← Chapters

သီချင်းလေး တစ်ပုဒ်

Vol. 4 Ch. 101

သီချင်းလေး တစ်ပုဒ်

Vol. 4 Ch. 101

“ကလေးမလေး။ နင်းဂုတမှာဆို ဒီလိုကောင်းတဲ့စာအုပ်တွေ ကျွန်တော့်ဆီမှာပဲ ရတာ။ မင်း တော်တော် အမြင်ရှိသားပဲ” ။

အားချိုးက စာအုပ်တွေကို စူးစိုက်ကြည့်ရင်း တွေ့ရာတစ်အုပ်ကို ဆွဲယူလိုက်သည်။ စာအုပ်အဖုံးပေါ်တွင် စာလုံးများနှင့် ပုံတွေပါပြီး အလွန်စိတ်ဝင်စားဖွယ်ကောင်းနေသည်။ အားချိုးက ဆိုင်ရှင်ကို မေးလိုက်သည်။

“ဒီစာအုပ်ဘယ်လောက်လဲ”

“ကလေးမလေး။ မင်းက ပစ္စည်းတန်ဖိုးသိတဲ့သူဆိုတော့ ဈေးလျှော့ပေးမယ်”

ဆိုင်ရှင်က လက်ညှိုးနှစ်ချောင်းထောင်ပြရင်း အားချိုးကို ပြောလိုက်သည်။

“စုစုပေါင်း စာအုပ် ၁၂ အုပ်ရှိတယ်။ အားလုံးပေါင်း တစ်စပဲယူမယ်။ ဘယ်လိုလဲ။”

“တစ်စ”

အားချိုးတစ်ယောက် လက်ထဲကစာအုပ်က ရုတ်တရက် ပူလောင်လာသည့်နှယ် ခံစားလိုက်ရသည်။

“စာအုပ် ၁၂ အုပ်ကို တစ်စတောင်းတယ်။ ဒါ လုံးဝ လိမ်စားနေတာပဲ”

“ကလေးမလေး။ ဒီလိုမပြောရဘူးလေ။ ဈေးနှုန်းနဲ့တန်အောင်တော့ ရောင်းရတာပေါ့။ ဒီစက္ကူကြည့်စမ်း၊ ဘယ်လောက်ကောင်းလဲ။ ပုံနှိပ်လည်း ရှင်းလင်းတယ်။ ဒါလေးတွေက အသေးစားဆိုင်လေးတွေက ထွက်တာ မဟုတ်ဘူး။ ဒီလိုကောင်းတဲ့စာအုပ်ကို ဘယ်မှာမှ လွယ်လွယ်ဝယ်လို့မရဘူး”

ဆိုင်ရှင်က ရယ်သံကို ချက်ချင်းရပ်လိုက်ပြီး စာအုပ်ကို ပြန်သိမ်းဖို့ လက်ဟန်ပြရင်း အားချိုးကို မထီမဲ့မြင်ပြောလိုက်သည်။

“ကလေးမလေး။ မင်း ပစ္စည်းတန်ဖိုး နားမလည်လည်း ဘာမှမဖြစ်ပါဘူး။ စာအုပ်တန်ဖိုးသိတဲ့သူတွေမှ အများကြီးပဲ။ မင်းကို မရောင်းလည်း ဘာမှမဖြစ်ဘူး”

“သိပ်ပြီး အလောတကြီး မလုပ်ပါနဲ့။ ပစ္စည်းဝယ်ရင် ဈေးညှိတာလေး ဘာလေး မလုပ်ပေးချင်ဘူးလား။”

အားချိုးက အလောတကြီးဖြစ်သွားပြီး ဆိုင်ရှင်လက်ထဲက စာအုပ်ကို လှမ်းဆွဲယူလိုက်သည်။ ထို့နောက် ခဏရပ်ပြီး မျက်မှောင်ကျုံ့ကာ ဆိုင်ရှင်ကို မေးလိုက်သည်။

“ကလေးမလေး။ ဒါကို အိမ်ပြန်ယူသွားပြီး မင်းယောကျာ်းကို ပြကြည့်လိုက်။ သူ မကြိုက်ဘူးဆိုရင် ငါက ဈေးနှုန်းရဲ့ ဆယ်ဆတောင် ပြန်ပေးလိုက်မယ်။”

ဆိုင်ရှင်က ယုံကြည်မှုအပြည့်နဲ့ ပြုံးပြပြီး လေသံနှိမ့်လိုက်ကာ ဆက်ပြောသည်။

“ဒီမှာ ကလေးမလေး။ ငါ ပြောပြမယ်။ ဒီစာအုပ်ကောင်းကို ဝယ်ပြီး အိမ်ပြန်သွားရင် မင်းယောကျာ်းက ဒီစာအုပ်ကိုကြိုက်ရုံတင်မဟုတ်ဘူး။ မင်းကိုပါ ပိုချစ်သွားဦးမယ်။”

အားချိုးတစ်ယောက် မျက်နှာရဲလာပြီး ချက်ချင်း ပိုက်ဆံအိတ်ထုတ်ကာ တစ်စပေးလိုက်သည်။ ထို့နောက် ဆိုင်ရှင်ကို ဒေါသတကြီး ပြောလိုက်သည်။

“သူ မကြိုက်ရင်တော့ တကယ်ပြန်လာပြီး ပြန်အပ်မှာနော်။ မှတ်ထား”

“ဟုတ်ပြီလေ”

ဆိုင်ရှင်က လွယ်လွယ်ကူကူပဲ သဘောတူလိုက်ပြီး စာအုပ်တွေကို အားချိုး၏ ဝါးခြင်းတောင်းကြီးထဲတွင် အမြန်ထည့်ပေးလိုက်သည်။ ထို့နောက် ခံစားချက်ဖြင့် ပြောလိုက်သည်။

“မိန်းကလေးက သူ့ယောကျာ်းအပေါ် တကယ်ကောင်းတာပဲ။ စာအုပ်ကိုတောင် ကိုယ်တိုင်လာဝယ်ပေးတာ။ နောက်ဆိုလည်း ဆိုင်မှာ ဒီလိုကောင်းတဲ့စာအုပ်တွေရှိရင် မိန်းကလေးအတွက် သိမ်းထားပေးမယ်။ နောက်တစ်ခါရင် ဈေးချိုချိုနဲ့ ပေးမယ်နော်”

“အဲ့လိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်”

အားချိုးတစ်ယောက် ဝမ်းသာအားရဖြစ်သွားပြီး ဝါးခြင်းတောင်းကို ကျောဖြင့် ပိုးကာ စာအုပ်ဆိုင်ထဲမှ အမြန်ထွက်လာခဲ့သည်။ ထို့နောက် စျေးထဲတွင် ဟင်းသီးဟင်းရွက်၊ အသား၊ ဆန်နှင့် ခေါက်ဆွဲများ ဝယ်လိုက်သည်။ ထို့ပြင် အထည်ဆိုင်သို့ သွားပြီး အထည်စ နှစ်ပေလောက်လည်း ဝယ်ယူခဲ့သေးသည်။

“နံနက်စောစော မင်းလေး အိပ်ရာထတဲ့အခါ။ မှန်ကြည့်ပြီး ဆံပင်လေးကို ဆီလိမ်းဖြီးနေတဲ့အခါ။ မျက်နှာလေးပေါ်က ပေါင်ဒါမှုန့်လေးက ဘယ်လို ပန်းရနံ့မျိုးလဲ။ နီရဲနေတဲ့ နှုတ်ခမ်းလေးပေါ်ကရော ဘာပန်းရနံ့နှုတ်ခမ်းနီလဲကွယ်။ မင်း မနက်စောစော နှိုးလာတဲ့အခါ ကြာပန်းတွေပြည့်နေတဲ့ ရေကန်ထဲ မှန်ကြည့်လိုက်တယ်။ မွှေးကြိုင်သင်းပျံ့ရနံ့လေး သံလွင်ဆီနဲ့ ခေါင်းကို ဖြီးလိမ်းတယ်။ မျက်နှာပေါ် လိမ်းခြယ်ထားတာလေးတော့ မက်မွန်သီး ရနံ့ ပေါင်ဒါလေးကွယ်။ နှုတ်ခမ်းပါးလေးကိုတော့ နီရဲလှပနေတဲ့ ချယ်ရီပန်းရနံ့ နှုတ်ခမ်းနီလေး ဆိုထားလေတယ်”

အားချိုးက တေးလေးတစ်ပုဒ်ကို ညည်းရင်း အိမ်ပြန်လာခဲ့သည်။ ယခင်အချိန်တွင် နန်းတော်ထဲက စင်မြင့်သည် အမြဲလိုလိုပင် နေရာလွတ်နေတတ်သည်။ သူမသည် အိမ်ဖော်မလေးတစ်ယောက်သာဖြစ်သော်လည်း တေးသီချင်းလေးများကိုတော့ အနည်းငယ် ကြားဖူးလေသည်။ ကွန်ကျူးအော်ပရာနှင့် ယွီအော်ပရာတွေကို နားထောင်ဖူးသော်လည်း နားလည်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း လူကြိုက်များသော ဤတေးလေးတွေကိုတော့ နားလည်နိုင်ပြီး တော်တော်လေး ကျွမ်းကျင်စွာ လိုက်ဆိုနိုင်သည်။

“မိန်းကလေးက ဘယ်ပန်းလေးနဲ့ တူတာလဲ။ ကောင်လေးကရော ဘာပန်းနဲ့ တူတာလဲကွယ်။ ဘယ်ပန်းနဲ့ ခန်းဆီးကာထားလဲ။ ကုတင်လေးကရော ဘာပန်းနဲ့လဲ။ ကုတင်ပေါ်က ခေါင်းအုံးလေးကရော ဘာပန်းရနံ့လေးလဲ။ ကုတင်ကိုရော ဘာပန်းနဲ့ ဖုံးထားတာလဲကွယ်။ အနီရောင် ပန်းတစ်ပွင့်လို ချစ်စရာကောင်းတဲ့ ကောင်မလေး။ အစိမ်းရောင် ပန်းလေးလို လန်းဆန်းတက်ကြွနေတဲ့ ကောင်လေးရယ်။ ခြောက်သွေ့တဲ့ သပြေသား ခန်းဆီးလေးကွယ်။ ကုတင်ပေါ် ဖုံးထားတဲ့ ဆင်စွယ်ပန်းလေးတွေရယ်။ ကုတင်ပေါ်က မန်ဒရင်း ဘဲတွဲပန်းခေါင်းအုံးလေးတွေ။ ကုတင်တစ်ခုလုံးကို အနံ့မွှေးတဲ့ ပန်းရနံ့လေးတွေနဲ့ ဖုံးအုပ်ထားလေတယ်…”

ကျုံးမင်းဝေသည် အိမ်အပြင်မှ ချိုမြမြအသံလေးတစ်ခု ကြားလိုက်ရပြီး အသံသည် တဖြည်းဖြည်း အနီးကပ်လာသည်။ ထို့နောက် ခြံတံခါးအပြင်၌ ရပ်သွားပြီး တံခါးဖွင့်သံ ကြားလိုက်ရသည်။ ချိုမြမြအသံလေးနှင့်အတူ မိန်းကလေးတစ်ယောက် ခြံဝန်းထဲ ဝင်လာနေသည်။ ကျုံးမင်းဝေက ကုတင်ပေါ်တွင် ထိုင်ရင်း စောင်ကို မှီထားပြီး တေးသွားနှင့်အညီ လက်ချောင်းများဖြင့် ချိန်ညှိပေးနေလေသည်။

သူသည် ယခင်က အော်ပရာတွေကို ကြိုက်လည်း မကြိုက်သလို မုန်းလည်း မမုန်းခဲ့ပေ။ စင်မြင့်အောက်တွင် ထိုင်ပြီး သီချင်းဆိုသံတွေကို နားထောင်ရန်အတွက် သူ့မှာ အချိန်မရှိခဲ့ချေ။ တစ်ပုဒ်လုံးဆိုဖို့ တစ်နာရီဖြင့် မပြီးတတ်သောကြောင့် သူ့တွင် အချိန်လည်းမရှိသလို စိတ်ရှည်စွာဖြင့် နားထောင်ခြင်းလည်း မရှိခဲ့ပါ။ သို့သော်လည်း ယခုတွင်တော့ အားချိုး၏ စံမမီသည့် သီဆိုသံလေးနှင့်အတူ ခေါင်းတလှုပ်လှုပ်ဖြင့် လိုက်ဆိုနေမိသည်။

All Chapters