ကုလားထိုင် အသစ်လေး
Vol. 4 Ch. 111
“ရှင်…အဲဒီလို မပြောပါနဲ့။ ကျွန်မက နောက်နေတာပါ။”
အာချိုးက မသက်မသာ ဖြစ်သွားပြီး ဆံပင်ကို ကုတ်ရင်း ကျုံးမင်းဝေကို လှည့်ကာ ပြောလိုက်သည်။
“ရှင် ဒီမှာ ထိုင်နေရတာ အတော်ပျင်းဖို့ကောင်းမှာပဲ။ ကျွန်မ အိမ်ထဲသွားပြီး စာအုပ်ယူပေးရမလား။”
ကျုံးမင်းဝေ၏ နှုတ်ခမ်းထောင့်သည် တွန့်သွားသည်။
“…မဖတ်ချင်ဘူး။”
“မဖတ်ချင်ဘူးလား။”
အာချိုးက အနည်းငယ် အံ့သြသွားပြီး စိတ်ပျက်သလိုလည်း ဖြစ်သွားသည်။
“ကျွန်မ ဝယ်လာတဲ့ စာအုပ်တွေက မကောင်းလို့လား”
“အဟွတ်.... အဟွတ်။”
ကျုံးမင်းဝေက ဘာပြန်ပြောရမှန်း မသိတော့ပေ။ ဘယ်လိုလုပ် ဒီအကြောင်းကို ပြန်ရောက်လာရပြန်တာလဲ။ သူက အာချိုးကို မပီမသဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ မင်းဝယ်လာတဲ့ စာအုပ်တွေ အကုန်လုံးက တော်တော်လေးကောင်းပါတယ်”
“အော်၊ ဒါဆို အခု ဘယ်ဟာကို ဖတ်ချင်လဲ”
အာချိုးက အလျင်အမြန် ထလိုက်ပြီး လက်ကို သုတ်ရင်း ကျုံးမင်းဝေကို မေးလိုက်သည်။
“ဒီနေ့ ဘယ်ဟာကို ဖတ်ချင်လဲ။ ‘ဟူချန်းရိုင်းသမိုင်း’ လား၊ ‘ပုစဉ်းအချစ်’ လား။ ကျွန်မ ယူလာပေးမယ်”
“ငါ… ငါ ညမှ ဖတ်မယ်။ အခု မဖတ်ချင်သေးဘူး”
ကျုံးမင်းဝေက အားချိုးသည် သူ့ကို အရှက်မရှိသူ တစ်ယောက်ဖြစ်အောင် တွန်းပို့တော့မည့်ပုံဟု ခံစားလိုက်ရသည်။
“ဟမ်။ ဘာလို့ အမြဲ ညဘက်မှ ဖတ်တာလဲ။ ဘာဖြစ်လို့လဲ”
အာချိုးက အလွန် အူကြောင်ကြောင် ဖြစ်သွားသည်။ သူမ နောက်ဆုံးတွင် စာအုပ်မယူပေးတော့ဘဲ ပြန်ထိုင်လိုက်သည်။ အဝတ်လျှော်နေရင်း ကျုံးမင်းဝေကို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဦးလေးချန်တို့က အိမ်တွင် တစ်နေ့လုံး အလုပ်လုပ်ပြီး အပူပေးကုတင် ဆောက်ပြီးသွားသည်။ ကျုံးမင်းဝေအိမ်တွင် အပူပေးကုတင် မရှိသောကြောင့် ဖြိုချနေစရာ မလိုသဖြင့် ချန်ချင်းရွှမ်အိမ်ထက် ပို၍ ပေါ့ပေါ့ပါးပါး ပြီးသွားသည်။ အာချိုးက ကျေးဇူးတင်စကား ပြောပြီး ငွေငါးဆင့် ပေးလိုက်ကာ ဦးလေးချန်ကို အိမ်ပြင် လိုက်ပို့ပေးသည်။ အာချိုးက အိမ်ထဲ ပြန်ဝင်တော့မည် ပြင်လိုက်ချိန်တွင် ဦးလေးချန်က သူမကို ထပ်ခေါ်လိုက်သည်။
“ဘာဖြစ်လို့လဲ ဦးလေးချန်”
အာချိုးက အလုပ်များနေသောကြောင့် တံခါးပြင်ကို ထပ်ထွက်လာသည်။
“အော်၊ ဘာမှ မဟုတ်ပါဘူး။ ဒီမနက် တောင်ပေါ်တက်တုန်းက အဖွားချန်က မင်းကို စကားတစ်ခွန်းပါးခိုင်းလိုက်တယ်။ မင်း အဆင်ပြေတဲ့အချိန် တောင်အောက်ဆင်းပြီး သူ့ကို လာရှာပါတဲ့။ ပန်းထိုးခ ပေးမလို့တဲ့”
“ဒီလို အရေးကြီးတဲ့ကိစ္စတွေဆို ငါက မေ့တတ်လိုက်တာ”
ဦးလေးချန်က လက်ဝှေ့ယမ်းပြီး ထွက်သွားလိုက်သည်။
အာချိုးက အိမ်ထဲ ခုန်ဝင်လာပြီး ကျုံးမင်းဝေက ထိုင်ခုံတစ်လုံးကို ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။
အာချိုးက ထိုင်ခုံကို ငေးရင်း ချက်ချင်း မျက်နှာနီရဲလာကာ စကား ဆက်မပြောနိုင်တော့ပေ။
အသစ်လုပ်ထားသည့် ထိုင်ခုံတစ်လုံး။ ဦးလေးချန်က ကျုံးမင်းဝေ၏ တောင်းဆိုသည့်အတိုင်း လုပ်ပေးထားခြင်းဖြစ်ပြီး ထိုထိုင်ခုံက သာမန်ထိုင်ခုံများနှင့် မတူပေ။ အလယ်တွင် အပေါက်ကြီးတစ်ခု လုပ်ခိုင်းထားသည်။ ဦးလေးချန်က သင်တန်းသားလေးတွေအား အပူပေးကုတင်ကို ရွှံ့နှင့် လုပ်ခိုင်းနေချိန် ညနေပိုင်းတွင် သူကိုယ်တိုင် လုပ်ပေးထားခြင်း ဖြစ်သည်။ ဤကဲ့သို့သော ထိုင်ခုံ၏ ရည်ရွယ်ချက်ကို ကျုံးမင်းဝေက ရှင်းမပြလျှင်တောင် အာချိုးက သဘောပေါက်နိုင်သည်။
“ဒီနောက်ပိုင်း ကုတင်ပေါ်က ဆင်းတဲ့အခါ ငါ့ကို ကူပေးရုံပဲ။”
ကျုံးမင်းဝေက မသက်မသာခံစားမှုကို ချုပ်တည်းထားပြီး လေသံကို အေးဆေးထားနိုင်အောင် ကြိုးစားလိုက်သည်။ စကားလုံးအနည်းငယ်သာဖြစ်သော်လည်း ထိုစကားကို ပြောထွက်ရန် သူ အတော်လေး အားထုတ်လိုက်ရသည်။
အာချိုးက ခေါင်းညိတ်ပြီး စိတ်ထဲမှ ရှက်စိတ်ကို ဖုံးကွယ်ကာ အပြင်ခန်းမှ ကတ်ကြေးယူလာသည်။ အားချိုးသည် ကုတင်စွန်းတွင် ထိုင်ပြီး ကျုံးမင်းဝေ၏ ခြေထောက်များကို သူမ ပေါင်ပေါ် တင်လိုက်သည်။
ကျုံးမင်းဝေသည် အာချိုးက သူ့ခြေအိတ်ကို ချွတ်ပေးနေသည်ကို ကြည့်ရင်း အလျင်အမြန် တားလိုက်သည်။
“ခြေထောက်ဆေးပြီးမှ ညှပ်မယ်လေ။ အနံ့ထွက်နေလို့။”
အာချိုးက သူ့လက်ကို တားလိုက်ပြီး ကျုံးမင်းဝေ၏ ခြေအိတ်ကို ချက်ချင်း ချွတ်လိုက်သည်။ ကျုံးမင်းဝေ၏ ခြေထောက်က အနံ့ထွက်သည်ဟု သူမ မထင်ပေ။ အနံ့ထွက်နေလျှင်တောင် သူမ တကယ် မရွံပါချေ။ ကျုံးမင်းဝေ၏ ခြေသည်းလက်သည်းများကို သတိထားပြီး ညှပ်ပေးရင်း မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“ရှင်ရဲ့ ခြေသည်းတွေကို ညှပ်ရတာ ကျွန်မ သိပ် မကြိုက်ဘူး။ အရမ်းမာပြီး အသားထဲထိ ဝင်နေတယ်။ အသားကို ညှပ်မိမှာကို ကြောက်တယ်”