← Chapters

ဝူကန်ဖေး၏ အထင်

Vol. 7 Ch. 93

ဝူကန်ဖေး၏ အထင်

Vol. 7 Ch. 93

မူယုံးယွဲ့ ရှန်မိုအား လှမ်းကြည့်၏။

ရှန်မို ခေါင်းငြိမ့်၍ အချက်ပြလိုက်သည်။

မူယုံးယွဲ့မှ ချောင်းဟန့်ပြီးနောက် အသံကျယ်ကျယ် ပြောလေ၏။

“လက်နက်ကြီးဂိုဏ်းက ကျွန်မတို့ဂိုဏ်းရဲ့ အကြီးအကဲတွေကို ထိခိုက်အောင်လုပ်ပြီး တပည့်တွေကိုလည်း အများကြီး သတ်ခဲ့ပါတယ်။ နယ်မြေကိုလည်း မကြာခဏ လာဖျက်ဆီးတယ်။ ဒီသက်သေတွေအားလုံး ပေါ်လာပြီမို့လို့ ဒီနေ့မှာ ခေါင်းဆောင် ဝူကန်ဖေးဆီက ဖြေရှင်းချက် လာတောင်းတာပါ”

“ဒီတစ်ခါ ဝူကန်ဖေးနဲ့ပဲ တွေ့ဖို့လာတာမို့လို့ မဆိုင်တဲ့သူတွေ ထွက်သွားကြပါ”

သူ့စကားဆုံးသည်နှင့် ချင်းရွှမ်ဂိုဏ်းတပည့်များလည်း ဝိုင်းအော်ကြလေသည်။

“မဆိုင်တဲ့သူတွေ ထွက်သွားကြ”

“မဆိုင်တဲ့သူတွေ ထွက်သွားကြ”

သူတို့အသံကြောင့် ဂိတ်ပေါက်မှ အစောင့် (၂) ဦးပင် လက်နက်များ ပစ်ချ၍ ထွက်ပြေးတော့၏။

သူတို့ထွက်ပြေးသောအခါ အခြားတပည့်များလည်း ကြောက်လန့်တကြား လိုက်ပြေးကြလေသည်။

လက်နက်ကြီးဂိုဏ်းဝင်ပေါက်၌ ရှုပ်ထွေး၍ အုတ်အော်သောင်းနင်း ဖြစ်နေကြ၏။

“နေရာမှာပဲ နေကြပါ။ မတုန်လှုပ်နဲ့”

ဂိုဏ်းနယ်နိမိတ်အတွင်းမှနေ၍ ဝူကန်ဖေး လှမ်းအော်သည်။

ထို့နောက် မျောက်ဝံကြီးမှ နံရံကိုဖောက်ထွက်လာသကဲ့သို့ မျက်လုံးများ နီရဲ၍ ရောက်လာသည်။

“ဖေးရှောင်နဲ့ လင်းရှီဂိုဏ်းက အကူအညီတွေ မကြာခင် ရောက်လာတော့မှာ”

“သူတို့လာရင် ချင်းရွှမ်ဂိုဏ်းဆိုတာ ကြက်ကလေးတွေလို ချက်ချင်း ဖျက်ဆီးခံရမှာပဲ”

“အခုချိန် ဂိုဏ်းကိုသစ္စာဖောက်ရဲတဲ့သူတွေကတော့ ချက်ချင်း အသတ်ခံရမယ်”

ဝူကန်ဖေး ဒေါသတကြီး ပြောလေသည်။

စိတ်ထဲတွင်တော့ ဖေးရှောင်နှင့်လင်းရှီဂိုဏ်းမှ လာကူညီမည်ဟု ယုံထား၏။

သို့သော် အရိပ်အယောင်ပင် မတွေ့ရသေးချေ။

ချင်းရွှမ်ဂိုဏ်းမှာတော့ လက်နက်ကြီးဂိုဏ်းအား ဝိုင်းထားပြီးလေပြီ။

အချိန်တဖြည်းဖြည်း ကြာလာသော်လည်း မထူးခြားပေ။

ဝူကန်ဖေးနှင့် သူ့တပည့်များ သံသယ စဝင်လာမိ၏။

“ကဲ ခင်ဗျားတို့ သူတို့အကူအညီကို စောင့်မနေပါနဲ့တော့…သူတို့လာမှာ မဟုတ်ဘူး”

“ထပ်ပြောပါမယ် ဝူကန်ဖေးကို တွေ့ဖို့လာတာပါ မဆိုင်တဲ့သူတွေ ထွက်သွားပါ”

အသံမှာ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ပြောသောကြောင့် အားလုံး ကြားရလောက်၏။

တပည့်များလည်း တုန်လှုပ်ကာ ဝူကန်ဖေးအနား ရောက်လာသည်။

ဝူကန်ဖေး ရုတ်တရက် ထအော်၏။

“ဘာလို့ မလာရမှာလဲ။ မင်းတို့… မင်းတို့ ပစ္စည်းတွေ သွားပို့တယ်မလား။ မင်းတို့ဘာသာ ယူလိုက်လို့လား”

သူ ဘေးမှအကြီးအကဲများကို လှည့်ပြောသည်။

“မင်းတို့ တကယ် ယူလိုက်တာလား။ မဟုတ်ရင် ဒီအချိန် ဖေးရှောင်နဲ့ လင်းရှီဂိုဏ်းတွေ ရောက်နေလောက်ပြီ”

အကြီးအကဲများ ငြိမ်သက်၍ ပြန်မပြောနိုင်ပေ။

ဝူကန်ဖေး သဘောပေါက်သွားကာ ရယ်မော၍

“ငါ့ဘဝမှာ နောင်တအရဆုံးက ငါ့သားကို ခေါင်းဆောင်ငယ်အဖြစ် မထားမိတာပဲ။ အကြီးအကဲစုတ်တွေ အားလုံး သေသင့်တဲ့ဟာတွေ”

ဘုံး!

အကြီးအကဲမှာ ရုတ်တရက် တုံ့ပြန်နိုင်ချိန် မရှိလိုက်ပေ။

လက်မောင်းဖြင့် အမြန်ကာလိုက်ပြီး ဂျွတ်ခနဲ အသံနှင့်အတူ သွေးများ ပန်းထွက်လာသည်။

အကြီးအကဲ၏ လက်မောင်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်၍ ရင်ဘက်လည်း ဟက်တက်ပွင့်သွား၏။

မြုတေဖွဲ့စည်းခြင်း အကြီးအကဲမှာ ချက်ချင်း အလောင်းကောင် ဖြစ်သွားလေပြီ။

“သေကြ… အားလုံးသေကြ…အကုန် သတ်ပစ်မယ်”

ဝူကန်ဖေး ဒေါသတကြီးအော်ဟစ်ရင်း တွေ့သမျှလူကို ဓားဖြင့်ယမ်းနေသည်။

တပည့်ငယ်လေးများမှာမူ အနည်းငယ် ထိခိုက်ရုံဖြင့် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ကုန်၏။

“ခေါင်းဆောင် ရူးသွားပြီ ပြေးကြ ပြေးကြ”

“ဘုရားသခင် ခေါင်းဆောင် ရူးသွားပြီ… အကာအကွယ်တွေ ဖယ်လိုက်တော့… ချင်းရွှမ်ဂိုဏ်းကပဲ ကယ်နိုင်လိမ့်မယ်”

တပည့်များ ကြောက်လန့်တကြား ပြေးလွှားအော်ဟစ်နေကြသည်။

ထိုအခြေအနေကို တောင်ခြေမှ ရှန်မိုတို့လည်း ကြားနေရ၏။

ထိုစဉ် လက်နက်ကြီးဂိုဏ်းအား ဝန်းရံထားသော အလင်းရောင်မှာ တဖြည်းဖြည်း ဖျော့တော့သွားသည်။

အကြီးအကဲလီ နှာခေါင်းရှုံ့၍

“ကျွန်မတို့ကိုယ်တိုင်တောင် ဘာမှ လုပ်စရာမလိုလိုက်ဘူးပဲ”

“ခေါင်းဆောင် တောင်ပေါ်တက်ရမယ့် အချိန်ရောက်ပြီ”

ရှန်မိုပြုံး၍ ပြော၏။

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍

“အားလုံးပဲ ကျွန်မနောက် လိုက်ခဲ့ကြပါ”

ဝှစ် ဝှစ် ဝှစ်!

အလင်းတန်း (၂၀) ကျော်မှာ လက်နက်ကြီးဂိုဏ်းထဲ ကျရောက်လာသည်။

ရှန်မိုတို့အဖွဲ့မှာတော့ အေးအေးလူလူ လိုက်လာသည်။

လက်နက်ကြီးဂိုဏ်းကျဆုံးခန်းကိုကြည့်ရန် အရမ်း လောစရာမလိုပါ။

လိုက်ကြည့်ကြသော အလွတ်တန်း ကျင့်ကြံသူများမှာတော့ မှင်တက်အံ့ဩလျက် ရှိကြသည်။

ဖေးရှောင်နဲ့ လင်းရှီဂိုဏ်းက မလာကြဘူးလား။

လက်နက်ကြီးဂိုဏ်း အကာအကွယ်ကရော လွယ်လွယ် ပွင့်သွားတာလား။

ဝူလန် နားမလည်နိုင် ဖြစ်နေသည်။

“သွားရအောင်… ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်ဘူး”

“ဟုတ်ကဲ့”

ထို့နောက် ခပ်လှမ်းလှမ်းမှ ဆက်လိုက်သွားကြလေသည်။

…

လက်နက်ကြီးဂိုဏ်း လေ့ကျင့်ရေးကွင်း။

မကြာမီ ဝူကန်ဖေးတစ်ယောက် သွေးအိုင်ထဲ လဲနေသည်ကို တွေ့ရ၏။

သူ့ဘေးတွင် အကြီးအကဲများရှိပြီး အချို့မှာသေ၍ အချို့မှာ အသက်မျှဉ်းမျှဉ်းဖြင့် ရုန်းကန်နေကြသည်။

ထိုထဲမှ (၂) ယောက်သာ လက်မောင်းပြတ်ရုံဖြစ်ပြီး အသက်ရှင်ကြသည်။

ရှန်မို ထိုမြင်ကွင်းကိုကြည့်ကာ ခေါင်းယမ်းမိသည်။

မူယုံးယွဲ့လည်း သက်ပြင်းချ၍

“သူ့သွေးကြောတွေတော့ လုံးဝ ပျက်စီးသွားပြီ။ အသက်ရှင်နေသေးပေမဲ့ သိပ်မကြာတော့ပါဘူး”

ရှန်မို သူ့ကံကြမ္မာစနစ်ကို လှမ်းကြည့်လိုက်သည်။

အမှန်ပင် ယနေ့တွင် သေဆုံးမည်ဟု တွေ့ရပြီး သူ ခေါင်းငြိမ့်မိ၏။

“လက်ထောက်ခေါင်းဆောင်လျှိုနဲ့ အကြီးအကဲစုန်းက ဒီမှာ နေခဲ့လိုက်ဦး။ ကျန်တဲ့ အကြီးအကဲတွေ ရတနာတိုက်သွားကြည့်ဖို့ လိုက်ခဲ့ပါဎ

“ဟုတ်ကဲ့ပါ”

အကြီးအကဲလီတို့အဖွဲ့မှာ အလွန်ပျော်ရွှင်ကျေနပ်နေကြသည်။ နောက်ဆုံးတော့ ယခုလိုနေ့ ရောက်လာလေပြီ။

လျှိုယွမ်ဖုန်မှာ နှာခေါင်းရှုံ့လျက် ကျန်ခဲ့၏။

မူယုံးယွဲ့ သူ့ကို တမင် ထားခဲ့မှန်း သိသာပါသည်။

“လျှို…လျှို…သတင်းအမှား…”

သေအံ့ဆဲဆဲ ဝူကန်ဖေးမှာ လျှိုယွမ်ဖုန်အား နာကျည်းမုန်းတီးစွာကြည့်၍ ပြောသည်။

“သေမယ့်လူက အညှိုးကို အုတ်ဂူထဲပဲ ယူသွားရမှာပေါ့”

စုန်းချောင်ဖုန်မှာ ဘေးမှလှမ်းကြည့်ရင်း ပြုံးနေ၏။

တစ်ဖက်တွင် ရှန်မိုတို့ ရတနာတိုက်ထဲ ရောက်သွားသည်။

အထဲ၌ ရတနာများမှာ အတော်ကျန်သေးပြီး တလက်လက် တောက်ပနေကြသည်။

သို့သော် (၅) ရောင်ခြယ် ကြာပွင့်ကို မတွေ့ရချေ။

ရှန်မို မျက်မှောင်ကြုတ်ပြီးနောက် သတိရကာ အတူလာသော ရှောင်ဖန်၏ စနစ်ကံကြမ္မာကို လှမ်းကြည့်လိုက်သည်။

[လတ်တလောအခွင့်အရေး: ယနေ့ လက်နက်ကြီးဂိုဏ်း ရတနာတိုက်ထဲ ဝင်ကာ လျှို့ဝှက် ယန္တရားတစ်ခု တွေ့မည်။ လူများနေ၍ ချက်ချင်းမဖွင့်ဘဲ ထားပြီး ညမှ ပြန်လာကာ ဖွင့်ကြည့်လိုက်သောအခါ (၅) ရောင်ခြယ် ကြာပွင့်မှ အစေ့ (၁၂) စေ့ ရရှိမည်]

All Chapters