← Chapters

လောင်ရွှမ်ဟန်အား အာရုံစိုက်ခြင်း

Vol. 7 Ch. 98

လောင်ရွှမ်ဟန်အား အာရုံစိုက်ခြင်း

Vol. 7 Ch. 98

မိုးကြိုးကျောက်နယ်မြေ ဝင်ပေါက်၌။

လောင်ရွှမ်ဟန် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် လက်ကိုအနောက်ပစ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။

မြုတေဖွဲ့စည်းခြင်းအဆင့် အရှိန်အဝါများ တောက်ပနေပြီး ဘေးမှကြည့်လျှင် အလွန် အံ့ဩမှင်တက်စရာဖြစ်၏။

ဖြတ်သွားသော တပည့်များမှာ သူ့ကို ငေးကြည့်နေမိကြသည်။

အခြားမြုတေဖွဲ့စည်းခြင်းအဆင့်များကို တွေ့ဖူးသော်လည်း ထိုလူချောလေးမှာ သာမာန်မဟုတ်။

လောင်ရှန်နန် မျက်လုံးမှိတ်လျက် သတိမှတ်ရင်း ဘေးမှ အကြည့်များကို အာရုံမစိုက်နိုင်ဘဲ ရှိသည်။

မကြာမီ အရှေ့နားမှ အသံတစ်ခု ကြားရ၏။

“ကျွန်တော်က ရှန်မိုပါ ကျွန်တော်နဲ့ တွေ့ချင်လို့ဆို”

လောင်ရှန်နန် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် သွယ်သွယ် လူငယ်လေးတစ်ဦး သူ့ဆီ လျှောက်လာသည်အား တွေ့ရ၏။

“ကျွန်တော်က နယ်စားမင်းရဲ့အမိန့်နဲ့ ခေါင်းဆောင်ငယ်ကို ရုံးတော်ကို ခေါ်သွားဖို့လာတဲ့ လောင်ရွှမ်ဟန်ပါ”

“ဒီမှာ နယ်စားမင်းရဲ့ လက်ဆောင်လည်း ပါ,ပါတယ်”

ထို့နောက် သိုလှောင်လက်စွပ်တစ်ကွင်းအား ပစ်ပေးလိုက်သည်။

အကြီးအကဲလီမှာ ရှန်မို့ရှေ့ဝင်ရပ်၍ ဖမ်းရန် ကြိုးစားသော်လည်း အရှိန်ပြင်းလွန်း၍ အနောက်သို့ (၁၀) လှမ်းခန့် ဆုတ်သွား၏။

သူ ဒေါသထွက်ကာ မကျေမနပ်လှမ်းကြည့်နေလေသည်။

ရှန်မို သိုလှောင်လက်စွပ်ကို လှမ်းယူ၍

“ဒါရော နယ်စားမင်းရဲ့ သဘောအတိုင်းပဲလား”

လောင်ရွှမ်ဟန် ပြုံး၍

“ကျွန်တော်လည်း မြုတေဖွဲ့စည်းခြင်းတစ်ယောက်က ဒီလောက် အားနည်းမယ် မထင်လို့ပါ”

အကြီးအကဲလီ မျက်နှာမှာ အေးစက်၍

“ရုံးတော်မှာ အလုပ်လုပ်ဖို့ လာခေါ်တဲ့ လေသံက ဒီလိုဖြစ်နေတာလည်း ပထမဆုံး တွေ့ဖူးတာပဲ”

ရှန်မိုလည်း မျက်မှောင်ကြုတ်လျက် သိုလှောင်လက်စွပ်အား ဖွင့်ကြည့်လိုက်သည်။

အထဲတွင် ခန္ဓာကိုယ်ထိန်းညှိဆေး (၃) ပုလင်းနှင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀၀) တို့ ပါဝင်သည်။

မသိလျှင် သူဖုန်းစားများကို ဆက်ဆံသည်နှင့် တူ၏။

“ကောင်းပါပြီ… နယ်စားမင်းရဲ့ စိတ်ရင်းကို ခံစားမိပါတယ်”

ရှန်မို သိုလှောင်လက်စွပ်ကို ပြန်ပစ်ပေးလိုက်သော်လည်း လောင်ရွှမ်ဟန်မှာ လှမ်းမဖမ်းဘဲ ထွက်သွားလေသည်။

“မလိုချင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က နယ်စားမင်းရဲ့ အမိန့်ကို ယူလာပေးရုံပဲ။ အခုက နတ်ရေစင်ဂိုဏ်းကို သွားရဦးမယ်”

ထိုသို့ပြောကာ အလင်းတန်းအဖြစ် ပျောက်ကွယ်သွားတော့၏။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများမှာတော့ ကျန်ခဲ့၏။

အကြီးအကဲလီ မျက်နှာပျက်လျက်

“ကျီရှီလုံက ကျွန်မတို့ စိတ်ရှုပ်အောင် တမင် လာလုပ်တာပဲ”

ရှန်မိုမှာတော့ ခပ်အေးအေးပင်။

လောင်ရွှမ်ဟန် ဘဝင်မြင့်နေသည်မှာတော့ သူ သိပါသည်။

“သူ့ကို ထားလိုက်ပါ အကြီးအကဲလီရယ် သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို ဂိုဏ်းရတနာတိုက်ထဲသာ ထည့်ထားလိုက်။ ကျွန်တော်က မလိုပါဘူး”

“ဟုတ်ကဲ့ပါ”

ရှန်မို လောင်ရွှမ်ဟန်၏ ကံကြမ္မာစနစ်အား ပြန်တွေးမိလေသည်။

[အမည်: လောင်ရွှမ်ဟန်]

[အဆင့်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံး]

[ကံကြမ္မာ: ကံကောင်းသူ၊ သေဘေးမှ လွတ်မြောက်နိုင်သူ၊ ဓားတာအို ဆက်ခံသူ၊ နူးညံ့သော အသွင်အပြင်ရှိ၍ ယင်ခန္ဓာကိုယ်]

[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်တန့်မည်။ နတ်ဓားဂိုဏ်း၏ ခေါင်းဆောင်ငယ်ရာထူးအတွက် ရှောင်ဖန်နှင့် တိုက်ခိုက်ရင်း လှည့်စားခံရကာ ဂိုဏ်းမှ အထုတ်ခံရပြီး မတရားသဖြင့် သေဆုံးမည်]

[လတ်တလောအခွင့်အရေး: ယနေ့ မိုးကြိုးကျောက်မျက် နယ်မြေမှ ထွက်ကာ ဓားသိုင်း ကျင့်ကြံရန် ငါးပျံမြို့သို့ သွားမည်။ ညအချိန် ချင်းကန်တောင်ကိုဖြတ်၍ နတ်ရေစင်ဂိုဏ်းသို့ သွားစဉ် စမ်းချောင်းအခြေ၌ ဓားစွမ်းရည်ဆေးကို တွေ့ကာ ဓားတာအို နားလည်နိုင်စွမ်း ပိုမြင့်လာမည်]

ရှန်မို သူ့ကံကြမ္မာများကို သေချာကြည့်၏။

ထို့နောက် မဲ့ပြုံး ပြုံးလိုက်မိသည်။

သူ့အထင်မှန်လျှင် ထိုလူမှာ နတ်ဓားဂိုဏ်း ခေါင်းဆောင် လောင်ချောင်ထျန်း၏ တိတ်တိတ်ပုန်းသား ဖြစ်လိမ့်မည်။

ထို့ကြောင့်လည်း နတ်ဓားဂိုဏ်း၏ တပည့်မဟုတ်ဘဲ နတ်ဓားဂိုဏ်း ခေါင်းဆောင်ငယ် ရွေးချယ်ပွဲတွင် ပါဝင်နေခြင်း ဖြစ်သည်။

သို့သော် သူ့ကံမှာ ရှောင်ဖန့်ကို မမှီပေ။

နောက်ဆုံးတော့ ရှုံးနိမ့်၍ သေဆုံးရလိမ့်မည်။

“သူက လောင်ချောင်ထျန်း ကျီရှီလုဆီ ပို့လိုက်တဲ့သူ ထင်တယ်။ နတ်ဓားဂိုဏ်းရဲ့ အစိုးရအဖွဲ့အပေါ် စိတ်ဓာတ်ကတော့ တော်တော် ရည်မှန်းချက် ကြီးတာပဲ”

ရှန်မို တွေးနေမိ၏။

ထိုအချက်များကို အမှီပြု၍ သူ အသိများစွာ ရလိုက်သည်။

ဂရုတစိုက် လေ့လာသုံးသပ်ရင်း သူ့အတွက် အကျိုးရှိသည်များ ပေါ်လာပါသည်။

“လောင်ရွှမ်ဟန်က ငါးပျံမြို့မှာ တစ်ညအိပ်ဦးမှာပဲ။ ငါ သူ့အခွင့်အရေးကို အရင်သွားယူထားမှ ဖြစ်မယ်”

ရှန်မို ချက်ချင်း မိုးကြိုးကျောက်မျက်နယ်မြေမှ ထွက်၍ ချင်းကန်တောင်ဘက် ထွက်လာခဲ့သည်။

မကြာမီ သိပ်မထင်ရှားလှသည့် ထိုစမ်းချောင်းကို တွေ့ရ၏။

ချောင်းဟု ခေါ်ရန်ပင် အလွန်သေးငယ်လွန်းပြီး သာမာန်လူတစ်ဦးပင် အလွယ်တကူ ကျော်လွှားသွားနိုင်ပါသည်။

ဓားစွမ်းရည်ဆေးကို ထိုနေရာ၌ မြှုပ်ထားသည်ဟု ယုံကြည်ရန်ပင် ခက်ခဲ၏။

ရှန်မို စမ်းချောင်းအောက်ခြေသို့ လက်ဖြင့် စမ်းကြည့်လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအင်များ စိမ့်ထွက်၍ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဆက်နွယ်ကာ အောက်ခြေမှ ရွှံ့များ၊ သဲများအကြား အာရုံစိုက်နေရသည်။

အချိန်တစ်ခု ကြာပြီးနောက် ရှန်မို့အမူအရာ ပြောင်းသွား၏။

အောက်တည့်တည့် ပေ (၂၀) ဝန်းကျင်တွင် ရွှံ့နှင့် သဲများ ရုတ်တရက် အက်ကွဲကာ သတ္ထုလက်ကိုင်ဖြင့် ဓားတစ်ချောင်း သူ့လက်ထဲ ရောက်လာသည်။

ရှန်မို သေချာကြည့်မိ၏။

တစ်ချက်ကြည့်ရုံဖြင့် သတ္ထုကောင်းဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသည်။

သို့သော် လက်တွေ့တွင်တော့ သတ္ထုလည်းမဟုတ်၊ သစ်သားလည်း မဟုတ်ချေ။

အတိအကျဆိုရသော် ဓားစွမ်းရည်ဆေးမှာ ဓားအမြုတေဖြစ်ပြီး အလွန်ခမ်းနားသော လမ်းကြောင်း လျှောက်လှမ်းသည့် ကျင့်ကြံသူများသာ ဖွဲ့စည်းနိုင်၏။

အများအားဖြင့်လည်း အလွတ်တန်း ကျင့်ကြံသူများ ဖြစ်တတ်သည်။

သူတို့ကိုယ်ပိုင်အရည်အချင်းမှာ သာမာန်မျှ ဖြစ်သောကြောင့် လက်နက်ပုံစံ ရွှေအမြုတေကို ဖွဲ့စည်းတတ်ကြသည်။

ဤသို့ဖြင့် ဓားအမြုတေ၊ ပုဆိန်အမြုတေစသဖြင့် ရှိပါသည်။ ထိုသို့ ရွှေအမြုတေ ရပြီးလျှင် သက်ဆိုင်ရာ သိုင်းကို လေ့ကျင့်နိုင်၏။

ထိုသို့ ဖွဲ့စည်းခြင်းမှာ အခြားအကျိုးကျေးဇူးလည်း ရှိသေးသည်။

သူတို့ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်သောအခါ အခြားသူများထက် ပိုအင်အားကြီးလေ၏။

လက်နက်၏ စွမ်းအင်ကိုလည်း ထည့်တွက်ရပါသည်။

သို့သော် ထိုသို့ လက်နက်အမြုတေ ရရန်မှာလည်း အလွန်ခက်ခဲသည်။

ရှန်မို ရရှိလိုက်သော လက်နက်အမြုတေမှာ အလွန်ရှားပါးလှသည်။

“နေရာတစ်ခုရှာပြီး မြန်မြန် မွမ်းမံမှပဲ”

ရှန်မို ကျေနပ်စွာ တွေးလိုက်မိ၏။

All Chapters