← Chapters

တစ်ခုပြီး တစ်ခုသော ထိတ်လန့်မှုများ(၅)

Vol. 83 Ch. 1241

တစ်ခုပြီး တစ်ခုသော ထိတ်လန့်မှုများ(၅)

Vol. 83 Ch. 1241

အခြေအနများသည် ပိုမိုဆိုးရွားလာခဲ့လေသည်။ စီတုယဲ့သည် ယခင်က ချူးယွင်ဖန်းကို အထင်အမြင်သေးခဲ့ကာ သူ့သမီးနှင့် မထိုက်တန်သူဟု ထင်မှတ်ခဲ့သည်။ ချူးယွင်ဖန်းတွင် ဤသို့ဝှက်ဖဲများရှိနေမည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားပေ။

မထင်ရှားစွာ ပြုမူနေထိုင်ခဲ့သော ကိုယ်စားလှယ်လောင်းသည် အာရုံစူးစိုက်မှု အခံရဆုံးဖြစ်လာသည်။ စီနီယာအဆင့် ဆေးပညာရှင် သို့မဟုတ် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ဖြစ်ပါစေ၊ ၎င်းတို့အနက် တစ်ယောက်သည် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးကို လှုပ်ခါစေရန် လုံလောက်ပေသည်။ ချူးယွင်ဖန်းသည် သူ၏သမီးဖြစ်သူမဆိုနှင့် တော်ဝင်မင်းသမီးတစ်ဦးနှင့်ပင် ထိုက်တန်သူဖြစ်သည်။

ထိုအရည်အချင်းနှစ်ခုစလုံးဖြင့်ဆိုလျှင် သူ၏အနာဂတ်သည် အကန့်အသတ်မဲ့နေသောကြောင့် အရှင်သခင်ဖြစ်လာမည်ဖြစ်သည်။ သို့မဟုတ် သူသည် အရှင်သခင်ဖြစ်နေပြီဟု ဆိုရပေလိမ့်မည်။ ချူးယွင်ဖန်း၏ စွမ်းပကားနှင့် အရည်အချင်းဖြင့် ကြီးမြတ်သော ဝေ့တိုင်းပြည်၌ ဩဇာအာဏာကြီးမားလာရန် ခက်ခဲမည်မဟုတ်ပေ။ မဟုတ်ပါက၊ စီတုကုန်သည်အဖွဲ့အစည်းဥက္ကဋ္ဌသည် သူ့ကို ဤမျှမျက်နှာသာပေးနေရန် မလိုအပ်ပေ။ သို့သော် အရေးကြီးဆုံးသည် ချူးယွင်ဖန်းအပေါ် လျစ်လျူရှုမှုများကို အစားထိုး ပေးအပ်ရန်ဖြစ်သည်။

ပို၍အရေးကြီးဆုံးအချက်မှာ ချူးယွင်ဖန်းသည် ကျောက်တုံးတစ်ခုမှ ခုန်ထွက်လာခြင်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့ ပါရမီရှင်တစ်ဦး မွေးထုတ်ပေးနိုင်ရန် သူ၏ နောက်ကွယ်ရှိ ဂိုဏ်းသည် မည်မျှ အံ့ဩဖွယ်ကောင်းခြင်းဖြစ်သနည်း။ ယနေ့တွင် စီတုယဲ့သည် စာသင်သားရှန့်ခုန်း၏ တာအိုဝင်ရောက်ခြင်း အဆင့်ပန်းချီကို လက်ဆောင်အဖြစ်ပေးအပ်လိုက်သည်။ သုံးပုံတစ်ပုံသည် သခင်မကြီး၏မွေးနေ့အတွက် ဂုဏ်ပြုရန်ဖြစ်ရာ၊ နောက်ထပ် သုံးပုံတစ်ပုံသည် ချူးယွင်ဖန်းကို တောင်းပန်ရန်ဖြစ်၍ နောက်ဆုံးသုံးပုံတစ်ပုံသည် ချူးယွင်ဖန်း၏နောက်ကွယ်တွင်ရှိနေသည်ဟု ထင်မြင်မိသော အင်အားကြီးဂိုဏ်းကို မျက်နှာလို မျက်နှာရပြုလုပ်ရန်ဖြစ်သည်။

သူသည် ၎င်းတို့၏ ဆက်ဆံရေးအခြေအနေများ ပို၍မနီးစပ်လာခဲ့လျှင်ပင် ၎င်းတို့၏ ဆက်ဆံရေးကို ပို၍ဆိုးဝါးသွားအောင်ပြုလုပ်မည် မဟုတ်ပေ။ သို့သော် သူ သံသယရှိနေသည့် အင်အားကြီးမားသောဂိုဏ်းဟူသည် လုံးလုံးလျားလျား မရှိကြောင်း သူ မသိခဲ့ပေ။ တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် ကျောက်တုံးတစ်ခုမှ ခုန်ထွက်လာခဲ့သူဟု ဆိုခြင်းသည် မမှားယွင်းပေ။

တောင်းပန်ခြင်းအပြင် သူ့တွင် မည်သူ့ကိုမှ မပြောခဲ့ဖူးသည့် အတွေးမျိုးလည်း ရှိနေသေးသည်။ ဤသည်မှာ ဖြစ်နိုင်လျှင် ချူးယွင်ဖန်းနှင့် သူ၏အငယ်ဆုံးသမီး စီတုမြောင်ယီကို အောင်သွယ်ရန်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူမနှင့် မထိုက်တန်သူဟု အစပိုင်းတွင် ထင်မှတ်ခဲ့သော်လည်း ယခုအခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့ဘက်မှ ချူးယွင်ဖန်းကို ကြိုက်ခြင်း မကြိုက်ခြင်းက ပြဿနာမဟုတ်သော်လည်း ချူးယွင်ဖန်းသည် သူ၏မိသားစုကို ကြိုက်ခြင်း မကြိုက်ခြင်းက ပို၍အရေးကြီးပေသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူ မခံစားမိပေ။ သူ၏သမီးဖြစ်သူသည် ပန်းကလေးတစ်ပွင့်ကဲ့သို့ လှပသူဖြစ်၍ ခုန်းလုံမြို့တစ်ခွင်တွင် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။ ထိုသို့မှမဟုတ်ပါက၊ သခင်မကြီးသည် ချူးယွင်ဖန်းကို ကြင်ဖက်တွေ့ရန် တိုက်တွန်းခဲ့မည် မဟုတ်ပေ။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ကောင်းကင်ဘုံမှ ဖန်တီးပေးခဲ့သော ကြင်ရာဖက်ဟူသည့် ဆိုရိုးစကားပင်ရှိခဲ့ဖူးသည်။ ချူးယွင်ဖန်းသည် သူ၏သမက်ဖြစ်လာသောအခါ သူသည် ပြောရေးဆိုခွင့်ရှိလာမည်ဖြစ်သည်။

"အဲ့လောက်ယဥ်ကျေးနေစရာမလိုပါဘူး၊ ဥက္ကဋ္ဌစီတု။ ဒါက အသေးအဖွဲကိစ္စတစ်ခုပါ’’ ချူးယွင်ဖန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ နတ်စွမ်းအင်ဖြည့်တင်းဆေးအတွက်ရော ပြီးခဲ့တဲ့တစ်ခေါက်က ကိစ္စအတွက်ရော ကျေးဇူးတင်ပါတယ်" စီတုမြောင်ယီသည် ချူးယွင်ဖန်းကို ထိုးဖောက်မြင်တွေ့ချင်နေဟန်ဖြင့် သူမ၏တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

၎င်းတို့၏ ပထမဆုံးတွေ့ဆုံမှုတွင် ချူးယွင်ဖန်းသည် ကောလဟာလများနှင့် ကွဲပြားလှသည်ဟု သူမ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် သူမသည် အန်းရှို့ရှို့ထံမှ မယုံကြည်နိုင်ဖွယ် အဖြစ်အပျက်များစွာကို ကြားသိခဲ့ရသောကြောင့် အရာအားလုံးနှင့် ကျင့်သားရလာခဲ့ပုံပေါ်သည်။ ချူးယွင်ဖန်းသည် ဝမ်ဟွမ်ကို တိုက်ခိုက်ခဲ့ချိန်၌ပင် ထူးဆန်းလွန်းလှသည်ဟု သူမ မထင်မှတ်ခဲ့ပေ။ ချူးယွင်ဖန်းသည် မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သည်ဟု သူမ ထင်မှတ်နေသည်။

"ကိစ္စမရှိပါဘူး။ အဲ့ဒါက မွေးနေ့လက်ဆောင်တစ်ခုပါ’’ ချူးယွင်ဖန်းက ပြန်ဖြေလိုက်သည်။

စီတုမြောင်ယီသည် သူမကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် နတ်စွမ်းအင်ဖြည့်တင်းဆေးကို ချေဖျက်နေသည့်အတွက် ယခုတလောမှ သီးသန့်ကျင့်ကြံမှုမှ ထွက်လာခြင်းဖြစ်သည်။ ယခုအခါ သူမသည် နတ်အဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေသည်။ စီတုယဲ့၏ ရက်ရောမှုသည် ချူးယွင်ဖန်းက စီတုမြောင်ယီကို တောက်ပသောအနာဂတ်တစ်ခုကို ပေးအပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ သူမ၏ ပင်ကိုယ်စွမ်းရည်နှင့် စီတုမိသားစု၏ ပိုင်ဆိုင်မှုများအရ၊ နတ်အဆင့်သို့ ရောက်ရှိသွားရန် အချိန်အနည်းငယ်သာ လိုအပ်သော်လည်း စီတုမြောင်ယီသည် နတ်အဆင့်သို့ စောစီးစွာရောက်ရှိလေ၊ သူမ ရရှိလာမည့် အားသာချက်များ ပို၍များပြားလေဖြစ်သည်။

ထို့အပြင် သူမသည် နတ်အဆင့်သို့ စောစီးစွာရောက်ရှိလာခဲ့သည်။ သူမသည် အနာဂတ်တွင် သတ္တမမြောက်မဟုတ် အဋ္ဌမမြောက် နတ်အဆင့်သို့ပင် ဖြတ်ကျော်ရန် အခွင့်အလမ်းရှိနေသည်။ သူမသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အခွင့်အရေးရှိသည်ဟု ဆိုနိုင်သည်။

ချူးယွင်ဖန်းသည် သူမကို ဤအရာများ ယူဆောင်လာပေးသူဖြစ်သည့်အတွက် စီတုမြောင်ယီသည် သူ့ကို အလွန်ကျေးဇူးတင်နေမိသည်။ သူမ၏နှလုံးသားထဲတွင် မတူညီသောခံစားချက်တစ်ခုပင် ထွက်ပေါ်လာသည်။ သူမအပေါ် ဖော်လံဖားလေ့ရှိသော အထက်တန်းလွှာမိသားစုရှိ သခင်လေးများအနက် မည်သူကမျှ ချူးယွင်ဖန်းနှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ စီတုယဲ့နှင့် စီတုမြောင်ယီတို့က ချူးယွင်ဖန်းနှင့် စကားစမြည်ပြောနေစဉ် ချန်ရှန်းဟုန်သည် အံသွားများကို ကျိုးကျေမတတ် ဖိကြိတ်နေခဲ့သည်။

'ချူးယွင်ဖန်း... ထပ်ပြီး ချူးယွင်ဖန်းကြောင့်ပဲ၊ ဒီနေ့ လူတိုင်း ဘာတွေဖြစ်နေကြတာလဲ။ ဘာလို့ အားလုံးက သူ့ကိုပဲ အာရုံစိုက်နေတာလဲ'

ချန်ရှန်းဟုန်သည် ချူးယွင်ဖန်းကို အရှက်ရအောင် ပြလုပ်ချင်ခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းခန့်တန်ကြေးရှိသည့် လက်ဆောင်များသည် ချူးယွင်ဖန်းကဲ့သို့ ဆင်းရဲနွမ်းပါးသူတစ်ဦး တတ်နိုင်သည့် အရာမဟုတ်ပေ။ သို့သော်လည်း ချန်ရှန်းဟုန်တစ်ယောက် ကြွားဝါမှု မပြုမီတွင် ဤအင်အားကြီးပုဂ္ဂိုလ်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

၎င်းတို့အားလုံး ဤနေရာသို့ ရောက်လာခြင်းက ပြဿနာမဟုတ်သော်လည်း ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ ချန်ရှန်းဟုန်သည် စီတုမြောင်ယီကဲ့သို့သော အလှပဂေးတစ်ဦးက ချူးယွင်ဖန်းကို ချစ်ခင်စွာ ကြည့်နေကြောင်း မြင်လိုက်ရသောအခါ ပို၍ပင် ဒေါသထွက်လာသည်။

'သူက ဘာတွေများ အဲ့လောက် တော်နေလို့လဲ။ မိသားစုနောက်ခံနဲ့ပတ်သက်ရင် ငါကမှ တိုင်းပြည်ရဲ့ ဂျူနီယာမြို့စားတစ်ယောက်ဖြစ်သေးတယ်၊ သူက မျက်နှာသာတောင်မရတဲ့ အမွေဆက်ခံသူ ကိုယ်စားလှယ်လောင်းတစ်ယောက်သာသာပဲရှိတာ။ ရုပ်ရည်နဲ့ အပြအမူတွေအရဆိုရင်လည်း ငါက သူ့ထက် အများကြီးသာလွန်မယ်လို့ ယုံကြည်တယ်။ ဒီလူတွေက ကန်းနေကြတာပဲ။ ချူးယွင်ဖန်း၊ ချူးယွင်ဖန်း၊ ချူးယွင်ဖန်းနဲ့ သူတို့မှာ ချူးယွင်ဖန်းအတွက်ပဲ မျက်လုံးပါကြတယ်'

ဤဖြစ်စဥ်သည် ချန်ရှန်းဟုန်ကို ပို၍ပင် မနာလိုဖြစ်စေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မနာလိုစိတ်များဖြင့် တောက်လောင်နေပုံပေါ်သည်။

"သခင်မလေးစီတုမြောင်ယီ ဟုတ်တယ်မလား။ ကျုပ်က မြို့စားနင်ရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ချန်ရှန်းဟုန်ပါ။ ကျုပ်က တော်ဝင်မြို့တော်မှာပဲ အမြဲနေခဲ့တော့။ မင်းလို လှပတဲ့ မိန်းကလေးတစ်ယောက်ကို ခုန်းလုံမြို့မှာ တွေ့ရလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး" ချန်ရှန်းဟုန်သည် သူ၏ဒေါသစိတ်ကို အလျင်အမြန် ထိန်းချုပ်၍ ဖြောင့်မတ်သော အမူအရာမျိုး ဆင်မြန်းလိုက်သည်။

စီတုမြောင်ယီ၏ လှပသော မျက်ဝန်းများသည် ရွံရှာမှုများဖြင့် တောက်ပလာသည်။ သူမသည် ချမ်းသာကြွယ်ဝသော မိသားစု၏ လူပေါ်ကြော့အမျိုးသားများကို မြင်တွေ့ခဲ့ဖူးသည်။ ထိုကဲ့သို့သော လူပေါ်ကြော့အမျိုးသားများသည် ယင်ကောင်များနှင့်ပင် ဆင်တူကြသည်။ ချန်ရှန်းဟုန်က ကြွားဝါရန်ကြိုးစားလေ၊ ချူးယွင်ဖန်းက ထူးခြားသည်ဟု သူမ ထင်မြင်လေဖြစ်သည်။ အနည်းဆုံးလျှင် ချူးယွင်ဖန်းသည် သူမကို ကြည့်သောအခါ ထိုကဲ့သို့အမူအရာမျိုး မပြသခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် ချူးယွင်ဖန်းထံမှ ဖဲကြဥ်သော ခံစားချက်မျိုးပင် ခံစားရနိုင်သည်။

သို့သော်ငြားလည်း ၎င်းသည် ယဉ်ကျေးသည့် ဖဲကြဉ်မှုမျိုးဖြစ်သည်။ ယင်းဖြစ်စဉ်သည် သူမကို ရှုံးနိမ့်သွားသည်ဟု ခံစားရစေသော်လည်း ယခုအခါ ထိုဖဲကြဉ်မှုသည် ချူးယွင်ဖန်းကို ကွဲပြားခြားနားစေခြင်းဖြစ်ကြောင်း သူမ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူမ နှလုံးသားထဲတွင် စူးစမ်းလိုစိတ် အရိပ်အမြွက်တစ်ခုသာ ခံစားနေရသည်။ သို့သော် အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို စိတ်ဝင်စားလာသောအခါ အန္တရာယ်အရှိဆုံးအချိန်သို့ ရောက်ရှိနေဖြစ်ကြောင်း သူမ မသိခဲ့ပေ။

"ကျေးဇူးတင်ပါတယ်"

စီတုမြောင်ယီသည် ချန်ရှန်းဟုန်နှင့် စကားမပြောချင်သောကြောင့် ခေါင်းညိတ်၍သာ တုန့်ပြန်လိုက်သည်။ ထိုခပ်တန်းတန်း အပြုအမူသည် ချူးယွင်ဖန်းနှင့် စကားပြောသည့်အခါ သူမ၏ စိတ်အားထက်သန်သော အပြုအမူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ချန်ရှန်းဟုန်သည် မျက်နှာတည့်တည့်သို့ ရိုက်နှက်ခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ထိုဖြစ်စဉ်သည် သူ့ကို အလွန်ဒေါသထွက်စေ၍ နာကြည်းမှုဖြင့် အံကြိတ်မိသွားစေသည်။

မြို့စားနင်၏ အမွေဆက်ခံသူဖြစ်သော သူ့ကို မည်သူတစ်ဦးတစ်ယာက်မျှ ဤကဲ့သို့ လျစ်လျူမရှုခဲ့ဖူးပေ။ ဤသည်မှာ ကြီးမားသော အရှက်သိက္ခာကျဆင်းမှုဖြစ်သည်။ သူ၏ ဒေါသများ ပေါက်ကွဲထွက်ခါနီးတွင် အပြင်ဘက်မှ ကြေညာချက်တစ်ခု ထပ်မံထွက်ပေါ်လာလေ၏။

"အန်းကော်မြို့ဝန်နှင့် သူ၏သားသမီးများ အတူရောက်ရှိလာပါတယ်"

******

All Chapters