← Chapters

မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီထင်တယ်

Vol. 7 Ch. 104

မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီထင်တယ်

Vol. 7 Ch. 104

ထိုအုပ်စုကို ဦးဆောင်လာသူမှာ ပိန်ပိန်ရှည်ရှည် အမျိုးသမီးဖြစ်၏။

ကျန် (၃) ဦးမှာလည်း မြုတေဖွဲ့စည်းခြင်းအဆင့်များ ဖြစ်ပြီး (၄) ယောက်သား လက်နက်ကြီးအဆောင်အနီး၌ ရပ်သွား၏။

ဂိတ်စောင့်တပည့်လေး (၂) ဦးမှာ ပျင်းရိပျင်းတွဲ သမ်းဝေနေကြသည်။

“ဘယ်အချိန် လှုပ်ရှားမလဲ ခေါင်းဆောင်ငယ်”

တစ်ဦးမှ ထမေးလိုက်၏။

ဖန်ကျီယွီ ယုံကြည်ချက်အပြည့်ဖြင့်

“အေးဆေးပေါ့။ နောက်နာရီဝက်လောက်နေရင် အဆိုင်းပြောင်းမှာ။ အဲ့အချိန်ကို စောင့်တာပေါ့”

အမှန်ပင် နာရီဝက်အကြာ၌ တပည့်အသစ် (၂) ဦး ရောက်လာ၏။

ထိုအခါ မြုတေဖွဲ့စည်းခြင်းအဆင့်တစ်ဦးသည် နားမလည်နိုင်စွာဖြင့်

“ခေါင်းဆောင်ငယ် ခုနက (၂) ယောက်က ပင်ပန်းနေတဲ့ပုံပဲကို။ အမြန်ဝင်သတ်ရင် ရတယ်လေ။ အခုကျ အသစ် (၂) ယောက် ဖြစ်သွားပြီ”

ဖန်ကျီယွီ ပြန်မဖြေပေ။ မကြာမီ နားလည်သွားလိမ့်မည်။

အမှန်ပင် အစောင့်အသစ်များသည် ဂိတ်တံခါးကိုဖွင့်ကာ မီးတုတ်ထွန်း၍ အချက်ပေးလေ၏။

ထိုအခါမှ နောက်လိုက် (၃) ဦး သဘောပေါက်သွားကြသည်။

ထိုနှစ်ဦးမှာ ဖန်ကျီယွီ၏လူများ ဖြစ်သည်။

ဂိတ်တံခါးမှာ အလွန်လေးလံ၍ အနည်းဆုံး မြုတေဖွဲ့စည်းခြင်း (၂) ဦး ခွန်အား အလွန်သုံးရ၏။ ယခုလို အထဲမှ ဖွင့်ပေးသူရှိခြင်းသည် အင်အား ချွေတာရာရောက်လေသည်။

“ခေါင်းဆောင်ငယ်ရဲ့ အမြင်ကတော့ အထင်ကြီးစရာပဲ”

ဖန်ကျီယွီပြုံးလျက်

“မလာခင် ကျွန်မဘာပြောခဲ့လဲ မှတ်မိလား”

“ဟုတ်ကဲ့ပါ ဒီကိစ္စကို မြန်မြန် ရှင်းရမယ်။ အဓိကပစ်မှတ်က ရှန်မိုပါ”

“ဟုတ်တယ်။ အဲ့ဒါမှ အကြီးဆုံး အောင်မြင်မှုပဲ”

“မိုးမုန်တိုင်းဂိုဏ်းက ဆူးတောကို ရုတ်တရက်စီးလို့ အဲ့ဘက်ကို လူလွှတ်ထားရသေးတယ် နှမျောစရာပဲ မဟုတ်ရင် ရှန်မို့ကို အေးဆေး ဖမ်းနိုင်မှာ”

“ဟုတ်တယ်။ သူတို့ဆီမှာ မြုတေဖွဲ့စည်းခြင်း (၁) ယောက်ပဲ ရှိတာဆို။ ကျွန်တော်တို့ (၄) ယောက် အားနဲ့ဆို အဆင်ပြေမှာပါ”

ဖန်ကျီယွီ ခေါင်းယမ်းလျက်

“ဘာပဲဖြစ်ဖြစ် ဂရုတော့ စိုက်ရမယ်။ ရှန်မို့ကို အရမ်းလွယ်လွယ်တော့ ဖမ်းနိုင်မယ် မထင်ဘူး။ ဒါပေမဲ့ တခြားအကြံတွေ ရှိပါသေးတယ်”

“ခေါင်းဆောင်ငယ်ကတော့ တော်လွန်းပါတယ်။ အသက်ငယ်ပေမဲ့ အစီအစဉ်တွေ သိပ်ကောင်းတာပဲ”

“ကဲ စကြတာပေါ့”

ဖန်ကျီယွီ ပြုံး၍ ပြော၏။

အစောင့်ထဲမှ တစ်ဦးမှာ လီထက်ဖြစ်သည်။

သူ ဖန်ကျီယွီကို တွေ့သောအခါ ဒူးထောက်လျက်

“မင်္ဂ်လာပါ ခေါင်းဆောင်ငယ်”

“ဒီမှာပဲနေပြီး ငါ့အမိန့်ကို စောင့်ပါ”

“ဟုတ်ကဲ့ပါ”

အစောင့်များ ပြန်ဖြေလိုက်ကြ၏။

ထိုစဉ် အကြီးအကဲလီမှာ စိတ်ထဲလေးနေ၍ လမ်းလျှောက်ရန် ထွက်လာရင်း ထိုအဖွဲ့ကို တွေ့သွားလေသည်။

ဖန်ကျီယွီမှ

“သူ့ကို သတ်လိုက် သူက မူယုံးယွဲ့ရဲ့ လူယုံပဲ”

မြုတေဖွဲ့စည်းခြင်း (၄) ဦး အကြီးအကဲလီအား ဝိုင်းလိုက်၏။

“မင်းတို့တွေ … ဖန်ကျီယွီ အလစ်တိုက်ခိုက်တယ်ပေါ့လေ”

ဘုံး ဘုံး ဘုံး!

မြုတေဖွဲ့စည်းခြင်း (၅) ဦး၏ တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။

တပည့်များမှာ တိုက်ပွဲဖြစ်နေမှန်း သိသော်လည်း အနားကပ်ရန် မဖြစ်နိုင်ပေ။

ရှန်မိုလည်း သတိထားမိကာ အခန်းထဲမှ ထွက်လာ၏။

အကြီးအကဲလီ လှမ်းအော်၏။

“ခေါင်းဆောင်ငယ် ပြေးတော့ ကျွန်မ သူတို့ကို ထိန်းထားမယ်”

ဖန်ကျီယွီ တစ်ချက်လှမ်းကြည့်၍

“သူ့ကို မလွတ်စေနဲ့နော်”

“ဟုတ်ကဲ့ပါ”

အပြာရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများထဲမှ တစ်ဦးက အကြီးအကဲလီအား အရှိန်ဖြင့် တွန်းချလိုက်သည်။

ထို့နောက် ရှန်မို့အနီးပြေး၍ လည်ပင်းနေရာအား ခုတ်ရန် ပြင်လိုက်သည်။

ဖန်ကျီယွီမှ အရှင်ဖမ်းရန် မှာထားသောကြောင့် အင်အား ၃၀% သာ သုံးထားပါသည်။

ရှန်မိုမှာ ပြေးလည်းမပြေး၊ ရှောင်လည်း မရှောင်ဘဲ ရင်ဆိုင်လေ၏။

အကြီးအကဲလီ မျက်လုံးမှိတ်လျက် နာကျင်မှုဒဏ်ကို ကြံ့ကြံ့ခံနေရသည်။

ဖန်ကျီယွီတို့ ရုတ်တရက် ရောက်လာမည်ဟု မထင်ထားချေ။

သူတို့ ရှန်မို့ကိုသာ ပစ်မှတ်ထား၏။

ကြိုတင်စီစဉ်မှုကြီးဖြစ်ပြီး ရှန်မို့ကို မကာကွယ်နိုင်၍ အလွန် စိတ်မကောင်း ဖြစ်နေလေသည်။

သို့သော် ရှန်မို့လက်ဝါးမှ ပြင်းထန်သော မီးတောက်များ ပေါ်လာ၏။

ထို့နောက် မီးဇာမဏီအသွင်ပြောင်းကာ ဝတ်ရုံပြာ ကျင့်ကြံသူ၏ လက်ကို ကာလိုက်သည်။

နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်း၊ လက်သီးပုံစံ။

ဘုံး!

တိုက်ခိုက်မှု (၂) ခုထိမိကာ ထိုလူ၏ ညာဘက်လက်တွင် မီးများ တောက်လာလေသည်။ “အား”

သူ နာကျင်မှုကြောင့် အော်ဟစ်ရင်း မီးတောက်မှာ အရိုးထိအောင် စားသွားလေပြီ။

သို့ရာတွင် ရှန်မို့ကို တိုက်ခိုက်မှုမှာ လျော့မသွားပေ။

ရှန်မို့တိုက်ခိုက်မှုမှာ မူယုံးယွဲ့ပေးထားသည့် နောက်ဆုံးအဆင့် တိုက်ကွက်ဟု ထင်လိုက်သည်။

သူ မှားသွားပြန်၏။

ရှန်မို သူ့အနောက်မှ ပြန်ပေါ်လာကာ အေးစက်သော အသံဖြင့်

“ရှာမနေနဲ့တော့ ငါ ဒီမှာ”

ဘုံး!

ရှန်မို့လက်ဝါးမှာ ထိုလူ့နောက်ကျောအား ရိုက်ချလိုက်သည်။

ဘန်း!

ထိုလူ မကာကွယ်နိုင်ဘဲ လွင့်ထွက်သွားသည်။

ရှန်မို အနောက်မှလိုက်၍ ဆက်တိုက် တိုက်ခိုက်၍ (၁၀) စက္ကန့်အတွင်း သေဆုံးသွားတော့သည်။

ကြည့်ရှုနေသူများ မယုံနိုင်အောင် ဖြစ်နေကြသည်။

ဘယ်လိုလုပ်…

ခြေတည်အဆင့်ထိပ်ဆုံးက မြုတေဖွဲ့စည်းခြင်းကို သတ်လိုက်တာလား။

ရှန်မိုတော်တာ မှန်ပေမဲ့ အဲ့လောက်တောင်လား။ ဖန်ကျီယွီဘေးမှ အခြား ကျင့်ကြံသူ (၂) ဦး မျက်မှောင်ကြုတ်သွားသည်။

“မဟုတ်သေးဘူး… သူ့ကြည့်ရတာ မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်နေပြီထင်တယ်”

All Chapters