အခန်း ၁၁၀
Vol. 4 Ch. 110
“အပြင်ထွက်ပြီး နေပူဆာလှုံဖို့ ကျွန်မ ကူပေးမယ်။ အခန်းထဲမှာ ဖုန်တွေနဲ့ ပြည့်နေတော့ ဧည့်သည်တွေကို ဖိတ်လို့ မရဘူး။”
အားချိုးက ပြောသည်။
“ဟုတ်ပါပြီ”
ကျုံးမင်းဝေက ခေါင်းညိတ်လိုက်သည်။ ကုတင်ပေါ်က ခြေထောက်တွေကို ရွှေ့ရင်း ဖိနပ်စီးဖို့ ကိုယ်ကို ကိုင်းလိုက်ချိန်တွင် အားချိုးက ထိုင်ချလိုက်ပြီး ဖိနပ်ကို ကောက်ယူလိုက်သည်ကို မြင်လိုက်ရသည်။ ကျုံးမင်းဝေက ငြင်းမနေတော့ဘဲ ကိုယ်ကို မမတ်လိုက်ဘဲ ကိုင်းထားရင်း သူ၏ ကလေးမလေးက သူ့အတွက် ဖိနပ်စီးပေးနေသည်ကို ငေးကြည့်နေမိသည်။
“ကျုံးမင်းဝေ။ ရှင်ရဲ့ ခြေသည်းလက်သည်းတွေ ထပ်ရှည်လာပြန်ပြီ။ ဒီည ကျွန်မ ညှပ်ပေးမယ်”
အားချိုးက ကျုံးမင်းဝေ၏ ခြေချောင်းတွေကို အနည်းငယ် ညှစ်ရင်း ပြောလိုက်သည်။ သူမ ခေါင်းမော့၍ ကျုံးမင်းဝေကို ကြည့်လိုက်ပြီး ဒီနေ့ ဘယ်လိုနေလဲဟု မေးဖို့ ပြင်လိုက်သော်လည်း ကျုံးမင်းဝေ၏ မျက်နှာက အရမ်း နီးကပ်လွန်းနေသည်ကို မြင်လိုက်ရသည်။ အားချိုး၏ မျက်နှာနှင့် ကပ်လွန်းနီးပါး ဖြစ်သွားသောကြောင့် သူမ ထိတ်လန့်သွားပြီး ချက်ချင်း မြေပြင်ပေါ် ဖင်ထိုင်ချလိုက်သည်။
“ရှင်… ဘာလို့ ဒီလောက် နီးနီးကပ်ကပ် နေနေတာလဲ။ လန့်သွားတာပဲ။”
“ထအုံး”
ကျုံးမင်းဝေက အားချိုးကို ဆွဲထူရန် လက်ကို ဆန့်ထုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်သည်။
“ငါက မွေးကတည်းက ဒီလောက် ကြောက်စရာကောင်းနေတာလား။ မင်းကို ဒီလောက် လန့်သွားအောင် လုပ်မိသွားတာပဲ”
ဟုတ်တယ်။ မကြောက်ပါဘူး။ လုံးဝ မကြောက်ပါဘူး။ မကြောက်ရုံတင် မဟုတ်ဘူး။ အရမ်း… အရမ်း ချစ်ဖို့ ကောင်းသေးတယ်။ ခုနက ဒီလောက် နီးကပ်သွားတော့ သူမရဲ့ နှလုံးသားက ခုန်ထွက်လာတော့မလိုပဲ။
ကျုံးမင်းဝေက ခေါင်းငုံ့နေသော အားချိုးကို ကြည့်ရင်း သူ့နှလုံးသားဟာ အရည်ပျော်သွားတော့မည့်နှယ် ခံစားလိုက်ရသည်။ သူက လက်ဆန့်ပြီး အားချိုး၏ မြင်းမြီးစည်းကို ထပ်ပွတ်သပ်ပေးလိုက်သည်။
“မပွတ်နဲ့။ ခုနကမှ စည်းထားတာလေ။ ခဏနေ ရှုပ်သွားအုံးမယ်။”
အားချိုးက တိုးတိုးလေး ပြောလိုက်သော်လည်း သူမ၏ လေသံထဲမှာ ညည်းညူသံ မပါဘဲ ချွဲနွဲ့နေသည့်နှယ် အသံလေးက ကွေးညွတ်နေသည်။
ကျုံးမင်းဝေက ပြောလိုက်တော့ သူ့အသံသည် ဘာကြောင့်ရယ်မှန်းမသိ အနည်းငယ် တိုးဝင်သွားသည်။
ဦးလေးချန်၏ အော်သံကြီးက အပြင်ကနေ ရုတ်တရက် ထွက်လာသည်။
အားချိုး၏ အားက အလွန်များသွားသောကြောင့် ကျုံးမင်းဝေမှာ အိပ်ရာပေါ် ပြန်လဲကျသွားသည်။ သူသည် အလျင်အမြန် မထဘဲ ကုတင်ပေါ်တွင် လှဲနေရင်း ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။ ရယ်ရင်း စာအုပ်ကို အနည်းငယ် ရှက်သလို ပြန်ထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် တစ်ချက် ကြည့်လိုက်သည်။
ကျုံးမင်းဝေသည် အားချိုး၏ နီရဲနေသောမျက်နှာလေး၊ တုန်ယင်နေသော မျက်တောင်လေးတွေနှင့် မျက်လုံးနက်နက်လေးတွေကို ပြန်တွေးမိလိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် မီးများ တောက်လောင်သွားသကဲ့သို့ ပူရှိန်းရှိန်း ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် စောင်ကို ဆွဲယူပြီး မျက်နှာကို အုပ်လိုက်ကာ ဒီလို ခန္ဓာကိုယ်ကြီးနဲ့တောင် စိတ်ကူးယဉ်နေတုန်းပဲဟု ကိုယ့်ကိုယ်ကို ရယ်လိုက်မိသည်။ ဤကဲ့သို့ စာအုပ်မျိုးကို အများကြီး မဖတ်သင့်ပေ။ ဖတ်လိုက်မိလျှင် ညစ်ပတ်သော အတွေးတွေ ပေါ်လာနိုင်သည်ကို ရှောင်လို့ မရနိုင်တော့ပေ။
ဦးလေးချန်တို့သည် အိမ်ထဲဝင်သွားပြီး အလုပ်ရှုပ်နေကြသည်။ ကျုံးမင်းဝေက ခြံထဲမှာ ထိုင်ပြီး နေပူဆာလှုံနေသည်။ အားချိုးက ရေတွင်းဘေးတွင် ထိုင်ကာ အဝတ်လျှော်နေသည်။ အားချိုးသည် နေ့တိုင်းနီးပါး အဝတ်လျှော်သည်။ တစ်ယောက်ယောက်က သူမကို ကြည့်နေမှန်း ခံစားမိသွားသောအခါ တစ်ကိုယ်လုံး မသက်မသာ ဖြစ်လာသည်။ သူမသည် အကြာကြီး သည်းခံထားသော်လည်း နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ ခေါင်းလှည့်ပြီး ကျုံးမင်းဝေကို စိုက်ကြည့်လိုက်သည်။
ကျုံးမင်းဝေက မသက်မသာ ဖြစ်သွားပြီး၊ မျက်လုံးတွေကို အလျင်အမြန် လွှဲလိုက်သည်။ သူ့မျက်လုံးများက ရိုးရှင်းသည့် ခြံဝန်းထဲသို့ လှည့်ပတ်ကြည့်လိုက်မိသည်။ နံရံဘေးက အင်ကြင်းပင်ကြီးကနေ နံရံထိပ်က လေနှင့် ယိမ်းနေသော မြက်ပင်တွေအထိပင်။ ထို့နောက် သူ့ခြေထောက်အောက်က အနက်ရောင် ကျောက်ခဲနှစ်လုံးအထိပင် လျှောက်ကြည့်နေ မိသည်။ နောက်ဆုံးတွင်တော့ သူ့မျက်လုံးများသည် ရေတွင်းဘေးရှိ အားချိုးဆီသို့ ပြန်ရောက်သွားလေသည်။
အားချိုးသည် တကယ့်ကို ပိန်ပါးသူ ဖြစ်သည်။ ရေတွင်းနားမှာ ထိုင်ပြီး အဝတ်လျှော်နေတုန်း သူမ၏ နောက်ကျောက လိပ်ပြာညွန့်ရိုးလေးဟာ ထင်ရှားစွာ ပေါ်နေလေသည်။ အခုချိန်တွင် သူမ၏ လှုပ်ရှားမှုတိုင်းနှင့်အတူ သူ လိုက်ကြည့်နေမိသည်။ အဲဒီအရိုးညွန့်လေးတွေဟာ တစ်ခုပြီးတစ်ခု တုန်ယင်နေသည်မှာ တကယ့်ကို ဆွဲဆောင်မှုရှိလှသည်။ ကျုံးမင်းဝေ၏ နှလုံးသားမှာ ထိုတုန်ယင်မှုများနဲ့အတူ တုန်ခါပြီး နာကျင်လာသည်။ စိတ်ထဲမှ အတွေးတစ်ခုပေါ်လာတော့မည် ဖြစ်သွားသော်လည်း ယခုမှာမူ နက်ရှိုင်းသော သနားကြင်နာမှုနှင့် အပြစ်ရှိသလို ခံစားချက်တွေအဖြစ် ပြောင်းလဲသွားသည်။
အားချိုးက ရုတ်တရက် လှည့်လာပြီး ကျုံးမင်းဝေကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
“ဒီတစ်ခါ ကျွန်မ ဖမ်းမိပြီ မဟုတ်လား။ ရှင့်မှာ ပြောစရာရှိတယ် ထင်တယ်”
ကျုံးမင်းဝေက အားချိုးကို ကြည့်ကာ စကားလုံးတိုင်းကို လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။