
" ပျောင်ပိုင်မြို့မှာ အဲ့လိုလူမျိုး တကယ်ကြီး ရှိတာလား "
" ကြောက်စရာ ကောင်းလိုက်တာကွာ ။ ကျင့်ကြံခြင်းအဆင့် ကွာနေတာတောင် အစွမ်းထက်တဲ့ မသေမျိုးသခင်ကြီး တစ်ယောက်ကို အဲ့လောက်ထိ ဖိအားပေးနိုင်တယ် "
" အဲ့ဒါ အရှုပ်အထွေးခန္ဓာကိုယ် မဟုတ်လား... ၊ ပြိုင်ဘက်ကင်းဆိုတဲ့ နာမည်က သူနဲ့ ထိုက်တန်ပါတယ်ကွာ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ထျန်းမင်သခင်ကြီးက
အသာစီးရလာပြီး လောရုံအား အနည်းငယ် ဖိနှိပ်လာနိုင်၏။
လောရုံမှာ ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေရကာ ရှုံးတော့မည့်ဆဲဆဲ ဖြစ်နေရှာသည်။
" ကောင်လေး ၊ ဒီနေ့တော့ မင်းကို ငါ သတ်မယ် "
ထျန်းမင်သခင်ကြီးဆီမှ လူသတ်အရိပ်အငွေ့ ချက်ချင်းထွက်လာ၏။
သို့သော် ထိုစဥ်တွင်..
" နတ်ဆိုးခန္ဓာကိုယ် အဖွဲ့ကသူတွေ.. ဘာကြည့်နေကြတာလဲ ။ အတူတူ လှုပ်ရှားကြလေကွာ "
အဆင့် ၁၂ နတ်ဆိုးခန္ဓာကိုယ်နှင့် လူငယ်တစ်ယောက်က အော်ပြောလာသည်။
အားလုံးမှာလည်း သူ့စကားကို ကြားမှ အသိပြန်ဝင်သွားကြ၏။
" အဲ့ကောင်ကို သတ်ကြဟေ့ "
" အတူတူ တိုက်ခိုက်ကြမယ် "
ရာနှင့်ချီသော နတ်ဆိုးခန္ဓာကိုယ်များ ထျန်းမင်သခင်ကြီးဆီသို့ တမဟုတ်ချင်း တိုးဝင်လာကြသည်။
" ဒါ.... "
ထျန်းမင်သခင်ကြီး အံ့သြတုန်လှုပ်သွားကာ သူ့ ရွှေရောင်မသေမျိုး ခန္ဓာကိုယ်ဖြင့် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
သို့သော်... ထို ခန္ဓာကိုယ်ဖြင့် လောရုံတစ်ယောက်တည်းကို ဖိနှိပ်ရန်ပင် မလွယ်ပေရာ... ဤမျှများပြားသော အစွမ်းထက် ကျင့်ကြံသူများကို သူ မည်သို့ ဖိနှိပ်နိုင်ပါမည်နည်း ။
ဝုန်း ...
ထိုစဥ်မှာပင် ရာချီသော နတ်ဆိုးခန္ဓာကိုယ်များ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာပြီး သူတို့၏ နတ်ဆိုးအရိပ်များက တစ်ခုနှင့်တစ်ခု ရောယှက်ကာ နတ်ဆိုးအရိပ်ကြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။
ထျန်းမင်သခင်ကြီး၏ ရွှေရောင်မသေမျိုး ခန္ဓာကိုယ်မှာ စစချင်းတွင် ထိုတိုက်ခိုက်မှုကို ခံနိုင်သေးသော်လည်း ...
အချိန်ကြာလာသည်နှင့်အမျှ သူ့ ရွှေရောင်မသေမျိုးခန္ဓာကိုယ်တွင် အက်ရာများ ပေါ်လာ၏။
" ဟင်.. ငါ့ရဲ့ ရွှေရောင်မသေမျိုးခန္ဓာကိုယ်က .. ပျက်စီးသွားတာလား "
ထျန်းမင်သခင်ကြီး တုန်လှုပ်သွားတော့သည်။
မကြာခင်မှာပင်... ရာချီသော နတ်ဆိုးခန္ဓာကိုယ်များနှင့် အရှုပ်အထွေး ခန္ဓာကိုယ်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြား၌.. သူ့ ရွှေရောင်မသေမျိုးခန္ဓာကိုယ် လုံးဝ ပြိုကွဲပျက်စီးသွားပါတော့၏။
သူ့ကိုယ်က ယခင်အခြေအနေသို့ ပြန်ရောက်သွားသည်။
" မင်း... မင်းတို့တွေက အုပ်စုလိုက်မှ တိုက်ရဲတာပဲကွ ။ စိတ်ဓာတ်မကောင်းတဲ့ကောင်တွေ "
ထျန်းမင်သခင်ကြီး အားလုံးကိုကြည့်ကာ ဒေါသတကြီး အော်လိုက်သည်။
သို့သော်... သူ့ အသံက ပျောင်ပိုင်မြို့သားများ၏ ညာသံပေးအော်ဟစ်သံများကြား၌ လုံးဝ ပျောက်ကွယ်သွားပါ၏။
ထိုစဥ်မှာပင် တိုက်ခိုက်မှုများ နောက်တစ်ကြိမ် ပြန်စလာကာ ..
ထျန်းမင်သခင်ကြီး ဖျက်ဆီးခံလိုက်ရတော့သည်။
ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော အမျိုးသမီး ထျန်းမင်သခင်မကြီး တစ်ကိုယ်လုံး တုန်သွား၏။
" တစ်ခုခု လွဲနေပြီ ။ တစ်ခုခုတော့ တကယ်ကြီး လွဲနေပြီ ။ ဒီထျန်းယွမ်ကမ္ဘာက ဘာဖြစ်နေတာလဲ ။ ဟို မဟာအလင်းတန်းဂိုဏ်း ရထားတဲ့ သတင်းတွေကလဲ အကုန် အမှားတွေချည်းပဲ ။ ဒီကောင်တွေ သေဖို့ပဲ ကောင်းတယ် "
သူမ လူသတ်အရိပ်အငွေ့အပြည့်ပါသော မျက်လုံးများဖြင့် မဟာအလင်းတန်းဂိုဏ်းမှ လူများဘက် လှည့်ကြည့်လိုက်သည်။
မဟာအလင်းတန်းဂိုဏ်းမှ လူများမှာလည်း သူမအကြည့်ကြောင့် ကြောက်ရွံ့ထိတ်လန့်ကုန်ကြ၏။
ထိုအချိန်မှာပင်..
ဝှစ်..
ပြိုင်ဘက်ကို အနိုင်ယူပြီးသွားသော လောရုံတို့ လူစုက အမျိုးသမီး ထျန်းမင်သခင်မကြီးဘက် လှည့်ကြည့်လာကြသည်။
ဂလု..
ထျန်းမင်သခင်မကြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး တုန်တုန်ယင်ယင် ပြော၏။
" မင်းတို့တွေအားလုံးက ယောကျ်ားကြီးတွေ လုပ်နေပြီးတော့ အမျိုးသမီးတစ်ယောက်ကို အုပ်စုလိုက် တိုက်ခိုက်ကြမလို့လား ။ သတ္တိရှိရင် မိန်းမ
အချင်းချင်း တစ်ယောက်ချင်း တိုက်ခိုက်ပါလား "
သူမ အံကြိတ်၍ ရှေ့မှလူများကို လက်ညိုးထိုးကာ အော်လိုက်သည်။
သို့သော်.. သူမ စကားဆုံးချိန်မှာပင် အနောက်ဘက်မှ အသံတစ်သံကို ကြားလိုက်ရပါ၏။
" ဟင်... "
အမျိုးသမီး လန့်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ..
ခေါင်းတွင် ဦးချိုနှစ်ချောင်းနှင့် အမျိုးသမီးတစ်ယောက်က လေထဲမှ သူမဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးမှာ နျိုထျဲ့ချူ ပင်..
" မင်းက မိန်းမချင်းပဲ တစ်ယောက်ချင်း တိုက်ခိုက်ချင်တာ မဟုတ်လား ။ ငါ ကူညီပေးမယ် "
နျိုထျဲ့ချူ အေးစက်စက် ပြောလိုက်သည်။
ထျန်းမင်သခင်မကြီး လှောင်ပြုံး ပြုံးလိုက်၏။
" ကောင်းပြီလေ ၊ ဒီနေ့တော့ ထျန်းမင်ကမ္ဘာရဲ့အစွမ်းက ဘယ်လောက်ရှိတယ်ဆိုတာ မင်းမြင်အောင် ပြပေးမယ် "
ဝုန်း ...
စကားဆုံးချိန်မှာပင် သူမကိုယ်မှ မသေမျိုးစွမ်းအင်များ ပေါက်ထွက်လာပြီး သူမ၏ အရောင်အဝါလည်း အဆများစွာ တိုးလာသည်။
" ကောင်မလေး ၊ မင်းက ငါ့ကို တစ်ယောက်ချင်းတိုက်ခိုက်ဖို့ စိန်ခေါ်ရဲတယ်ပေါ့လေ ။ ကံဆိုးတာက မင်း လူရွေးမှားသွားပြီ.. "
ထျန်းမင်သခင်မကြီး လှောင်ပြုံးဖြင့် ပြောလိုက်၏။
လက်ရှိတွင် သူမ၏ အရောင်အဝါက နျိုထျဲ့ချူထက် များစွာသာနေသည့်အတွက် သူမ အနိုင်ရလိမ့်မည်ဟုလည်း ယုံကြည်ချက် အပြည့်ရှိနေပါသည်။
သို့သော်..
" အိုး... မင်းရဲ့ တိုက်ခိုက်အစွမ်းက တိုးလာတာပါလား ။ အဲ့လိုဆိုတော့လဲ ငါ့ရဲ့ ပုံကို ပြောင်းရတော့မှာပေါ့ "
နျိုထျဲ့ချူ ပြောလိုက်သည်။
သူမ စကားကြောင့် ထျန်းမင်သခင်မကြီး အံ့အားသင့်သွား၏။
" မင်းမှာလဲ ဝှက်ဖဲရှိနေတာလား ။ ဒါပေမယ့် အရေးမကြီးဘူး ... မင်းရဲ့ အစွမ်း ဆယ်ဆတိုးလာရင်တောင် ငါ့ကို မမှီသေးပါဘူးဟယ် "
နျိုထျဲ့ချူ ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ။ တကယ်လဲ ဆယ်ဆနဲ့ မလုံလောက်ဘူး "
သူမ ပြောပြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" နဂါးအသွင်ပြောင်းခြင်း "
ဝုန်း ...
" နတ်ဆိုးခန္ဓာကိုယ် "
ဝုန်း ...
" ဘိုးဘေးတို့ရဲ့ သွေးအစွမ်း "
ဝုန်း ...
ထိုအချိန်တွင် နျိုထျဲ့ချူ တစ်ကိုယ်လုံး မိုးကြိုးလျှပ်စီးတို့ တလက်လက်တောက်နေပြီး ခေါင်းပေါ်တွင်လည်း ထူးဆန်းသော ခေါင်းလောင်းရှည်ကြီးတစ်ခု ပေါ်လာ၏။
သူမ အနောက်တွင်မူ ဧရာမ အရိပ်ကြီးနှစ်ခု ဘေးချင်းယှဥ်ရပ်လျက် ...
အရိပ်တစ်ခုမှာ နဂါးအရိပ်ကြီး ဖြစ်ကာ... ကျန်တစ်ခုမှာကား နွားအသွင် ဧရာမ ရှေးဟောင်းသားရဲကြီးတစ်ကောင် ဖြစ်သည်။
နျိုထျဲ့ချူက တင်းပုတ်အား လက်ထဲတွင်ကိုင်ကာ တဖက်မှ သူမထက် အရောင်အဝါ များစွာပိုအားနည်းသည့် ထျန်းမင်သခင်မကြီးကို ကြည့်၍ ပြော၏။
" ဆယ်ဆနဲ့ မလုံလောက်ဘူးဆိုတေ့ အဆတစ်ရာ
လောက်ဆို အဆင်ပြေတယ် မဟုတ်လား "
" ဒါ.... "
ထျန်းမင်သခင်မကြီး လုံးဝ ဆွံ့အသွားရတော့သည်။
ထျန်းယွမ်ကမ္ဘာတွင် ဘီလူးကြီးများ အဘယ့်ကြောင့် ဤမျှ များနေရပါသနည်း ။
ယခု ရှေ့မှ နျိုထျဲ့ချူက သူမထက် ပိုအစွမ်းထက်သည်မှာ သံသယဝင်ဖွယ် မရှိပါ ။
ဘာတွေဖြစ်နေပါသနည်း...
ဝှစ်..
သူမ ချက်ချင်းနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်တော့သည်။
သို့သော် နျိုထျဲ့ချူက ဒေါသတကြီး လှမ်းအော်၏။
" မင်းက ငါတို့ရဲ့ ထျန်းယွမ်ကမ္ဘာကို ကျူးကျော်ပြီးတော့ ပျောင်ပိုင်မြို့ကိုလဲ တိုက်ခိုက်သေးတယ် ။
အခု ထွက်ပြေးချင်ပြီပေါ့လေ... သေစမ်း "
ဝုန်း..
သူမ ပြောပြောဆိုဆိုပင် တင်းပုတ်ကြီးကို ယမ်းလိုက်သည်။ ၎င်းတင်းပုတ်ကြီးက အချိန်နှင့်နေရာ စည်းမျဥ်းများကို လျစ်လျူရှု၍ ထျန်းမင်သခင်မကြီး၏ နောက်ကျောပေါ် ကျလာ၏။
အွတ် ..
ထျန်းမင်သခင်မကြီး ချက်ချင်း သွေးအန်သွားကာ နျိုထျဲ့ချူ၏ တင်းပုတ်လက်ချက်ဖြင့် သေဆုံးသွားရတော့သည်။
ဝီ ..
ထို့နောက်တွင် နျိုထျဲ့ချူ၏ အရောင်အဝါ ရုတ်တရက် ပြန်ပျောက်ကွယ်သွားကာ သူမ၏ ကိုယ်လည်း မူလအတိုင်း ပြန်ဖြစ်သွား၏။
" ဟူး... ဒီခန္ဓာကိုယ် အခြေအနေကို ဆယ်စက္ကန့်
ကျော်လောက်ပဲ ထိန်းထားနိုင်တာ စိတ်မကောင်းစရာပဲ "
သူမ ခေါင်းယမ်း၍ စိတ်ပျက်လက်ပျက် ဆိုသည်။