Chapters

ပြန်ပို့ပေးမယ်

Vol. 3 Ch. 70

ပြန်ပို့ပေးမယ်

Vol. 3 Ch. 70

ဒီထိုင်ခုံလေးက တကယ်ကောင်းပေသည်။ အရမ်းကျယ်ပြီး ကြီးသည်။ ကျုံးမင်းဝေအတွက် ထိုအပေါ်တွင် လှဲလျောင်းပြီး နေပူဆာလှုံရန် အလွန်အဆင်ပြေလိမ့်မည်။ သူမ တကယ်ကြိုက်ပြီး ကျုံးမင်းဝေကလည်း သေချာပေါက်ကြိုက်မည်ပင်။

“ငွေသုံးစတဲ့၊ ဘာလို့ အဲ့လောက် ဈေးကြီးနေတာလဲ။”

အားချိုးက မျက်လုံးတွေ နီရဲပြီး လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ ခြေထောက်ဖြင့်မြေကို တစ်ကြိမ်ဆောင့်လိုက်သည်။

“အဲလောက်အမြတ်ကြီးစားနေတာ သေချာပေါက် စီးပွါးပျက်မှာပဲ ကြည့်နေ”

အားချိုးသည် ရွှံ့နွံထိမှန်သော ခွေးတစ်ကောင်ကဲ့သို့ ခြေလှမ်းပြီး နောက်ပြန်ဆုတ်သွားကာ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာခဲ့သည်။

“အားချိုး”

ဈေးအပြင်ဘက် လမ်းလျှောက်လာသောအခါ အားချိုးသည် သူမရှေ့တွင် တစ်ယောက်ယောက် ခေါ်သံကို ကြားလိုက်ရသည်။ ဤနေရာ၌ သူမကို မည်သူမျှ မမှတ်မိနိုင်ပေ၊ အားချိုး အံ့သြသွားပြီး မော့ကြည့်လိုက်သည်။ အကွာအဝေး သုံးလှမ်းအကွာတွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ဩဇာအာဏာရှိပုံရပြီး အရပ်ရှည်ကာ ထွားကြိုင်းသည်။ သူ့ဘေးမှာ မြည်းလှည်းတစ်စင်းရှိကာ ကုလားထိုင်ကို ချည်နှောင်ထားခဲ့သည်။

အားချိုးက သူဘာကိုဆိုလိုသည်ကို နားမလည်ပေ။ မြို့တော်ကနေ နင်းဂူတအထိ၊ ကုန်းဝမ်ကျဲက သူမကို မျက်နှာသာ မပေးခဲ့သလို အမြဲအေးစက်စွာ ဆက်ဆံခဲ့သည်။ အားချိုးသည် သူမအတွက် ကောင်းကျိုးမရှိဟုသာ ခံစားခဲ့ရတာကြောင့် လက်ကို ဝှေ့ယမ်းပြီး

“မဟုတ်ဘူး၊ ကျွန်မဘာသာ ပြန်ပါမယ်...”

အားချိုးက သူ့နဲ့ ပြန်မလိုက်ချင်ပေ၊ ဒါ့အပြင် လှည်းပေါ်က သူမ မပိုင်တဲ့ ထိုင်ခုံကိုလည်း မလိုချင်ပါချေ။

ကုန်းဝမ်ကျဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မြည်းလှည်းပေါ်တွင် ထိုင်ကာ သူ့ဘေးရှိနေရာအား လက်ဖြင့် ပုတ်၍ လေးနက်သော အသံဖြင့် ပြောသည်။

အားချိုးသည် မြည်းလှည်းပေါ်သို့ နာခံမှုရှိရှိ တက်ခဲ့ရသည်။ သူမထိုင်ပြီးတာနဲ့ ကုန်းဝမ်ကျဲက ကြာပွတ်ကို ရိုက်လိုက်တယ်။ မြည်းဟာ အော်ဟစ်ပြီး ရှေ့ကို ပြေးသွားလေသည်။ အားချိုးက သေချာမထိုင်ရသေးတာကြောင့် ယိုင်သွားပြီး သူက ကုန်းဝမ်ကျဲရဲ့လက်မောင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်မိသဖြင့် အမြန် ပြန်လွှတ်လိုက်ရသည်။ သူမသည် ဘောင်ကို အတတ်နိုင်ဆုံး ဆုပ်ကိုင်ထားပြီး တည်ငြိမ်စွာ ထိုင်နိုင်ခဲ့သည်။

မြည်းလှည်းကို လမ်းတစ်လျှောက် မောင်းလာရင်း ကုန်းဝမ်ကျဲက အားချိုးကို ဖြည်းဖြည်းချင်း မေးသည်။

“မသိသေးဘူး။ ရှင်ပြောခဲ့သလိုပဲ အဲဒီ့မိန်းကလေးကို မတွေ့ဖူးဘူးဆိုတော့ ဖုံးကွယ်ထားလို့ရတယ်”

ကျုံးမင်းဝေအတွက် သူမ သတိမထားဘဲနေလို့မရပေ။ ထို့အပြင် ကုန်းဝမ်ကျဲနှင့် လောင်ကျန်းတို့မှာ ကောင်းမွန်သော ဆက်ဆံရေးရှိသည်ကို မြင်တွေ့ရသဖြင့် သူမ ပိုမိုသတိထားရပေလိမ့်မည်။

ကုန်းဝမ်ကျဲက အသံနက်ကြီးဖြင့်ပြော၍ အားချိုးအား စိုက်ကြည့်ကာ မြည်းပေါ်သို့ နှင်တံကို ရိုက်လိုက်ပြီး နှေးကွေးသော အသံဖြင့် ပြောသည်။

“အစ်ကိုနဲ့ ငါ အခု နင်းဂုတမှာနေနေကြတယ်၊ များသောအားဖြင့် မင်ခရိုင်ဘက်မှာ အနားယူတတ်တော့ ကိစ္စတစ်ခုခုရှိရင် လာအကူအညီတောင်းလို့ရတယ်။”

“ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရံတော်ကုန်း”

အားချိုးက ခေတ္တရပ်ကာ အသံသေးသေးလေးဖြင့်ပြောသည်။ သူမက စိတ်တင်းပြီး သူ့ဘက်လှည့်ကာ

ကုန်းဝမ်ကျဲက မျက်မှောင်ကြုတ်ပြီး အားချိုးကို ဘေးတိုက်ကြည့်ရင်း

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကို ဘေကျင်း ပြန်ခိုင်းလိုက်တယ်”

ကုန်းဝမ်ကျဲက ခေတ္တရပ်ကာ နောက်ထပ် ဘယ်တော့မှ ပြန်မလာတော့ကြောင်းအား ထပ်လောင်းပြောသည်။

အားချိုး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။ ပြန်မလာတော့ဘူးဆိုတာအကောင်းဆုံးပင်။ သူမအတွက် အခုတောင် တောင်အောက်ဆင်းရတာ ခပ်လန့်လန့်ဖြစ်နေသည်။

ကုန်းဝမ်ကျဲသည် အားချိုးကို တစ်ချက်ကြည့်လိုက်သည်။ လေတွေတိုက်လာတော့ ဆံပင်တွေက သူမမျက်နှာကို ပွတ်တိုက်နေခဲ့သည်။ ကောင်မလေးက ဆံပင်တွေကို လက်နဲ့သပ်လိုက်လေသည်။ ခေါင်းငုံ့ပြီး အနီရောင်ကြိုးကို ကိုင်ကာ သူမသည် ခေါင်းနောက်ဘက်ရှိ ဆံပင်များကို စည်းလိုက်သည်။ နောက်ဆုံးတွင် သူမက ဖြူဖွေးတောက်ပတဲ့ နဖူးကို ထုတ်ဖော်ပြလိုက်သည်။ ဒီလိုကြည့်လျှင် အနီရင့်ရောင် အမာရွတ်က သိပ်ရုပ်မဆိုးတော့ပုံပင်။

“သူ အခု ဘယ်လိုလဲ”

ကုန်းဝမ်ကျဲက ထပ်မေးသည်။

“လေဖြတ်နေတုန်းပဲ။ ကျွန်မ အကုန်လုံးကို လုပ်ပေးနေရတယ်။”

အားချိုးသည် ကျုံးမင်းဝေ ပြန်လည်နာလန်ထူလာသည်ဟူသောအချက်ကို မသိစိတ်မှ အလျင်အမြန်ဖုံးကွယ်ပြောဆိုလိုက်သည်။