← Chapters

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း(၁၆၅၇)

ကျန်းချန်နှင့် ကျင်းချိုးရန်တို့လေးဦးက ဆွေးနွေးဆုံးဖြတ်ပြီးနောက်တွင် အခန်းသို့ပြန်ကာ အနားယူခဲ့ကြသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းချန် ကျင့်ကြံနေသော အချိန်မှာပင် ကျယ်လောင်သော ခေါင်းလောင်းသံကို ကြားလိုက်ရ၏။

ဤခေါင်းလောင်းသံသည် ရန်သူ၏ တိုက်ခိုက်မှုကို ကိုယ်စားပြုသော အချက်ပေးခေါင်းလောင်းသံ ဖြစ်သည်။

"သွေးလမင်းကုန်းမြေက ထပ်ပြီး တိုက်ခိုက်လာပြန်ပြီလား"

ကျန်းချန်က သူ၏ မျက်လုံးကို ချက်ချင်းဖွင့်လိုက်ပြီး မတ်တတ်ထရပ်ကာ အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

မကြာခင်မှာပင် ကျန်းချန်သည် ဖေးယွင်ခံတပ်၏ အရှေ့ဘက်မြို့ရိုး ဆီသို့ ရောက်လာခဲ့၏။

မြို့ရိုးနှင့် မိုင်ဆယ်ချီ အကွာတွင် ထျန်းဖန်းဧကရာဇ် ဦးဆောင်သောလူများသည် လူ၁၀၀၀ကျော် ရှိသည့် စစ်တပ်တစ်ခုကို စုစည်းကာ ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်။

သိပ်မကြာခင်မှာပင် အဝေးရှိကောင်းကင်ယံကနေ သွေးလမင်းကုန်းမြေဘက်မှ စစ်တပ်က ချဥ်းကပ်လာခဲ့သည်။

သွေးလမင်းကုန်းမြေ၏ စစ်တပ် ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းခြုံသွားခဲ့၏။

"ကျွတ်ကျွတ်.. ငါသခင်လေးက မင်းတို့တွေလိပ်လို ခေါင်းဝှက်ပြီး ပုန်းနေလိမ့်မယ်လို့ ထင်ထားခဲ့တာ.. မင်းတို့က အခွံထဲကနေ ထွက်လာပြီး တိုက်ခိုက်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"

ပြင်းထန်သော မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည့် ခန္ဓာကိုယ်သန်မာထွားကျိုင်းသော အနီရောင်ဆံပင်နှင့် လူငယ်တစ်ယောက်သည် စစ်တပ်၏ ရှေ့ဆုံးတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုလူငယ်၏ နှုတ်ကနေ မိစ္ဆာအရှိန်အဝါ လွှမ်းမိုးနေသော စကားသံက တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့၏။

ထိုလူငယ်က တခြားသူ မဟုတ်ပေ။

သွေးလမင်းကုန်းမြေမှ ဆဋ္ဌမသခင်လေး ထူယွမ် ဖြစ်သည်။

"ထူယွမ် အပိုစကားတွေ လာပြောမနေနဲ့.. တိုက်ချင်တိုက်လိုက်"

ထျန်းဖန်းဧကရာဇ်က မဲ့ပြုံးပြုံးကာ အေးစက်စက် ရေရွတ်လိုက်သည်။

"ဒီနေ့ ငါတို့ ထျန်းဖန်းနိုင်ငံက ဖျက်ဆီးခံရမယ် ဆိုရင်တောင် အဲဒီအတွက် ကြီးမားတဲ့အဖိုးအခကို မင်းတို့တွေ ပေးဆပ်ရလိမ့်မယ်"

"ဟားဟား.. မင်းက ငါသခင်လေးကို ဟိုအလကားကောင် နဝမသခင်လေးလို ထင်နေတာလား.. မင်းတို့ ဒီလူအနည်းငယ်လောက်နဲ့ ငါ့ရဲ့ ခြေလှမ်းကို တားဆီးချင်နေတာက အိပ်မက်မက်နေတာပဲ.. ငါမင်းတို့ အားလုံးကို ဒီနေ့ အပြတ်ရှင်းပစ်မယ်"

ထူယွမ်၏ မျက်ဝန်းတွင် ဒေါသ၏ အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

"ဆဋ္ဌမသခင်လေး.. ထျန်းဖန်းဧကရာဇ်က ကျွန်တော်တို့နဲ့ မယှဥ်နိုင်ဘူးဆိုတာ သိသိကြီးနဲ့ အပြင်ထွက်လာပြီး တိုက်ခိုက်ဖို့ရွေးချယ်ခဲ့တယ်.. ဒါက လုံးဝမရိုးသားတဲ့ အပြုအမူတစ်ခုပဲ"

ယိုထျန်းခွေ့က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆဋ္ဌမသခင်‌လေးကို ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီတစ်ခေါက် ထျန်းဖန်းနိုင်ငံကို တိုက်ခိုက်ရာမှာ ကျန်းချန်ဆိုတဲ့ ကောင်လေးက တစ်ခါမှ ထွက်ပေါ်မလာခဲ့ဘူး.. ဒါကြောင့် ကျွန်တော်အနည်းငယ်တော့ စိတ်ပူ.."

"ဗိုလ်ချုပ်ယို.. အဲဒီကောင် ဒီမှာရှိနေရင်တောင် ငါသခင်‌လေးကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ထူယွမ်က ယိုထျန်းခွေ့၏ စကားကို ဖြတ်ပြောလိုက်သည်။

"အပိုစကားတွေ မပြောနဲ့တော့.. ရှေ့ကကောင်တွေ အကုန်လုံးကို သတ်ပစ်"

ဆဋ္ဌမသခင်‌လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက် လုံးဝ မနိမ့်ကျပေ။

ထို့ကြောင့် ကျန်းချန် ဆိုသောကောင်လေး ရုတ်တရက်ထွက်ပေါ်လာလျှင်ပင် ဆဋ္ဌမသခင်‌လေးက ရင်ဆိုင်နိုင်မည် ဖြစ်၏။

ထိုသို့ တွေးမိသည်နှင့် ယိုထျန်းခွေ့သည် တုံ့ဆိုင်းမနေတော့ဘဲ စတင် တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဆဋ္ဌမသခင်‌လေးက လွဲလျှင် သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ၅ပါးသည် ထျန်းဖန်းဧကရာဇ်တို့ လူစုကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

ထျန်းဖန်းဧကရာဇ်သည် သူနှင့်အဆင့်တူ ဖြစ်သည့် ယိုထျန်းခွေ့နှင့် ရင်ဆိုင်ခဲ့ရသည်။

ယန်ချန်နှင့် မျက်ခုံးမွေးဖြူဆွတ်နေသော ကျင့်ကြံသူကမူ ကောင်းကင်နတ်ဘုရား တစ်ပါးစီနှင့် ရင်ဆိုင်ခဲ့ကြ၏။

ကျန်နှစ်ယောက်ကိုမူ ကျင်းချိုးရန်က တာဝန်ယူခဲ့သည်။

ကျင်းချိုးရန်၏ ခွန်အားက အားမနည်းဘဲ ကောင်းကင်နတ်ဘုရား ပထမအဆင့်နှောင်းပိုင်းကို ရောက်ရှိနေပြီ ဖြစ်သည်။

သို့ရာတွင် ကောင်းကင်နတ်ဘုရားနှစ်ပါးနှင့် ရင်ဆိုင်ရ၍ ကျင်းချိုးရန်သည် အနည်းငယ် အခက်တွေ့နေခဲ့၏။

ထို့အပြင် ထျန်းဖန်းဧကရာဇ်တို့ ကောင်းကင်နတ်ဘုရားသုံးယောက်ကလည်း သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများနှင့် အသီးသီး ရင်ဆိုင်နေကြ၍ ကျင်းချိုးရန်ကို အကူအညီပေးရန် မတတ်နိုင်ခဲ့ကြပေ။

တစ်ခဏအတွင်းမှာပင် ကျင်းချိုးရန်သည် ကောင်းကင်နတ်ဘုရား နှစ်ပါး၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် အောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။

သွေးလမင်းကုန်းမြေမှ ဆဋ္ဌမသခင်‌လေး ကိုယ်တိုင် မလှုပ်ရှားရသေးသည့် အခြေအနေမှာပင် သူတို့ဘက်က ခုခံရန် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။

ထူယွမ်သာ တိုက်ပွဲထဲ ဝင်ပါခဲ့လျှင် ထျန်းဖန်းဧကရာဇ်တို့ ကောင်းကင်နတ်ဘုရား ၄ပါးစလုံးသည် ချက်ချင်းပင် ရှုံးနိမ့်သွားရလိမ့်မည် မဟုတ်ပါလား။

မြို့ရိုးကနေ အကဲခတ်နေသော ကျန်းချန်သည် ကျင်းချိုးရန်အခြေအနေမလှ ဖြစ်နေသည်ကိုမြင်လျှင် ကူညီရန် ဆုံးဖြတ်လိုက်သည်။

သူက မြို့ရိုးပေါ်ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ကျင်းချိုးရန်နှင့်တိုက်ခိုက်နေသော ကောင်းကင်နတ်ဘုရား၂ပါးထဲမှ ၁ပါးနှင့် ပေ၁၀၀၀ကျော် အကွာတွင် မျက်စိတစ်မှိတ် အတွင်း ပေါ်လာခဲ့၏။

"သေစမ်း"

ကျန်းချန်က သူ၏ရှေ့တွင် ရှိနေသော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်လိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

နောက်ထပ် တစ်ခဏအတွင် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားနှင့် ဥပဒေသ ၇မျိုး၏ မူလစွမ်းအားကို ပေါင်းစပ်ကာ ရောင်စုံကမ္ဘာငယ်လေး တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားကို အပြင်းအထန်ပင် ဖိနှိပ်လိုက်သည်။

ကျင်းချိုးရန်နှင့် တိုက်ခိုက်နေသည့် ကောင်းကင်နတ်ဘုရားသည် ပင်ကိုသိစိတ်အရ အန္တရာယ်၏ အရိပ်အငွေ့ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လျင်မြန်စွာ ချဲ့ထွင်လာသော ရောင်စုံကမ္ဘာငယ်လေး တစ်ခုကို တွေ့လိုက်ရ၏။

"ပျက်စီးစမ်း"

သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက် သူက ကမ္ဘာ့စွမ်းအားကို အကန့်အသတ် အထိ ထုတ်ဖော်လိုက်ကာ သွေးဓားကိုးစင်း အဖြစ်သို့ ပြောင်းလဲလိုက်ပြီး ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးကို ရင်ဆိုင်လိုက်သည်။

သို့သော် ရောင်စုံကမ္ဘာငယ်လေး၏ ကြောက်မက်ဖွယ် ဖိနှိပ်နိုင်စွမ်းအောက်တွင် သွေးဓားကိုးစင်းသည် လုံးဝ ခုခံနိုင်ခြင်းမရှိခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရောင်စုံကမ္ဘာငယ်လေးသည် သွေးဓားကိုးစင်းကို ပျက်စီးစေခဲ့ပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ဆီသို့ သက်ရောက်လာခဲ့၏။

"မသတ်ပါနဲ့"

သူ့ဆီသို့ ချဥ်းကပ်လာသော ရောင်စုံကမ္ဘာငယ်လေးကို မြင်လျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

ထို့အပြင် ပါးစပ်ကနေလည်း ထိတ်လန့်တကြားဖြင့် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

ယင်းနောက်တွင် သူက သွေးစွမ်းအားကို ထုတ်ဖော်ကာ အကာအကွယ်ကို ဖန်တီးလိုက်ပြီး ကျန်းချန်၏ ပကတိနတ်ဘုရားကမ္ဘာငယ်လေးကို ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ စွမ်းအား အပြည့်အဝ စုစည်းထားသော ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို သာမန်ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

တစ်ခဏအတွင်းမှာပင် သွေးလမင်းကုန်းမြေမှ ‌ကောင်းကင်နတ်ဘုရား၏ အကာအကွယ်သည် ကြေမွသွားခဲ့ပြီး သူ၏ ပုံရိပ်သည်လည်း ရောင်စုံကမ္ဘာငယ်လေး၏ အောက်တွင် ချက်ချင်းဆိုသလို နစ်မြုပ်သွားခဲ့သည်။

သူက အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ‌ရောင်စုံကမ္ဘာငယ်လေး၏ ကြောက်မက်ဖွယ်ရာကောင်းသော အင်အားအောက်တွင် သတ်ဖြတ်ခံလိုက်ရပြီး အစအနပင် မကျန်ရှိခဲ့ပေ။

"ညီနောင်ကျန်းချန်က ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ပစ်လိုက်ပြီ"

ကျန်းချန်က ‌ကောင်းကင်နတ်ဘုရား တစ်ပါးကို အလွယ်တကူ သတ်ပစ်လိုက်သည်အား မြင်လျှင် ထျန်းဖန်းဧကရာဇ်နှင့်ကျင်းချိုးရန်တို့ လူစုသည် စိတ်ဓာတ်များ တက်ကြွသွားကြသည်။

ယခုအခါတွင် သွေးလမင်းကုန်းမြေသည် ကောင်းကင်နတ်ဘုရားတစ်ပါးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သူတို့ အပေါ်သို့ သက်ရောက်နေသော ဖိအားသည် ချက်ချင်းဆိုသလိုပင် များစွာ လျော့ကျသွားခဲ့သည်။

"ဆဋ္ဌမသခင်‌လေး သတိထား.. ကျန်းချန်ဆိုတာ အဲဒီကောင်လေးပဲ"

ကျန်းချန်က ထွက်ပေါ်လာခဲ့ပြီး လျှပ်ပြက်သလို အရှိန်အဟုန်ဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးအား သတ်ပစ်လိုက်သည်ကို မြင်လျှင် ထျန်းဖန်းဧကရာဇ်နှင့် တိုက်ခိုက်နေသော ယိုထျန်းခွေ့သည် ဆဋ္ဌမသခင်‌လေးကို အော်ဟစ် သတိပေးလိုက်သည်။

သူတို့ဘက်က ကောင်းကင်နတ်ဘုရား တစ်ပါးက တစ်ခဏအတွင်း ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားသည်ကို မြင်လျှင် ထူယွမ်၏ အမူအရာသည်လည်း ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့၏။

ကျန်းချန်၏ သတ်ဖြတ်မှုက အလွန်တရာပင် မြန်ဆန်နေ၍ သူ့အနေဖြင့် ကယ်တင်ဖို့ အချိန်မရလိုက်ပေ။

ထို့အပြင် သူ၏ရှေ့မှာပင် သူတို့ဘက်မှ ကောင်းကင်နတ်ဘုရားကို သတ်ဖြတ်လိုက်ပြီး စစ်ရေးအခြေအနေအား ပြောင်းလဲလိုက်သည်ကို သူ့အနေဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

"ကောင်းတယ် သိပ်ကောင်းတယ်.. ကောင်‌လေး.. ငါသခင်လေး‌ရှေ့မှာ ငါ့ရဲ့လူကို သတ်ဖြတ်ရဲတာ မင်းပထမဆုံးပဲ.. ဒီနေ့ ငါသခင်လေးက မင်းကို သတ်ဖြတ်နိုင်မှပဲ ရင်ထဲက အမုန်းတရားကို ချေဖျက်နိုင်လိမ့်မယ်"

ထူယွမ်က ဒေါသအိုးပေါက်ကွဲကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ယင်းနောက်တွင် ထူယွမ်သည် အလွန်အမင်း ပြင်းထန်သော သွေးစွမ်းအားနှင့် ထက်မြက်သော ဓားစွမ်းအားများကို ပေါင်းစပ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်ကလည်း ဥပဒေသ ၇မျိုး၏ မူလစွမ်းအားကို လှုံ့ဆော်ကာ ထူယွမ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်၏။

"ဝုန်း.."

အလွန် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံတွေ့သွားကြသည်။

မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ချက်ချင်းပင် ပြိုလဲသွားခဲ့ပြီး အဆုံးမဲ့ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းသည် အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်က‌ လေထဲတွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ပေရာချီအကွာအဝေးထိ နောက်သို့ ဆုတ်လိုက်ရ၏။

သူက ဆန့်ကျင်ဘက်ဆီသို့ ကြည့်လိုက်ရာ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ထူယွမ်ကို တွေ့လိုက်ရသည်။

ထူယွမ်၏ မျက်ဝန်းထဲတွင် အထင်သေးသော အမူအရာများ ပြည့်နှက်နေခဲ့၏။

အခန်း(၁၆၅၇)ပြီး၏။

အခန်း(၁၆၅၈)

"ဆဋ္ဌမသခင်လေးထူယွမ်က တကယ်ကို အစွမ်းထက်တာပဲ"

ထူယွမ်သည် သွေးလမင်းကုန်းမြေမှ သွေးလမင်းနန်းတော်၏ ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်သည်။

၎င်းနှင့် တိုက်ကွက်တစ်ကွက် ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်သည် ထူယွမ်၏ စွမ်းအားကို နားလည်သွားခဲ့သည်။

ထိုကောင်လေး၏ သွေးလမ်းစဥ်ဥပဒေသ ကမ္ဘာ့စွမ်းအားသည် အကန့်အသတ်သို့ ရောက်ရှိနေပြီး ယင်းမှာ ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်နှင့် ညီမျှ၏။

ဤမျှဖြင့် မကသေးဘဲ ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားအပေါ်တွင်လည်း ထူယွမ်၏ နားလည်နိုင်စွမ်းသည် အနည်းဆုံး ၉၀ရာခိုင်နှုန်းခန့် ရှိနေခဲ့ပြီး ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ထိုခြေတစ်လှမ်းကိုသာ လှမ်းနိုင်ခဲ့လျှင် ထူယွမ်သည် ဒုတိယမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းကာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ရင်ဆိုင်၍ ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကျင့်ကြံသူ ဖြစ်လာနိုင်ပေသည်။

ဆိုရလျှင် ထူယွမ်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို မထိုးဖောက်ရသေးသော်လည်း သာမန် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ထက် များစွာပို၍ အစွမ်းထက်သည်။

"ကျန်းချန်.. မင်းက ကိုယ်ခံပညာ ဥပဒေသ၇မျိုးကို တစ်ပြိုင်နက်တည်း ကျင့်ကြံထားတဲ့ ပါရမီရှင် ဖြစ်တဲ့အတွက် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်နဲ့ ကောင်းကင်နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ့စွမ်းရည် ရှိတယ်.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီနေရာက မင်းရဲ့သင်္ချိုင်းနေရာပဲ"

ထူယွမ်က ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ထုတ်လွှတ်နေခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ထူးခြားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးဓားတစ်စင်းသည် ထူယွမ် ဆီကနေ ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

ထူယွမ်က ဝင့်ကြွားသောအမူအရာဖြင့် လက်ဟန်များကို ပြုလုပ်လိုက်၏။

"ဝုန်း.."

ကြောက်မက်ဖွယ်ရာကောင်းသော သွေးဓားသည် လေထုကို ရိုက်ချိုးကာ ကျန်းချန်၏ ဦးခေါင်းထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။

ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

ယင်းနောက်တွင် ရွှေရောင်ဓားပုံရိပ်တစ်ခုသည် သူ၏ နောက်ကျောဘက်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ထူယွမ်၏ သွေးဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

လေဟာနယ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်သွားခဲ့ပြီး ကောင်းကင်ယံပင် တုန်ခါသွားခဲ့သည်။

ရွှေဓားနှင့်သွေးဓားတို့ ထိပ်တိုက်ဆုံတွေ့ရာကနေ မိုင်၁၀၀ပတ်လည်ရှိ နေရာလွတ်သည် အပိုင်းအစများအဖြစ် ပြိုပျက်သွားခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က တုန်ခါသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေရာချီ အကွာအဝေးအထိ ထပ်မံ၍ နောက်ပြန်လွင့်စင်သွားခဲ့သည်။

ထူယွမ်က ကျန်းချန်ကို အသက်ရှူဖို့ပင် အခွင့်အရေးအနည်းငယ်မျှ မပေးဘဲ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသော သွေးဓားဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

ဤသို့ဖြင့် သွေးဓားသည် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ရှေ့တွင် ပေါ်လာခဲ့၏။

ကျန်းချန်က ပေါ့ဆရဲခြင်းမရှိတော့ဘဲ ဥပဒေသ၇မျိုး၏ မူလစွမ်းအားကို အလျင်အမြန်ထုတ်ဖော်ကာ အံ့ဖွယ်ဓားတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ထူယွမ်ကို ရင်ဆိုင်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

နှစ်ယောက်စလုံးက သူတို့၏ ခွန်အားများကို အစွမ်းကုန်ထုတ်ဖော်ခဲ့ကြ၏။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ကွက် ၇ကွက်၊၈ကွက်ကို ရင်ဆိုင်ခဲ့ကြပြီးပြီ ဖြစ်သည်။

ဆဋ္ဌမသခင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကျန်းချန် ထင်ထားသည်ထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။

ထူယွမ်သည် ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ် ဖြစ်သည့်အပြင် ဓားလမ်းစဥ်ဥပ‌ဒေသ၏ မူလစွမ်းအားကို ၉၀ ရာခိုင်နှုန်းကျော် နားလည်ထားပြီး တတိယမြောက်ဥပဒေသ၏ မူလစွမ်းအားကိုလည်း ၅၀ရာခိုင်နှုန်းကျော် နားလည်ထား၏။

ဤကဲ့သို့ စွမ်းအားကြီးသော ကျင့်ကြံသူနှင့်ရင်ဆိုင်ရသောအခါတွင် ကျန်းချန်၏လက်ရှိစွမ်းရည်ဖြင့် ခုခံရုံသာ တတ်နိုင်ခဲ့သည်။

တိုက်ကွက်အနည်းငယ် ရင်ဆိုင်ပြီးနောက်တွင် ကျန်းချန်သည် ထူယွမ်၏ တိုက်ခိုက်မှုအောက်တွင် လုံးဝနီးပါး ဖိနှိပ်ခံခဲ့ရသည်။

ထူယွမ်က သူ့ကို အသက်ရှူဖို့ပင် အခွင့်အရေးမပေးခဲ့ပေ။

"ကောင်လေး.. မင်းက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်နဲ့ ငါ့ရဲ့ဓားကွက်ကို ဒီလောက်အထိ ပိတ်ဆို့နိုင်တယ်ဆိုတာနဲ့တင် ဂုဏ်ယူဖို့ လုံလောက်နေပြီ ဒီတစ်ကြိမ်ငါ့ရဲ့ တိုက်ကွက်ကို မင်းဘယ်လိုခုခံမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ထူယွမ်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ကမ္ဘာ့စွမ်းအားနှင့် ဥပဒေသစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန်ရှိနေသည့် မိုင်၁၀၀ ပတ်ဝန်းကျင်သည် သွေးရောင်တောက်ပနေသော ကောင်းကင်နတ်ဘုရားကမ္ဘာတစ်ခုအဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ထိုကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် သွေးရောင်ဓားတစ်စင်း ရှိနေခဲ့၏။

"ပိုင်းဖြတ်စမ်း"

ဤကမ္ဘာကြီးထဲတွင် ထူယွမ်သည် နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့၏။

သူက ဧရာမသွေးဓားဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်ရာ လေထုထဲတွင် သွေးရောင်များ တောက်ပသွားခဲ့သည်။

ကျန်းချန်က သူ၏နတ်စွမ်းအားနှင့် ကိုယ်ခံပညာဥပဒေသ မူလစွမ်းအား ၇မျိုးကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ပြီး ရောင်စုံကမ္ဘာငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဧရာမသွေးဓားကို ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကောင်းကင်ကိုပင် လှုပ်ခါသွားစေသည့် ကျယ်လောင်သောအသံသည် မိုင်၁၀၀ ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

ကျန်းချန်က ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ထုတ်ဖော်ခဲ့သည့်တိုင် ထူယွမ်၏ စွမ်းအားကို ရပ်တန့်ရန် ခက်ခဲနေခဲ့၏။

တစ်ခဏအတွင်းမှာပင် ဧရာမသွေးဓား၏ ဖိအားအောက်တွင် ကျန်းချန်၏ ရောင်စုံကမ္ဘာငယ်လေးသည် တွန့်လိမ်သွားခဲ့ပြီး အဆုံးသတ်တွင် ပြိုကွဲသွားခဲ့သည်။

ကျန်းချန်က ချက်ချင်းဆိုသလို ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လှုံ့ဆော်လိုက်ပြီး သူ၏နတ်စွမ်းအားများကို စုစည်းကာ ဧရာမသွေးဓားကို ခုခံလိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံသည် ဟိန်းထွက်လာခဲ့သည်။

ယင်းနောက်တွင် မိုင်၁၀၀ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ဘာဆိုဘာမှ မကျန်ရှိတော့ပေ။

ကျန်းချန်၏ ပုံရိပ်သည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ကျော်အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

ကျန်းချန်က ပါးစပ်ကနေ သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။

"ဒီကောင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါထင်ထားတာထက် ပိုပြီး သန်မာနေတာပဲ"

ကျန်းချန်က သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်သည်။

သူ၏အကြည့်က ဆန့်ကျင်ဘက်ရှိ ထူယွမ်အပေါ်သို့ ကျရောက်နေခဲ့သည်။

ထူယွမ်က ကောင်းကင်နတ်ဘုရား ပထမအဆင့် ဖြစ်သော်လည်း ကိုယ်ခံပညာဥပဒေသကို နားလည်သော အပိုင်းတွင်ဖြစ်စေ၊ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဖြစ်စေ၊သူ ယခင်က သတ်ဖြတ်ခဲ့ဖူးသော အနက်ရောင်ဝတ်စုံဝတ် ကောင်းကင်နတ်ဘုရားနှင့်ယှဥ်လျှင် များစွာကွဲပြားနေခဲ့သည်။

ဆိုရလျှင် သူ၏ရှေ့ရှိ ဆဋ္ဌမသခင်လေးသည် နတ်ဘုရားနယ်မြေသို့ သူဝင်ရောက်ပြီးနောက်တွင် ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များထဲ၌ အစွမ်းအထက်ဆုံးပြိုင်ဘက်ဖြစ်သည်။

သူအနေဖြင့် ထူယွမ်ကို အနိုင်ယူချင်လျှင် ကမ္ဘာ့စွမ်းအားကို စုစည်းကာ ကောင်းကင်နတ်ဘုရားဘနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။

"အားလုံးပဲ ထူယွမ်က အရမ်းကိုအစွမ်းထက်လွန်းတယ် ညီနောင်ကျန်းချန်က ထူယွမ်ကို ခုခံနိုင်တော့မယ်မထင်ဘူး.. ငါတို့ အစွမ်းကုန်ကြိုးစားပြီး ညီနောင်ကျန်းချန်ကို ထူယွမ်၏ ဖိနှိပ်မှုကနေ လွတ်မြောက်အောင် ကူညီပေးရအောင် ပြီးရင်ဖေးယွင်ခံတပ်ကို အရင်ပြန်ပြီး ရေရှည်စီမံကိန်းအတွက် ဆွေးနွေးကြမယ်"

ကျန်းချန် ရှုံးနိမ့်နေသည်ကိုမြင်လျှင် ထျန်းဖန်းဧကရာဇ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး ကျင်းချိုးရန်တို့သုံးယောက်ကို ပြောလိုက်သည်။

ယနေ့တိုက်ပွဲတွင် ကျန်းချန်သည် သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်ရာ သူတို့အတွက်ကောင်းမွန်သော ရလဒ်တစ်ခုကို ရရှိနေခဲ့ပြီးသားဖြစ်သည်။

သူတို့က ကျန်းချန်ကို ထူယွမ်လက်ထဲမှ ကယ်တင်ပြီး ဖေးယွင်ခံတပ်သို့ ဆုတ်နိုင်သရွေ့ သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ခုခံရန်မှာ ကြီးမားသည့် ပြဿနာမဟုတ်ပေ။

"ကောင်းပြီ"

ကျင်းချိုးရန်တို့ သုံးယောက်စလုံးကလည်း ဤအချိန်တွင် ဆက်လက်တိုက်ခိုက်ရန် မသင့်တော်တော့မှန်း သိခဲ့ကြသည်။

သူတို့က ထျန်းဖန်းဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ရန် ဆန္ဒမရှိခဲ့ကြပေ။

သူတို့လေးယောက်စလုံးက ကျန်းချန်ကို ကူညီပေးရန်အတွက် သူတို့ရှေ့မှ ပြိုင်ဘက်ကို နောက်ဆုတ်အောင် အတတ်နိုင်ဆုံးကြိုးစားခဲ့ကြသည်။

"ကျန်းချန်ကို ကယ်တင်ချင်ရင် အိပ်မက်သာမက်နေလိုက်.. အားလုံးပဲ အစွမ်းကုန်ကြိုးစားပြီး သူတို့ကို ထိန်းထားကြ"

ထျန်းဖန်းဧကရာဇ်၏ လှုပ်ရှားမှုကိုမြင်လျှင် ယိုထျန်းခွေ့သည် လှောင်ပြုံးပြုံးကာ သူ၏လူများကို အမိန့်ပေးလိုက်သည်။

ယင်းနောက်တွင် သူက ထျန်းဖန်ဧကရာဇ်ကို ပို၍ပင် အရှိန်မြှင့်ကာ တိုက်ခိုက်ခဲ့သည်။

ထျန်းဖန်ဧကရာဇ်ကို ကျန်းချန်အား ကယ်တင်ဖို့ အခွင့်အရေးပေးရန် သူ့အနေဖြင့် ရည်ရွယ်ချက်မရှိခဲ့ပေ။

"ကောင်လေး မင်းက ငါ့ရဲ့ တိုက်ခိုက်မှုကို ဒီလောက်အထိ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းရဲ့ပါရမီနဲ့ခွန်အားက ငါ့ကို အံ့အားသင့်စေတာတော့ ငါဝန်ခံတယ် မင်းနဲ့ငါက အဆင့်တူတွေဆိုရင် ငါက မင်းရဲ့ပြိုင်ဘက်မဖြစ်နိုင်လောက်ဘူး"

ထူယွမ်က ကျန်းချန်ကိုကြည့်ကာ အလေးအနက်ပင်ပြောလိုက်သည်။

"ဆဋ္ဌမသခင်လေးကလည်း နယ်မြေနတ်ဘုရားကိုယ်တိုင် ပျိုးထောင်ထားတဲ့ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. ငါနတ်ဘုရားနယ်မြေကို ဝင်ရောက်ပြီးကတည်းက မင်းက ငါ့ကို ဒီလောက်အထိ ဖိအားပေးနိုင်တဲ့ ပထမဆုံးလူပဲ"

ထိုစကားကိုပြောရင်း ကျန်းချန်က ထူယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ငါမင်းနဲ့ အချိန်အကြာကြီး ကစားပေးပြီးပြီ ဆိုတော့ တိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ"

"ဝိုး..မင်းရဲ့လေသံကို ကြည့်ရတာ မင်းမှာဝှက်ဖဲတစ်ခုခု ရှိနေသေးတဲ့ပုံပဲ"

ထူယွမ်က အံ့သြသောအမူအရာဖြင့် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်က ကွေးတက်‌သွားပြီး လှောင်ပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်သည်။

"ဒါဆိုရင်လည်း ငါသခင်‌လေးက မင်းကို အခွင့်အရေးပေးမယ်.. မင်းမှာ ဝှက်ဖဲ တကယ်ပဲရှိတယ်ဆိုရင် ငါ့ကို ထုတ်ပြပါ"

အခန်း(၁၆၅၈)ပြီး၏

အခန်း(၁၆၅၉)

"ကောင်းပြီ မင်းရဲ့ဆန္ဒပြည့်စေရမယ်"

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ပြီးပြည့်စုံသော ဓားလမ်းစဥ်ဥပဒေသ၏ မူလစွမ်အားနှင့် မိုးကြိုးစွမ်းအင် ဥပဒေသတို့၏ မူလစွမ်းအားတို့သည် သူ၏ ခန္ဓာကိုယ်ထဲကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ကြောက်မက်ဖွယ် ဓားပုံရိပ်နှင့် မိုးကြိုးပုံရိပ်သည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် တိုက်ရိုက် စုစည်းသွားခဲ့သည်။

ကျန်းချန်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်စွမ်းအားကို လည်ပတ်စေကာ သူ၏ ဦးခေါင်းအထက်တွင် ရှိနေသည့် မူလစွမ်းအားနှစ်မျိုးနှင့် ပေါင်းစပ်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာခဲ့ပြီး မူလက ကြည်လင်နေသော ကောင်းကင်သည်လည်း ချက်ချင်းဆိုသလို အနက်ရောင်တိမ်တိုက်များ အဖြစ် မှုန်မှိုင်းသွားခဲ့သည်။

ကမ္ဘာကိုပင် လွှမ်းမိုးထားသော မိုးကြိုးများသည် နဂါးများကဲ့သို့ အနက်ရောင်တိမ်တိုက်များထဲကနေ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားများသည်ပင် လေထဲတွင်ရှိနေသည့် ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးစွမ်းအားကို ခံစားမိလျှင် စိတ်နှလုံးထဲတွင် တုန်ယင်သွား၏။

"ကမ္ဘာ့စွမ်းအားကို စုစည်းပြီး ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်လိုက်တာပဲ.. ဒီကောင်က တိုက်ပွဲအတွင်းမှာ ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းမလို့လား"

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ထူယွမ်သည် တအံ့တသြရေရွတ်လိုက်သည်။

သူ၏အမူအရာက ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို လွှမ်းခြုံထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာကို အလျင်အမြန် ရုတ်သိမ်းကာ ပေထောင်ချီအကွာအဝေးအထိ နောက်ဆုတ်လိုက်သည်။

ကောင်းကင်နတ်ဘုရားကပ်ဘေးသည် ကောင်းကင် ဥပဒေသများကြောင့် ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံ၏ စွမ်းအားတစ်ခုဖြစ်ပြီး သာမန်လူများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

သူသာ အချိန်မီ မဆုတ်ခွာခဲ့လျှင် ကောင်းကင်ဘုံ၏ ဥပဒေသည် ကျန်းချန်ကို ကောင်းကင်နတ်ဘုရားကပ်ဘေးအား ကျော်ဖြတ်ရန်အတွက် ကူညီပေးနေသည့် အပေါင်းအဖော်အဖြစ် သူ့ကို အထင်မှားသွားပေလိမ့်မည်။

ယင်းသို့သာ ဖြစ်လာခဲ့လျှင် ကောင်းကင်နတ်ဘုရားကပ်ဘေးသည် သူ့ထံသို့ပါ သက်ရောက်လာလိမ့်မည် ဖြစ်သည်။

ထူယွမ် နောက်ဆုတ်လိုက်သည့်အချိန်မှာပင် ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေကြသော ကောင်းကင်နတ်ဘုရားများသည် သူတို့၏ တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။

သူတို့အားလုံး၏ အကြည့်များသည် ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်လိုက်သည့် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့ကြသည်။

"ညီနောင်ကျန်းချန်က ရွေးချယ်စရာမရှိတော့လို့ ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်လိုက်တဲ့ပုံပဲ"

ထျန်းဖန်းဧကရာဇ်က ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မကြာခင် ရင်ဆိုင်ရတော့မည့် ကျန်းချန်အတွက် စိုးရိမ်နေခဲ့သည်။

"အခုအချိန်မှာတော့ ငါတို့လည်း ဘာမှမတတ်နိုင်တော့ဘူး.. အရာအားလုံးက ကျန်းချန်အပေါ်မှာပဲ မူတည်တော့တယ်"

ကျင်းချိုးရန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက်တွင် သူက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ကျန်းချန်သာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ကျော်ဖြတ်နိုင်ပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တိုက်ရိုက် ထိုးဖောက်နိုင်မယ်ဆိုရင် ငါတို့အနိုင်ရလိမ့်မယ်"

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရားအဆင့်ကို မထိုး‌ဖောက်ရသေးခင်မှာပင် အတော်လေးကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီဖြစ်သည်။

သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တိုက်ရိုက်ထိုးဖောက်လိုက်သည်နှင့် ဆဋ္ဌမသခင်လေးပင် သူ့ကို ယှဥ်နိုင်တော့မည်မဟုတ်ပေ။

သို့ရာတွင် ကောင်းကင်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ရန်မှာ ထင်သလောက် မလွယ်ကူချေ။

နတ်ဘုရားနယ်မြေတွင် ကောင်းကင်နတ်ဘုရား ကပ်ဘေးကိုကျော်ဖြတ်ရင်း ကောင်းကင်နတ်ဘုရားကပ်ဘေး၏ အန္တရာယ်အောက်တွင် ကျဆုံးသွားသူများ မနည်းပေ။

ထိုအကြောင်းကြောင့်ပင် ကျင့်ကြံသူများသည် ကောင်းကင်နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်သောအခါတွင် အပြည့်အဝပြင်ဆင်ထားကြလေ့ ရှိသည်။

သို့သော်လည်း ကျန်းချန်ကမူ တိုက်ပွဲအတွင်း ကတိုက်ကရိုက် ကောင်းကင်နတ်ဘုရားကပ်ဘေးကို လှုံ့ဆော်ခဲ့သည်။

ပြောနေစရာမလိုလောက်အောင်ပင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ကပ်ဘေး အတွက် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ထားခဲ့ပေ။

ထို့အပြင် ထူယွမ်နှင့်တိုက်ခိုက်ခဲ့၍ သူ၏အခြေအနေသည် အထွတ်အထိပ်အခြေအနေတွင် မရှိသေးပေ။

ထိုကဲ့သို့သော အနေအထားသည် ကောင်းကင်နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ရန် အကောင်းဆုံးအခြေအနေ မဟုတ်ပေ။

ယင်းအပြင် ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်ဖြစ်၍ သူရင်ဆိုင်ရမည့် ကောင်းကင်နတ်ဘုရားကပ်ဘေးသည် သာမန်ကျင့်ကြံသူများ ရင်ဆိုင်ရမည့် ကောင်းကင်နတ်ဘုရား ကပ်ဘေးထက် ပို၍ ‌ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ကပ်ဘေးအောက်တွင် ချောချောမွေ့မွေ့ အသက်ရှင်နိုင်ပါမည်လော။

လူတိုင်း၏ အကြည့်အောက်မှာပင် ကျန်းချန်သည် လက်ပိုက်၍ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ အမူအရာက အလွန်ပင် အေးဆေးတည်ငြိမ်နေခဲ့၏။

ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် သာမန် ကျင့်ကြံသူများအတွက် အလွန်ပင် စွမ်းအားကြီးမားသည့် အန္တရာယ်ကပ်ဘေးတစ်ခု ဖြစ်သည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ်ရှိ၍ ကျန်းချန်သည် ထိုကပ်ဘေးအန္တရာယ်ကို လုံးဝမမှုခဲ့ပေ။

အင်ပါယာနယ်ပယ်အဆင့်ကနေ ပကတိနတ်ဘုရားနယ်ပယ်အဆင့်ကို အဆင့်တက်စဥ်ကလည်း အဆ ၁၀၀ စနစ်သည် သူ့ကို ခြွင်းချက်မရှိ ကာကွယ်ပေးခဲ့သည်။

သူ ခန့်မှန်းထားသည့်အတိုင်းသာဆိုလျှင် ဤတစ်ခေါက်ကောင်းကင်နတ်ဘုရားကပ်ဘေးကိုလည်း သူ၏ အဆ ၁၀၀ စနစ်သည် ကောင်းစွာ ပိတ်ဆို့ထားပေလိမ့်မည်။

သို့ဖြစ်၍ သူ့အတွက် မည်သည့်အန္တရာယ်မှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။

မှန်ပါသည်။အဆ ၁၀၀ စနစ်က ‌ကောင်းကင်နတ်ဘုရားကပ်ဘေးကို မပိတ်ဆို့ခဲ့လျှင်ပင် ကျန်းချန်သည် လုံးဝ မကြောက်ရွံ့ခဲ့ပေ။

သူ၏ ကိုယ်ပိုင်စွမ်းအင်ဖြင့်လည်း ကောင်းကင်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟု သူယုံကြည်ခဲ့၏။

ကျန်းချန်က ကောင်းကင်ယံကနေ ဆင်းသက်လာဆဲဆဲ ဖြစ်သည့် မိုးကြိုးများကို မော့ကြည့်လိုက်သည်။

ယင်းနောက်တွင် ကျန်းချန်သည် ခေါင်းကို အသာအယာခါရမ်းလိုက်၏။

အကြောင်းအရင်းမှာ စနစ်က ကောင်းကင်နတ်ဘုရားကပ်ဘေးကို ပိတ်ဆို့မည်ဟု သူခန့်မှန်းထားသောကြောင့်ပင်။

တကယ်လည်း ဆင်းသက်ခါနီးဆဲဆဲ မိုးကြိုးများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အဆုံးသတ်တွင် အနက်ရောက်တိမ်တိုက်များသည်ပင် တဖြည်းဖြည်း လွင့်စင်သွားခဲ့သည်။

"ဒင်.. သင်က ကမ္ဘာ့စွမ်းအား၂မျိုးကို အောင်မြင်စွာ စုစည်းပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပါပြီ"

ကျန်းချန်၏ စိတ်ထဲတွင် ရင်းနှီးသော စနစ်၏ သတိပေးချက်က ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများဖြင့် ကောင်းချီးပေးခြင်း ခံရသကဲ့သို့ ခံစားခဲ့ရသည်။

ယင်းနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်တွင် တုန်လှုပ်လောက်ဖွယ် အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာခဲ့၏။

သူ၏ဒန်တျန်ထဲမှ နတ်စွမ်းအားပင်လယ်သည် ပျောက်ကွယ်သွားခဲ့ပြီး အစားထိုးအနေဖြင့် အနီရောင် နတ်ဓားတစ်လက်နှင့် ခရမ်းရောင် မိုးကြိုးတစ်စင်းသည် ဒန်တျန်ထဲတွင် ရှိနေခဲ့သည်။

ထိုအနီရောင်ဓားနှင့် ခရမ်းရောင်မိုးကြိုးတွင် အားကောင်းသော ကမ္ဘာ့စွမ်းအားများ ပါဝင်နေခဲ့၏။

ဤသည်မှာ ကမ္ဘာ့စွမ်းအား၂မျိုးကို စုစည်းထားသည့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ကိုယ်စားပြုသော လက္ခဏာတစ်ရပ်ပင်။

ယနေ့တွင် ကျန်းချန်သည် စစ်မှန်သော ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ချေပြီ။

"ကောင်းကင်နတ်ဘုရား ကပ်ဘေးက ဘာလို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ"

ထျန်းဖန်းဧကရာဇ်က လေထဲမှမြင်ကွင်းကို တအံ့တသြ စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ကျန်းချန်က ကောင်းကင်နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ဖို့ အစီအစဥ် မရှိတော့ဘဲ ပိတ်ဆို့လိုက်ပြီထင်တယ်.. ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

မျက်ခုံးမွေး ဖြူဆွတ်နေသော ကျင့်ကြံသူက တအံ့တသြရေရွတ်လိုက်သည်။

ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ယာယီပိတ်ဆို့ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့သော် ထိုသို့ လုပ်ဆောင်ရန်မှာ အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့်ကို ရောက်မှသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

"မဟုတ်ဘူး.. ကျန်းချန်က ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မပိတ်ဆို့ခဲ့ဘူး.. သူက ကောင်းကင်နတ်ဘုရား ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ"

ကျင်းချိုးရန်က ကျန်းချန်ကို တအံ့တသြ စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

"ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုး‌ဖောက်သွားပြီဆိုတာ မင်းတို့တွေ မခံစားမိဘူးလား"

ထိုစကားကိုကြားလျှင် ထျန်းဖန်းဧကရာဇ်နှင့် တခြားသူများသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထိုအချိန်မှာပင် သူတို့သည် ကျန်းချန်၏ အရှိန်အဝါက အတော်လေး ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။

ရှင်းလင်းစွာဆိုရလျှင် ကျန်းချန်၏ အရှိန်အဝါသည် သူတို့ထက်ပင် နက်ရှိုင်းနေခဲ့သည်။

"ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်"

ထိုကောင်လေး၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နတ်ဘုရား တစ်ပါး၏ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်‌နေခဲ့သည်။

"ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မကျော်ဖြတ်ဘဲ ကောင်းကင်နတ်ဘုရား အဆင့်ကို တိုက်ရိုက် ထိုးဖောက်နိုင်ခဲ့တယ်လား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ထျန်းဖန်းဧကရာဇ်၏ မျက်ဝန်းများက မှုန်မှိုင်းနေခဲ့သည်။

ထို့အပြင် သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်နေသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သိထားရမည့်အချက်မှာ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီး ကောင်းကင်ဥပဒေသ၏ ကောင်းချီးပေးခြင်းကို ခံယူခြင်းသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်၏ သံမဏိစည်းမျဥ်းတစ်ခု ဖြစ်သည်။

စွမ်းအားကြီးမားသည့် နယ်မြေနတ်ဘုရားပင်လျှင် ထိုစည်းမျဥ်းကို ဖောက်ဖျက်နိုင်မည် မဟုတ်ပေ။

"ကောင်းကင်နတ်ဘုရား ကပ်ဘေးကို မကျော်ဖြတ်ဘဲ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့က မဖြစ်နိုင်တာာတော့ မဟုတ်ဘူး"

ကျင်းချိုးရန်က လေးနက်စွာ ပြောလိုက်သည်။

"ရှေးဟောင်းမှတ်တမ်းတွေ အရတော့ ရှေးဟောင်းဒဏ္ဍာရီခေတ်မှာ အလွန်ရှားပါးတဲ့ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်နဲ့ မွေးဖွားခဲ့တဲ့ ပါရမီရှင် အချို့ ထွက်ပေါ်ခဲ့ဖူးတယ်.. သူတို့တွေက ကောင်းကင်ဘုံရဲ့ ကပ်ဘေးတွေကို လျစ်လျူရှုနိုင်စွမ်းရှိကြတယ်"

ထိုစကားကိုကြားလျှင် ထျန်းဖန်းဧကရာဇ်က အံ့အားသင့်သွားခဲ့သည်။

"ညီနောင်ကျန်းချန်က ကောင်းကင်ဘုံရဲ့ ကပ်ဘေးတွေကို လျစ်လျူရှုနိုင်တဲ့ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် ပိုင်ရှင်လို့ မင်းဆိုလိုတာလား"

"အမှန်ပဲ.. ကျန်းချန်က အနှိုင်းမဲ့နတ်ခန္ဓာပိုင်ရှင် ဆိုတာ ၉၉ ရာခိုင်နှုန်း သေချာတယ်"

ကျင်းချိုးရန်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလို ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ပိုင်ရှင်တွေက ကောင်းကင်ဥပဒေသတွေကို လျစ်လျူရှုနိုင်ပြီး အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် အားလုံးရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်"

အခန်း(၁၆၅၉)ပြီး၏။

All Chapters