← Chapters

မြုတေဖွဲ့စည်းခြင်း အောင်မြင်မှုငယ်သို့ ရောက်ရှိခြင်း

Vol. 7 Ch. 101

မြုတေဖွဲ့စည်းခြင်း အောင်မြင်မှုငယ်သို့ ရောက်ရှိခြင်း

Vol. 7 Ch. 101

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ အဆောက်အဦအတွင်း ပျံ့နှံ့ကာ အလင်းရောင်များ ထွက်လာ၏။ အလင်းရောင်မှ အခန်းထဲမှဖောက်ကာ မြို့ထဲအထိ ရောက်သွားသည်။

ထိုအလင်းရောင်ကြောင့် မြို့ထဲမှ ကျင့်ကြံသူများအထိ အာရုံစိုက်မိသွားကြ၏။

ဤသည်မှာ မြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်ကြောင်း လူတိုင်း နားလည်ပါသည်။

သို့သော် မြို့ထဲရှိ နှင်းပျံဂိုဏ်းတွင် မြုတေဖွဲ့စည်းခြင်း တစ်ဦးသာ ရှိ၏။

အချို့မှာ လိုက်သွားရန် ပြင်သော်လည်း အလွန် လျင်မြန်လွန်း၍ မဖြစ်နိုင်ပေ။

အလင်းတန်းသည် မိုင်ပေါင်းဆယ်ချီ ဝေးသည့် တံငါရွာလေးအပြင်ဘက်တွင် ဆင်းသက်လာသည်။

ရှန်မို အမျိုးသမီး (၂) ဦးကို ချထားပေးလိုက်၏။

ထိုဂိုဏ်းမှ အဆိပ်နဂါးပင် ခြေတည်အဆင့် ထိပ်ဆုံးသာ ရှိသောကြောင့် ရှန်မို လက်ဖျောက်တစ်ချက် တီးရုံဖြင့် အားလုံးကို ရှင်းပစ်နိုင်လေသည်။

မိန်းကလေးများ သူတို့ရွာဆီ ခေါ်လာပေးသော ရှန်မိုအား အလွန်ကျေးဇူးတင်နေကြ၏။

ရှန်မိုကိုယ်တိုင်လည်း သူ့လုပ်နိုင်သော အခြေအနေရှိ၍ မထူးခြားလှပေ။

သူ့အနေဖြင့် ပိုအင်အားကြီးအောင် ကြိုးစား၍ ကူညီနိုင်ရန်သာ ပြင်ဆင်ရပါသည်။

သူ ပြန်သွားသောအခါ အမျိုးသမီးများ ဒူးထောက် ငိုကြွေးရင်း ကျန်ခဲ့ရလေ၏။

…

နှင်းပျံမြို့။

အလွတ်တန်းကျင့်ကြံသူများ အဆိပ်နဂါးအဆောက်အဦအနီး ရောက်လာကြ၏။

ထိုအခါ မြေပြင်ပေါ် လဲနေသော အလောင်းအချို့ကို တွေ့ရလေသည်။

အဆိပ်နဂါးဟုခေါ်သော ခြေတည်အဆင့် ကျင့်ကြံသူမှာ အလွန်ဆိုးဝါးစွာ သေဆုံးနေ၏။

သူ့ခြေထောက်များ ကြေမွ၍ ခေါင်းမှာ ယောင်ကိုင်းနေသည်။

အချို့မှာ ထိတ်လန့်၍ အချို့လည်း ကြောက်ရွံ့တုန်လှုပ်နေလေ၏။

“အကြီးအကဲ ရောက်လာပြီ လမ်းဖယ်ကြ လမ်းဖယ်ကြ”

ထိုစဉ် ဆံပင်အဖြူဖြင့် အကြီးအကဲတစ်ဦး ရောက်လာ၏။

နှင်းပျံဂိုဏ်းမှ စောင့်ရှောက်ရန် ပို့လိုက်သည့် အကြီးအကဲဖြစ်သည်။

“ဒါ မြုတေဖွဲ့စည်းခြင်းအဆင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် အဆိပ်နဂါးအနေနဲ့ ပြန်မတိုက်ခိုက်နိုင်စရာ မရှိဘူး”

“စိတ်ဝိညာဉ်စွမ်းအင်နဲ့ အရှိန်ကိုကြည့်ရတာတော့ အနည်းဆုံး အလယ်အဆင့် ရှိရမယ်”

“အင်း… အဆိပ်နဂါးက သေသင့်ပါတယ်။ သူသွားမှ သူ့နယ်မြေကို ရမှာ”

“ဟုတ်တယ်။ လူသားမိန်းကလေးတွေကို အနိုင်ကျင့် သတ်ဖြတ်နေတယ်လို့ သတင်းကြားသားပဲ။ သူ့လူတွေက ပိုတောင်ဆိုးသေး။ လူသားစားကြတာ”

ကျင့်ကြံသူများ အချင်းချင်း ပြောဆိုနေကြ၏။

အကြီးအကဲမှ လက်ယမ်းပြ၍

“မဖြစ်ခဲ့ဘူးပဲ သဘောထားလိုက်တာပေါ့။ အဆိပ်နဂါး နယ်မြေကိုတော့ ကိုယ့်ဟာကိုယ် ခွဲဝေယူလိုက်ကြပါ”

ဤသို့ဖြင့် အကြီးအကဲ ပြန်သွားသောအခါ ကျင့်ကြံသူများ အချင်းချင်း ခဏကြည့်ပြီးနောက် သိုလှောင်လက်စွပ်များ လုရင်း ရှုပ်ထွေးသွားပြန်၏။

…

ဆူးတောအပြင်ဘက်၊ မထင်မရှား ကျောက်တောင်ပေါ်တွင်။

ရှန်မို တင်ပျဉ်ခွေထိုင်ရင်း သူ့အရှေ့တွင် အသားစကဲ့သို့ အဖြူမျှင် (၃) ခု ပေါ်လာသည်။ အမျှင်မှာ လက်ညှိုးလုံးခန့်ကြီးပြီး (၃) ပေခန့် ရှည်လေ၏။

သူ အဆိပ်နဂါး၏ သိုလှောင်လက်စွပ်ထဲမှ ရလာသော ရတနာဖြစ်၏။

နှစ်တစ်ရာသက်တမ်းရှိသော နဂါးမှာ ထိုအမွှေးမျှင်တစ်ချောင်းသာ ထွက်နိုင်သည်။

နဂါးအရေပြားမှာ အလွန်မာကြောသောကြောင့် မြုတေဖွဲ့စည်းခြင်းအဆင့်ရောက်မှ ထိုသို့ ဖောက်ထွက်နိုင်ပါသည်။

အဆိပ်နဂါးမှာ ထိုပစ္စည်းကို သေချာမသိ၍ သိုလှောင်လက်စွပ်ထဲ၌သာ ချောင်ထိုးထားခဲ့လေ၏။

ရှန်မို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် နဂါးဖြူအမွေးကို ရစ်ပတ်ထားလိုက်သည်။

စက္ကန့်ပိုင်းမျှ ကြာသောအခါ နဂါးမွေးသည် နူးညံ့လာ၏။

ရှန်မို ထိုအမျှင်ကို တစ်လွှာချင်း ခွါလိုက်သောအခါ အသားကဲ့သို့ သွေးရဲရဲများ ပေါ်လာသည်။

အနံ့မှာတော့ ပုံမှန်ညှီနံ့ကဲ့သို့ မရှိပေ။

ရှန်မို ချက်ချင်းဝါးစားလိုက်၏။

မကြာမီ ဝမ်းဗိုက်အောက်ပိုင်းတွင် နွေးလာပြီး နေမင်းငယ်တစ်လုံး ရောက်နေသကဲ့သို့ပင် ခံစားရသည်။

ထို့နောက် ပုံရိပ်ငယ်အား စစ်ဆေးကြည့်သောအခါ ရွှေအမြုတေသည် အလွန်လျင်မြန်စွာ လည်၍ တဖြည်းဖြည်း ပိုကြီးလာ၏။

တစ်ရက်၊ နှစ်ရက်…

နဂါးဖြူအမွေး (၃) ခုကို မွမ်းမံရန်မှာ ထင်ထားသည်ထက် ပိုကြာသည်။

(၃) ရက်မြောက်နေ့ ညနေတွင်တော့ အားလုံး ပြီးမြောက်သွားတော့၏။

ထိုအချိန်တွင် သူ့ရွှေအမြုတေလည်း သတ်မှတ်ချက်အပြည့် ရောက်ရှိသွားလေပြီ။

ဂျစ် ဂျစ်!

ရှန်မို့အရှိန်အဝါများ တောက်ပလာပြီး ပေပေါင်းများစွာမှ အရာဝတ္ထုများအထိ သက်ရောက်ကာ လွင့်ထွက်ကုန်သည်။

အမြစ်ခိုင်သော အပင်ကြီးများပင် ပြိုလဲကုန်၏။

“မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုငယ်ပဲ”

“ထင်ထားတာထက် မြန်သားပဲ”

ရှန်မို ပြုံး၍ ကျေနပ်နေ၏။

ထို့နောက် အင်အားအသစ်ကို အလွန် စမ်းသပ်ချင်လှလေပြီ။

သူ ချက်ချင်း အနီးအနားရှိ တောအုပ်ထဲသွားကာ အဆင့် (၄) သားကောင်အား ရှာဖွေလေသည်။

သို့သော် မသွားမီ စနစ်ကံကြမ္မာအား အရင်ကြည့်လိုက်၏။

[လတ်တလောအခွင့်အရေး: ယနေ့ အဆင့် (၄) သားကောင်ကို အလွယ်တကူ သတ်ဖြတ်၍ နတ်ဆိုးကျောက်မျက် ရရှိမည်။ ထို့နောက် ဆက်သွားရင်း ကျားဂူထဲ၌ အင်အားပြည့်ဝဆေးများစွာ ပါသော သိုလှောင်လက်စွပ်ကို တွေ့ရမည်]

ရှန်မို မျက်လုံးအရောင်များ လက်သွား၏။

သူ့အတွက် ကံကောင်းမှု ရှိနေပါသည်။

မကြာမီ စနစ်တွင် ပြောထားသော အဆင့် (၄) ကျားဖြူကြီးကို တွေ့ရသည်။

သူ့ခန္ဓာကိုယ်မှာ (၁၀) မီတာကျော်ရှည်သော သားကောင်ကြီး ဖြစ်၏။

ရှန်မို ရွှေအမြုတေ၏ အစွမ်းသီးသန့်ဖြင့်သာ တိုက်ခိုက်ခဲ့ပြီး အလွယ်တကူ အနိုင်ရသွား၏။

သူ့ခန္ဓာကိုယ်ကို ခုတ်ထစ်စိတ်ပိုင်းလိုက်သောအခါ နတ်ဆိုကျောက်မျက်ကို တွေ့ရလေသည်။

သူ ဆက်သွားရင်း အရိုးများပုံနေသည့်ဂူကို တွေ့ရ၏။ ထိုအရိုးများအလယ်တွင် သိုလှောင်လက်စွပ် ရှိနေလေသည်။

“အားပြန်ဖြည့်ရမယ့် အချိန်ပဲ”

ရှန်မို အလွန်ကျေနပ်နေတော့၏။

All Chapters