← Chapters

အခန်း (၁၆၅၁-၁၆၅၃)

Vol. 111 Ch. 1651-1653

အခန်း (၁၆၅၁-၁၆၅၃)

Vol. 111 Ch. 1651-1653

အဆတစ်ရာစနစ် စာစဥ်(၁၁၁)

အခန်း(၁၆၅၁)

"ဖူး.."

ကောင်းကင်နတ်ဘုရား ကမ္ဘာက အနှိုင်းမဲ့ ဓားအလင်းကြောင့် ရုတ်တရက် ပြိုကွဲသွားပြီးနောက်တွင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူ၏ လည်ချောင်းက ချိုမြိန်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက အနှိုင်းမဲ့ဓားအလင်း လာရာလမ်း ဆီသို့ စိုက်ကြည့်လိုက်၏။

ထိုနေရာတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက ဝင့်ကြွားစွာ ရပ်နေသည်ကို သူမြင်လိုက်ရသည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်မှာ တခြားသူမဟုတ်ပေ။

ဖေးယွင်ခံတပ်တွင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်ကာ ထျန်းဖန်းနိုင်ငံကို အလျင်အမြန်စစ်ကူပေးရန် ရောက်လာခဲ့သည့် ကျန်းချန်ပင် ဖြစ်သည်။

"ကောင်လေး.. မင်းဘယ်သူလဲ"

သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားက သူ၏ ရှေ့တွင် ရှိနေသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စူးရှစွာကြည့်လိုက်သည်။

ထို့နောက်တွင် ဒေါသတကြီး မေးခွန်းထုတ်လိုက်သော အသံသည် သူ၏နှုတ်ကနေ ထွက်ပေါ်လာခဲ့သည်။

သူက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူ၏ရှေ့မှ မလောက်လေး မလောက်စား ကောင်လေးသည် သူ၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဓားတစ်ကွက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်ရာ သူ့အနေဖြင့် အဘယ်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

"ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုကနေ ထျန်းဖန်းနိုင်ငံကို စစ်ကူအဖြစ် စေလွှတ်လိုက်တဲ့ ကျန်းချန်ပဲ.. ငါ့ရဲ့တာဝန်က ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်နေတဲ့ မင်းတို့ သွေးလမင်းကုန်းမြေက စစ်တပ်ကို ဖြိုခွင်းဖို့ပဲ"

လေထုထဲတွင် ယိုထျန်းခွေ့နှင့် တိုက်ခိုက်နေသည့် ထျန်းဖန်းဧကရာဇ်သည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်နေခဲ့သည်။

ထို့နောက်တွင် သူ၏ မျက်ဝန်း၌ အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စစ်ကူများသည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့ချေပြီ။

သူသိထားသလောက်ဆိုလျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား တစ်ပါးသည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ စေလွှတ်လိုက်သော စစ်ကူများကို သွားရောက်တားဆီးနေခဲ့သည်။

ယခု ကျန်းချန်ဟု ခေါ်သည့် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တပည့်တစ်ယောက်သည်လည်း ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ဆီ အလျင်အမြန် ‌‌ရောက်လာခဲ့သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ထိုတပည့်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးသော်လည်း ကောင်းကင်နတ်ဘုရားတစ်ပါး ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရား ကမ္ဘာကိုပင် ဖြိုခွင်းနိုင်စွမ်း ရှိ၏။

ဤကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ထက် လုံးဝ မနိမ့်ကျပေ။

"ဟားဟား ယိုထျန်းခွေ့.. ထျန်းဖန်းနိုင်ငံကို ဖျက်ဆီးမဲ့ မင်းရဲ့အကြံအစည်က အကောင်အထည် မပေါ်လာနိုင်တော့ဘူး ထင်တယ်"

ထျန်းဖန်းဧကရာဇ်က ချက်ချင်းဆိုသလို ကျယ်လောင်စွာ ရယ်မော၍ လှောင်ပြောင်လိုက်သည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ဤပါရမီရှင် တပည့်ကိုပါ ထည့်တွက်လျှင် သူတို့ ထျန်းဖန်းနိုင်ငံဘက်တွင် ကောင်းကင်နတ်ဘုရားသုံးပါး ရှိသည်နှင့် ညီမျှ၏။

သို့ဖြစ်ရာ သွေးလမင်းကုန်းမြေမှ စစ်တပ်၏ တိုက်ခိုက်မှုကို အဘယ်ကြောင့် စိုးရိမ်စရာ လိုအပ်တော့မည်နည်း။

"ဒီကောင်လေးက ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးတဲ့ ကောင်လေးတစ်ယောက်ထက် ဘာမှမပိုဘူး.. သူက ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖျက်ဆီးနိုင်ခဲ့တာ လှည့်ကွက်တချို့ကို အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်"

ယိုထျန်းခွေ့က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။

"မင်းက သူ့ကို ကောင်းကင်နတ်ဘုရား တစ်ပါးလို့ ထင်ပြီး အခြေအနေတွေကို အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်နေတာလား"

သူ၏ရှေ့မှ ကောင်လေးက အလွန်တရာ ထူးခြားသော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ် အဆင့်သာ ဖြစ်သည်။

အစောပိုင်းက ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖျက်ဆီးခဲ့သော ဓားအလင်းသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ စွမ်းအားကြီးမားသော ကျင့်ကြံသူ တစ်ယောက်ယောက် ချီးမြှင့်ထားသော ဝှက်ဖဲတစ်ခု ဖြစ်နိုင်ပေသည်။

ထိုကောင်လေးက ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖျက်ဆီးရန် ကိုယ်ပိုင်စွမ်းအားကို အသုံးပြုခဲ့သည်ဟု ယိုထျန်းခွေ့ လုံးဝ မယုံကြည်ခဲ့ပေ။

အကယ်၍သာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖျက်ဆီးခဲ့ခြင်းသည် ထိုကောင်လေး၏ စွမ်းရည် အစစ်အမှန်သာဆိုလျှင် ထိုကောင်လေး၏ ပါရမီသည် အလွန်အမင်း ကောင်းကင်ကိုပင် ဆန့်ကျင်နေလိမ့်မည် မဟုတ်ပါလား။

ထိုကဲ့သို့သော ပါရမီရှင်များသည် နတ်ဘုရင်အဆင့် အင်အားစုများ ရှိသည့် အထွတ်အမြတ် နယ်မြေများမှာပင် အလွန်တရာ ရှားပါးလှသည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုသည် သူတို့ သွေးလမင်းကုန်းမြေထက်ပင် သေးငယ်သော နယ်မြေတစ်ခုသာ ဖြစ်သည်။

ထိုကဲ့သို့သော နေရာမျိုးသည် ထိုကဲ့သို့ ကောင်းကင်ကိုပင် လုံးဝ ဆန့်ကျင်နေသော အထွတ်အထိပ် ပါရမီရှင်ကို မည်ကဲ့သို့ မွေးထုတ်နိုင်ပါမည်နည်း။

ထျန်းဖန်းဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"တိုက်ပွဲကို အလှည့်အပြောင်း လုပ်နိုင်တာတွေ မလုပ်နိုင်တာတွေ ငါမသိဘူး.. သေချာတာကတော့ ဒီတစ်ကြိမ်မှာ မင်းကအောင်မြင်မှုမရှိဘဲ ပြန်သွားရမဲ့ ကံကြမ္မာပါနေပြီ ဆိုတာတော့ ငါသိတယ်"

ကျန်းချန်က ကောင်းကင်နတ်ဘုရား ကမ္ဘာကို မည်ကဲ့သို့ ဖျက်ဆီးခဲ့သည် ဆိုသည်မှာ အရေးမကြီးပေ။

ရှေးဟောင်းနဂါး မျိုးနွယ်စုက ထိုကောင်လေးကို ယုံယုံကြည်ကြည် လွှတ်လိုက်သည်ဖြစ်ရာ ထိုကောင်လေးတွင် အားကိုးလောက်စရာ ဝှက်ဖဲများ ရှိရပေလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် သူက မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူကို ကယ်တင်ကာ မြို့တော်၏ ကာကွယ်ရေး ဧရိယာ အတွင်းသို့ ပြန်လာနိုင်သရွေ့ သူတို့သည် ရှုံးနိမ့်နိုင်တော့မည် မဟုတ်ပေ။

"ငါက အောင်မြင်မှုမရရှိဘဲ ပြန်သွားရမှာလား ဆိုတာ မင်းမကြာခင် သိလာရလိမ့်မယ်"

ယိုထျန်းခွေ့က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

"ဟမ့်.. ကောင်းကင်နတ်ဘုရားအဆင့်ကို မထိုးဖောက်ရသေးတဲ့ ပုရွက်ဆိတ်လေးကများ ငါ့ရှေ့မှာ လေလုံးထွားရဲတယ်.. မင်းဒီလောက်တောင် သေချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် အစောပိုင်းက ထိခိုက်ဒဏ်ရာ ရရှိသွားသည့် သွေးလမင်းကုန်းမြေ ဘက်မှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူသည် အေးစက်စက်ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူက ကမ္ဘာ့စွမ်းအားကို ထုတ်ဖော်ကာ သွေးပင်လယ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲလိုက်ပြီး ကျန်းချန်ဆီသို့ သက်ရောက်စေခဲ့သည်။

ကျန်းချန်က မီးဥပဒေသ မူလစွမ်းအားကို အထူးပြုကာ ကိုယ်ခံပညာ ဥပဒေသ၇မျိုး၏ မူလစွမ်းအားကို ပေါင်းစည်း၍ ၇ရောင်ခြယ် မီးတောက်တစ်ခုကို ဖန်တီးလိုက်သည်။

ထို့‌နောက်တွင် ၇ရောင်ခြယ် မီးတောက်နှင့် သွေးပင်လယ်တို့သည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြ၏။

အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများကိန်းအောင်းနေသည့် ၇ရောင်ခြယ် မီးတောက်သည် ကောင်းကင်ယံကို ဖုံးလွှမ်းနေသော မီးပင်လယ်ကို တစ်ခဏအတွင်းမှာပင် ခြောက်သွေ့သွားစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်က မိုးကြိုးဥပဒေသ မူလစွမ်းအားကိုအထူးပြုကာ ဥပဒေသ ၇မျိုး၏ မူလစွမ်းအားကို ပေါင်းစည်း၍ ၇ရောင်ခြယ် နတ်မိုးကြိုးများကို ဖန်တီးလိုက်ပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ဆီသို့ သက်ရောက်စေလိုက်သည်။

သူ၏ ဦးခေါင်းအထက်မှ ထောင်နှင့်ချီသော ကြောက်မက်ဖွယ်ရာကောင်းသည့် ၇ရောင်ခြယ် နတ်မိုးကြိုးများကို ကြည့်ရင်း သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူက သူ၏ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအားကို အကန့်အသတ်အထိ အလျင်အမြန် လှုံ့ဆော်လိုက်ပြီး သူ၏ ဦးခေါင်းအထက်တွင် မီတာ၁၀၀ အထူရှိသည့် ဧရာမ သွေးတိမ်တိုက် တစ်ခုကို စုစည်းလိုက်ကာ သူ့ထံသို့ ကျရောက်လာသော ၇ရောင်ခြယ် နတ်မိုးကြိုးများကို တားဆီးလိုက်၏။

ယင်းအချိန်တွင် ထောင်နှင့်ချီသော ၇ရောင်ခြယ် နတ်မိုးကြိုးများသည် သွေးတိမ်တိုက်ကို ဆက်တိုက်ဆိုသလို သက်ရောက်သွားခဲ့ကြသည်။

တစ်ခဏအတွင်း သွေးတိမ်တိုက်ပေါ်၌ အပေါက်ရာများဖြင့် ပြည့်နှက်လာခဲ့သည်။

အဆုံးသတ်တွင် မီတာ၁၀၀ အထူရှိသည့် သွေးတိမ်တိုက်ကို ၇ရောင်ခြယ် နတ်မိုးကြိုးသည် လုံးဝကို ဖျက်ဆီးပစ်နိုင်ခဲ့၏။

ထို့အပြင် ၇‌ရောင်ခြယ်နတ်မိုးကြိုး၏ စွမ်းအားသက်ရောက်မှုကို ခံရကာ သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားသည် အလွန်ကွာဝေးသော အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ဒီကောင်လေးက ဘယ်လိုတောင် ကျင့်ကြံထားတာလဲ"

သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် ယခင်က မဖြစ်ပေါ်ခဲ့ဖူးသည့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို အသက်ရှူဖို့ပင် အခွင့်အရေး လုံးဝ မပေးခဲ့ပေ။

သူက လေဥပဒေသကို အထူးပြုကာ ဥပဒေသ ၇မျိုး၏ မူလစွမ်းအားကို ပေါင်းစပ်လိုက်ပြီး အရောင်အသွေး စုံလင်သော လေပြင်းမုန်တိုင်း တစ်ခု အဖြစ် ပြောင်းလဲကာ သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို ထပ်မံ တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားက သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးခင်မှာပင် အ‌ရောင်အသွေး စုံလင်သော လေပြင်းမုန်တိုင်းသည် သူ့ကို လုံးဝ လွှမ်းခြုံသွားခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် အရောင်အသွေးစုံလင်သော လေပြင်းမုန်တိုင်း၏ အောက်တွင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။

ကျန်းချန်က နောက်ပြန်လွင့်စင်သွားသော သွေးပုံရိပ်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် ၇ရောင်ခြယ် ဓားအလင်းကို ထပ်မံ ထုတ်ဖော်လိုက်၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ၇ရောင်ခြယ် ဓားအလင်းသည် လေထုကို ဖြတ်သန်းကာ သွေးရောင်ပုံရိပ် ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဝုန်း.."

သွေးရောင်ပုံရိပ်သည် ခုခံရန်ပင် အခွင့်အရေး လုံးဝ မရှိခဲ့ဘဲ ၇ရောင်ခြယ် ဓားအလင်းဖြင့် ထိမှန်ကာ ဘာမှမကျန်ရှိတော့သည် အထိ ပေါက်ကွဲထွက်သွားခဲ့သည်။

ကောင်းကင်ယံကနေ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်များ ကိန်းအောင်းနေသည့် ကောင်းကင်နတ်ဘုရား၏ သွေးစက်များသည် မိုးရေစက်များ ကဲ့သို့ အောက်ဘက်ကို စီးကျလာခဲ့သည်။

ထိုကောင်းကင်နတ်ဘုရား သွေးစက်များသည် သွေးလမင်းကုန်းမြေမှ စစ်သည်များ ပေါ်သို့ ကျရောက်သွားခဲ့၏။

အားနည်းသော ပကတိနတ်ဘုရားအဆင့် စစ်သည်တချို့သည် ကောင်းကင်နတ်ဘုရား၏ သွေးစွမ်းအားကို ခံနိုင်ရည် မရှိကြချေ။

သူတို့၏ ခန္ဓာကိုယ်များက ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့ကြသည်။

တစ်ခဏအတွင်းမှာပင် ထောင်နှင့်ချီသော သွေးလမင်းကုန်းမြေဘက်မှ ပကတိနတ်ဘုရားများသည် ငရဲကျနေသကဲ့သို့ အော်ဟစ် ငိုကြွေးနေခဲ့ကြ၏။

ရေတွက်၍ မရနိုင်သော သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများသည် လေထဲတွင် ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။

ထိုကောင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသေးသော်လည်း တိုက်ကွက်၄ကွက်ဖြင့်ပင် သူတို့ သွေးလမင်းကုန်းမြေမှ အကြီးအကဲအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ပစ်လိုက်၏။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မှန်ပါသည်။ သွေးလမင်းကုန်းမြေမှ စစ်သည်များသာမက ထျန်းဖန်း နိုင်ငံဘက်မှ ကျင့်ကြံသူများသည်လည်း မှင်တက်သွားခဲ့ကြ၏။

ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ တချို့ပင်လျှင် မှင်တက်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ ပြန်လည် မသက်သာလာခဲ့ကြပေ။

သူတို့၏ အမြင်ဖြင့် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိသော်လည်း ဤမျှအထိ အစွမ်းထက်မည်ဟု မျှော်လင့်မထားကြချေ။

ထိုကောင်လေးသည် တိုက်ကွက် ၄ကွက်ဖြင့်ပင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။

ထိုကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

အခန်း(၁၆၅၁)ပြီး၏။

အခန်း(၁၆၅၂)

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယိုထျန်းခွေ့က မှင်တက်နေခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အံ့သြသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

မကြာသေးခင်က ထိုကောင်လေးထံမှ အနှိုင်းမဲ့ဓားအလင်းသည် ကောင်းကင်နတ်ဘုရား ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့သည်။

ထိုကောင်လေးက ပြင်ပအကူအညီကို အားကိုး၍ ကောင်းကင်နတ်ဘုရားကမ္ဘာကို ဖျက်ဆီးပစ်ခဲ့သည်ဟု မူလက သူထင်ခဲ့၏။

သို့သော် ယခုအခါတွင်မူ ယိုထျန်းခွေ့သည် ကျန်းချန်က ပြင်ပအကူအညီကို လုံးဝ အသုံးမပြုခဲ့မှန်း အဆုံးသတ်တွင် အံ့သြထိတ်လန့်စွာ တွေ့ရှိခဲ့ရသည်။

ထိုကောင်လေးသည် ကိုယ်ခံပညာ ဥပဒေသလမ်းစဥ် ၇မျိုးကို တစ်ပြိုင်နက် ကျင့်ကြံသော ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့၏။

ထိုကိုယ်ခံပညာ ဥပဒေ လမ်းစဥ်၏ မူလစွမ်းအား ၇မျိုးကို ပေါင်းစပ်လိုက်လျှင် ‌ကောင်းကင်နတ်ဘုရား ပထမအဆင့်ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့ကြောင့်လည်း ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူသည် ၄ကွက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရခြင်းပင်။

ဆိုရလျှင် သူ၏ရှေ့မှ ကောင်လေးသည် ပကတိနတ်ဘုရားအဆင့်ဖြင့် ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်နိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အထွတ်အထိပ် ပါရမီရှင် တစ်ယောက် ဖြစ်နေခဲ့၏။

ရှေးဟောင်းနဂါးနယ်မြေလို သေးငယ်‌သောနယ်မြေတွင် ထိုကဲ့သို့ အနှိုင်းမဲ့ ပါရမီရှင်တစ်ပါး မွေးဖွားလာလိမ့်မည်ဟု ယိုထျန်းခွေ့ မည်သို့မှ မတွေးမိခဲ့ပေ။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက စေလွှတ်လိုက်တဲ့ ပါရမီရှင်က တကယ်ကို သာမန်မဟုတ်ဘူးပဲ"

ထျန်းဖန်းဧကရာဇ်ကလည်း မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့သည်။

သူ၏ မျက်ဝန်းတွင် အံ့သြသော အမူအရာများသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ထျန်းဖန်းဧကရာဇ်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ပြိုင်ဘက်ကင်း ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော် ထိုပါရမီရှင်များသည် သူ့ကို ဤမျှလောက်အထိ အံ့သြစေခြင်းမျိုး တစ်ခါမှ မဖြစ်ပေါ်စေခဲ့ပေ။

အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို အဆင့်ကျော်၍ သတ်ဖြတ်သည်မှာ ထိုကောင်လေးအဖို့ ထမင်းစား ရေသောက်သကဲ့သို့ပင် ရိုးရှင်းလွန်းနေခဲ့သည်။

ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်မျိုးကို သူတစ်ခါမှ မတွေ့ဖူးပေ။

သူ့အမြင်တွင် ထိုကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် သူကဲ့သို့ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူထက်ပင် များစွာ မနိမ့်ကျပေ။

"ငါတကယ် အိုမင်းသွားပြီထင်တယ်"

မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူက ထိုမြင်ကွင်းကို မှင်တက်ကာ စိုက်ကြည့်နေခဲ့သည်။

သူက စိတ်နှလုံးထဲကနေ ခါးသီးစွာ ရေရွတ်လိုက်၏။

သူ၏ ရှေ့မှ လူငယ်က သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်ပစ်လိုက်၍ သူ၏ တင်းမာနေသော စိတ်နှလုံးသည် အနည်းငယ်ပြေလျော့သွားခဲ့သည်။

ယခုအခါတွင် သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား တစ်ပါး လျော့ပါးသွားပြီ ဖြစ်ရာ ထျန်းဖန်းနိုင်ငံ၏ အကျပ်အတည်းသည် အဆုံးသတ်တွင် ဖြေရှင်းပြီးသလောက် ဖြစ်သွားခဲ့သည်။

ကျန်းချန်က လူတိုင်း၏ အံ့သြထိတ်လန့်နေသော အကြည့်များကို လျစ်လျူရှုကာ အေးစက်သော မျက်ဝန်းများဖြင့် သွေးလမင်းကုန်းမြေမှ တခြား ကောင်းကင်နတ်ဘုရား တစ်ပါးကို စိုက်ကြည့်လိုက်သည်။

ကျန်းချန်၏ အကြည့်နှင့် ရင်ဆိုင်မိလျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားသည် စိတ်နှလုံးထဲတွင် အကြောင်းပြချက် မရှိဘဲ အေးစိမ့်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။

သူက ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သွေးအလင်း အဖြစ်သို့‌ ပြောင်းလဲကာ ယိုထျန်းခွေ့၏ နံဘေးသို့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

ကျန်းချန်က လေထဲကနေ ပျံသန်းလာခဲ့ပြီး ထျန်းဖန်း ဧကရာဇ်၏ နံဘေးကို ရောက်လာခဲ့ကာ ယိုထျန်းခွေ့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

ယိုထျန်းခွေ့က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ အလေးအနက် ပြောလိုက်သည်။

"ငါသိသလောက်တော့ ရှေးဟောင်းနဂါးမျိုးနွယ်စုမှ မင်းလိုပါရမီမျိုး မရှိပါဘူး မင်းက ဘယ်သူလဲ"

"ဒါက ခင်ဗျားရဲ့ မသိနားမလည်မှုကိုဘဲ အပြစ်တင်ရမယ်.. ခင်ဗျားက ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ဖို့ တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ် ဆိုတော့ ကျုပ်မှာ ခင်ဗျားအတွက် လက်ဆောင်တစ်ခု ရှိတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ထို့နောက်တွင် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ နေရာလွတ်စွမ်းအားကို ထုတ်သုံး၍ လေဟာနယ်တွင် ပုံရိပ်တစ်ခုကို တိုက်ရိုက်ပင် ပုံဖော်လိုက်သည်။

ထိုပုံရိပ်မှာ ကျန်းချန်က ဖေးယွင်ခံတပ်၏ အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သည့် ပုံရိပ်ဖြစ်သည်။

"မင်း မင်းက ဖေးယွင်ခံတပ်ကို ဝင်ပြီး နဝမ သခင်လေးကို သတ်ဖြတ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူလား"

ယိုထျန်းခွေ့တို့ နှစ်ယောက်စလုံးက ကျန်းချန် ပုံဖော်ထားသည့် ပုံရိပ်ကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထို့အပြင် သူတို့၏ အမူအရာများသည် တစ်ခဏအတွင်း သုန်မှုန်သွားခဲ့၏။

သူ၏ရှေ့တွင် ရှိနေသည့် ကျန်းချန်ဟု ခေါ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဖေးယွင်ခံတပ်ကို တိုက်ခိုက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ ဖြစ်နေခဲ့သည်။

ထို့အပြင် ဖေးယွင်ခံတပ်ကို စေလွှတ်လိုက်သည့် အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူသည် ထိုလူငယ်လေး၏ လက်ထဲတွင် ကျဆုံးသွားလိမ့်မည်ဟု သူတို့ မထင်ခဲ့မိကြချေ။

ယခုအခါတွင် ယိုထျန်းခွေ့သည် အလွန်တရာ ဒေါသအိုး ပေါက်ကွဲနေခဲ့သည်။

ဤတစ်ခေါက်တွင် သူတို့ သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ၄ပါးကို စေလွှတ်၍ ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ခဲ့သည်။

ကောင်းကင်နတ်ဘုရား ၄ပါး၏ စွမ်းရည်ဖြင့် သူတို့သည် ထျန်းဖန်းနိုင်ငံ၏ မြို့များကို တောက်လျှောက်ဆိုသလို သိမ်းပိုက်နိုင်ခဲ့၏။

ထို့အပြင် သူတို့သည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကိုပင် ဝိုင်းရံထားနိုင်ခဲ့ပြီ ဖြစ်၏။

ဆိုရလျှင် ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်ရန်မှာ လက်တစ်ကမ်းမျှသာ လိုအပ်တော့သည်။

သို့သော် ထိုကဲ့သို့ အရေးကြီးသော အချိန်တွင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော နတ်ဆိုးဆန်သည့် ပါရမီရှင် တစ်ယောက်ကို မမျှော်လင့်ဘဲ စေလွှတ်ခဲ့သည်။

ထိုပါရမီရှင်က ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသော်လည်း သူတို့ သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား နှစ်ပါးကို သတ်ဖြတ်ပစ်လိုက်၏။

ဤသို့ဖြင့် စစ်ရေးတွင် အရေးသာနေသော သွေးလမင်းကုန်းမြေ၏ အခြေအနေသည် ထိုကောင်လေး၏ လက်ချက်ဖြင့် ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ယခုအခါတွင် ထျန်းဖန်းနိုင်ငံကို ကျူးကျော်ဖို့ မပြောနှင့်၊ နောက်ပြန်ဆုတ်ရန်ပင် လွယ်ကူမည် မဟုတ်သည်ကို သူ စိုးရိမ်နေမိသည်။

"သွေးလမင်းကုန်းမြေက နောက်ထပ် ကောင်းကင်နတ်ဘုရား တစ်ပါးက ကျန်းချန်ရဲ့လက်ထဲမှာ တကယ်ပဲ သေဆုံးသွားခဲ့တယ်လား"

ထျန်းဖန်းဧကရာဇ်က ကျန်းချန် ပုံဖော်ထားသည့် ပုံရိပ်ကို ကြည့်ကာ မှင်တက်နေခဲ့ပြီး သူ၏မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

သွေးလမင်း ကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ၄ပါးသည် အလွန်တရာ အစွမ်းထက်ပြီး ထျန်းဖန်းနိုင်ငံ အနေဖြင့် ရပ်တန့်၍ မရနိုင်ခဲ့ပေ။

ထို့ကြောင့်လည်း ထျန်းဖန်း ဧကရာဇ်သည် အင်ပါယာမြို့တော်၏ ကာကွယ်ရေးအစီအရင်ကို အားကိုးကာ မြို့တော်ထဲတွင် တောင့်ခံရုံသာ တတ်နိုင်ခဲ့သည်။

ယခုအခါတွင်မူ ကျန်းချန်သည် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၂ပါးကို ရှင်းပစ်လိုက်ပြီ ဖြစ်၏။

သို့ဖြစ်ရာ ယိုထျန်းခွေ့တို့ နှစ်ယောက်သည် သူတို့ကို မည်ကဲ့သို့ ထပ်မံ ခြိမ်းခြောက်နိုင်ပါတော့မည်နည်း။

"ဟားဟား ယိုထျန်းခွေ့.. မင်းမှာ ဒီလို နေ့မျိုး ရှိလာလိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး.. အခု မင်းတို့ သွေးလမင်းကုန်းမြေဘက်က ကောင်းကင်နတ်ဘုရား နှစ်ပါး ကျဆုံးသွားခဲ့ပြီ.. ဒီနေ့ ထျန်းဖန်းနိုင်ငံက မင်းတို့အတွက် သင်္ချိုင်းပဲ"

ထျန်းဖန်းဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားကို ထုတ်ဖော်ကာ ယိုထျန်းခွေ့ကို တိုက်ခိုက်လိုက်သည်။

ထျန်းဖန်းဧကရာဇ်သည် သွေးလမင်း ကုန်းမြေ၏ လျှပ်ပြက်သလို မြန်ဆန်သော ထိုးစစ်ကြောင့် အစောပိုင်း ကာလများတွင် နောက်သို့ တဆုတ်တည်း ဆုတ်ခဲ့ရသည်။

ယခုအခါတွင် ကျန်းချန်၏ ကျေးဇူးဖြင့် ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို မောင်းထုတ်နိုင်တော့မည် ဖြစ်သည်။

သို့ဖြစ်ရာ ထျန်းဖန်းဧကရာဇ်သည် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများကို မည်ကဲ့သို့ ညှာတာနိုင်ပါမည်နည်း။

သူက ယိုထျန်းခွေ့ကို ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်လိုက်သည်။

"အားလုံးပဲ.. ဒီနေ့ သွေးလမင်းကုန်းမြေက ကျင့်ကြံသူတွေကို ဖျက်ဆီးပြီး ထျန်းဖန်းနိုင်ငံကို ပြန်လည်ရယူမယ်.. ငါနဲ့အတူ တိုက်ပွဲဝင်ကြစို့"

တခြားတစ်ဖက်တွင်လည်း မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူသည် ထျန်းဖန်းနိုင်ငံ၏ စစ်သည်များကို အမိန့်ပေးကာ သွေးလမင်းကုန်းမြေမှ စစ်သည်များကို တိုက်ခိုက်လိုက်သည်။

သွေးလမင်းကုန်းမြေမှ စစ်သည်များသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ဖြစ်သည့် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ၏ အပြင်းအထန် တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးလမင်းကုန်းမြေဘက်မှ ရာနှင့်ချီသော ကျင့်ကြံသူများသည် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ကြသည်။

သွေးလမင်းကုန်းမြေမှ စစ်သည်များသည် အလွန်အမင်းထိတ်လန့်သွားကြပြီး အလျင်အမြန် ဆုတ်ခွာကာ အဝေးကို ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် ယိုထျန်းခွေ့၏ အမူအရာသည် တစ်ခဏအတွင်းမှာပင် အကျည်းတန်သွားခဲ့၏။

ဤတစ်ခေါက် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်မည့် အစီအစဥ်က လုံးဝကျရှုံးသွားပြီမှန်း သူကောင်းစွာ နားလည်သွားခဲ့သည်။

"ဆုတ်ကြစို့"

ယိုထျန်းခွေ့က သူ၏သွားများကို အန်ကြိတ်ကာ အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် သူ၏နံဘေးတွင် ရှိသည့် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရားများကို ဦးဆောင်ကာ အဝေးရှိကောင်းကင်ယံ ဆီသို့ ပျံသန်းသွားခဲ့သည်။

ယနေ့တိုက်ပွဲတွင် သွေးလမင်းကုန်းမြေသည် ကျရှုံးသွားခဲ့ပြီဖြစ်၏။

သူတို့သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ထျန်းဖန်းနိုင်ငံတွင် သူတို့၏ အသက်ကို စွန့်လွှတ်ရလိမ့်မည် မဟုတ်ပါလား။

"သတ်"

ယင်းအချိန်တွင် သူ၏နိုင်ငံအား သွေးလမင်းကုန်းမြေက သိမ်းပိုက်ထားသည်ကို မတတ်သာပဲ ထိုင်ကြည့်နေခဲ့ရသော ထျန်းဖန်းဧကရာဇ်သည် သူ၏ ရင်ထဲတွင် သိမ်းဆည်းထားသည့် ဒေါသများကို ဖွင့်ထုတ်ကာ ကြုံးဝါးလိုက်သည်။

သူ့ကို အင်ပါယာမြို့တော် အထိ တပ်ဆုတ်စေသည့် ယိုထျန်းခွေ့ကို သူက အလွယ်တကူ ထွက်ပြေးခွင့် မည်ကဲ့သို့ ပေးနိုင်ပါမည်နည်း။

ထို့ကြောင့် ထျန်းဖန်းဧကရာဇ်က သူ၏စွမ်းအားကို အပြည့်အဝ ထုတ်သုံးကာ ယိုထျန်းခွေ့၏ နောက်သို့ တိုက်ရိုက်ပင် လိုက်ပါသွားခဲ့သည်။

ကျန်းချန်ကလည်း တွေဝေမနေခဲ့ပေ။

သူက ချက်ချင်းဆိုသလို လေအလျင်ကဲ့သို့ ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး ယိုထျန်းခွေ့၏ နံဘေးမှ ‌ကောင်းကင်နတ်ဘုရားကို တိုက်ခိုက်လိုက်သည်။

အခန်း(၁၆၅၂)ပြီး၏။

အခန်း(၁၆၅၃)

ကျန်းချန်က သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားဆီသို့ နေရာလွတ် ဥပဒေသ မူလစွမ်းအားနှင့် အချိန်ဥပဒေသ မူလစွမ်းအားများကို သက်ရောက်စေခဲ့သည်။

ဤကောင်းကင်နတ်ဘုရားသည် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၄ပါးထဲတွင် အားအနည်းဆုံး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား ပထမအဆင့် အစောပိုင်းတွင်သာ ရှိနေသေး၏။

ကျန်းချန် ယခင်က သတ်ဖြတ်ခဲ့သည့် ကောင်းကင်နတ်ဘုရား၂ပါးနှင့်ယှဥ်လျှင် များစွာ အားနည်းနေခဲ့သည်။

သို့ဖြစ်ရာ အချိန်နှင့် နေရာလွတ် စွမ်းအားကို အထူးပြုပြီး ဥပဒေသ ၇မျိုး၏ မူလစွမ်းအားများ ပေါင်းစပ်ထားသော စွမ်းအားကို သူ့အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ ခံနိုင်ရည်ရှိပါအံ့နည်း။

သူ၏ခန္ဓာကိုယ်ကနေ စွမ်းအား အပြည့်အဝကို ထုတ်ဖော်ခဲ့သည့်တိုင် သူ၏ ပတ်ဝန်းကျင်တွင် ရှိသည့် အချိန်နှင့်နေရာလွတ် ဥပဒေသ၏ မူလစွမ်းအားများ တားမြစ်ချက်ကနေ တစ်ခဏအတွင်း လွတ်မြောက်ရန်မှာ ခက်ခဲနေဆဲပင်။

"သေစမ်း"

ကျန်းချန်က လက်ချောင်းထိပ်ကနေ ၇ရောင်ခြယ် ဓားအလင်းကို ပစ်ခတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် သူ၏ ဓားအလင်းသည် အရာအားလုံးကို ထိုးဖောက်သွားခဲ့ပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ဆီသို့ သက်ရောက်လာခဲ့သည်။

သူ့ဆီသို့ အလျင်အမြန် ချဥ်းကပ်လာသော ၇ရောင်ခြယ်ဓားအလင်းကို ကြည့်ကာ သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၏ စိတ်နှလုံးထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားလိုက်ရသည်။

ထို့ကြောင့် သူက ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်လိုက်ပြီး ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်းကို ခုခံလိုက်၏။

ထိုအချိန်မှာပင် ကျန်းချန်၏ ဓားအလင်းသည် ကောင်းကင်နတ်ဘုရားကမ္ဘာပေါ်သို့ ကျရောက်သွားခဲ့သည်။

မကြာမီမှာပင် ဓားအလင်းသည် တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ မိုင်၁၀၀ အကျယ်အဝန်းရှိသော လေထုကို လွှမ်းခြုံထားသည့် ကောင်းကင်နတ်ဘုရား ကမ္ဘာကို ပိုင်းဖြတ်လိုက်သည်။

ထို့နောက်တွင် ဓားအလင်းက သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ဆီသို့ သက်ရောက်လာခဲ့၏။

"ငါ့ကိုမသတ်ပါနဲ့"

သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားက ထိတ်လန့်တကြား ဖြစ်ကာ မျှော်လင့်ချက်မဲ့နေခဲ့သည်။

ထိုအချိန်မှာပင် ၇ရောင်ခြယ် ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပြီး ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေခဲ့သည်။

ယင်းနောက်တွင် ပုံရိပ်ယောင် သွေးအရိပ်တစ်ခုသည် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံသည် လေထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

"ဗိုလ်ချုပ်ယို.. ကျွန်တော့်ကို ကယ်ပါဦး"

ဤအချိန်တွင် ယိုထျန်းခွေ့သည်လည်း ထျန်းဖန်း ဧကရာဇ်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရ၏။

သူကိုယ်တိုင်ပင် ထွက်ပြေးနေရသည် ဖြစ်ရာ မည်ကဲ့သို့ အကူအညီ ပေးနိုင်ပါအံ့နည်း။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ၇ရောင်ခြယ် နတ်မိုးကြိုးဖြင့် လေထုကို ချက်ချင်းဆိုသလို လွှမ်းခြုံပစ်လိုက်သည်။

"အား.."

နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပုံရိပ်ယောင် သွေးအရိပ်သည် ၇ရောင်ခြယ် နတ်မိုးကြိုး၏ လက်ချက်ဖြင့် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤသို့ဖြင့် သွေးလမင်းကုန်းမြေမှ နောက်ထပ် ကောင်းကင်နတ်ဘုရား တစ်ပါးသည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် သာမန်ကောင်းကင်နတ်ဘုရား ပထမအဆင့်များကို သတ်ဖြတ်ရန်မှာ ကြက်သတ်သကဲ့သို့ပင် မခက်ခဲပေ။

ထို့နောက်တွင် ကျန်းချန်က တွေဝေမနေခဲ့ဘဲ ယိုထျန်းခွေ့နှင့် ထျန်းဖန်းဧကရာဇ်တို့ တိုက်ခိုက်နေသော နေရာသို့ လိုက်လာခဲ့သည်။

သူ၏ ကောင်းကင်နတ်ဘုရားအဆင့် လက်အောက်ငယ်သားကို သတ်ဖြတ်ကာ သူ့ဆီသို့ လှမ်းလာနေသော ကျန်းချန်ကို မြင်လျှင် ထျန်းဖန်းဧကရာဇ်နှင့် တိုက်ခိုက်နေသာ ယိုထျန်းခွေ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤကောင်လေးသည် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများကို ဟင်းရွက်ကန်စွန်းများကဲ့သို့ အလွယ်တကူပိုင်းဖြတ်နိုင်သည့် စွမ်းရည် ရှိနေခဲ့သည်။

ထိုကဲ့သို့သော စွမ်းရည်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူနှင့် ယှဥ်လျှင်ပင် နိမ့်ကျနေမည် မဟုတ်လောက်ပေ။

လက်ရှိအချိန်တွင် သူသည် ထျန်းဖန်း ဧကရာဇ်ကိုပင် အသေအလဲ ရင်ဆိုင်နေရ၏။

အကယ်၍သာ ထျန်းဖန်းဧကရာဇ် ဘက်ကနေ ထိုကောင်လေးက ဝင်ရောက်တိုက်ခိုက်ခဲ့လျှင် သူ့အနေဖြင့် ဤနေရာတွင် ကျဆုံးသွားလိမ့်မည်မှာ သေချာသလောက်ပင် မဟုတ်ပါလား။

ယိုထျန်းခွေ့၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

ထို့နောက်တွင် သူက သူ၏ ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဘုရားသွေးအဆီအနှစ် ၁စက်ကို အတင်းအကျပ် ထုတ်ယူလိုက်သည်။

‌ကောင်းကင်နတ်ဘုရား အဆီအနှစ် ၁စက်ကို ဆုံးရှုံးသွားခြင်းသည် သူ၏ စွမ်းအင်ကို မလွဲမသွေ ထိခိုက်စေမည် ဖြစ်သည်။

သို့သော်လည်း နှစ်ဝက်လောက် အချိန်ပြန်ပေးလိုက်လျှင် သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်ရန် ခက်ခဲမည်တော့ မဟုတ်ပေ။

ယိုထျန်းခွေ့က တွေဝေမနေတော့ဘဲ ကောင်းကင်နတ်ဘုရား သွေးအဆီအနှစ်ကို အသုံးပြုကာ လျှို့ဝှက်နည်းစနစ်ကို လှုံ့ဆော်၍ သွေးရောင်ပိုးအိမ် အဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးသွားခဲ့သည်။

လေထုထဲတွင် သူ၏ အေးစက်စက် အသံတစ်သံသာလျှင် ကျန်ရစ်ခဲ့၏။

"ကျန်းချန်.. ဒီစစ်ပွဲမှာ မင်းငါ့ကို အရှုံးကြီးရှုံးနိမ့်အောင် လုပ်ခဲ့တယ်.. မင်းကို ငါအလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး.. မင်းငါ့ကို စောင့်နေလိုက်ပါ.. သိပ်မကြာခင်မှာ ငါယိုထျန်းခွေ့က ဒီအကြွေးတွေ အတွက် မင်းဆီကနေ ဆယ်ဆ ပြန်ယူမယ်"

ယိုထျန်းခွေ့ ထွက်ပြေးသွားသော နေရာကို ကြည့်ရင်း ထျန်းဖန်းဧကရာဇ်သည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"ဒီကောင်နဲ့ ငါက ခွန်အားချင်း သိပ်မကွာလို့ ဒီကောင် ထွက်ပြေးခွင့် ရသွားတာပဲ"

ယိုထျန်းခွေ့သာ သူ့ဆီကနေ အမှန်တကယ် ထွက်ပြေးချင်သည် ဆိုလျှင် ထျန်းဖန်းဧကရာဇ်သည် အမှန်တကယ်ပင် တတ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ယိုထျန်းခွေ့သည် ကောင်းကင်နတ်ဘုရား သွေးအဆီအနှစ်ကို အသုံးပြုကာ နေရာလွတ် သွေးလွတ်မြောက်ခြင်း နည်းစနစ်ကို ထုတ်ဖော်ခဲ့သည်။

သူသာ နေရာလွတ်ဥပဒေသ၏ စွမ်းအားကို ကမ္ဘာ့စွမ်းအားအဆင့်အထိ စုစည်းနိုင်ခဲ့လျှင် ယိုထျန်းခွေ့ကို ဟန့်တားနိုင်လိမ့်မည် ဖြစ်သည်။

ဤကဲ့သို့ သွေးလွတ်မြောက်ခြင်း နည်းစနစ်နှင့် ရင်ဆိုင်ရလျှင် သူ့အတွက် တကယ်ကို ကူကယ်ရာမဲ့နေခဲ့၏။

"ဧကရာဇ်.. ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းနဲ့တော့ နောက်ထပ် လှိုင်းလုံးတွေ ချက်ချင်း ဖန်တီးနိုင်ဦးမှာ မဟုတ်ဘူး"

ကျန်းချန်က စိတ်ပျက်လက်ပျက် ဖြစ်နေသော ထျန်းဖန်းဧကရာဇ်ကို နှစ်သိမ့်လိုက်သည်။

ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သည် ပထမအဆင့်ထက် များစွာပို၍ သန်မာ၏။

သူ၏ လက်ရှိ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လျှင်ပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ယှဥ်နိုင်ရုံမျှသာတတ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ယိုထျန်းခွေ့က လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ရာ သူ့အနေဖြင့် တားမြစ်နိုင်မည်မဟုတ်ပေ။

ယိုထျန်းခွေ့ ထွက်ပြေးသွားသည်နှင့် မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူသည် အရပ်မျက်နှာအနှံ့သို့ တကွဲတပြားထွက်ပြေးနေကြသော သွေးလမင်းကုန်းမြေမှ စစ်သည်များကို ထျန်းဖန်းနိုင်ငံ၏ စစ်သည်များ ဦးဆောင်ကာ လိုက်လံသတ်ဖြတ်ခဲ့သည်။

မကြာခင်မှာပင် ပကတိနတ်ဘုရား ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော သွေးးလမင်ကုန်းမြေမှ စစ်တပ်သည် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူ ဦးဆောင်သည့် ထျန်းဖန်းနိုင်ငံ၏ စစ်သည်များ လက်ချက်ဖြင့် ရှင်းလင်း ခံလိုက်ရသည်။

"ညီနောင်ကျန်းချန်.. ဒီတစ်ခေါက် မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ထျန်းဖန်းဧကရာဇ်သည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကောင်းမွန်သော ခံစားချက် ရှိနေခဲ့ပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သွေးလမင်းကုန်းမြေသည် ထျန်းဖန်းနိုင်ငံကို ကောင်းကင်နတ်ဘုရား စေလွှတ်၍ တစ်ဟုန်ထိုး ထိုးစစ်ဆင်ခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် တုံ့ပြန်ရန် ခက်ခဲနေခဲ့သည်။

သူကိုယ်တိုင်ပင် အင်ပါယာမြို့တော်ထဲတွင် ပိတ်မိနေခဲ့၏။

ကျန်းချန်သာ အချိန်မီ ရောက်မလာခဲ့လျှင် ထျန်းဖန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ သိမ်းပိုက်ခြင်းကို လုံးဝခံရတော့မည် မဟုတ်ပါလော။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဧကရာဇ်.. အားနာနေစရာမလိုပါဘူး.. သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါးကုန်းမြေကို အပြင်းအထန် တိုက်ခိုက်နေမှ‌တော့ ရှေးဟောင်းနဂါး မျိုးနွယ်စုက တပည့်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်"

"ဟားဟား မင်းလို ပါရမီရှင်တစ်ယောက် ရှိနေတော ရှေးဟောင်းနဂါးမျိုးနွယ်စု အတွက် တကယ်ကို ဂုဏ်ယူစရာပဲ.. ညီနောင်ကျန်းချန်ကို ငါနဲ့အတူ အင်ပါယာမြို့တော်ထဲ လိုက်ခဲ့ဖို့ တောင်းဆိုပါတယ်.. အိမ်ရှင်တစ်ယောက် အနေနဲ့ ညီနောင်ကျန်းချန်ကို ဧည့်ဝတ်ကျေပွန်ပါရစေ"

ထျန်းဖန်းဧကရာဇ်က ရိုးသားစွာ ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဧကရာဇ်"

ကျန်းချန်က ခေါင်းညိတ်လိုက်၏။

ထို့နောက်တွင် သူတို့နှစ်ယောက်သည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော် ဆီသို့ ဘေးချင်းယှဥ်ကာ လျှောက်လှမ်းသွားခဲ့ကြသည်။

ကျန်းချန်က ထျန်းဖန်းဧကရာဇ်ကို ကူညီပြီး သွေးလမင်းကုန်းမြေမှ စစ်တပ်များကို မောင်းထုတ်လိုက်ပြီး တစ်ရက်အကြာတွင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲနှစ်ယောက် ဖြစ်သော ကျင်းချိုးရန်နှင့် ယန်ချန်တို့ နှစ်ယောက်ဦးဆောင်သည့် ကောင်းကင်နဂါး မြို့တော်မှ တပည့်များသည် ထျန်းဖန်းနိုင်ငံ ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

သူတို့က တိတ်ဆိတ် ငြိမ်သက်နေသော ထျန်းဖန်းနိုင်ငံ၏ အင်ပါယာ မြို့တော်ကို မြင်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ကြ၏။

"ထျန်းဖန်းနိုင်ငံကို သွေးလမင်းကုန်းမြေက ဝိုင်းရံထားတာမဟုတ်လား.. ဒါဘယ်လိုဖြစ်ရတာလဲ"

ကျင်းချိုးရန်နှင့် တခြားသူများ၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထျန်းဖန်းနိုင်ငံထဲကို ဝင်ရောက်ပြီးနောက်တွင် သူတို့သည် ထွက်ပြေးနေသော စစ်သည်များမှ တစ်ဆင့် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ကို သွေးလမင်းကုန်းမြေ၏ စစ်တပ်က ဝိုင်းရံထားသည်ကို သိရှိခဲ့ရသည်။

ထို့ကြောင့် သူတို့ လူစုသည် ထျန်းဖန်းနိုင်ငံ၏ အင်ပါယာမြို့တော်ဆီသို့ ခပ်သုတ်သုတ် ခရီးနှင်ခဲ့ကြ၏။

သို့‌သော်လည်း သူတို့ ရောက်လာသောအခါတွင် သွေးလမင်းကုန်းမြေမှ စစ်သည် တစ်ယောက်တစ်လေမှ မရှိတော့သည်ကို တွေ့လိုက်ရသည်။

အခန်း(၁၆၅၃)ပြီး၏။

All Chapters