← Chapters

ကျုံးမင်းဝေ တစ်ယောက်တည်းသာ

Vol. 4 Ch. 109

ကျုံးမင်းဝေ တစ်ယောက်တည်းသာ

Vol. 4 Ch. 109

ဦးလေးချန်တို့ ထွက်သွားပြီးနောက် အားချိုးက ကျုံးမင်းဝေကို မနေနိုင်ဘဲ ညည်းညူလိုက်သည်။

“မီးဖိုကို အိမ်ထဲမှာ ဘာလို့ ဆောက်တာလဲ။အိမ်တစ်ခုလုံး အနံ့အသက်တွေ ထွက်နေမှာပေါ့။”

“ဆောင်းရာသီဆိုရင် ကျွန်မ မနက်စောစော ထပြီး အခန်းထဲမှာ ထမင်းဟင်းချက်ရင် ရှင့်ကို နှိုးမိမှာစိုးရတယ်”

“မင်း ငါနဲ့ အမြဲတမ်း ရန်မဖြစ်ဘူးလို့ ထင်နေတာလား။”

ကျုံးမင်းဝေက နှုတ်ခမ်းကို အနည်းငယ်ကွေးပြီး ပြုံးလိုက်သည်။ လက်ထဲက လက်ဖက်ရည်ခွက်ကို ချထားပြီး အားချိုးကို ဆွဲလိုက်ကာ သူ့ရှေ့မှာ ထိုင်ခိုင်းလိုက်သည်။

“အာ့ဆို အိမ်ထဲမှာပဲ ဆောက်တာပေါ့။ မင်း ထမင်းဟင်းချက်တာကို ငါ ကြည့်ချင်တယ်။”

“ထမင်းဟင်းချက်တာ ဘာကြည့်စရာရှိလို့လဲ။”

အားချိုးက တိုးတိုးလေး ရေရွတ်သည်။ သူမ၏ မျက်နှာက မထိန်းနိုင်ဘဲ နီရဲလာသည်။ ထို့နောက် ခေါင်းငိုက်စိုက်ချပြီး ကျုံးမင်းဝေကို ခိုးကြည့်ရင်း တိုးတိုးလေး ညည်းလိုက်သည်။

“ဒါက ရှင်ကိုယ်တိုင် အိမ်ထဲမှာ ဆောက်ချင်တာနော်။ နောက်မှ စိတ်ညစ်လာရင် ကျွန်မကို အပြစ်မတင်နဲ့”

ကျုံးမင်းဝေက ပြုံးလိုက်ပြီး အားချိုး၏ ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။ ဦးလေးချန်သည် စောစောလာခဲ့သောကြောင့် အားချိုး၏ ဆံပင်ကို သူ မစည်းပေးရသေးပေ။ ထို့ကြောင့် ဆံပင်ကို ပွတ်သပ်ပေးရင်း အားချိုးကို ပြောလိုက်သည်။

“သွားပြီး ဘီးတစ်ချောင်း ယူလာခဲ့”

“မယူချင်ဘူး…”

“အပြင်မှာ လူတွေရှိတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် ဖြီးလိုက်ပါ့မယ်။”

သူမငယ်စဉ်ကတည်းက ဘယ်သူမှ သူမဆံပင်ကို မစည်းပေးဖူးပေ။ ကျုံးမင်းဝေတစ်ယောက်တည်းသာ စည်းပေးခဲ့သည်။

ကျုံးမင်းဝေက တကယ်ပင် ကြင်နာတတ်သူ ဖြစ်သည်။ နောက်ပိုင်း သူ့ကို ပို၍ ကောင်းကောင်း ဆက်ဆံ‌ပေးရမည်ဟု အားချိုးက တွေးလိုက်မိသည်။

“ဘာကို ရယ်နေတာလဲ”

အားချိုးက တဟီးဟီး ရယ်နေသည်ကို ကြားသောအခါ ကျုံးမင်းဝေက မနေနိုင်ဘဲ မေးလိုက်သည်။

“မီးဖိုဆောက်ပြီးရင်၊ ရှင့်အတွက် ငါးသုပ်ချက်ပေးမယ်။ ပြီးတော့ ပြောင်းမှုန့်နဲ့ ပေါင်မုန့်ဖုတ်ပြီး နံရံမှာ ချိတ်ထားပေးမယ်။ အပူပေးကုတင်ပေါ်မှာ ထိုင်ပြီး စားလို့ရတယ်။ သိပ်ကို အဆင်ပြေမှာပဲ။”

အားချိုးက နံရံထောင့်ကို လက်ညှိုးထိုးပြလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

“မီးဖိုချောင်က ဆောက်ပြီးသွားပြီလို့ စိတ်ထဲမှာ မြင်နေရသလိုပဲ။ တောင်ပေါ်က စမ်းချောင်းရေနဲ့ ငါးကို ချက်မယ်။ အရမ်းကို အရသာရှိနေမှာ။ နင်းဂုတဘက်က ပဲပုပ်ငံပြာရည်ကို အောက်ခံအနေနဲ့ သုံးမယ်။ ဒီဘက်က အချဉ်ရည်တွေက မွှေးတယ်။ မြို့တော်ကဟာထက် ပိုအရသာရှိတယ်။ အိုးထဲက ငါးစွပ်ပြုတ်က ပွက်ပွက်ဆူပြီး အငွေ့တွေ တထောင်းထောင်း ထွက်လာမယ်။ ငါးနံ့နဲ့ ငံပြာရည်နံ့တွေ ရောသွားရင် အနှစ်တွေနဲ့ အရမ်းမွှေးနေမှာ။ ပြောင်းပေါင်မုန့်ကလည်း မွှေးပြီး ကြွပ်ရွနေမယ်။ ငါးစွပ်ပြုတ်ထဲ နှစ်ပြီး စားလိုက်တော့ ဟီးဟီး၊ ရှင် အနည်းဆုံး ဆယ်ချပ်တော့ စားနိုင်မှာပဲ…”

“ဆယ်ချပ်နဲ့ ဘယ်လိုလုပ် လောက်မှာလဲ။ ငါ အချပ်နှစ်ဆယ်တောင် စားနိုင်တယ်။”

ကျုံးမင်းဝေက အားချိုးဟာ အရင်ဘဝတွင် စားဖိုမှူးရော ပုံပြင်ပြောသူရော ဖြစ်ခဲ့လိမ့်မည်ဟု အလေးအနက် သံသယ ဝင်လိုက်မိသည်။ အစားအသောက်အကြောင်း ပြောသည့်အချိန်တိုင်း သူ့ပါးစပ်ထဲ တံထွေးတွေ ထွက်မတတ်ပင်။ မနက်စာစားစားပြီးချင်း ကျုံးမင်းဝေက လက်ထဲရှိ ဘီးကို ချလိုက်ပြီး ခေါင်းစည်းကြိုးကို ယူလိုက်ကာ အားချိုး၏ ဆံပင်ကို ပတ်ပတ်လည် ချည်ပေးရင်း ပြုံးလိုက်သည်။

“ဟီးဟီး၊ ရှင်က ကူလေ ပိုရှုပ်လေပဲ။ ပါးစပ်ဟပြီး စားဖို့ပဲ စောင့်နေ”

အားချိုးက ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် လက်ကို ဆန့်တန်းပြီး ဆံပင်ကို သပ်တင်လိုက်ကာ ကျုံးမင်းဝေကို ရှက်ရွံ့စွာ ပြောလိုက်သည်။

“ဆံပင်ကို တကယ်ကို ကောင်းကောင်း စည်းပေးထားတာပဲ။ အရင်က ဒီလိုမျိုး မစည်းပေးဖူးဘူးလား”

တကယ်တော့ အားချိုးက “အရင်က တစ်ယောက်ယောက်ရဲ့ ဆံပင်ကိုရော စည်းပေးဖူးလား” ဟု မေးလိုက်ချင်သည်။

ကျုံးမင်းဝေက အရင်က “မစည်းဖူးဘူး” ဟု ပြောသော်လည်း ဤကဲ့သို့ ကျွမ်းကျင်လှသော လက်စွမ်းကို မြင်သောအခါ အားချိုးမှာ သံသယစိတ်များ ပေါက်ဖွားလာသည်။ သို့သော်လည်း အားချိုးသည် ထိုစကားကို တိုက်ရိုက် မပြောရဲပေ။ သဝန်တိုနေသည်ဟု ထင်သွားမည် စိုးသောကြောင့်ပင်။

“ငါက ယောကျာ်းကြီးပဲ။ ဒါကို ဘာလို့ လေ့ကျင့်ထားရမှာလဲ”

ကျုံးမင်းဝေက ရယ်မောရင်း ပြောလိုက်သည်။ အနီရောင် ခေါင်းစည်းကြိုးကို လှပသော အထုံးတစ်ခုအနေနှင့် စည်းပြီးလိုက်ချိန်တွင် အားချိုး၏ မြင်းမြီးစည်းကို ညှစ်လိုက်ရင်း ပြောလိုက်သည်။

“လေ့ကျင့်မယ်ဆိုရင်လည်း မင်းနဲ့အတူ ဒီမှာပဲ လေ့ကျင့်မှာပေါ့။”

အားချိုးက ထပ်ပျော်သွားလေသည်။ အစက တည်ငြိမ်ခြင်းမရှိသော သူမ၏ စိတ်သည် အခုတော့ လုံးဝအေးချမ်းသွားလေသည်။ နှလုံးသားထဲ နွေးထွေးလာပြီး နှုတ်ခမ်းလေးကို ကွေးညွတ်ကာ ပြုံးလိုက်သည်။

“ဒါဆို ရှင် အများကြီး လေ့ကျင့်ရမယ်နော်။ အပြင်က မိန်းကလေးတွေကို ကြည့်လိုက်ရင် သူတို့ဆံပင်တွေက အရမ်းလှအောင် စည်းထားကြတာ။ မြင်းမြီးဆံပင်စည်းပုံတို့၊ ဆံပင်အထုံးပုံတွေတို့ဆို ကြည့်ရင်းနဲ့ အားကျလိုက်တာ။ ဒါပေမယ့် ကျွန်မက ညံ့တော့ ဘယ်တုန်းကမှ မလုပ်တတ်ခဲ့ဘူး”

တစ်ချိန်က မင်းမျိုးမင်းနွယ် မင်းသားကြီးမှ အခုတော့ သူ့ကလေးငယ်လေးအတွက် ဆံပင်စည်းနည်းကို အာရုံစိုက်ပြီး လေ့လာနေသော အဘွားအိုတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည့် ကျုံးမင်းဝေ၏ ပြောင်းလဲမှုသည် အလွန် သဘာဝကျလွန်းသည်။

All Chapters