← Chapters

အခန်း (၇၃၀)

Vol. 53 Ch. 730

အခန်း (၇၃၀)

Vol. 53 Ch. 730

ဘုန်း... ဘုန်း ... ဘုန်း...

လုံယီရွှယ် ငိုနေရင်း လက်သီးဖြင့် ဆက်တိုက်ထိုးလိုက်သည်။

သူမ၏ လက်သီးချက် တစ်ချက်စီတိုင်းတွင် မရေမတွက်နိုင်သော သားရဲအရိပ်ကြီးများနှင့် မျိုးစုံသော နဂါးအရိပ်များ ပါဝင်နေပါ၏။

နဂါးမည်းသခင်ကြီးမှာ စစချင်းတွင် ခုခံရန် ပြင်လိုက်သေးသော်လည်း..

သူ မည်မျှပင် ကြိုးစားရှေ့တိုးပါစေ ၊ လုံယီရွှယ်၏ လက်သီးချက်​ကြောင့် နောက်သို့ ဆုတ်သွားရသည်ချည်း ဖြစ်ပါသည်။

အကြိမ်အနည်းငယ် အထိုးခံရပြီး နောက်တွင်ကား.. သူ ငြိမ်သက်သွားတော့၏။

သူ့ခန္ဓာကိုယ် အများစုမှာလည်း ကမ္ဘာနှစ်ခုကြား

တံခါးပေါ်တွင် ကပ်နေလေပြီ ။

၎င်းတို့က ဟွမ်ဖုယွီ၏ ခန္ဓာကိုယ်အကြွင်းအကျန်နှင့် လှပစွာပင် ပေါင်းစပ်နေသေးတော့၏။

ထိုအချိန်တွင် လုံယီရွှယ်၏ လက်၌ နဂါးမည်းကြီး၏ အမည်းရောင်သွေးများ စွန်းထင်းနေကာ ... ၎င်းတို့က သူမ၏ ခန္ဓာကိုယ်ထဲသို့ နည်းနည်းချင်း စီးဝင်သွားသည်။

" ဟင်... "

ထိုစဥ်မှ သူ့လက်သူ ပြန်ကြည့်မိသော လုံယီရွှယ်တစ်ယောက် အံ့သြထိတ်လန့်သွား၏။

ဝီ ..

သူမ၏ အနောက်ဘက်တွင် အမည်းရောင် နဂါးအရိပ်တစ်ခု ရုတ်ချည်းစုစည်းလာသည်။

" ဟင်.... အဲ့ဒါ ဘာကြီးလဲ ၊ အမည်းရောင်နဂါးကြီးရဲ့ အစွမ်းလား "

သူမ နားမလည်နိုင်စွာ မေးလိုက်သည်။

ထိုစဥ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့တွင် ရှိနေသော ဝိဥာဥ်သခင်ကြီး တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။

" အမည်းရောင်နဂါးကြီးရဲ့ အစွမ်းတွေက ဒီကလေးမရဲ့ စုပ်ယူတာကို ခံလိုက်ရတာပဲ "

သူ တီးတိုးရေရွတ်လိုက်သည်။

သူ ၎င်းနှင့်ဆင်တူ မြင်ကွင်းမျိုးကို ကြိမ်ဖန်များစွာပင် မြင်ဖူးထားပါ၏။

သို့သော် ယခင်ကဆိုလျှင် အမည်းရောင်နဂါးကြီးကသာ အခြားနဂါးများ၏ အစွမ်းကို စုပ်ယူလေ့ ရှိခဲ့ပါသည်။

သို့သော်.. ယခုတွင်မူ ... ထိုသို့ စုပ်ယူခံရသူက အမည်းရောင်နဂါးကြီးကိုယ်တိုင် ဖြစ်သွားခဲ့လေပြီ ။

" ထျန်းယွမ်ကမ္ဘာရဲ့ ကောင်းကင်ဘုံနဂါး မျိုးဆက်

က အရင် မျိုးဆက်ထက်တောင် ပိုကြောက်စရာ ကောင်းတာပဲ ။ ဒီကိစ္စကို ကိုင်တွယ်ဖို့ လွယ်မှာမဟုတ်တော့ ဟိုကောင့်ကိုပဲ အရင်ရှင်းရမယ်နဲ့ တူတယ် "

တဖက်မှ ထိုမြင်ကွင်းကို ကြည့်နေသော သေမင်းသခင်ကြီး၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။

သူ ထိုသို့တွေးပြီး လုံယီရွှယ်ဆီသို့ ခြေလှမ်းတိုးရန် ပြင်လိုက်၏။

သို့သော်.. ထိုစဥ်မှာပင်..

ဝှစ် ...

လူများစွာက သူ့အား ရုတ်တရက် ဝိုင်းရံလာကြသည်။

" အမှိုက်ကောင်တွေ... သေကြစမ်းကွာ "

သေမင်းသခင်ကြီး ထိုသူများအား အေးစက်စက် ကြည့်လိုက်သည်။

ဝုန်း..

တဖက်လူများအားလုံး နောက်သို့ အသည်းအသန် ဆုတ်သွားကြရ၏။

" ဒီ.. စိတ်ဝိဥာဥ်အစွမ်းက ကြောက်စရာကောင်းလိုက်တာ "

ထိုလူများ သေမင်းသခင်ကြီးကို တုန်လှုပ်စွာ ကြည့်လာကြသည်။

သေမင်းသခင်ကြီးကလည်း အနည်းငယ်လန့်သွားဟန်တူကာ ရယ်ရင်း ပြန်ပြော၏။

" အိုး.... မင်းတို့ကောင်တွေရဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ အားမနည်းပါလားကွ ။ ငါက သာမာန်ပဲ တိုက်ခိုက်လိုက်တာ ဆိုပေမယ့်လို့ မင်းတို့က အရူးတွေ မဖြစ်သွားကြသလို မင်းတို့ရဲ့ စိတ်ဝိဥာဥ်တွေလဲ ပျက်စီးမသွားခဲ့ဘူး ။ မင်းတို့ကို ချီးကျူးသင့်တာတော့ အမှန်ပဲ "

တဖက်မှ လူများ မျက်နှာထား အနည်းငယ်ပြောင်းသွားကြပြီး... တစ်ယောက်က လေသံမာဖြင့် အော်

ပြောလိုက်သည်။

" စိတ်ဝိဥာဥ်စခန်း ... လူစုကြ "

ဝုန်း

သူ့စကားသံ ဆုံးသည်နှင့် တိုက်ပွဲကွင်းပြင်အနှံံ့ ရောက်နေကြသည့် လူများစွာပင် ထွက်လာကာ ထိုလူဘေးသို့ ရောက်လာကြ၏။

ထိုလူအုပ်မှာ အရေအတွက် ရာချီပါသည်။

၎င်းကိုကြည့်နေသော သေမင်းသခင်ကြီးက ရယ်ရင်း ပြော၏။

" ရူးလိုက်တာကွာ ။ စိတ်ဝိဥာဥ်ပညာရှင်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ လူတွေအများကြီးကို တိုက်ပွဲထဲ ခေါ်သွင်းလိုက်တော့ရော ဘာထူးမှာလဲ ။ စိတ်ဝိဥာဥ်ပညာရှင်တွေက စိတ်ဝိဥာဥ်အစွမ်းနဲ့ပဲ ယှဥ်ပြီး တိုက်ခိုက်တာကွ "

သူ့စကား ဆုံးချိန်မှာပင် ...

ဝုန်း ...

သူ့ကိုယ်ထဲမှ စိတ်ဝိဥာဥ်အစွမ်းများ ရုတ်တရက် ထွက်လာကာ အရပ်မျက်နှာစုံသို့ လွင့်ပျံ့သွားသည်။

ဤတစ်ကြိမ်တွင်မူ ရန်သူများအား တစ်ကွက်တည်းဖြင့် အပြောင်ရှင်းရန် ရည်ရွယ်ပြီး သူ့အစွမ်းအစစ်ကို ထုတ်သုံးလိုက်ပါ၏။

သို့သော်.. ထိုစဥ်တွင်..

" စိတ်ဝိဥာဥ်စခန်း ၊ စိတ်ဝိဥာဥ် သိုင်းကွက် "

အော်သံကျယ် တစ်သံနှင့်အတူ စိတ်ဝိဥာဥ်စခန်းမှ လူများအားလုံးက သူတို့၏ စိတ်ဝိဥာဥ်အစွမ်းများကို အစွမ်းကုန်ထုတ်၍ သေမင်းသခင်ကြီးထံသို့ ပို့လွှတ်လိုက်ကြသည်။

" ဟင်... "

သေမင်းသခင်ကြီးမှာလည်း ထိုစဥ်မှသာ တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိသွားသည်။

စစချင်းတွင် တဖက်လူမှာ သာမာန်လူများကို စစ်ကူခေါ်နေသည်ဟုသာ သူ ထင်ထားခဲ့ပါ၏။

ထို့ကြောင့်လည်း သူ့စိတ်ထဲ ဘာကိုမှ အလေးနက်မထားခဲ့ခြင်းပင် ။

ယခု အမှန်တကယ် တိုက်ခိုက်ချိန်တွင်မူ.. သူ့ရှေ့ရှိ ရာနှင့်ချီသော လူအုပ်ကြီးက စိတ်ဝိဥာဥ်ပညာရှင်များဖြစ်ကြောင်း သိလိုက်ရတော့၏။

ထို့အပြင်... သူတို့အားလုံးမှာ စိတ်ဝိဥာဥ်ဖြင့် မသေမျိုးအဆင့်သို့ ရောက်ထားကြသူများ ဖြစ်ပါသည်။

" ဘာလို့ အဲ့လောက်များရတာလဲ "

ထိုတခဏ၌ သေမင်းသခင်ကြီး လွန်စွာ တုန်လှုပ်သွားတော့သည်။

သူတို့၏ ထျန်းမင်ကမ္ဘာတွင်ပင် ရှေးခေတ်ကတည်းက စိတ်ဝိဥာဥ်ဖြင့် မသေမျိုးအဆင့်သို့ ရောက်သွားခဲ့သော စိတ်ဝိဥာဥ်ပညာရှင် အရေအတွက် ဤမျှ မများပါချေ။

ယခု ထျန်းယွမ်ကမ္ဘာ၌ အဘယ့်ကြောင့် ဤမျှ များနေရပါသနည်း ။

ဝုန်း...

စိတ်ဝိဥာဥ်အစွမ်း လှိုင်းလုံးကြီးတစ်ခု ပေါ်လာပြီး..

သေမင်းသခင်ကြီး၏ စိတ်ဝိဥာဥ်အစွမ်းများမှာ သူ့ဘေးပတ်လည်ရှိ စိတ်ဝိဥာဥ်စခန်းမှ လူများ၏ တားဆီးပိတ်ဆို့ခြင်းကို ခံလိုက်ရတော့သည်။

" ရန်သူက အစွမ်းထက်တယ်ကွ ။ အားလုံး အတူတူလှုပ်ရှားကြ "

စိတ်ဝိဥာဥ်စခန်းမှ လူတစ်ယောက်က အော်ပြော၏။

" သတ်ကြဟေ့ "

ထို့နောက်တွင်... သူတို့လူစုက ရုတ်တရက် လက်ဖြင့် အစီအမံများလုပ်၍ သေမင်းသခင်ကြီးအား မျိုးစုံလှသော စိတ်ဝိဥာဥ်အစွမ်း သိုင်းကွက်များဖြင့် တိုက်ခိုက်လိုက်ကြသည်။

" မင်းတို့တွေ .... "

သေမင်းသခင်ကြီး မျက်နှာဖြူရော်သွားပါ၏။

စိတ်ဝိဥာဥ်အစွမ်းဖြင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရသည့် တိုက်ပွဲမျိုးဆိုလျှင် ထိုလူများက သူ့ပြိုင်ဘက် လုံးဝမဟုတ်ပါချေ။

သို့သော်... ရာချီသော လူအုပ်နှင့် ဆိုလျှင်မူ... အခြေအနေက ကွဲသွားလေပြီ ။

အထူးသဖြင့် တဖက်မှ ပြိုင်ဘက်များစွာ၏ အစွမ်းသည် သူ့ထက်နိမ့်ကြသည့်တိုင် များစွာ မနိမ့်လှပါ ။

ထိုသို့သော လူများ၏ စိတ်ဝိဥာဥ်အစွမ်း တိုက်ခိုက်မှုအောက်တွင် သေမင်းသခင်ကြီး ဆက်တောင့်မခံနိုင်တော့ပေ ။

သို့သော်.. သူ့ဘေးပတ်လည်တွင် စိတ်ဝိဥာဥ်စခန်းမှ လူများ ဝန်းရံထားကြသည့်အတွက် သူ ထွက်ပြေးချင်လျှင်ပင် ထွက်ပြေး၍ မရပါ ။

" ချီး... လုံးဝ လက်မခံနိုင်ဘူး ။ ငါက ဘာကြောင့်မို့

ခုလိုဖြစ်... "

သူ့ စိတ်ဝိဥာဥ်အစွမ်းက တဖြည်းဖြည်း ဖိနှိပ်ခံလာရသည်ကို သိလိုက်ရသော သေမင်းသခင်ကြီး ဒေါသတကြီး အော်လိုက်၏။

သို့သော်... နောက်ကျသွားခဲ့လေပြီ ။

စိတ်ဝိဥာဥ်စခန်းသားများ၏ ရာနှင့်ချီသော စိတ်ဝိဥာဥ်အစွမ်းများက သူ့အသိစိတ်ပင်လယ်ကိုပါ တိုက်ခိုက်လာကာ ...

သေမင်းသခင်ကြီး တစ်ကိုယ်လုံး တုန်သွားသည်။

ထို့နောက်တွင်..

ဝီ ..

သူ့ခန္ဓာကိုယ် လေထဲမှ ကျလာပြီး..

ဘုန်း..

မြေပြင်သို့ ခပ်ပြင်းပြင်း ကျကာ နေရာတွင် သေဆုံး

သွားတော့၏။

" ဝိုး... အစွမ်းထက်လိုက်တာ ။ ထျန်းမင်ကမ္ဘာက လူတွေရဲ့အစွမ်းက အဲ့လောက်တောင်လား "

ထိုအချိန်တွင် စိတ်ဝိဥာဥ်စခန်းမှ လူများမှာ အသက်ကို ခပ်ပြင်းပြင်း ရှူနေရပြီး မျက်နှာများလည်း ပုတ်သိုးနေကြသည်။

ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့မှ သူတို့ကိုကြည့်နေသော ဝိဥာဥ်သခင်ကြီး အံ့သြမှင်သက်နေမိတော့၏။

" သေမင်းသခင်ကြီးလဲ သေသွားပြီလား ။ ထျန်းမင်သခင်ကြီး ၇ ယောက်ထဲမှာမှ သတ်ဖို့အခက်ဆုံးလို့ နာမည်ကျော်တဲ့ သေမင်းသခင်ကြီးက ဟိုလူတစ်စုကြောင့် သေသွားခဲ့ရတယ်ပေါ့ ။ ဒါ မဟုတ်သေးဘူး... အဲ့လို မဖြစ်သင့်ဘူးလေ "

ဝိဥာဥ်သခင်ကြီး မျက်နှာဖြူရော်နေတော့သည်။

သူ ချက်ချင်းပင် ကျန် ထျန်းမင်သခင်ကြီး လေးယောက်ဘက်လှည့်၍ သတိပေးစကားဆိုလိုက်၏။

" အားလုံး.... သတိထားကြနော် ၊ ဒီ ထျန်းယွမ်ကမ္ဘာ

က ပုံမှန်မဟုတ်ဘူး "

သို့သော် တဖက်မှ ထျန်းမင်သခင်ကြီး လေးယောက်မှာကား သူ့ကို အာရုံစိုက်ရန်ပင် မအားကြပါ ။

ဝုန်း ..

ပေါက်ကွဲသံ တစ်သံနှင့်အတူ အရပ်ရှည်ရှည် လူငယ်တစ်ယောက် လေထဲပေါ်လာသည်။

" ထျန်းမင်ကမ္ဘာရဲ့ မသေမျိုးသခင်ကြီး တစ်ယောက်ဖြစ်တဲ့ ၊ ငါ က ထျန်းမင်ကမ္ဘာမှာ နံပါတ်တစ် ခန္ဓာကိုယ်ကျင့်ကြံသူပဲ ။ မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲကွ... ငါ့ကို တားနိုင်မယ် ထင်လို့လား "

ထျန်းမင်သခင်ကြီးက ရှေ့တွင်ပေါ်လာသော လူငယ်ကိုကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်၏။

သို့သော် သူ့စကားဆုံးချိန်မှာပင် ...

ဝုန်း.... ဘုန်း ... ဘုန်း.... ဘုန်း ...

လူငယ်ဘေး၌ အခြားသော လူငယ်များစွာ ထပ်ပေါ်လာပြီး .. သူတို့အနောက်ဘက်တွင်လည်း နတ်ဆိုးအရိပ်များ စုစည်းလာကြသည်။

ဖြစ်သွားပုံမှာလည်း လျင်မြန်လွန်းလှပါ၏။

" ဟင် .... ရှေးဟောင်းနတ်ဆိုးကမ္ဘာက နတ်ဆိုးခန္ဓာကိုယ် တွေပါလား ... ။ မင်းတို့ အဲ့ဒါတွေကို ဘယ်လိုရခဲ့တာလဲ ။ ပြီးတော့... အားလုံးက အဆင့် ၈ နဲ့အထက် နတ်ဆိုးခန္ဓာကိုယ်တွေချည်းပဲ ။ မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်တောင် ခြောက်ယောက် ပါတယ်... "

ထျန်းမင်ကမ္ဘာမှ မသေမျိုးသခင်ကြီး ဟန်ချက်ပျက်သွားတော့သည်။

ထျန်းမင်ကမ္ဘာနှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာတို့မှာ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြဖူးပြီး သူတို့ထျန်းမင်ကမ္ဘာကသာ အနိုင်ရခဲ့သည် များပါ၏။

သို့သော် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ နတ်ဆိုးခန္ဓာကိုယ်များက မည်မျှအစွမ်းထက်သည်ကို ထျန်းမင်ကမ္ဘာ၏ မသေမျိုးသခင်ကြီး ဖြစ်သော သူ မသိ

ဘဲ မနေပါချေ ။

အထူးသဖြင့် မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် များပင် ...

သူ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် ပိုင်ရှင်နှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပြီး သိုင်းကွက်ထောင်ချီ သုံးပြီးချိန်မှသာ တဖက်ပြိုင်ဘက်အား ခဲခဲယဥ်းယဥ်း သတ်နိုင်ခဲ့ပါ၏။

ထိုသို့ သတ်ရန်အတွက်လည်း သူ့ဘက်မှ ဆုံးရှုံးမှု ကြီးခဲ့ပါသည်။

သို့သော်.. ယခုတွင်ကား သူ့ရှေ့၌ မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် များစွာပင် ပေါ်လာနေပါ၏။

သူ ထိုလူများကို မည်သို့ တိုက်ခိုက်ရပါမည်နည်း ။

သူ လူအုပ်အား ဝေ့ကြည့်လိုက်ရာ.. နောက်တွင် နတ်ဆိုးအရိပ် မထုတ်ထားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

" ဟာကွက်တော့ တွေ့ပြီ ၊ အဲ့ကနေ ထွက်ရမယ် "

သူ ထိုသို့တွေးပြီး လူငယ်ရှိရာဘက်သို့ ပြေးဝင်သွားလိုက်သည်။

ယခုလို အချိန်မျိုးတွင် ရူးနေမှသာ ဤမျှများပြားသော နတ်ဆိုးများနှင့် တိုက်ခိုက်ပေလိမ့်မည်။

" ကောင်လေး.. သေလိုက်တော့ "

သူ အော်ပြီး ပြေးနေရင်း လူငယ်အား လက်ဝါးဖြင့် ရိုက်လိုက်သည်။

တဖက်လူငယ်က ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့သွား၏။

" အရှုပ်အထွေး ခန္ဓာကိုယ်... ပွင့်စေ "

ဝုန်း...

ချက်ချင်းမှာပင် သူ့ အရှုပ်အထွေးခန္ဓာကိုယ် စလှုပ်ရှားလာတော့သည်။

သူ့နောက်တွင်လည်း တာအိုစိတ်ဝိဥာဥ် အရိပ်တစ်ခု

စုစည်းလာပါ၏။

ထိုလူငယ်မှာ လောရုံပါပင်...

" ဟင်... အရှုပ်အထွေးခန္ဓာကိုယ် ပါလား... "

ထျန်းမင်ကမ္ဘာမှ မသေမျိုးသခင်ကြီး မျက်နှာဖြူသွားပြန်တော့သည်။

နတ်ဆိုးခန္ဓာကိုယ် များမှ လွတ်မြောက်ရန်အတွက် သူ ဟာကွက်ရှာပြီး ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း...

နောက်ဆုံးတွင် အရှုပ်အထွေးခန္ဓာကိုယ် နှင့်မှ ဝင်တိုးမိသွားသတဲ့လား ။

All Chapters