← Chapters

(၅) ရောင်ခြယ်ကြာပွင့်ယူရန် ကြိုးစားခြင်း

Vol. 7 Ch. 94

(၅) ရောင်ခြယ်ကြာပွင့်ယူရန် ကြိုးစားခြင်း

Vol. 7 Ch. 94

ရှန်မို တောက်တစ်ချက် ခေါက်မိသည်။

ငါအရင်တွေ့တဲ့ ရတနာက နောက်ဆုံးတော့ မင်းလက်ထဲ ရောက်မှာပဲ။

တကယ် ကံကောင်းတဲ့သူ ပီသပါပေတယ်။

သူ ရှောင်ဖန့်လှုပ်ရှားမှုများကိုသာ လိုက်ကြည့်နေမိသည်။

မကြာမီ သူ တစ်နေရာ၌ ရပ်နေသည်ကို တွေ့ရ၏။

အမူအရာမှာ အံ့ဩထိတ်လန့်သွားပုံ ပေါ်သော်လည်း ချက်ချင်း ထိန်း၍ မသိချင်ယောင်ဆောင်လိုက်သည်။

ရှန်မို ထိုနေရာအား မှတ်ထားလိုက်၏။

လျှို့ဝှက်ယန္တရားရှိရာနေရာ ဖြစ်ရမည်။

မူယုံးယွဲ့မှ

“အားလုံးပဲ မှတ်ထားကြပါ။ ဒီရတနာတိုက်ထဲက ဘာရတနာမှ ခိုးမယူရဘူး။ ချင်းရွှမ်ဂိုဏ်းကို သယ်သွားပြီးရင် အားလုံး ပြန်ခွဲဝေပေးပါမယ်”

“ဟုတ်ကဲ့ပါ”

အားလုံး ခေါင်းငြိမ့်ပြ၏။

ဂိုဏ်း၏စည်းမျဉ်းကို ကောင်းစွာ နားလည်ကြပါသည်။

ရှန်မိုမှာတော့ ကိုယ်တိုင် ရတနာများစွာရှိထားပြီး ခေါင်းဆောင်ငယ်လည်း ဖြစ်သောကြောင့် သံသယဝင်စရာမရှိချေ။

နောက်ဆုံးတွင် သူသာ အကောင်းဆုံးများအား ရလိမ့်မည်။

ဤသို့ဖြင့် ရတနာတိုက်ထဲ၌ အကုန် ရှင်းလင်းသယ်ဆောင်ပြီးသွားလေပြီ။

“အကြီးအကဲလီက ဒီသိုလှောင်လက်စွပ် (၂) ခုကိုယူပြီး ဂိုဏ်းရတနာတိုက်ထဲ ပြန်ထားလိုက်ပါ”

မူယုံးယွဲ့မှ ပြော၏။

“နားလည်ပါပြီ။ လုံလုံခြုံခြုံ သိမ်းထားခဲ့ပါ့မယ်”

အကြီးအကဲလီ ရိုသေစွာ ပြော၏။

ဤသည်မှာ လက်နက်ကြီးဂိုဏ်း၏ ဆယ်စုနှစ်ကြာအောင် စုဆောင်းခဲ့ရသောပစ္စည်းများ ဖြစ်ပြီး ချင်းရွှမ်၏ အနာဂတ်လည်း ဖြစ်သည်။

“အားလုံးပဲ လက်နက်ကြီးဂိုဏ်း ပိုင်ဆိုင်မှုတွေကို ဘယ်လိုယူကြမလဲ ဆွေးနွေးကြတာပေါ့”

မူယုံးယွဲ့ သက်ပြင်းချကာ ပြော၏။

လက်နက်ကြီးဂိုဏ်းနှင့် ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက် ပြီးဆုံးသွားလေပြီ။

ရှန်မိုမှာတော့ ထိုကိစ္စအတွက် အချိန်ကုန်မခံဘဲ လေ့ကျင့်ရေးကွင်းဆီ ထွက်လာခဲ့သည်။

ထိုစဉ် ကျန်းဝေ့ဟူ သူ့ကိုလှမ်းတွေ့ကာ စိတ်လှုပ်ရှားစွာ ပြေးလာ၏။

“ခေါင်းဆောင်ငယ် အလွတ်တန်းကျင့်ကြံသူတွေက တွေ့ချင်တယ် ပြောနေပါတယ်”

ရှန်မိုပြုံးလျက်

“မိုးကြိုးကျောက်နယ်မြေကို ဖျက်ဆီးတဲ့သူတွေကို မိထားပြီလား”

ကျန်းဝေ့ဟူ အံ့ဩသွားကာ

“ဘယ်လိုလုပ် သိတာလဲ”

ရှန်မိုမှ

“အလွတ်တန်းကျင့်ကြံသူတွေဆိုတာ ပတ်ဝန်းကျင် အခြေအနေကို နားအလည်ဆုံးပဲ။ ဖေးရှောင်နဲ့ လင်းရှီ ရောက်မလာဘူးဆိုတော့ ဘာဆက်လုပ်ရမလဲ သိသွားပြီလေ”

“သူတို့ကို ခေါ်ခဲ့လိုက်ပါ”

ထို့နောက် ကျင့်ကြံသူများ ရောက်လာကြလေသည်။

ဦးဆောင်သူ ဝူလန်မှာ ကြိုးများအတုပ်ခံထားရ၏။

“မင်းကို မှတ်မိပါတယ်”

ရှန်မို သူ့ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။

သူတို့ချင်း ကျားရိုင်းတော၌ တွေ့ဖူးကြသည်။

ဝူလန့်ဆံပင်များ ရှုပ်ပွ၍ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေ၏။

ထိုပုံစံလေးကြောင့် ပို၍သနားချစ်ခင်စရာ ကောင်းနေလေသည်။

“ခေါင်းဆောင်ငယ် လက်နက်ကြီးဂိုဏ်းက အတင်းခိုင်းလို့ မိုးကြိုးကျောက်နယ်မြေကို လာတိုက်ခိုက်ရတာပါ”

“အသက်ချမ်းသာပေးပါနော်။ ခိုင်းတာ အကုန် လုပ်ပါ့မယ်”

သူပြောနေရင်း နှုတ်ခမ်းထောင့်မှ သွေးကို လျက်၍ ဆွဲဆောင်၏။

ဝူလန်ကို ဖမ်းလာသူများမှာတော့ အလွန် စိတ်လှုပ်ရှားသွားသည်။

ရှန်မိုမှာတော့ ခပ်တည်တည်ဖြင့် လက်ယမ်းကာ

“သူ့ကိုခေါ်သွားပြီး အကျဉ်းချထားလိုက်။ လက်နက်ကြီးဂိုဏ်းကိစ္စ အားလုံးပြီးမှ လေ့ကျင့်ရေးကွင်းမှာ သတ်မယ်”

“သွေးကြွေးဆိုတာ သွေးနဲ့ပဲ ဆပ်ရမှာပေါ့”

မိုးကြိုးကျောက်နယ်မြေ၌ ကျဆုံးခဲ့ရသော တပည့်များ၏ ဆွေမျိုး၊ မိတ်ဆွေများမှာ ရင်ထဲ ထိရှ၍ မျက်လုံးများ ရဲလာ၏။

ရှန်မို့ဘေးမှ ကျန်းဝေ့ဟူမှ စ၍ ဦးညွှတ်ကာ

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်”

ထို့နောက် အခြားတပည့်များပါ ဝိုင်း၍ ချီးကျူး ကျေးဇူးတင်ကြလေ၏။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်”

“မျိုးမစစ်ကောင် ရှန်မို…”

ဝူလန် ဒေါသထွက်၍ လှမ်းကျိန်ဆဲလိုက်သည်။

သို့သော် သူ ဆက်မပြောနိုင်မီပင် အချုပ်ခန်းထဲ ဆွဲခေါ်သွားခံရလေသည်။

ရှန်မို သူတို့အားလုံး၏ စနစ်ကံကြမ္မာကို ကြည့်မိပြီး အားလုံး သေရမည်ကို တွေ့ထား၏။

“အဲ့မှာပဲ ရပ်မနေနဲ့လေ။ လက်နက်ကြီးဂိုဏ်းရဲ့ လက်အောက်ခံတွေကို သွားရှင်းတော့။ သူတို့က မြို့ (၄) မြို့ရဲ့ စားသောက်ဆိုင်တွေ၊ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်ထားတာ”

ရှန်မို ပြုံး၍ ပြော၏။

ဂိုဏ်းခေါင်းဆောင် သေသွားပြီးသော်လည်း အရှိန်အဝါ လွှမ်းမိုးမှုများ ကျန်နေပါသေးသည်။

ထိုအစွယ်အပွါးငယ်များကိုပါ အားလုံး ရှင်းပစ်ရမည် ဖြစ်၏။

“ဟုတ်ကဲ့ပါ”

ကျန်းဝေ့ဟူ မျက်ရည်များသုတ်ကာ မတ်တပ်ထရပ်လိုက်လေသည်။

…

ညအချိန်။

လက်နက်ကြီးဂိုဏ်း လေ့ကျင့်ရေးကွင်းထဲ၌ အောင်ပွဲကြီး ကျင်းပလျက် ရှိသည်။

အကြီးအကဲများ၊ တပည့်များအားလုံး စားသောက်ရင်း သီချင်းများလည်း ဆိုကာ အလွန်ပျော်ရွှင်နေကြသည်။

ရှန်မိုလည်း ထိုထဲတွင် အပါအဝင် ဖြစ်သည်။

သို့သော် သူ၏ အရက်သောက်နိုင်စွမ်းကို မည်သူမျှ မယှဉ်နိုင်ပေ။

အတော်များများ မှောက်သွားကြပြီးနောက် ရှန်မို ရတနာတိုက်ရှိရာသို့ တန်းတန်းမတ်မတ် သွားလေ၏။

သူ အခန်းထဲ ရောက်သောအခါ ယန္တရားကို ချက်ချင်း သွားဖွင့်လိုက်သောအခါ နံရံကြီး တဖြည်းဖြည်း ဘေးသို့ ရွေ့သွား၏။

ထို့နောက် အောက်ဘက်သို့ဆင်းသွားနိုင်သည့် လမ်းကိုတွေ့ရသည်။

သူ ဆင်းသွားသည်နှင့် အနောက်မှ တံခါးပြန်ပိတ်သွားလေ၏။

သူ မီတာ (၁၀၀) မျှ ဆင်းသွားပြီးနောက် မြေအောက်လိုဏ်ဂူကြီးတစ်ခုကို တွေ့ရသည်။ လိုဏ်ဂူထဲတွင် ရေကန်တစ်ကန်မှလွဲ၍ ရှင်းလင်းနေ၏။

ရေပြင်ပေါ်တွင် (၅) ရောင်ခြယ် ကြာပွင့်ကို တွေ့ရလေသည်။

ရှန်မို သေချာကြည့်မိ၏။

ပုံစံ (၁၅) ခုရှိသော်လည်း အစေ့မှာ (၁၂) ခုသာကျန်၍ (၃) မျိုး ပျောက်နေသည်။

“ဝူကန်ဖေး (၃) ခု သုံးပြီးသား ထင်တယ်”

“ဒါပေမဲ့ ရပါတယ်…ရတနာက (၁၀) ခုပဲ လိုတာဆိုတော့ ပိုတောင်ပိုနေသေးတယ်”

ရှန်မို ထိုအစေ့များ အားလုံးကို ထုတ်ယူလိုက်သည်။

ထိုအခါ ကြာပွင့်ချက်ချင်း ညှိုးသွား၏။

ရှန်မို ပြန်ထွက်လာသောအခါ အပေါက်ဝ၌ ရှောင်ဖန်ကို တွေ့ရသည်။

ရှောင်ဖန် သူ့ကိုတွေ့ရ၍ အံ့ဩသွား၏။

ငါရှာတွေ့တဲ့ယန္တရားကို သူလည်း တွေ့သွားတာလား။

ရှန်မိုပြုံး၍

“ရှောင်ဖန် ဒီကိုဘာကိစ္စလဲ”

သူ နေရခက်သွားပြီး

“ခေါင်းဆောင်ငယ် ကျ… ကျွန်တော် ဒီအတိုင်း ပတ်ကြည့်တာပါ”

ရှန်မို ခေါင်းငြိမ့်ပြ၍

“ဒါဆိုလည်း ကောင်းပါပြီ။ ဆက်သွားပါ”

ထို့နောက် ခပ်အေးအေး ထွက်သွား၏။

ရှောင်ဖန် နောက်ကျသွားလေပြီ။

“ဘာလို့ သူက စောသွားရတာလဲ”

“အလကား ဘုရားသခင်”

သူ စိတ်ထဲမှ အလွန်မကျေမနပ် ဖြစ်နေတော့သည်။

All Chapters