← Chapters

ရက်စက်သော ဖန်ကျီယွီ

Vol. 7 Ch. 102

ရက်စက်သော ဖန်ကျီယွီ

Vol. 7 Ch. 102

လက်နက်ကြီး အဆောင်။

ရှန်မို ပြန်လာပြီးနောက် တပည့်များနှင့် တွေ့သောအခါ ဦးညွှတ် နှုတ်ဆက်ကြလေသည်။ သို့သော် အားလုံး တစ်ခုခုကို စိုးရိမ်နေကြပုံ ပေါ်၏။

သူ လောင်ရှန်နန်ကိုတွေ့သောအခါ မေးရန် ဆုံးဖြတ်လိုက်သည်။

လောင်ရှန်နန်ကိုယ်တိုင်လည်း သူ့ကိုတွေ့သောအခါ ဝမ်းသာသွားပြီး

“ရှန်… အယ် မဟုတ်ပါဘူး ခေါင်းဆောင်ငယ် ပြန်လာပြီနော်”

သာမာန်ကိစ္စများမှာ အကြီးအကဲလီနှင့် တပည့်များ စုပေါင်းကာ ဖြေရှင်းနိုင်ပါသည်။

မည်သည်ကြောင့် သူ့ကို လိုအပိနေသနည်း။

လောင်ရှန်နန် ခပ်တိုးတိုးဖြင့်

“ငါးပျံမြို့လေ။ နှင်းပျံမြို့က ရုတ်တရက် ဝင်တိုက်ခိုက်ပြီး အကြီးအကဲတွေ၊ တပည့်တွေကို ဖမ်းခေါ်သွားတယ်တဲ့။ ဖြတ်သွားဖြတ်လာ ကုန်သည်ဆီက သတင်းရလာတာ”

ရှန်မို မျက်မှောင်ကြုတ်မိ၏။

ငါးပျံမြို့ကို အရင်က လက်နက်ကြီးဂိုဏ်းမှ ထိန်းချုပ်ခဲ့ပြီး သူတို့ပျက်စီးပြီးနောက် ချင်းရွှမ်ဂိုဏ်းသို့ ခိုဝင်ခဲ့ကြသည်။

မထင်မှတ်စွာဖြင့် လဝက်ကျော်အကြာတွင် နှင်းပျံဂိုဏ်းမှာ ပြဿနာကို စလိုက်လေသည်။

ရှန်မို ရုတ်တရက် လောင်ရွှမ်ဟန် ရောက်လာခြင်းကို သတိရသွား၏။ သူ နတ်ရေစင်ဂိုဏ်းသို့သွားမည်ဟု ပြောသွားပါသည်။

“ကျီရှီလုံက ငါ သဘောမတူမှန်းသိလို့ ခိုင်းထားတာပဲ”

“နှင်းပျံဂိုဏ်းဆိုတာ နတ်ရေစင်ဂိုဏ်းအောက်ကပဲ”

“ဒီလိုဆိုရင် နတ်ရေစင်ဂိုဏ်းက ခိုင်းတာ ဒါမှမဟုတ် မြှောက်ပေးတာမျိုး ဖြစ်ရမယ်”

ရှန်မို ပြန်မေးလိုက်၏။

“အကြီးအကဲစုန်းနဲ့ အကြီးအကဲလီရော”

လောင်ရှန်နန် ပင်မခန်းမကြီးကို လက်ညှိုးထိုးပြ၍

“အားလုံး ရှင့်ကို စောင့်နေတာပါ”

ရှန်မို ခေါင်းငြိမ့်ပြလိုက်ပြီး ခန်းမကြီးဆီ လျှောက်လာသည်။ ထိုစဉ် အဆောင်ဝင်ပေါက်ဆီမှ အသံကြီး ထွက်လာ၏။

“ငါးပျံမြို့ကိုသွားတဲ့ တပည့်ခေါင်းဆောင်ကျန်း ပြန်လာပါပြီ”

ရှန်မို ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်သောအခါ သွေးအလိမ်းလိမ်း ပေကျံနေသော သက်လတ်ပိုင်းလူကြီး ကျန်းဝေ့ဟူကို တွေ့ရ၏။

ကျန်းဝေ့ဟူလည်း သူ့ကိုတွေ့သောအခါ မောပန်းနေရင်းမှ အားတင်း၍ လျှောက်လာသည်။

“ခေါင်း ခေါင်းဆောင်ငယ်… အရေးကြီး…စာ”

ရှန်မို ကျန်းဝေ့ဟူကံကြမ္မာကို ရုတ်တရက် ကြည့်လိုက်မိသည်။

[အနာဂတ်: ချီစုစည်းခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်တန့်၍ နှင်းပျံဂိုဏ်းခေါင်းဆောင် ဖန်ကျီယွီ၏ အဆိပ်ဖြင့် ရှန်မိုအား စာပေးပြီးသည်နှင့် ကိုယ်တွင်း အဆိပ်ပေါက်ထွက်ကာ သေဆုံးမည်]

ရှန်မို မျက်ခုံးပင့်၍ ပတ်ဝန်းကျင်အား ကြည့်မိသည်။

အချို့တပည့်များလည်း ကျန်းဝေ့ဟူ ရောက်လာ၍ ကံကြမ္မာပြောင်းကုန်၏။

ပြင်းထန်သော အဆိပ်ပေါက်ကွဲမှုကြောင့် သေဆုံးရမည့်သူများ ပါလာသည်။

ကျင့်ကြံမှုမြင့်သူများမှာတော့ အပြင်းအထန် ဒဏ်ရာရမည်ဟု တွေ့ရ၏။

သူ့ကံကြမ္မာအပေါ်လည်း သက်ရောက်ပါသည်။

အဆိပ်မှာ အရိုးထဲအထိ ပျံ့နှံ့၍ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သောကြောင့် မူယုံးယွဲ့ကိုယ်တိုင် (၂) နှစ်ခန့် ကုသပေးရမည်။

ရှန်မို ရုတ်တရက် ထအော်၏။

“တပည့်တွေအားလုံး ကျန်းဝေ့ဟူနဲ့ ဝေးဝေးနေကြ”

သူ့အသံကြောင့် ကျန်းဝေ့ဟူကို ကူညီရန် ပြင်နေသော တပည့်များ ကြောင်သွားသည်။

ဒီလို အခြေအနေဆိုးနေတာကို ဘာလို့ မကူညီရတာလဲ။

သို့သော် ရှန်မို၏ ရာထူးအရှိန်အဝါကြောင့် အားလုံး နားထောင်ရ၏။

ထိုစဉ် လျှိုယွမ်ဖုန်၊ စုန်းချောင်ဖုန်နှင့် အခြား ကျင့်ကြံသူများ ခန်းမထဲမှ ထွက်လာကြသည်။

လျှိုယွမ်ဖုန် မျက်မှောင်ကြုတ်လျက်

“ခေါင်းဆောင်ငယ် ဘာလုပ်နေတာလဲ ဒဏ်ရာကုသဖို့က အရေးကြီးတယ်လေ။ သူ တစ်ယောက်တည်း ငါးပျံမြို့မှာ ဘာဖြစ်ခဲ့လဲ သိတာ”

ရှန်မို အေးစက်စွာ လှမ်းကြည့်၏။

“အကြီးအကဲစုန်းနဲ့ အကြီးအကဲလီ… မီးနီအမြစ်၊ ဗျိုင်းဖြူရိုး၊ နှင်းနက်ပန်းတွေကို (၁၀) ဂရမ်စီ ချက်ချင်း ပြင်ပေးပါ”

သူတို့ ခဏတော့ ကြောင်နေပြီးမှ ချက်ချင်း လှုပ်ရှားလေ၏။

ရှန်မို၏ အောင်မြင်မှုများမှာ သက်သေဖြစ်၏ သူ့လုပ်ရပ်တိုင်းကို အကြွင်းမဲ့ ယုံကြည်ကြသည်။

တပည့်များလည်း အံ့ဩစွာ ငေးကြည့်နေ၏။

ဘာလို့ ဆေးပင်တွေ တောင်းတာလဲ။

ရှန်မိုမှ

“ကျန်းဝေ့ဟူနဲ့ မီတာ (၃၀) အကွာမှာ နေကြပါ။ သူ အဆိပ်မိလာတယ်။ ခံနိုင်ရည်မရှိတော့တဲ့အချိန် ပေါက်ကွဲမှာ”

“ကျန်းဝေ့ဟူ ခဏတောင့်ခံထားပါဦး မေ့မလဲလိုက်နဲ့နော်။ ကျွန်တော် ချက်ချင်း ကယ်မယ်”

သူ့အဖြေကြောင့် တပည့်များ ကြောက်လန့်၍ အနောက်ဆုတ်သွားကြသည်။

ကျန်းဝေ့ဟူကိုယ်တိုင် တုန်လှုပ်နေသော်လည်း ရှန်မိုအား ယုံပါသည်။

“ဟုတ်ကဲ့ ကျွန်တော် သည်းခံပါ့မယ်”

လျှိုယွမ်ဖုန် သူ့ကိုထိတ်လန့်စွာ ကြည့်မိသည်။

ရှန်မို့ပုံစံနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကျန်းဝေ့ဟူ အဆိပ်မိမှန်း ဘယ်လိုလုပ် ချက်ချင်း သိတာလဲ။

ထူးဆန်းလိုက်တာ။

ရှန်မို ဆေးပညာဗဟုသုတရှိလို့လား။

ဒီကောင်လေးက အရမ်းကြောက်စရာကောင်းတာပဲ…

အစတည်းက အကန်များ ပြုလုပ်မိခဲ့သည်မှာ မှားသွား၏။

သူ သက်ပြင်းချလိုက်မိသည်။

ရှန်မို ကျန်းဝေ့ဟူအား ကူညီရန် တွေးလိုက်သည်နှင့် ကံကြမ္မာပြောင်းသွားသည်။

ဆေးရွက်များဖြင် မှန်ကန်စွာကုသရင်း ပေါက်ကွဲမှုအား တားနိုင်လိမ့်မည်။

အားလုံး အချိန်ကိုက်ဖြစ်၏။

မည်သူမျှ မထိခိုက်တော့ပေ။

စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ရှန်မို ဆေးပင် (၃) မျိုးအား မြန်ဆန်စွာ အခြောက်ခံ၊ ကြိတ်နယ်၍ ပြုတ်ကာ ကျန်းဝေ့ဟူ ပါးစပ်ထဲ လောင်းထည့်ပေးလိုက်သည်။

ကျန်းဝေ့ဟူ မျက်နှာတွင် အရောင်များစွာ ပြောင်းလဲပြီးနောက် အမည်းရည်များ ပြန်အန်လေသည်။

ထိုအရည်များ ကြမ်းပြင်ပေါ် ကျသောအခါ တဖောက်ဖောက်အသံမျှဖြင့် ပျောက်ကွယ်သွားလေ၏။

ဆေးရည်ကြောင့် အားလျော့သွားခြင်း ဖြစ်လေသည်။ မဟုတ်လျှင် (၁၈) မီတာပတ်လည်အထိ သက်ရောက်နိုင်၏။

ရှန်မိုလည်း ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။

ကျန်းဝေ့ဟူ မောပန်းစွာဖြင့်

“အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်… ဒါ ဖန်ကျီယွီဆီက စာပါ”

ရှန်မို စာကို အမြန်ဖွင့်ကြည့်လိုက်၏။

“နှင်းပျံဂိုဏ်းမှာ အကာအကွယ် ဆောက်ဖို့ ဖိတ်ထားတဲ့သူကို တိုက်ခိုက်တဲ့အတွက် ရှင်တို့ဆီက တပည့်တွေကို ဖမ်းထားပါတယ်။ ကျွန်မတို့ဘက်က စစ်ပွဲစဖို့ စိတ်ကူးမရှိပါဘူး။ ရှင်တို့ ညှိနှိုင်းချင်ရင် လူလွှတ်လိုက်ပါ။ ပြီးရင် အချင်းချင်းလဲပြီး ငြိမ်းချမ်းရေး ယူတာပေါ့”

“လေးစားစွာဖြင့် ဖန်ကျီယွီ၊ နှင်းပျံဂိုဏ်း ခေါင်းဆောင်ငယ်”

All Chapters