← Chapters

အခန်း ၁၀၂

Vol. 4 Ch. 102

အခန်း ၁၀၂

Vol. 4 Ch. 102

အသံက ပိုနီးလာပြီး တိုးသွားသည်။ ထို့နောက် တိတ်သွားပြီး ကျုံးမင်းဝေ၏ လိုက်ညှိပေးနေသည့် လက်လည်း ရပ်သွားရသည်။ သူ အနည်းငယ် မကျေနပ်ဖြစ်သွားသည်။ သူသည် အားတက်တရော နားထောင်နေခဲ့သောကြောင့်ပင်။

အားချိုးက တံခါးကို ညင်သာစွာ တွန်းဖွင့်ပြီး အသာလေး ဝင်လာသည်။

ကျုံးမင်းဝေတွင်မှာ နေ့လယ်တွင် တစ်ရေးလောက် အိတ်တတ်သည့် အကျင့်ရှိသည်။ နေ့လယ်ကျော်သွားပြီဖြစ်သော်လည်း အားချိုးက သူအိပ်ပျော်နေသေးမည် စိုးသောကြောင့် သီချင်းဆက်မဆိုရဲခဲ့ပေ။

ကျုံးမင်းဝေက အားချိုး၏ တံခါးတွန်းသံကြားသည်နှင့် အလောတကြီး ကုတင်ပေါ်တွင် လှဲချလိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။

“အိပ်ပျော်နေတုန်းပဲလား”

အားချိုးက ကုတင်ပေါ်တွင် အိပ်နေသောလူကို ကြည့်ပြီး မကျေနပ်သလို ရေရွတ်လိုက်သည်။ သူမက စျေးမှ မုန့်ဖုတ်ဝယ်လာခဲ့ပြီး အခုထိ နွေးနေသေးသည်။ ထိုမုန့်ကို ကျုံးမင်းဝေအား အမြန်ပေးချင်သောကြောင့် အလျင်စလို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ဒီလူကြီးက အိပ်မောကျနေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။

အားချိုးက မုန့်ဖုတ်တစ်ချပ်ကို လက်ထဲတွင် ကိုင်ရင်း အခန်းထဲမှာ ခဏရပ်နေမိသည်။ သို့သော် သူမသည် မုန့်ကို ကျုံးမင်းဝေအား စားစေချင်သေးသည်။ ထို့ကြောင့် ကုတင်ဘေးသို့ လျှောက်သွားပြီး အသာထိုင်ချလိုက်ကာ မုန့်ဖုတ်ကို ကျုံးမင်းဝေ၏ နှာခေါင်းရှေ့တွင် ခပ်ဖြည်းဖြည်း ဝှေ့ပြရင်း တိုးတိုးလေး ပြောလိုက်သည်။

“အစားပုပ်ကောင်လေး။ မွှေးတယ်မလား”

ကျုံးမင်းဝေက မထိန်းနိုင်တော့ဘဲ ခစ်ခနဲ ရယ်မိလိုက်ပြီး မျက်လုံးဖွင့်ကာ အားချိုးကို ပြုံးပြီး ကြည့်လိုက်သည်။

“ဘာအစားပုပ်ကောင်လဲ။ ဒါရော ဘယ်သူ့ဆီကနေ သင်လာတာလဲ။”

အားချိုးက ရယ်ရင်း မုန့်ဖုတ်ကို တစ်ဖဲ့ခွဲပြီး ကျုံးမင်းဝေ၏ ပါးစပ်ထဲ ခွံ့ပေးလိုက်သည်။

“အပြင်က မိခင်တွေက သူတို့သားသမီးလေးတွေကို ဒီလိုခေါ်နေတာ ကြားဖူးတယ်။ ခေါ်လို့ ကောင်းလိုက်တာ…”

“အဟွတ်....အဟွတ်”

နောက်တစ်စက္ကန့်မှာပဲ ကျုံးမင်းဝေက မုန့်ကို မျိုချရင်း ချောင်းဆိုးသွားသည်။ ထို့ကြောင့် သူမျိုချလိုက်သည့် မုန့်ဖုတ်ဖတ်လေးက ပြန်ထွက်လာလေသည်။

“ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”

အားချိုးက လန့်သွားပြီး လက်ထဲကမုန့်ဖုတ်ကို ချက်ချင်းချလိုက်ကာ ကျုံးမင်းဝေ၏ နောက်ကျောကို လှမ်းပုတ်ပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။

ကျုံးမင်းဝေက ချောင်းဆိုးရင်း အားချိုးကြောင့်ပဲဟု အပြစ်တင်ချင်စိတ်ကို တိတ်တိတ်လေး တွေးနေမိသည်။

မင်းရဲ့ ‘အစားပုပ်ကြီး’ ဆိုတဲ့ စကားကြောင့်မဟုတ်ဘူးလား။

“ခဏစောင့်ဦး။ ကျွန်မ ရှင့်အတွက် လက်ဖက်ရည်တစ်ခွက် ယူလာပေးမယ်”

အားချိုးက အလောတကြီး ထပြီး အပြင်ထွက်သွားသည်။

ချောင်းဆိုးသံ ရပ်သွားသောအခါ ကျုံးမင်းဝေက စားပွဲပေါ်၌ ကျန်နေသည့် မုန့်ဖုတ်ကို ကြည့်ပြီး လက်လှမ်းကာ တစ်ဖဲ့ခွဲလိုက်၍ ပါးစပ်ထဲ ထည့်လိုက်သည်။

ကျုံးမင်းဝေသည် ပထမတစ်ဖဲ့မပြီးခင်မှာပဲ ဒုတိယတစ်ဖဲ့ထပ်စားရန် စဉ်းစားလိုက်မိသည်။

အားချိုးက လက်ဖက်ရည်နဲ့ ပြန်ဝင်လာပြီး ကျုံးမင်းဝေက မုန့်ဖုတ်စားနေသည်ကို မြင်တော့ ပြုံးသွားသည်။

“မုန့်ဆိုင်ကို ဖြတ်လာတုန်းက ဒီအနံ့လေးကြောင့်ပဲ အရမ်းအရသာရှိမယ်လို့ တွေးမိလိုက်တာ။”

ကျုံးမင်းဝေက မော့ကြည့်ပြီး မေးလိုက်ကာ သူကိုက်ပြီးသား မုန့်ဖုတ်အဖဲ့လေးကို အားချိုးဆီ လှမ်းပေးလိုက်သည်။

အားချိုးက သူ့ရှေ့ရှိ မုန့်ဖုတ်အဖဲ့လေးကို ကြည့်ပြီး ကျုံးမင်းဝေကိုလည်း တစ်ချက်ကြည့်လိုက်သည်။ အားချိုး အနည်းငယ် ရှက်သွားသော်လည်း ခေါင်းကို ငုံ့လျက် ကျုံးမင်းဝေ၏ လက်ထဲမှ မုန့်ဖုတ်ကို စားလိုက်သည်။

မုန့်ဖုတ်ကုန်သွားသော်လည်း ကျုံးမင်းဝေက လက်ချောင်းများကို ပြန်မရုတ်သိမ်းသေး။ သူ အားချိုး၏ ပါးစပ်လေးကို ကြည့်ရင်း၊ မုန့်ဖုတ်အစအနလေးက ပါးစပ်မှာ ကပ်နေပြီး နီရဲတဲ့နှုတ်ခမ်းလေးနှင့် အတူတက်အတူဆင်း လှုပ်ရှားနေသည်ကို မြင်နေရသည်။ ထို့ကြောင့် သူရဲ့ လက်ကို အားချိုး၏ နှုတ်ခမ်းပေါ် တင်လိုက်ပြီး မုန့်ဖုတ်အစအနလေးကို ညင်သာစွာ သုတ်ပေးလိုက်သည်။

ကျုံးမင်းဝေက လက်ဖြင့်ပွတ်ရင်း အားချိုးကို တိုးညင်းစွာ မေးလိုက်သည်။

အားချိုး၏ မျက်နှာ ရဲတက်လာသည်။ ဤစကားပြောနေရင်း သူမက နှုတ်ခမ်းကို ပန်းရောင်လျှာလေးနဲ့ တစ်ချက်လျက်လိုက်သည်။ ကျုံးမင်းဝေလက်နှင့် ထိခဲ့သည့် နှုတ်ခမ်းသားလေးသည် ပူရှိန်းရှိန်း ဖြစ်နေလေသည်။

ကျုံးမင်းဝေက မုန့်ဖုတ်ကို နောက်တစ်ဖဲ့ခွဲပြီး အားချိုးဆီ ခွံ့ပေးလိုက်သည်။

“ကျွန်…ကျွန်မကိုယ်တိုင် စားလို့ရပါတယ်။”

အားချိုးက အလောတကြီးဖြင့် ကျုံးမင်းဝေလက်ထဲမှ မုန့်ဖုတ်ကို လှမ်းယူလိုက်သည်။ ကျုံးမင်းဝေကို ခွင့်မကျွေးခိုင်းရဲပေ။ အလွန် ရှက်စရာကောင်းလွန်းသည်။

ကျုံးမင်းဝေက သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူ မော့ကြည့်လိုက်သောအခါ ငိုတော့မတတ်ဖြစ်နေသော အားချိုး၏ မျက်ဝန်းတစ်စုံကို တွေ့သွားလေသည်။ သူက အလျင်အမြန် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။”

“ကျွန်မစားလို့ ပြီးတော့မယ်။”

အားချိုးက အလွန်ရှက်သွားပြီး ခေါင်းကို ငုံ့ကာ မုန့်ဖုတ်ကို စားနေလိုက်သည်။ အလွန်အရသာရှိသောကြောင့်လားမသိ။ အားချိုး သတိမထားမိဘဲ အများကြီးစားမိသွားသည်။

“ဒါ....ဒါ....ဒါပေမယ့် ဒါက ကျုံးမင်းဝေအတွက် ဝယ်လာတာလေ။”

“နည်းနည်းပဲ ကျန်တော့တယ်။”

ကျုံးမင်းဝေက မျက်တောင်တစ်ချက် မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ အားချိုး ပိုရှက်သွားပြီး အသံက ပို၍ တိုးသွားသည်။ မုန့်ဖုတ်အဖဲ့လေးကို ကျုံးမင်းဝေဆီ လှမ်းပေးရင်း အနည်းငယ် ကြောက်ကြောက်နှင့် ပြောလိုက်သည်။

“မ....မညစ်ပတ်သေးပါဘူး။ ကျွန်မတစ်ယောက်တည်းစားထားတာ…”

All Chapters