← Chapters

ထူးထူးဆန်းဆန်း စိတ်ဆိုးခြင်း

Vol. 4 Ch. 104

ထူးထူးဆန်းဆန်း စိတ်ဆိုးခြင်း

Vol. 4 Ch. 104

“ရင်းနှီးတယ်လို့ ပြောလို့ရပါတယ်။ ဆရာချန်က လူကောင်းတစ်ယောက်ပါ။ ငယ်သေးပေမယ့် ယဉ်ကျေးပြီး ဗဟုသုတရှိတယ်။ ကျွန်မ သူတို့အိမ်ကို သွားပြီး ရေ ခဏခဏ သွားတောင်းဖူးတယ်။ သူက လုံးဝ စိတ်မဆိုးဘူး။ ပြီးတော့ လက်ဖက်ရည်ကို အထူးချက်ပြီး ပေးသောက်ဖူးသေးတယ်။ အဲ့ဒီလက်ဖက်ရည်ခွက်ကလည်း အရမ်းလှတယ်။”

အားချိုးက ချန်ချင်းရွှမ်အကြောင်း မရပ်မနား ပြောနေတော့သည်။ သူမက ချန်ချင်းရွှမ်ကို တကယ်ကြိုက်သည်။ ချန်ချင်းရွှမ်က နင်းဂုတကို ရောက်လာတုန်းက ပထမဆုံးတွေ့ခဲ့သည့်သူဖြစ်ပြီး သူမအသိအမှတ်ပြုတဲ့ အိမ်နီးချင်းကောင်းတစ်ယောက်လည်း ဖြစ်သည်။ ချန်ချင်းရွှမ်က သူမကို သွေးခုန်နှုန်းတိုင်းပေးခဲ့သည်ကို ပြန်တွေးမိသောအခါ ပိုပြီး ကျေးဇူးတင်မိသည်။

“ဆရာချန်က ဆေးပညာတတ်တယ်။ သွေးခုန်နှုန်းကို တိုင်းပြီး မှန်မှန်ပြောပြနိုင်တယ်။ နောက်ဆို နေမကောင်းရင် စျေးထဲထိ ဆရာဝန်သွားရှာစရာမလိုတော့ဘူး။ တောင်အောက်က ဆရာချန်ဆီကို သွားမေးလို့ရတယ်။”

“ငါ နေကောင်းပါတယ်။ သူများကို အနှောင့်အယှက်ပေးနေစရာ မလိုဘူး။”

ကျုံးမင်းဝေက စူပုပ်ပုပ်မျက်နှာနှင့် ပြောပြီး ဆန်ပြုတ်ကို ခေါင်းငုံ့သောက်နေလိုက်သည်။ သူ့ပါးစပ်က မြန်မြန်ပြောလိုက်မိသည်ကို အနည်းငယ် နောင်တရမိသည်။ သူ ဘာလို့ မေးလိုက်မိပါလိမ့်။ အဲ့လိုမေးလိုက်တော့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုပဲ ဖြစ်သွားတာပဲ။

“ဒါဆို ဆရာဝန်အိမ်နီးချင်းရှိတာ ကောင်းသားပဲ။ အရေးအကြောင်းဆို အကူအညီတောင်းလို့ ရတာပေါ့။”

အားချိုးသည် ကျုံးမင်းဝေက သူ့ခန္ဓာကိုယ်အကြောင်း ပြောသည်ကို မကြိုက်မှန်း သိသောကြောင့် အလျင်အမြန် ပြုံးလိုက်ပြီး သူသတိမထားမိခင်မှာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“စကားမစပ် ဆရာချန်အိမ်မှာ စာအုပ်တွေလည်း အများကြီးရှိတယ်။ ရှင်အပျင်းပြေ ဖတ်ဖို့ စာအုပ်နည်းနည်းလောက် သွားငှားရင် ကောင်းမလားလို့ စဉ်းစားနေတာ။”

“ငါ မပျင်းဘူး။ ဒါကြောင့်မို့လို့ သူများဆီကနေ စာအုပ်သွားငှားနေစရာလည်း မလိုဘူး။”

အားချိုးက ဆရာချန် ဆရာချန်နှင့် မရပ်မနား ပြောနေသောကြောင့် ကျုံးမင်းဝေ စိတ်ညစ်လာသည်။

ဤတစ်ကြိမ်တွင် အားချိုးသည် ကျုံးမင်းဝေစကားကြောင့် စိတ်ညစ်သွားပြီး ထမင်းပန်းကန် တစ်ဝက်လောက် တိတ်တိတ်လေး ခူးခပ်စားနေလိုက်သည်။ ထို့နောက် မနေနိုင်တော့ဘဲ ကျုံးမင်းဝေကို တိုးတိုးလေး မေးလိုက်သည်။

ကျုံးမင်းဝေသည် အားချိုးက တစ်ယောက်ယောက်ဆီမှ စာအုပ်သွားငှားတော့မည်ထင်ပြီး ချက်ချင်း စိတ်ဆိုးသွားကာ အားချိုးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“အိုး”

ထိုအခါ အားချိုးသည် လုံးဝစကားမပြောနိုင်တော့ဘဲ ခေါင်းငုံ့ပြီး စားနေလိုက်ကာ ခေါင်း ထပ်မမော့တော့ပေ။

သူတို့နှစ်ယောက် ဤကဲ့သို့ တိတ်ဆိတ်စွာ စားသောက်၍ ပြီးသွားသည်။ ကျုံးမင်းဝေရင်ထဲတွင် ဘာကြောင့်မှန်းမသိ ဒေါသထွက်နေပြီး အားချိုးရင်ထဲတွင်လည်း တစ်ခုခု ဖြစ်နေသကဲ့သို့။ ဤကဲ့သို့ သူတို့နှစ်ယောက် တိတ်ဆိတ်စွာ စားသောက်ကြသည်မှာ ပထမဆုံးအကြိမ်ဖြစ်မှန်း ဘယ်သူမှ သတိမထားမိကြ။ စားသောက်ပြီးသောအခါ အားချိုးက ပန်းကန်ခွက်ယောက်များကို တိတ်တိတ်လေး သိမ်းပြီး အပြင်ထွက်သွားလေသည်။ ကျုံးမင်းဝေသည် စောင်ကို မှီရင်း ဘာကြောင့်မှန်းမသိ ဒေါသထွက်နေဆဲပင်။

အားချိုးက ပန်းကန်ခွက်ယောက်များနှင့် တံခါးနားရောက်သောအခါ ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး မျက်နှာသိပ်မကောင်းသည့် ကျုံးမင်းဝေကို ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တစ်ခုခု ပြောချင်နေသလို။

ကျုံးမင်းဝေက အားချိုး၏ မျက်နှာအမူအရာကို မြင်သောအခါ မျက်မှောင်ကျုံ့ပြီး မေးလိုက်သည်။

ကျုံးမင်းဝေက စိတ်ဆိုးနေသည်ကို သိသော်လည်း အားချိုးက ဆက်မေးလိုက်မိသည်။ စာအုပ် ၁၂ အုပ်ကို သူမတစ်စနဲ့ ဝယ်ခဲ့ရတာလေ။

ကျုံးမင်းဝေက ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မတတ် ဖြစ်ကာ ရုတ်တရက် ထထိုင်လိုက်ပြီး အားချိုးကို အံကြိတ်ရင်း ပြောလိုက်သည်။

“မင်းငါ့အတွက် စာအုပ်ငှားလာပေးရင်တောင် ငါမဖတ်ဘူး။”

ယခု အားချိုးမှာ သူမနှလုံးသားကွဲကြေသွားသံကို ကြားလိုက်ရသည်။

“ဘာကိုမှ မဝယ်ဘဲနဲ့ လူတစ်ယောက်က လုံးဝမဖတ်ချင်တဲ့ စာအုပ်တွေကို ဝယ်လာမိပါလိမ့်။”

အားချိုးက အမှားလုပ်လိုက်မိသည့် ငိုမဲ့မဲ့ မျက်နှာလေးနှင့် ပြောလိုက်သည်။

“အဲ့ဒီချန်ဆိုတဲ့ကောင်က မင်းကို စာအုပ်အတင်း ငှားခိုင်းတာမလား”

“ကျွန်မက ရှင့်အတွက် စာအုပ်တွေ ဝယ်လာပေးခဲ့တာ။ စုစုပေါင်း ၁၂ အုပ်တောင်။ ဒါပေမယ့် ရှင်က မဖတ်ချင်ဘူးဆိုတော့။ ဘာလုပ်ရမှာလဲ။ စာအုပ်ဆိုင်က ဆိုင်ရှင်ကလည်း ပြန်လဲပေးမှာ မဟုတ်တော့ဘူး”

ကျုံးမင်းဝေက တုန်လှုပ်သွားပြီး နှာခေါင်းကို မသိမသာ ပွတ်ရင်း ပြောလိုက်သည်။

“ငါဖတ်ချင်ပါတယ်။ ငါ တကယ်ဖတ်ချင်တာပါ ။ တကယ်ပါ”

“ခုနက မဖတ်ချင်ဘူး။ ဒါပေမဲ့ အခု ဖတ်ချင်လာပြီ။ စာအုပ်ကို မြန်မြန်ပြပါဦး။ ငါ မစောင့်နိုင်တော့ဘူး။”

ကျုံးမင်းဝေက သူ့ကိုယ်သူ အနည်းငယ် အူကြောင်ကြောင်ဖြစ်နေသလို ခံစားရပြီး အားချိုး၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။ သူခုနက ဘာလို့ ဒီလိုဖြစ်သွားလဲဆိုသည်ကို အားချိုးနှင့် ဆွေးနွေးချင်စိတ် လုံးဝမရှိ။ လုံးဝ လုံးဝ မရှိပါ။

All Chapters