ဝမ်ဟွမ်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
Vol. 83 Ch. 1233
ရှန်ဟဲဆေးပညာရိပ်မြုံသည် ယနေ့တွင်လည်း ခါတိုင်းကဲ့သို့ စည်ကားနေခဲ့သည်။ ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဆေးလုံး အများအပြား မရောင်းချကြသော်လည်း လူအများသည် စင်ပေါ်တင်ထားသမျှ ဆေးတိုင်းကို လုယက်ဝယ်ယူသွားသည်။ သို့သော် ဤနေရာတွင် မောက်မာစွာ ပြုမူဝံ့သူ မရှိပေ။ ဤဆိုင်ပိုင်ရှင်သည် အထင်အမြင်သေးစွာ ဆက်ဆံသင့်သူ မဟုတ်ကြောင်း လူတိုင်းသိကြသည်။ ယခင်က ဤဆိုင်ပိုင်ရှင်ကို ဒုက္ခပေးဝံ့သူများသည် ၎င်းတို့၏ အဆင့်အတန်းများ၊ ခွန်အားများ မခွဲခြားဘဲ သေဆုံးသွားကြရာ၊ မည်သူတစ်ဦးတစ်ယောက်မျှ မလွတ်မြောက်ခဲ့ကြပေ။ စစ်ဝံပုလွေဂိုဏ်း၏လက်ထောက်ခေါင်းဆောင်ကဲ့သို့ ဩဇာအာဏာရှိသောပုဂ္ဂိုလ်များပင် ကျဆုံးသွားရသည်။
၎င်းတို့အားလုံးသည် အဆင့်နိမ့်ကြေးစားများဖြစ်လျှင်ပင် မည်သို့ ပြုလုပ်နိုင်မည်နည်း။ ဤနာမည်ကြီး ကြေးစားအဖွဲ့အစည်းများပင် ဤနေရာတွင် မိုက်မဲစွာ ဝံ့ကြွားနေမည် မဟုတ်ပေ။ ရုတ်တရက်ဆိုသလိုပင် ဓားအလင်းတန်းတစ်ခု ကောင်းကင်မှ ဖြတ်သန်းလာခဲ့သည်။ ဤအလင်းတန်းသည် ကမ္ဘာကြီးတစ်ခုလုံးကို ထက်ပိုင်းဆုတ်ဖြဲလုနီးပါးဖြစ်နေသကဲ့သို့ ထင်မှတ်ရစေသည်။ ပြီးနောက် ထိုအလင်းတန်းထဲမှ ပုံရိပ်တစ်ခု ချက်ချင်း ဆင်းသက်လာကာ ဆေးရောင်းဝယ်ရေးလမ်းမ၌ ပေါ်ပေါက်လာလေသည်။
"အဲဒါ ဘယ်သူလဲ၊ ဘာလို့ ဒီလောက်တောင် မာန်ထောင်နေရတာလဲ"
ကြေးစားများသည် ထိုလူ၏ အထောက်အထားကို မဖော်ထုတ်နိုင်မီ ထိုလူသည် သူ၏ ဓားကို အလင်းအဟုန်ပြင်းစွာ ဆွဲထုတ်လိုက်ပြီဖြစ်သည်။ အလင်းတန်းသည် ကောင်းကင်ကို ဖြတ်သန်းပြီးနောက် ရှန်ဟဲဆေးပညာရိပ်မြုံဆီသို့ ပျံနှံ့သွားသည်။
ဘုံး
အလင်းတန်းသည် ပေ ၁၀၀၀ ကျော်အထိ ကျယ်ပြန့်လာပြီးနောက် နဂါးတစ်ကောင်ကဲ့သို့ ဆင်းသက်လာသည်။ ကောင်းကင်တစ်ခုလုံး ပြိုလဲသွားကာ ၎င်းသည် ဤရှည်လျားသော သက်တံ့တစ်စင်းနှင့်အတူ ကျရောက်လာသည်။ ထိုအခါ ရှန်ဟဲဆေးပညာရိပ်မြုံတစ်လျှောက်ရှိ အတားအဆီးများ ချက်ချင်းပင် အသက်ဝင်လာခဲ့သည်။
သို့သော် ဤအတားအဆီးများ၏ အဆင့်သည် နိမ့်ကျလွန်းလှသည်။ ၎င်းတို့သည် ထိုအချိန်က ဝမ်ကျောက် ဖန်တီးခဲ့သော အတားအဆီးများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ထောပတ်ထဲသို့ ဓားပူပူတစ်ချောင်း ဖြတ်သန်းသွားကဲ့သို့ ချက်ခြင်းပင် ကွဲထွက်သွားကြသည်။ အတားအဆီးများသည် မည်သည့်အခက်အခဲမှ မရှိဘဲ ဖြတ်တောက်ခံခဲ့ရသည်။ အလင်းတန်းသည် ရှန်ဟဲဆေးပညာရိပ်မြုံတစ်ခုလုံးကို ဖျက်ဆီးခါနီးတွင် ကျယ်ပြောလှသော အတားအဆီးတစ်ခု ထွက်ပေါ်လာ၍ ဧရိယာတစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်။
ဘုံး
အလင်းတန်းသည် အတားအဆီးကို ထိမိသွားသောအခါ ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပျက်သွားလေသည်။ ထိုအလင်းတန်းသည် အတားအဆီးကို ထိမှန်သွားသည်နှင့် တဖြည်းဖြည်း ကွဲအက်လာသည်။ ဤတိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ၊ ၎င်း၏လှိုင်းလုံးသည် ဆေးရောင်းဝယ်ရေးလမ်းမတစ်ခုလုံးကို ထိခိုက်သွားလေသည်။ ကြေးစားအများအပြားသည် တိုက်ခိုက်မှု၏ နောက်ဆက်တွဲ သက်ရောက်မှုကို ကာကွယ်ရန်အတွက် အတားအဆီးတစ်ခုကို စုပေါင်း တည်ထောင်လိုက်ကြသည်။
"သူက ဘယ်သူလဲ" လူအများအပြားသည် ကောင်းကင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
နောက်ဆုံးတွင် အလယ်အလတ်အရွယ်အစားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားစွမ်းအင်များဖြင့် လွှမ်းခြုံနေသည်။ သူ ထုတ်လွှတ်လိုက်သော ဖိအားသည် ဧရိယာတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားနိုင်သည်။
"တော်တော်အစွမ်းထက်တဲ့ ဓားရည်ရွယ်ချက်ပဲ။ ဒီလိုစွမ်းအင်မျိုးရှိတဲ့ ဓားသမားမျိုးက ဝေ့တိုင်းပြည်မှာတောင် ရှားပါးတယ်"
လူအများအပြားသည် ဓားစွမ်းအင်ကြောင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဤကြောက်ရွံ့ထိတ်လန့်မှုကို အဝေးကပင် ခံစားရနိုင်သည်။ ဤဓားချက်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားရခြင်းမဆိုနှင့် ၎င်းမှ ထွက်ပေါ်လာသော သက်ရောက်မှုသည် ၎င်းတို့ကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
"ဒါဆို သူက ဘယ်သူလဲ"
လူအများအပြားက ခန့်မှန်းနေကြသည်။
"ကျုပ် သူ့ကို အရင်က မြင်ဖူးတယ်ထင်တယ်။ သူက အမွေခံဓားစံအိမ်ရဲ့ ပိုင်ရှင်ပဲ"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ဤလူလတ်ပိုင်းအရွယ်အမျိုးသားကို မှတ်မိသွားခဲ့သည်။ သူသည် ဝေ့တိုင်းပြည်တစ်ခုလုံးရှိ အရှင်သခင်တစ်ဦးဖြစ်သည့် အမွေခံဓားစံအိမ်၏ ပိုင်ရှင်ဖြစ်ပေသည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်တွင် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်နှင့် ၎င်းအထက်ရှိသော ကျွမ်းကျင်သူများသာလျှင် ဒေသတစ်ခု၏ အရှင်သခင်များဖြစ်နိုင်ကြသည်။ ဝေ့တိုင်းပြည်၏ အရာရှိကြီးများလျှင်ပင် ထိုသို့သောပုဂ္ဂိုလ်များကို နှိုးဆော်ရန် ဆန္ဒမရှိကြပေ။
ဥပမာဆိုရသော် စစ်ဝံပုလွေဂိုဏ်းသည် ခုန်းလုံမြို့တွင် နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်၍ အံ့အားသင့်ဖွယ်ကောင်းပုံရသော်လည်း ကြီးမြတ်သော ဝေ့တိုင်းပြည်၏အရာရှိများသည် ၎င်းတို့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။ သို့သော် ထိုနေရာကို စောင့်ကြပ်နေသည့် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူရှိပါက၊ ဝေ့တိုင်းပြည်ပင် ၎င်းတို့ကို သတိထားရမည်ဖြစ်သည်။ ဤအဆင့်ရှိသော ပုဂ္ဂိုလ်မျိုးသာ အရှင်သခင်ဖြစ်နိုင်လေသည်။
အမွေခံဓားစံအိမ်၏ပိုင်ရှင်သည် လူတိုင်း၏နှလုံးသားထဲတွင် မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ပင် သိနိုင်သည်။ ဤအဆင့်ရှိ ပုဂ္ဂိုလ်မျိုးသည် သာမန်လူများ ထိတွေ့နိုင်သော အရာမဟုတ်ပေ။ ထိုသို့သော ကျွမ်းကျင်သူသည် ကောင်းကင်ဘုံရှိ နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူ၏။ ထိုလူ၏ အထောက်အထားကို အတည်ပြုပြီးနောက် လူတိုင်း တိတ်ဆိတ်သွားလေသည်။ အမွေခံဓားစံအိမ်၏ ပိုင်ရှင်ဟူသော သူ၏ဂုဏ်သတင်းအရ၊ ထိုသို့ထိတ်လန့်ဖွယ်ကောင်းသော ဓားချက်ကို ပြုလုပ်နိုင်ခြင်းသည် အံ့ဩစရာမဟုတ်ပေ။
သူသည် ကြီးမြတ်သော ဝေ့တိုင်းပြည်နိုင်ငံကြီးတစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေသူတစ်ဦးဖြစ်သည်။ သို့သော် သူသည် ရှန်ဟဲဆေးပညာရိပ်မြုံ၏ပိုင်ရှင်နှင့် မည်သို့ကြောင့် ပြဿနာရှာချင်နေရသည်ကို လူများစွာက ပို၍ သိချင်နေကြသည်။ ဤဆေးဆိုင်ပိုင်ရှင်သည် မည်သူဖြစ်သနည်း။
ရှန်ဟဲဆေးပညာရိပ်မြုံ၏ပိုင်ရှင်သည် မည်မျှသန်မာကာ အမွေခံဓားစံအိမ်၏ပိုင်ရှင်ကို ရပ်တန့်နိုင်ခြင်းရှိ၊ မရှိကိုလည်း လူအများက သိချင်နေကြသည်။
ရှန်ဟဲဆေးပညာရိပ်မြုံသည် ရုတ်တရက် ထွက်ပေါ်လာသောအခါ မရေမတွက်နိုင်သော လူများစွာသည် ချူးယွင်ဖန်း၏ နောက်ခံအသိုင်းအဝိုင်းကို ခန့်မှန်းခဲ့ကြသည်။ သို့တိုင် မည်သူမျှ သူ၏အကြောင်းနှင့်ပတ်သက်၍ မသိနိုင်ခဲ့ပေ။ သူသည် အတုအယောင် လှုပ်ရှားမှုများပင် ပြုလုပ်ရန် မလိုအပ်ဘဲ လမ်းပေါ်ရှိ လူများကို အလွယ်တကူ ရိုက်နှက်နိုင်ခဲ့သည်။ ထိုသို့ ရိုးရှင်းသော လှုပ်ရှားမှုများမှ သူ၏နောက်ခံအသိုင်းအဝိုင်းကို ၎င်းတို့ မပြောနိုင်ကြပေ။ ထို့ကြောင့် ယခုအခြေအနေသည် အလွန်ကောင်းသော အခွင့်အရေးဖြစ်သည်။
“မျိုးမစစ်ကောင်၊ ဒီကိုထွက်ခဲ့စမ်း။ ကွဲစမ်း" ဝမ်ဟွမ်သည် ရှန်ဟဲဆေးပညာရိပ်မြုံကို မဖျက်ဆီးနိုင်ခဲ့သည့်အတွက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ဆေးရောင်းဝယ်ရေးလမ်းမတစ်ခုလုံးနှင့် အနီးနားရှိ သိုင်းပညာကျွမ်းကျင်သူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သို့သော် ၎င်းတို့သည် ဝမ်ဟွမ်ကို အလျင်အမြန် မှတ်မိသွားကြသည်။ ခုန်းလုံမြို့၏ အရာရှိများပင် သူ့ကို ရန်ဆွရန် ဆန္ဒမရှိသောကြောင့် မည်သူမျှ ဂရုမစိုက်ကြပေ။ ဝေ့တိုင်းပြည်နှင့် ဤကျွမ်းကျင်သူများကြားရှိ သဘောတူညီချက်အရ၊ ၎င်းတို့၏ အပြုအမူသည် အများသူငှာကို မထိခိုက်စေသရွေ့ ဤကျွမ်းကျင်သူများကြားရှိ အငြိုးထားမှုများတွင် ဝင်ရောက်စွက်ဖက်ကြမည်မဟုတ်ပေ။
အနီးပတ်ဝန်းကျင်တွင် နေရာပေါင်းစုံမှ ကျွမ်းကျင်သူအများအပြားရှိနေခြင်းကြောင့် တိုက်ပွဲအတွင်း အပျက်အစီးများ မဖြစ်စေရန်နှင့် ဆေးရောင်းဝယ်ရေးလမ်းမကို ကာကွယ်ရန် အတားအဆီးများ တစ်ခုပြီးတစ်ခု ထူထောင်လိုက်ကြသည်။ အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသော လူတစ်ဦးသည် ရှန်ဟဲဆေးပညာရိပ်မြုံမှ ဖြည်းညှင်းစွာ ထွက်လာကာ ကောင်းကင်ယံသို့ တစ်လှမ်းခြင်း တက်လှမ်းလာခဲ့သည်။ ထိုလူသည် ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို တစ်နေကုန်တောင် စောင့်ခဲ့တာ။ ခင်ဗျားက တော်တော် နှေးတာပဲ"
သူ၏ခန္ဓာကိုယ်သည် ကျောက်စိမ်းကဲ့သို့သော အလင်းရောင်ဖြင့် တောက်ပနေသည်။
"ကျုပ်သားကို ချိပ်ပိတ်ခဲ့တဲ့လူဆိုတာ မင်းလား၊ မျိုးမစစ်ကောင်" ဝမ်ဟွမ်သည် သူ့အရှေ့ရှိ လူငယ်ကို အံကြိတ်လျက် စိုက်ကြည့်နေသည်။ သို့သော် သူ၏မျက်လုံးများအနက် ထိတ်လန့်မှုများကို ဖုံးကွယ်ရန် ခက်ခဲနေခဲ့သည်။
ချူးယွင်ဖန်းသည် ငယ်ရွယ်လွန်းလှသည်။ သူသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း ထိုသို့သောအောင်မြင်မှုများရရှိခဲ့သည်။ မုန်းတီးမှုဖြင့် အံကြိတ်နေသော ဝမ်ဟွမ်ပင် တုန်လှုပ်သွားလေသည်။
"ဟုတ်တယ်။ သူက ကျုပ်ကို သတ်ချင်နေတာလေ၊ ဒါကြောင့် သူ့ကို ပြစ်ဒဏ်နည်းနည်းလောက် ပေးလိုက်တာ" ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ကျုပ်သားက ကြိုးစားရင်တောင် မင်းကို မသတ်နိုင်ဘူး၊ ဒါကို မင်းက သူ့ကို ဒီလောက်ထိ အရှက်ခွဲခဲ့တယ်ဆိုတော့ မင်း မလွန်လွန်ဘူးလား" ဝမ်ဟွမ်က အေးစက်စွာ ဟစ်အော်လိုက်သည်။
ချူးယွင်ဖန်းသည် ဝမ်ဟွမ်ကို လှောင်ရယ်၍ ကြည့်လိုက်သည်။ “ဒါဆို ခင်ဗျားရဲ့သားထက် အင်အားနည်းနေတယ်ဆိုရင် ကျုပ်က သေဖို့ ထိုက်တန်တယ်ပေါ့ ဟုတ်လား"
ဝမ်ဟွမ်သည် သူ၏မေးခွန်းကို ပြန်မဖြေခဲ့သော်လည်း သူ၏ခွန်အားသာ ဝမ်ဖေးဟုန်ထက် နိမ့်ကျနေပါက၊ ချူးယွင်ဖန်းသည် သေထိုက်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ကျုပ် အပိုတွေမပြောချင်ဘူး။ မင်း ချိပ်ပိတ်ထားတာကို ပြန်ဖျက်မှာလား မဖျက်ဘူးလား" ဝမ်ဟွမ်က အော်ပြောလိုက်သည်။
"ဒါက ခင်ဗျားမှာ ကျုပ်ကို ခိုင်းနိုင်စွမ်းရှိလား မရှိလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"
******